သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ ႏိုင္ငံေရးပါတီမ်ား မဲဆြယ္စည္းရံုးမႈအခက္ၾကံဳ


ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) (ဓာတ္ပံု - Win Zaw)

[Zawgyi/Unicode]

ကပ္ေရာဂါနဲ႔ စစ္ေရးတင္းမာမႈေတြ ႀကံဳေနရတဲ့ ရခိုင္ျပည္နယ္မွာ ႏုိ၀င္ဘာ ေရြးေကာက္ပြဲအတြက္ ႏုိင္ငံေရးပါတီေတြ မဲဆြယ္စည္း႐ုံးဖုိ႔ အခက္ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေနသတင္းေပးပို႔ထားပါတယ္။

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၂ လေလာက္ေတာင္ မလုိေတာ့တဲ့ အခ်ိန္မွာပဲ ကပ္ေရာဂါကူးစက္မႈေတြနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြ မရွိန္မေလ်ာ့ေသးတဲ့ ရခုိင္ျပည္နယ္မွာ ႏုိင္ငံေရးပါတီေတြ မဲဆြယ္စည္း႐ုံးဖုိ႔ မလြယ္တဲ့အေျခအေနနဲ႔ ရင္ဆုိင္ေနၾကရပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကစၿပီး ႏုိ၀င္ဘာလဆန္းအထိ မဲဆြယ္စည္း႐ုံးခြင့္ ျပဳထားေပမဲ့ ႏုိင္ငံေရးလႈပ္ရွားမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ႏုိင္ေသးတဲ့ အထဲမွာ ရခုိင္ျပည္နယ္က အဓိကႏုိင္ငံေရးပါတီတခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ ANP လည္း ပါ၀င္ပါတယ္။ ANP ပါတီဥကၠ႒ ဦးသာထြန္းလွကေတာ့ ေရြးေကာက္ပဲြအတြက္ မျပင္ဆင္ႏုိင္ေသးတဲ့ အေျခအေနကုိ အခုလုိ ေျပာပါတယ္။

"ႀကီးႀကီးမားမားလုပ္တာေတာ့ ဘာမွမရွိေသးဘူး။ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ဗီြႏိုင္း တစ္ခုႏွစ္ခု လိုက္ေထာင္တဲ့ အေျခအေနပဲ ရွိေသးတယ္။ ေရြးေကာက္ပြဲ ကမ္ပိန္းေတြလည္း တစ္ခုမွမလုပ္ရေသးဘူး။ ေျပာရရင္ ဘာမွမလုပ္ရေသးဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ပါတဲ့ ဗီြႏိုင္း တစ္ခုႏွစ္ခု လိုက္ေထာင္တာေလာက္ပဲ ရွိေသးတယ္။"

ေရြးေကာက္ပဲြကုိ စီစဥ္ထားတဲ့အတုိင္း ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပဖုိ႔ ရွိေနခ်ိန္မွာပဲ ကပ္ေရာဂါနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ရခုိင္ျပည္နယ္မွာ ႏုိင္ငံေရးလႈပ္ရွားမႈေတြ မလုပ္ႏုိင္ခဲ့ရင္ ေရြးေကာက္ပဲြရလဒ္အေပၚ ထိခုိက္မွာကုိလည္း ဦးသာထြန္းလွက စုိးရိမ္ေနပါတယ္။

"ေရြးေကာက္ပြဲကလည္း မဲဆြယ္စည္းရံုးလို႔လည္း မရဘူးဆိုေတာ့ ေရြးေကာက္ပြဲ ျဖစ္လာရင္လည္း ဒီေရြးေကာက္ပြဲက ေရြးေကာက္ပြဲ စံခ်ိန္စံညႊန္းေတြနဲ႔ မညီတဲ့ ေရြးေကာက္ပြဲပဲ ျဖစ္လာလိမ့္မယ္။ ရခိုင္ျပည္နယ္မွာက တိုက္ပြဲကလည္း ေန႔စဥ္ေန႔တိုင္းျဖစ္တယ္။ တစ္ဘက္မွာလည္း ကပ္ေရာဂါကလည္း ရပ္တန္႔တဲ့ အေျခအေနေတြ မရွိေသးဘူး။ အဲဒါေၾကာင့္ က်ေနာ္တုိ႔႔ပါတီအေနနဲ႔ ေရြးေကာက္ပြဲ ကမ္ပိန္းကို မယ္မယ္ရရ မလုပ္ရေသးတဲ့ အေျခအေနပဲရွိတယ္။"

ရခိုင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ လုံၿခံဳေရးအတြက္ စိန္ေခၚမႈေတြ ရွိေနသလုိ၊ ကပ္ေရာဂါေၾကာင့္ ျပည္နယ္တခုလုံးနီးပါး မလုိအပ္ရင္ အျပင္မထြက္ၾကဖုိ႔လည္း ညႊန္ၾကားထားပါတယ္။ ဒီလုိအခက္အခဲေတြ ရွိေနေပမဲ့ မဲဆြယ္စည္းရံုးလုပ္ငန္းေတြကုိ တတ္ႏုိင္သေလာက္ ေဆာင္ရြက္ေနတယ္လုိ႔လည္း အာဏာရ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကေျပာပါတယ္။

"ဟုတ္ကဲ့။ ရခိုင္မွာေတာ့ အခက္အခဲက ႏွစ္မ်ိဳးျဖစ္သြားတာေပါ့ေနာ္။ ပထမတစ္ခုကေတာ့ တိုက္ပြဲေတြၾကားမွာ လံုၿခံဳမႈ အခက္အခဲ ေနာက္တစ္ခုကေတာ့ ကိုဗစ္ေရာဂါ ျပန္႔ပြားမႈက လ်င္လ်က္ျမန္ျမန္ျဖစ္လာတယ္။ အဲဒါေၾကာင့္က်ေနာ္တို႔က ကိုဗစ္ညႊန္ၾကားခ်က္နဲ႔အညီ လုပ္ရတဲ့ အခါမွာ အခက္အခဲရွိပါတယ္။ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေအာင္လို႔ ဗီြႏိုင္းေတြ ေထာင္ၿပီးေတာ့ မဲဆြယ္တာ။ လက္ကမ္းစာေစာင္ေတြဝယ္တာ။ ေနာက္ၿပီးေတာ့ online ကေန မဲဆြယ္စည္းရံုးတာနဲ႔ လူခ်င္းေတြ႔ၿပီးေတာ့ လုပ္ဖို႔ က်ေနာ္တို႔ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ျပည္နယ္တစ္ခုလံုးက stay at home ျဖစ္ေနေတာ့ က်ေနာ္တို႔ ထပ္ၿပီးထုတ္လိုက္တာဘာလဲတိုေတာ့ လံႈ႕ေဆာ္ေရး ေတးသီျခင္းမ်ား ခြင့္ဖို႔ sound box ေတြနဲ႔တကြ လွည့္လယ္ စည္းရံုးလံႈ႕ေဆာ္ဖို႔ ေျပာထားရပါတယ္။"

အဓိက အတုိက္အခံ ႏုိင္ငံေရးပါတီျဖစ္တဲ့ ျပည္ေထာင္စုႀကံ႕ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီကလည္း ရခိုင္ျပည္နယ္မွာ စည္း႐ုံးေရးလုပ္ငန္းေတြကုိ အကန္႔အသတ္နဲ႔သာ လုပ္ေနရတယ္လုိ႔ ပါတီရဲ႕႔ ရခိုင္ျပည္နယ္ေျပာခြင့္ရ ေဒၚေအးမာခင္ကေျပာပါတယ္။

"မဲဆြယ္စည္းရံုးေရးေတာ့ မလုပ္ျဖစ္ပါဘူး။ လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝတာေလာက္ပဲရွိတယ္။ က်န္းမာေရးဌာနနဲ႔ ေကာ္မရွင္က ခြင့္ျပဳထားတဲ့အတိုင္းပဲ ဆိုင္းဘုတ္ေထာင္တဲ့အပိုင္းနဲ႔ လက္ကမ္းစာေစာင္ျဖန္႔တဲ့ အပိုင္းေလာက္ပဲ ရွိပါတယ္ဟုတ္။ "

လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အေစာပုိင္းမွာကတည္းက ပုဒ္မ ၁၄၄ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ပုဏၰားကြ်န္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕နယ္ေတြအျပင္ ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကုိ ထိန္းခ်ဳပ္ဖုိ႔ စစ္ေတြၿမိဳ႕မွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂ ရက္ေန႔ကစၿပီး ညမထြက္ရအမိန္႔ထုတ္ျပန္ထားသလို ေက်ာက္ျဖဴ ေတာင္ကုတ္ သံတြဲ မာန္ေအာင္နဲ႔ အမ္းၿမိဳ႕နယ္တို႔ကိုလည္း စက္တင္ဘာလ ၂ရက္ေန႔ကစၿပီး ညမထြက္အမိန္႔ ထုတ္ျပန္ထားပါတယ္။

ကိုဗစ္ ကူးစက္မႈေတြရွိေနတဲ့ရခိုင္မွာ အသြားအလာေတြလည္းကန္႔သတ္ထားသလို မလိုအပ္ဘဲ အျပင္မသြားဖို႔ မျဖစ္မေနသြားရတဲ့ အခါမ်ဳိးမွာလည္း ႏွာေခါင္းစည္းတပ္ဖို႔ အပါအ၀င္ က်န္းမာေရးအတြက္ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကုိ လုိက္နာၾကဖုိ႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုအခက်ကြုံ

ကပ်ရောဂါနဲ့ စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေသတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်တောင် မလိုတော့တဲ့ အချိန်မှာပဲ ကပ်ရောဂါကူးစက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ မရှိန်မလျော့သေးတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့ မလွယ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး နိုဝင်ဘာလဆန်းအထိ မဲဆွယ်စည်းရုံးခွင့် ပြုထားပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးတဲ့ အထဲမှာ ရခိုင်ပြည်နယ်က အဓိကနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP လည်း ပါဝင်ပါတယ်။ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ ရွေးကောက်ပွဲအတွက် မပြင်ဆင်နိုင်သေးတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ကြီးကြီးမားမားလုပ်တာတော့ ဘာမှမရှိသေးဘူး။ တချို့မြို့နယ်တွေမှာ ဗွီနိုင်း တစ်ခုနှစ်ခု လိုက်ထောင်တဲ့ အခြေအနေပဲ ရှိသေးတယ်။ ရွေးကောက်ပွဲ ကမ်ပိန်းတွေလည်း တစ်ခုမှမလုပ်ရသေးဘူး။ ပြောရရင် ဘာမှမလုပ် ရသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်ပါတဲ့ ဗွီနိုင်း တစ်ခုနှစ်ခု လိုက်ထောင်တာလောက်ပဲ ရှိသေးတယ်။"

ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ခဲ့ရင် ရွေးကောက်ပွဲရလဒ်အပေါ် ထိခိုက်မှာကိုလည်း ဦးသာထွန်းလှက စိုးရိမ်နေပါတယ်။

"ရွေးကောက်ပွဲကလည်း မဲဆွယ်စည်းရုံးလို့လည်း မရဘူးဆိုတော့ ရွေးကောက်ပွဲ ဖြစ်လာရင်လည်း ဒီရွေးကောက်ပွဲက ရွေးကောက်ပွဲ စံချိန်စံညွှန်းတွေနဲ့ မညီတဲ့ ရွေးကောက်ပွဲပဲ ဖြစ်လာလိမ့်မယ်။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲကလည်း နေ့စဉ်နေ့တိုင်းဖြစ်တယ်။ တစ်ဘက်မှာလည်း ကပ်ရောဂါကလည်း ရပ်တန့်တဲ့ အခြေအနေတွေ မရှိသေးဘူး။ အဲဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲ ကမ်ပိန်းကို မယ်မယ်ရရ မလုပ်ရသေးတဲ့ အခြေအနေပဲရှိတယ်။"

ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် လုံခြုံရေးအတွက် စိန်ခေါ်မှုတွေ ရှိနေသလို၊ ကပ်ရောဂါကြောင့် ပြည်နယ်တခုလုံးနီးပါး မလိုအပ်ရင် အပြင်မထွက်ကြဖို့လည်း ညွှန်ကြားထားပါတယ်။ ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ မဲဆွယ်စည်းရုံးလုပ်ငန်းတွေကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်လို့လည်း အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

"ဟုတ်ကဲ့။ ရခိုင်မှာတော့ အခက်အခဲက နှစ်မျိုးဖြစ်သွားတာပေါ့နော်။ ပထမတစ်ခုကတော့ တိုက်ပွဲတွေကြားမှာ လုံခြုံမှု အခက်အခဲ နောက်တစ်ခုကတော့ ကိုဗစ်ရောဂါ ပြန့်ပွားမှုက လျင်လျက်မြန်မြန်ဖြစ်လာတယ်။ အဲဒါကြောင့်ကျနော်တို့က ကိုဗစ်ညွှန်ကြားချက်နဲ့အညီ လုပ်ရတဲ့ အခါမှာ အခက်အခဲရှိပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီအောင်လို့ ဗွီနိုင်းတွေ ထောင်ပြီးတော့ မဲဆွယ်တာ။ လက်ကမ်းစာစောင်တွေဝယ်တာ။ နောက်ပြီးတော့ online ကနေ မဲဆွယ်စည်းရုံးတာနဲ့ လူချင်းတွေ့ပြီးတော့ လုပ်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ပြည်နယ်တစ်ခုလုံးက stay at home ဖြစ်နေတော့ ကျနော်တို့ ထပ်ပြီးထုတ်လိုက်တာဘာလဲတိုတော့ လှုံ့ဆော်ရေး တေးသီခြင်းများ ခွင့်ဖို့ sound box တွေနဲ့တကွ လှည့်လယ် စည်းရုံးလှုံ့ဆော်ဖို့ ပြောထားရပါတယ်။"

အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ရခိုင်ပြည်နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေကို အကန့်အသတ်နဲ့သာ လုပ်နေရတယ်လို့ ပါတီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဒေါ်အေးမာခင်ကပြောပါတယ်။

"မဲဆွယ်စည်းရုံးရေးတော့ မလုပ်ဖြစ်ပါဘူး။ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာလောက်ပဲရှိတယ်။ ကျန်းမာရေးဌာနနဲ့ ကော်မရှင်က ခွင့်ပြုထားတဲ့အတိုင်းပဲ ဆိုင်းဘုတ်ထောင်တဲ့အပိုင်းနဲ့ လက်ကမ်းစာစောင်ဖြန့်တဲ့ အပိုင်းလောက်ပဲ ရှိပါတယ်ဟုတ်။ "

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အစောပိုင်းမှာကတည်းက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေအပြင် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားသလို ကျောက်ဖြူ တောင်ကုတ် သံတွဲ မာန်အောင်နဲ့ အမ်းမြို့နယ်တို့ကိုလည်း စက်တင်ဘာလ ၂ရက်နေ့ကစပြီး ညမထွက်အမိန့် ထုတ်ပြန်ထားပါတယ်။

ကိုဗစ် ကူးစက်မှုတွေရှိနေတဲ့ရခိုင်မှာ အသွားအလာတွေလည်းကန့်သတ်ထားသလို မလိုအပ်ဘဲ အပြင်မသွားဖို့ မဖြစ်မနေသွားရတဲ့ အခါမျိုးမှာလည်း နှာခေါင်းစည်းတပ်ဖို့ အပါအဝင် ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

XS
SM
MD
LG