သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ေတြက သူတုိ႔နယ္ေျမမွာ ႏုိင္ငံေရးလႈပ္ရွားခြင့္ ကန္႔သတ္


မိုင္ဂ်ာယန္ နယ္ေျမ COVID-19 ကာကြယ္ေရးလုပ္ငန္းေတြကို စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - The Kachin Net၊ Kachin News Group - ဧၿပီလ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ကုိဗစ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔လာေနတဲ့အတြက္ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြ ထိန္းခ်ဳပ္ရာ နယ္ေျမေတြမွာလည္း ေရာဂါကာကြယ္ေရးအတြက္ စတင္ကန္႔သတ္လာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ကုိဗစ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔အစည္းေတြကလည္း သူတုိ႔ထိန္းခ်ဳပ္ရာ ေဒသေတြမွာ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားလာၾကတာပါ။ အစုိးရနဲ႔ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထုိးထားတဲ့ အဖဲြ႔တခုျဖစ္တဲ့ မြန္ျပည္သစ္ပါတီကလည္း ကပ္ေရာဂါကာလမွာပဲ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္း႐ုံးတာလုိ ႏုိင္ငံေရးလႈပ္ရွားမႈေတြကုိပါ အကန္႔အသတ္နဲ႔သာ လုပ္ၾကဖုိ႔ ညႊန္ၾကားထားပါတယ္။ မြန္ျပည္သစ္ပါတီ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး(ဗဟုိ)ေကာ္မတီ ေခါင္းေဆာင္ျဖစ္တဲ့ ႏိုင္ဗညားလယ္ကေတာ့ က်န္းမာေရးလုပ္ငန္းေတြကုိသာ အဓိကထား ေဆာင္ရြက္ဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ ေျပာပါတယ္။

“ကပ္ေရာဂါျပန္႔ပြားႏိုင္တဲ့ ကာလအတြင္းမွာ မြန္ျပည္သစ္ပါတီရဲ႕ ထိန္းခ်ဳပ္နယ္ေျမမွာရွိတဲ့ အဖြဲ႕အစည္းေတြကေပ့ါေနာ္၊ က်န္းမာေရးလုပ္ငန္းကလြဲၿပီးေတာ့ အျခားဖြြြံ႔ၿဖိဳးေရးလုပ္ငန္းေတြကို က်ေနာ္တို႔က ကန္႔သတ္ထားတယ္၊ ခြင့္မျပဳဘူး၊ ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္တဲ့ ကာလက်မွ က်ေနာ္တုိ႔ ျပန္ၿပီးေတာ့ ဝင္ခြင့္ျပဳမယ္။ ေနာက္တစ္ခုကေတာ့ မြန္ျပည္သစ္ပါတီ နယ္ေျမထဲမွာ ႏိုင္ငံေရးပါတီ မဲဆြယ္ဖို႔အတြက္ေတာ့ အခ်ဳိ႕ေဒသထဲမွာ က်ေနာ္တို႔ ျပန္လည္ကန္႔သတ္ထားတာရွိတယ္၊ ကိုဗစ္ကာလ ျပန္႔ပြားလာတဲ့အေျခအေနမွာ အျပင္က လူေတြကို လာၿပီးေတာ့ မဲဆြယ္စည္း႐ုံးဖို႔က်ေတာ့ အမ်ားႀကီးသတိထားရတယ္ေပါ့ေနာ္၊ အဓိက ကိုဗစ္မကူးစက္ဖို႔ အေရးႀကီးတယ္။”

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာ နယ္ေျမမွာ လူစုလူေ၀းလုပ္တာေတြကုိ တားျမစ္ထားသလုိ၊ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းေတြမွာလည္း လူ ၃၀ ထက္မပုိဖုိ႔ ညႊန္ၾကားထားပါတယ္။ အစုိးရနဲ႔ အပစ္ရပ္လက္မွတ္ထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖဲြ႔တခုျဖစ္တဲ့ ကရင္အမ်ဳိးသား အစည္းအ႐ုံး KNU ကလည္း အလားတူ လူစုလူေ၀းမလုပ္ဖုိ႔၊ လုိအပ္ခ်က္အရ ေဆာင္ရြက္တဲ့အခါမွာ လူ ၃၀ ထက္မပုိဖုိ႔ သတိေပးထားေၾကာင္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဒူးပလာယာခ႐ုိင္ အတြင္းေရးမွဴး ေစာလစ္စတန္က ေျပာပါတယ္။

“အရွိန္ေတာ့ ျမင့္မားလာေနတာေပါ့ေနာ္။ အထူးသျဖင့္ ရန္ကုန္တိုင္းဆိုရင္ လံုးဝပဲ၊ ေမာ္လၿမိဳင္တို႔ဆိုရင္လည္း စိုးရိမ္စရာျဖစ္လာတယ္၊ က်ေနာ္တို႔နဲ႔လည္း ေျပာမယ္ဆိုရင္ နီးစပ္လာတယ္ေပါ့ေနာ္၊ ဒီဘက္မွာလည္း ပိုးေတြ႔လူနာ ရွိလာတယ္ဆိုတဲ့အခါက်ေတာ့ က်ေနာ္တို႔လည္း အထူးစိုးရိမ္တယ္၊ ဒါေၾကာင့္လည္းပဲ Mask တပ္မယ္၊ လက္ေဆးမယ္။ ေနာက္ၿပီိးေတာ့ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္နဲ႔ အညီေပါ့ေလ၊ အဲ့ဒါေဆာင္ရြင္သြားဖို႔ က်ေနာ္တို႔က သတိေပးပါတယ္။”

တ႐ုတ္-ျမန္မာနယ္စပ္ အေျခစုိက္ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔တခုျဖစ္တဲ့ ကခ်င္လြတ္ေျမာက္ေရးအဖဲြ႔ KIO ကလည္း သူတုိ႔ထိန္းခ်ဳပ္ရာ နယ္ေျမမွာ ေရာဂါကူးစက္မႈ အတည္ျပဳသူ မရွိေသးေပမဲ့ ကာကြယ္ေရးအတြက္ စီစဥ္ထားတယ္လုိ႔ သတင္းနဲ႔ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူး က ေျပာပါတယ္။

“က်ေနာ္တို႔ လိုင္းစခန္းမွာေတာ့ ပိုးေတြ႔လူနာေတြကေတာ့ မေတြ႕ဘူး၊ ေနာက္ မသကၤာတဲ့ လူနာေတြလည္း သိပ္ၿပီးေတာ့ မရွိပါဘူး၊ ဒါေပမဲ့ က်ေနာ္တို႔ကလည္း ကာကြယ္တဲ့အေနနဲ႔ေတာ့ လမ္းေတြ ပိတ္တာေတြ Quarantine ထည့္တာေတြ ပညာေပးလုပ္တာေတြကေတာ့ က်ေနာ္တို႔ ဆက္တိုက္လုပ္ေနပါတယ္။”

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ကစလုိ႔ ကုိဗစ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြေၾကာင့္ ေသဆုံးသူေတြလည္း တုိးလာေနတာပါ။ ဒီေန႔အေစာပုိင္းအထိ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကုိဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၂ ဦး အပါအ၀င္ ေရာဂါကူးစက္သူ ၃,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့လာနေတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေမှာလည်း ရောဂါကာကွယ်ရေးအတွက် စတင်ကန့်သတ်လာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူတို့ထိန်းချုပ်ရာ ဒေသတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ဖို့ ကြိုးစားလာကြတာပါ။ အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီကလည်း ကပ်ရောဂါကာလမှာပဲ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာလို နိုင်ငံရေးလှုပ်ရှားမှုတွေကိုပါ အကန့်အသတ်နဲ့သာ လုပ်ကြဖို့ ညွှန်ကြားထားပါတယ်။ မွန်ပြည်သစ်ပါတီ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး(ဗဟို)ကော်မတီ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဗညားလယ်ကတော့ ကျန်းမာရေးလုပ်ငန်းတွေကိုသာ အဓိကထား ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“ကပ်ရောဂါပြန့်ပွားနိုင်တဲ့ ကာလအတွင်းမှာ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေမှာရှိတဲ့ အဖွဲ့အစည်းတွေကပေ့ါနော်၊ ကျန်းမာရေးလုပ်ငန်းကလွဲပြီးတော့ အခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျနော်တို့က ကန့်သတ်ထားတယ်၊ ခွင့်မပြုဘူး၊ ကပ်ရောဂါ ထိန်းချုပ်နိုင်တဲ့ ကာလကျမှ ကျနော်တို့ ပြန်ပြီးတော့ ဝင်ခွင့်ပြုမယ်။ နောက်တစ်ခုကတော့ မွန်ပြည်သစ်ပါတီ နယ်မြေထဲမှာ နိုင်ငံရေးပါတီ မဲဆွယ်ဖို့အတွက်တော့ အချို့ဒေသထဲမှာ ကျနော်တို့ ပြန်လည်ကန့်သတ်ထားတာရှိတယ်၊ ကိုဗစ်ကာလ ပြန့်ပွားလာတဲ့အခြေအနေမှာ အပြင်က လူတွေကို လာပြီးတော့ မဲဆွယ်စည်းရုံးဖို့ကျတော့ အများကြီးသတိထားရတယ်ပေါ့နော်၊ အဓိကကိုဗစ်မကူးစက်ဖို့ အရေးကြီးတယ်။”

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေမှာ လူစုလူဝေးလုပ်တာတွေကို တားမြစ်ထားသလို၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာလည်း လူ ၃၀ ထက်မပိုဖို့ ညွှန်ကြားထားပါတယ်။ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ကလည်း အလားတူ လူစုလူဝေးမလုပ်ဖို့၊ လိုအပ်ချက်အရ ဆောင်ရွက်တဲ့အခါမှာ လူ ၃၀ ထက်မပိုဖို့ သတိပေးထားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ်စတန်က ပြောပါတယ်။

“အရှိန်တော့ မြင့်မားလာနေတာပေါ့နော်။ အထူးသဖြင့် ရန်ကုန်တိုင်းဆိုရင် လုံးဝပဲ၊ မော်လမြိုင်တို့ဆိုရင်လည်း စိုးရိမ်စရာဖြစ်လာတယ်၊ ကျနော်တို့နဲ့လည်း ပြောမယ်ဆိုရင် နီးစပ်လာတယ်ပေါ့နော်၊ ဒီဘက်မှာလည်း ပိုးတွေ့လူနာ ရှိလာတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့လည်း အထူးစိုးရိမ်တယ်၊ ဒါကြောင့်လည်းပဲ Mask တပ်မယ်၊ လက်ဆေးမယ်။ နောက်ပြီးတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ အညီပေါ့လေ၊ အဲ့ဒါဆောင်ရွင်သွားဖို့ ကျနော်တို့က သတိပေးပါတယ်။”

တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း သူတို့ထိန်းချုပ်ရာ နယ်မြေမှာ ရောဂါကူးစက်မှု အတည်ပြုသူ မရှိသေးပေမဲ့ ကာကွယ်ရေးအတွက် စီစဉ်ထားတယ်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူး က ပြောပါတယ်။

“ကျနော်တို့ လိုင်းစခန်းမှာတော့ ပိုးတွေ့လူနာတွေကတော့ မတွေ့ဘူး၊ နောက် မသင်္ကာတဲ့ လူနာတွေလည်း သိပ်ပြီးတော့ မရှိပါဘူး၊ ဒါပေမဲ့ ကျနော်တို့ကလည်း ကာကွယ်တဲ့အနေနဲ့တော့ လမ်းတွေ ပိတ်တာတွေ Quarantine ထည့်တာတွေ ပညာပေးလုပ်တာတွေကတော့ ကျနော်တို့ ဆက်ဆက်လုပ်နေပါတယ်။”

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် သေဆုံးသူတွေလည်း တိုးလာနေတာပါ။ ဒီနေ့အစောပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၂ ဦး အပါအဝင် ရောဂါကူးစက်သူ ၃,၀၀၀ ကျော်အထိ ရှိနေပါတယ်။

XS
SM
MD
LG