သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံျပန္ ေစာင့္ၾကည့္သူေတြထဲ ၆၅ဦး ကိုဗစ္ပိုးေတြ႕ခဲ့


ကုိဗစ္ကာလအတြင္း ထုိင္းျမန္မာနယ္စပ္ကေန ေနရပ္ျပန္ျမန္မာ အလုပ္သမားမ်ား။ (စက္တင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းျမန္မာနယ္စပ္ ျမ၀တီၿမိဳ႕ကုိ ဒီရက္ပုိင္းအတြင္း ထိုင္းနိုင္ငံက ျပန္လာျပီး ေစာင့္ၾကည့္ေရးစင္တာ ၀င္ေနၾကတဲ့ ျမန္မာမိသားစုရဲ႕ ႏွစ္ႏွစ္အရြယ္ကေလးမွာ ကုိဗစ္ကပ္ေရာဂါပုိးေတြ႔ရွိခဲ့ပါတယ္။ ကုိဗစ္အေရးေပၚကာလအတြင္းမွာ ထုိင္းႏိုင္ငံက ျပန္လာသူေတြထဲက ကပ္ေရာဂါပုိးေတြရွိသူ ၆၅ ဦး ရွိျပီလို႔ ျမန္မာအာဏာပို္င္ေတြက ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းႏိုင္ငံကေန ေနရပ္ျပန္လာႀကတဲ့သူေတြထဲက ကပ္ေရာဂါပုိး ထပ္မံေတြ ့ရွိသူေတြလည္းပါ၀င္တာပါ။ ထုိင္းႏိုင္ငံမွာ ရက္ေပါင္း ၁၀၀ ေက်ာ္အတြင္း ျပည္တြင္းကူးစက္မႈ မရွိတာေၾကာင့္ ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ေပးေနခ်ိန္မွာပဲ ထုိင္းျမန္မာနယ္စပ္က တဆင့္ျမန္မာႏိုင္ငံဘက္ကုိ ျပန္သြားသူေတြထဲမွာ ေရာဂါပိုးေတြရွိသူေတြ ရွိတယ္လို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးေတဇာေအာင္က ေျပာျပပါတယ္။

"ပထမ အသုတ္မွာ ပါတယ္ဆုိရင္ အားလံုး ၆၅ ေယာက္ပါ.. ၃လပုိင္း ၄လပုိင္းတုန္းက တံတား ၁ မွာ တေယာက္ တံတား ၂ မွာ တေယာက္ ျမ၀တီစာရင္းေပါက္ျပီး ဘုရားသံုးဆူမွာ၀င္တာက တေယာက္ ၃ ေယာက္ ျမ၀တီတံတား ၂ က ၀င္တာက ၆၂ ေယာက္ တေန႔က ေတြတဲ့ ကေလးေလး အပါအ၀င္ေပါ့ ေနာက္ဆံုး၀င္တဲ့ တေယာက္က ေကာ့ကရိပ္တေယာက္တံတား ၂ က မ၀င္ဘဲ ကာဂိုဘက္က ၀င္လိုအမႈ ဖြင့္ျပီး အခု ေဆးရံုတက္ေနတယ္ တေန႔က ၀င္တဲ့ ကေလးတေယာက္လည္း ေဆးရံုတက္ေနတယ္။ က်န္တဲ့ သူေတြကေဆးရံုက ဆင္းပါျပီ။ မေလးရွာနယ္စပ္က IDC ၃၅ ဦးတုန္းက ေပါ့စတစ္၂၄ ဦးေတြ ့တယ္ သူတို႔က မေလးနယ္စပ္မွာကတည္းက ေပါ့စတစ္ ၃၄ ေယာက္ရွိတာ သူတို႔က စစ္ျပီးျပီး ေပ်ာက္ျပီဆိုျပီး လဲြလိုက္တာ ကိုဗစ္မျဖစ္ေတာ့ေၾကာင္း ဆာဒီဖီကိတ္ပါတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ဆီ ျပန္ေရာက္ေတာ့ျပန္စစ္ေတာ့ ၂၄ ေယာက္မွာ ကပ္ေရာဂါပုိးျပန္ေတြ ့တာပါ။"

ဒီရက္ပုိင္းအတြင္းမွာ ထိုင္းႏိုင္ငံ အယုဒယျမိဳ႕ကေန ျမန္မာျပည္ေနရပ္ ျပန္တဲ့မိသားစုတစုကေန ၂ႏွစ္အရြယ္ကေလးငယ္မွာ ေပါ့စတစ္ေတြ ့တယ္ဆိုျပီး ထုိင္းသတင္းေတြမွာလည္းေဖာ္ျပေနၾကပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ကရင္ျပည္နယ္ျမ၀တီေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵ၀င္းကလည္း အခုလိုေျပာပါတယ္။

"တေယာက္ပဲ ရွိတယ္။ ျမ၀တီေစာင့္ၾကည့္စင္တာမွာ တေန႔ တေန႔ ေထာင္နဲ႔ ခ်ီ၀င္တာ ရွိတယ္။ ရာနဲ႔ ခ်ီျပီး ၀င္တာလည္းရွိတယ္။ ေစာင့္ၾကည့္စင္တာ ၀င္ထားတယ္။ အဲဒီလူေတြထဲမွာအခု တေယာက္စ ေတြ ့ပါတယ္ ခင္ဗ်ာ။ အဲဒီမတိုင္ခင္အရင္ အရင္လေတြမွာလည္း ေတြ ့ဘူးတာေတြလည္း ရွိပါတယ္။"

ထိုင္းျမန္မာယ္စပ္ ကရင္ျပည္နယ္ ျမ၀တီခရိုင္ဘက္မွာေတာ့ ညမထြက္ရအမိန္႔ကို စက္တင္ဘာလ ၁၅ ရက္ကစျပီး သက္တမ္းထပ္တုိးလိုက္ပါတယ္။ ထိုင္းျမန္မာနယ္စပ္မွာေတာ့ ထုိင္းဘက္က လံုျခံဳေရးေတြ ပုိးတင္းၾကပ္ေနျပီး အဖမ္းအဆီးေတြလည္း ဆက္တိုက္ရွိေနပါတယ္။ ဒီရက္ပိုင္းအတြင္း ျမန္မာျပည္မွာ ပိုးေတြ႕ရွိသူမ်ားလာတဲ့အတြက္ ထိုင္းႏိုင္ငံဘက္က နယ္စပ္တေလွ်ာက္ တင္းၾကပ္မႈေတြ ပိုလုပ္လာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံပြန် စောင့်ကြည့်သူတွေထဲ ၆၅ဦး ကိုဗစ်ပိုးတွေ့ခဲ့

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံက ပြန်လာပြီး စောင့်ကြည့်ရေးစင်တာ ဝင်နေကြတဲ့ မြန်မာမိသားစုရဲ့ နှစ်နှစ်အရွယ်ကလေးမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်အရေးပေါ်ကာလအတွင်းမှာ ထိုင်းနိုင်ငံက ပြန်လာသူတွေထဲက ကပ်ရောဂါပိုးတွေရှိသူ ၆၅ ဦး ရှိပြီလို့ မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့သူတွေထဲက ကပ်ရောဂါပိုး ထပ်မံတွေ့ရှိသူတွေလည်းပါဝင်တာပါ။ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း ပြည်တွင်းကူးစက်မှု မရှိတာကြောင့် ကန့်သတ်ချက်တွေ ဖြေလျော့ပေးနေချိန်မှာပဲ ထိုင်းမြန်မာနယ်စပ်က တဆင့်မြန်မာနိုင်ငံဘက်ကို ပြန်သွားသူတွေထဲမှာ ရောဂါပိုးတွေရှိသူတွေ ရှိတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က ပြောပြပါတယ်။

"ပထမ အသုတ်မှာ ပါတယ်ဆိုရင် အားလုံး ၆၅ ယောက်ပါ.. ၃လပိုင်း ၄လပိုင်းတုန်းက တံတား ၁ မှာ တယောက် တံတား ၂ မှာ တယောက် မြဝတီစာရင်းပေါက်ပြီး ဘုရားသုံးဆူမှာဝင်တာက တယောက် ၃ ယောက် မြဝတီတံတား ၂ က ဝင်တာက ၆၂ ယောက် တနေ့က တွေတဲ့ ကလေးလေး အပါအဝင်ပေါ့ နောက်ဆုံးဝင်တဲ့ တယောက်က ကော့ကရိပ်တယောက်တံတား ၂ က မဝင်ဘဲ ကာဂိုဘက်က ဝင်လိုအမှု ဖွင့်ပြီး အခု ဆေးရုံတက်နေတယ် တနေ့က ဝင်တဲ့ ကလေးတယောက်လည်း ဆေးရုံတက်နေတယ်။ ကျန်တဲ့ သူတွေကဆေးရုံက ဆင်းပါပြီ။ မလေးရှာနယ်စပ်က IDC ၃၅ ဦးတုန်းက ပေါ့စတစ်၂၄ ဦးတွေ့တယ် သူတို့က မလေးနယ်စပ်မှာကတည်းက ပေါ့စတစ် ၃၄ ယောက်ရှိတာ သူတို့က စစ်ပြီးပြီး ပျောက်ပြီဆိုပြီး လွဲလိုက်တာ ကိုဗစ်မဖြစ်တော့ကြောင်း ဆာဒီဖီကိတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီ ပြန်ရောက်တော့ပြန်စစ်တော့ ၂၄ ယောက်မှာ ကပ်ရောဂါပိုးပြန်တွေ့တာပါ။"

ဒီရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံ အယုဒယမြို့ကနေ မြန်မာပြည်နေရပ် ပြန်တဲ့မိသားစုတစုကနေ ၂နှစ်အရွယ်ကလေးငယ်မှာ ပေါ့စတစ်တွေ့တယ်ဆိုပြီး ထိုင်းသတင်းတွေမှာလည်းဖော်ပြနေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းကလည်း အခုလိုပြောပါတယ်။

"တယောက်ပဲ ရှိတယ်။ မြဝတီစောင့်ကြည့်စင်တာမှာ တနေ့ တနေ့ ထောင်နဲ့ ချီဝင်တာ ရှိတယ်။ ရာနဲ့ ချီပြီး ဝင်တာလည်းရှိတယ်။ စောင့်ကြည့်စင်တာ ဝင်ထားတယ်။ အဲဒီလူတွေထဲမှာအခု တယောက်စ တွေ့ပါတယ် ခင်ဗျာ။ အဲဒီမတိုင်ခင်အရင် အရင်လတွေမှာလည်း တွေ့ဘူးတာတွေလည်း ရှိပါတယ်။"

ထိုင်းမြန်မာယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ဘက်မှာတော့ ညမထွက်ရအမိန့်ကို စက်တင်ဘာလ ၁၅ ရက်ကစပြီး သက်တမ်းထပ်တိုးလိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာတော့ ထိုင်းဘက်က လုံခြုံရေးတွေ ပိုးတင်းကြပ်နေပြီး အဖမ်းအဆီးတွေလည်း ဆက်တိုက်ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာပြည်မှာ ပိုးတွေ့ရှိသူများလာတဲ့အတွက် ထိုင်းနိုင်ငံဘက်က နယ်စပ်တလျှောက် တင်းကြပ်မှုတွေ ပိုလုပ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG