သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရြးေကာက္ပြဲ လူတုိင္းပါ၀င္ခြင့္ရေရး လုံၿခံဳေရးေကာင္စီ ေတာင္းဆုိ


မဲဆႏၵရွင္ မဲထည့္စဥ္။ (ႏိုဝင္ဘာ ၃၊ ၂၀၁၈)

(Zawgyi/Unicode)

စက္တင္ဘာလ ၁၁ ရက္ေန႔က ကုလသမဂၢလုံျခဳံေရးေကာင္စီမွာ ျမန္မာနိုင္ငံကိစၥကို ေဆြးေႏြးၿပီးတဲ့ေနာက္ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္နဲ႔ဂ်ာမနီ အပါအဝင္ လုံျခဳံေရး ေကာင္စီအဖြဲ႕ဝင္ ၈ နိုင္ငံက ပူးတြဲ ေၾကညာခ်က္ တစ္ေစာင္ထုတ္ျပန္လိုက္ပါတယ္။

အဲဒီ ပူးတြဲေၾကညာခ်က္မွာ ျမန္မာနိုင္ငံမွာ လာမယ့္ နိုဝင္ဘာလမွာ က်င္းပမယ့္ အေထြေထြ ေရြးေကာက္အတြင္း ရိုဟင္ဂ်ာေတြ အပါအဝင္ လူတိုင္း ပါဝင္ ဆင္ႏႊဲခြင့္ ရရွိေရးနဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္ ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႕ AA ႏွစ္ဖက္ အဖြဲ႕အၾကား အပစ္အခတ္ ရပ္စဲေရးကို ေတာင္းဆိုထားပါတယ္။

ဗီြဒီယိုကတဆင့္ ေဆြးေႏြးခဲ့တဲ့ အဲဒီ လုံျခဳံေရးေကာင္စီ အစည္းအေဝးမွာ ျမန္မာနိုင္ငံ ဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Christine Burgener ၊ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး Filippo Grandi နဲ႔ ကုလ လက္ေထာက္ အတြင္း ေရးမႉးခ်ဳပ္ လည္းျဖစ္ ကုလသမဂၢ ဖြံ့ၿဖိဳးေရးတိုးတက္ေရးအစီအစဥ္ (UNDP) ေဒသဆိုင္ရာ ဒါရိုက္တာလည္းျဖစ္သူ Kanni Wignaraja တို႔က ျမန္မာနိုင္ငံ အေျခအေနကို ရွင္းလင္းတင္ျပခဲ့တာ ျဖစ္ပါတယ္။

ေဆြးေႏြးပြဲၿပီးတဲ့ေနာက္ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ျမန္မာအစိုးရရဲ့ COVID 19 တုံ႔ျပန္ တိုက္ဖ်က္ေရး အစီအမံေတြထဲ လူထု ပညာေပးေရး အစီအစဥ္နဲ႔ စီးပြားေရး အကူ အညီေပးေရး အစီအစဥ္ေတြလို အေကာင္းဖက္ ေရွ႕ရႈတဲ့ လုပ္ေဆာင္ခ်က္ေတြကိုဆက္လက္ ေထာက္ခံအားေပးသြားမယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ၂၀၁၇ ခုႏွစ္ကတည္းက ဘဂၤလားေဒ့ရွ္နိုင္ငံ ဒုကၡသည္ စခန္းေတြမွာ ခိုလႈံေနရတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ကို မိမိ ဆႏၵအေလ်ာက္ ေဘးရန္ ကင္းကင္းနဲ႔ ဂုဏ္သိကၡာ ရွိရွိ ျပန္နိုင္ေရးအတြက္ သင့္ေတာ္တဲ့ ပတ္ဝန္းက်င္ကို ျမန္မာ အစိုးရအေနနဲ႔ အျမန္ဆုံး ဖန္တီးေပးေရးကိုလည္း ေတာင္းဆိုထား ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပး ေကာ္မရွင္နဲ႔ လြတ္လပ္တဲ့ စုံစမ္းေရး ေကာ္မရွင္ (ICE) အစီရင္ခံစာပါ တိုက္တြန္း အႀကံျပဳ ခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ယုံၾကည္ေလာက္တဲ့ အစီအစဥ္ေတြ ေရးဆြဲဖို႔ တိုက္တြန္းထားသလို နိုင္ငံတကာ တရား႐ုံး (ICJ) က ခ်မွတ္ထားတဲ့အမိန္႔မွာ ပါရွိတဲ့ အေရးေပၚ ၾကားျဖတ္ အစီအမံ ေဆာင္ရြက္ခ်က္ေတြကို လိုက္နာျဖည့္ဆည္းေပးဖို႔ကိုလည္း ေဆာ္ဩ ထားပါတယ္။ရိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ ျပန္နိုင္ေရး ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ညႇိႏွိုင္းေဆာင္ရြက္ဖို႔ကိုလည္း အႀကံျပဳထားပါတယ္။

အဲဒီ အခ်က္ေတြကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ကိစၥမွာ ျမန္မာအစိုးရကို အကူအညီေပးဖို႔ အဆင္သင့္ ရွိသလို ကုလ သမဂၢ၊ အာဆီယံနဲ႔ တျခား အကူအညီ ေပးေရး အဖြဲ႕အစည္းေတြရဲ့ လုပ္ေဆာင္ခ်က္ေတြကို ေထာက္ခံအားေပးသြားမယ္လို႔ ေၾကညာ ခ်က္မွာ ပါရွိပါတယ္။

ပူးတြဲ ေၾကညာခ်က္မွာ ပါရွိတဲ့ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ျမန္မာအစိုးရက လက္မခံပယ္ခ်ထားေပမဲ့ဘဂၤလားေဒ့ရွ္ ဒုကၡသည္ စခန္းေတြကို ေရာက္ရွိေနတဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လည္ လက္ခံမယ္လို႔ေတာ့ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာရွေးကောက်ပွဲ လူတိုင်းပါဝင်ခွင့်ရရေး လုံခြုံရေးကောင်စီ တောင်းဆို

(Unicode)

စက်တင်ဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးပြီးတဲ့နောက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ဂျာမနီ အပါအဝင် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၈ နိုင်ငံက ပူးတွဲ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ပူးတွဲကြေညာ ချက်မှာ မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်အတွင်း ရိုဟင်ဂျာတွေ အပါအဝင် လူတိုင်း ပါဝင် ဆင်နွှဲခွင့် ရရှိရေးနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင် ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA နှစ်ဖက် အဖွဲ့အကြား အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုထားပါတယ်။

ဗွီဒီယိုကတဆင့် ဆွေးနွေးခဲ့တဲ့ အဲဒီ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး Filippo Grandi နဲ့ ကုလ လက်ထောက် အတွင်း ရေးမှူးချုပ် လည်းဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးတိုးတက်ရေးအစီအစဉ် (UNDP) ဒေသဆိုင်ရာ ဒါရိုက်တာလည်းဖြစ်သူ Kanni Wignaraja တို့က မြန်မာနိုင်ငံ အခြေအနေကို ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးတဲ့နောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာအစိုးရရဲ့ COVID 19 တုံ့ပြန် တိုက်ဖျက်ရေး အစီအမံတွေထဲ လူထု ပညာပေးရေး အစီအစဉ်နဲ့ စီးပွားရေး အကူ အညီပေးရေး အစီအစဉ်တွေလို အကောင်းဖက် ရှေ့ရှုတဲ့ လုပ်ဆောင်ချက်တွေကိုဆက်လက် ထောက်ခံအားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို မိမိ ဆန္ဒအလျောက် ဘေးရန် ကင်းကင်းနဲ့ ဂုဏ်သိက္ခာ ရှိရှိ ပြန်နိုင်ရေးအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်ကို မြန်မာ အစိုးရအနေနဲ့ အမြန်ဆုံး ဖန်တီးပေးရေးကိုလည်း တောင်းဆိုထား ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်နဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် (ICE) အစီရင်ခံစာပါ တိုက်တွန်း အကြံပြု ချက်တွေကို အကောင်အထည်ဖော်ဖို့ ယုံကြည်လောက်တဲ့ အစီအစဉ်တွေ ရေးဆွဲဖို့ တိုက်တွန်းထားသလို နိုင်ငံတကာ တရားရုံး (ICJ) က ချမှတ်ထားတဲ့အမိန့်မှာ ပါရှိတဲ့ အရေးပေါ် ကြားဖြတ် အစီအမံ ဆောင်ရွက်ချက်တွေကို လိုက်နာဖြည့်ဆည်းပေးဖို့ကိုလည်း ဆော်ဩ ထားပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

အဲဒီ အချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စမှာ မြန်မာအစိုးရကို အကူအညီပေးဖို့ အဆင်သင့် ရှိသလို ကုလ သမဂ္ဂ၊ အာဆီယံနဲ့ တခြား အကူအညီ ပေးရေး အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးသွားမယ်လို့ ကြေညာ ချက်မှာ ပါရှိပါတယ်။

ပူးတွဲ ကြေညာချက်မှာ ပါရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပယ်ချထားပေမဲ့ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့တော့ ပြောဆိုထားပါတယ်။

XS
SM
MD
LG