သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ခ်နဘူရီ လဝကအက်ဥ္းေထာင္မွာ ကိုဗစ္ေရာဂါစစ္ေဆးေပးေန


ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီခ႐ိုင္ လူဝင္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္မွာ COVID ေရာဂါရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု -ထုိင္းလ၀က - စက္တင္ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီခ႐ိုင္ လူဝင္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္ေတြမွာ ထိန္းသိမ္းထားတဲ့ ျမန္မာႏိုင္ငံသားေတြကို COVID-19 ေရာဂါ စစ္ေဆးေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာ COVID 19 ေရာဂါပိုး ကူးဆက္မႈ ဆက္လက္ျမင့္တက္လာေနခ်ိန္မွာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာလည္း သူတို႔ဘက္ကို ေရာဂါပိုးကူးမလာေအာင္ အထူး ၾကပ္မတ္လုပ္ေဆာင္ေနပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံနဲ႔ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြမွာ ကိုဗစ္ထိန္းခ်ဳပ္ေရး အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ကန္ခ်နဘူရီခ႐ိုင္မွာေတာ့ တရားမဝင္ ဝင္ေရာက္မႈနဲ႔ လူဝင္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္ေတြမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံသားေတြ၊ ေနာက္ တရားမဝင္အလုပ္သမားေတြကို ဒီကေန႔ကစၿပီး ကိုဗစ္ေရာဂါ စစ္ေဆးေပးေနၿပီျဖစ္ပါတယ္။

ခ႐ိုင္ ဒုရဲမွဴး Woranan Sukcharoen က သူတို႔ေဒသဘက္ ကိုဗစ္ေရာဂါ ကူးမလာေအာင္ လုပ္ေဆာင္ေရးကိစၥနဲ႔ ပတ္သက္လို႔ ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီခ႐ိုင္ဟာ မူးယစ္ေဆးဝါးေမွာင္ခိုလမ္းေၾကာင္း တစ္ခုျဖစ္လာေနသလို တရားမဝင္ ျမန္မာႏိုင္ငံသားေတြ၊ လူကုန္ကူးလာသူေတြရဲ႕ အဓိကလမ္းေၾကင္းျဖစ္လာေနတာေၾကာင့္ နယ္စပ္ေဒသေတြမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ သက္ဆိုင္ရာအရာရွိအားလုံးကို ႏိုင္ငံေတာ္ လုံၿခဳံေရးအတြက္ တာဝန္ေတြကို တိတိက်က် ထမ္းေဆာင္ၾကကိုေျပာဆိုခဲ့တာပါ။ ဒါအျပင္ မၾကာခင္ ေရာက္လာႏိုင္မယ္လို႔ ယူဆရတဲ့ ကိုဗစ္-၁၉ ကပ္ဆိုးဟာ အိမ္နီးခ်င္း ျမန္မာႏိုင္ငံကေန ထိုင္းဘက္ကို ဆက္ကူးမလာေအာင္ အခ်ိန္မီတားဆီးႏိုင္ဖို႔ က်ေနာ္တို႔ ၾကိဳတင္ျပင္ဆင္လုပ္ေဆာင္ေနပါၿပီ။" လို႔လည္း ေျပာဆိုသြားတာပါ။

လဝကထိန္းသိမ္းေရးစခခန္းမွာ ဖြင့္ထားတဲ့ ကိုဗစ္စစ္ေဆးေရး စင္တာကိုေတာ့ ဒုတိယ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး Narin Songpinitkul နဲ႔ Phahon Phon ေဆး႐ုံအုပ္ႀကီး Somchet Laoluekiart တို႔ ဦးေဆာင္ၿပီးု စတင္ဖြင့္လွစ္လိုက္တာျဖစ္ပါတယ္။

ဒီစင္တာမွာေတာ့ လတ္တေလာ ဖမ္းမိထားတဲ့ အက်ဥ္းသားေတြသာမက တရားမဝင္ေရႊ႕ေျပာင္းလုပ္သားေတြကိုလည္း စစ္ေပးမွာျဖစ္တယ္လို႔ ထိုင္းေတာင္ပိုင္းက အလုပ္သမားေရးတက္ႂကြလႈပ္ရွားသူ FED အဖြဲ႕က ဦးမင္းဦးကေျပာျပပါတယ္။

"တရားမဝင္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ေပါ့... လဝကမွာေလ သူတို႔က ေၾကာ္ျငာၿပီးေတာ့ စစ္ေပးတာ။ စစ္ေပးၿပီးေတာ့ သူတို႔ တကယ္လို႔ စစ္တဲ့အထဲမွာ ေရာဂါျဖစ္တဲ့သူေတြ႕ရင္ အလုပ္ရွင္ေတြကို အေရးယူမွာ။ အလုပ္ရွင္ေတြအေနနဲ႔ တရားမဝင္လူေတြကို လက္မခံရေအာင္လို႔ေလ။ ၿပီးတဲ့အခါက်ေတာ့ ဒီထဲမွာျဖစ္ေနတဲ့ အလုပ္သမားေတြထဲမွာလည္း ဒီေရာဂါ ျဖစ္တယ္၊ မျဖစ္ဘူးဆိုတာ သိရေအာင္ သူတို႔က ေဆာင္႐ြက္တယ္လို႔ေျပာတယ္ဗ်။"

တရားမဝင္အလုပ္သမားေတြအေနနဲ႔ ကိုဗစ္လာစစ္တဲ့အခါ ဖမ္းဆီးမွာ မဟုတ္ဘူးလို႔ အတိအက် အာမခံခ်က္ေပးမထားေပမဲ့လည္း သူတို႔ လာစစ္ရဲေအာင္ ထုိင္းတာဝန္ရွိသူေတြက ႏိႈးေဆာ္ထားတာပါ။

ကန္ခ်နဘူရီခ႐ိုင္အတြင္းက လုပ္ငန္းရွင္ေတြအေနနဲ႔ေတာ့ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို လက္ခံအလုပ္မေပးၾကဖို႔ နယ္ေျမအာဏာပိုင္ေတြက တိုက္တြန္းထားပါတယ္။

လက္ရွိမွာ ကန္ခ်နဘူရီခ႐ိုင္ လဝက အက်ဥ္းေထာင္မွာ တရားမဝင္ ဝင္ေရာက္လာမႈ လဝက ဥပေဒနဲ႔ ဖမ္းဆီးထားတဲ့ ျမန္မာႏိုင္ငံသား ၁၉၄ ဦး ရွိေနတယ္လို႔ ဆိုပါတယ္။ သူတို႔ကို ျမန္မာႏိုင္ငံဘက္ ျပန္ပို႔ဖို႔ျဖစ္ေပမဲ့ ျမန္မာအာဏာပိုင္ေတြက လက္မခံေသးတာေၾကာင့္ စခန္းမွာပဲ ဆက္ၿပီး ထိန္းသိမ္းခံေနရတာျဖစ္ၿပီး အမ်ားစုက ၃ လၾကာၿပီဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ချနဘူရီ လဝကအကျဉ်းထောင်မှာ ကိုဗစ်ရောဂါစစ်ဆေးပေးနေ

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 ရောဂါ စစ်ဆေးပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ COVID 19 ရောဂါပိုး ကူးဆက်မှု ဆက်လက်မြင့်တက်လာနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း သူတို့ဘက်ကို ရောဂါပိုးကူးမလာအောင် အထူး ကြပ်မတ်လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ ကိုဗစ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ကန်ချနဘူရီခရိုင်မှာတော့ တရားမဝင် ဝင်ရောက်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေ၊ နောက် တရားမဝင်အလုပ်သမားတွေကို ဒီကနေ့ကစပြီး ကိုဗစ်ရောဂါ စစ်ဆေးပေးနေပြီဖြစ်ပါတယ်။

ခရိုင် ဒုရဲမှူး Woranan Sukcharoen က သူတို့ဒေသဘက် ကိုဗစ်ရောဂါ ကူးမလာအောင် လုပ်ဆောင်ရေးကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်ဟာ မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်း တစ်ခုဖြစ်လာနေသလို တရားမဝင် မြန်မာနိုင်ငံသားတွေ၊ လူကုန်ကူးလာသူတွေရဲ့ အဓိကလမ်းကြေင်းဖြစ်လာနေတာကြောင့် နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သက်ဆိုင်ရာအရာရှိအားလုံးကို နိုင်ငံတော် လုံခြုံရေးအတွက် တာဝန်တွေကို တိတိကျကျ ထမ်းဆောင်ကြကိုပြောဆိုခဲ့တာပါ။ ဒါအပြင် မကြာခင် ရောက်လာနိုင်မယ်လို့ ယူဆရတဲ့ ကိုဗစ်-၁၉ ကပ်ဆိုးဟာ အိမ်နီးချင်း မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို ဆက်ကူးမလာအောင် အချိန်မီတားဆီးနိုင်ဖို့ ကျနော်တို့ ကြိုတင်ပြင်ဆင်လုပ်ဆောင်နေပါပြီ။" လို့လည်း ပြောဆိုသွားတာပါ။

လဝကထိန်းသိမ်းရေးစခခန်းမှာ ဖွင့်ထားတဲ့ ကိုဗစ်စစ်ဆေးရေး စင်တာကိုတော့ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး Narin Songpinitkul နဲ့ Phahon Phon ဆေးရုံအုပ်ကြီး Somchet Laoluekiart တို့ ဦးဆောင်ပြီးု စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ဒီစင်တာမှာတော့ လတ်တလော ဖမ်းမိထားတဲ့ အကျဉ်းသားတွေသာမက တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကိုလည်း စစ်ပေးမှာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းက အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ FED အဖွဲ့က ဦးမင်းဦးကပြောပြပါတယ်။

"တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပေါ့... လဝကမှာလေ သူတို့က ကြော်ငြာပြီးတော့ စစ်ပေးတာ။ စစ်ပေးပြီးတော့ သူတို့ တကယ်လို့ စစ်တဲ့အထဲမှာ ရောဂါဖြစ်တဲ့သူတွေ့ရင် အလုပ်ရှင်တွေကို အရေးယူမှာ။ အလုပ်ရှင်တွေအနေနဲ့ တရားမဝင်လူတွေကို လက်မခံရအောင်လို့လေ။ ပြီးတဲ့အခါကျတော့ ဒီထဲမှာဖြစ်နေတဲ့ အလုပ်သမားတွေထဲမှာလည်း ဒီရောဂါ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ သိရအောင် သူတို့က ဆောင်ရွက်တယ်လို့ပြောတယ်ဗျ။"

တရားမဝင်အလုပ်သမားတွေအနေနဲ့ ကိုဗစ်လာစစ်တဲ့အခါ ဖမ်းဆီးမှာ မဟုတ်ဘူးလို့ အတိအကျ အာမခံချက်ပေးမထားပေမဲ့လည်း သူတို့ လာစစ်ရဲအောင် ထိုင်းတာဝန်ရှိသူတွေက နှိုးဆော်ထားတာပါ။

ကန်ချနဘူရီခရိုင်အတွင်းက လုပ်ငန်းရှင်တွေအနေနဲ့တော့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံအလုပ်မပေးကြဖို့ နယ်မြေအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ကန်ချနဘူရီခရိုင် လဝက အကျဉ်းထောင်မှာ တရားမဝင် ဝင်ရောက်လာမှု လဝက ဥပဒေနဲ့ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၁၉၄ ဦး ရှိနေတယ်လို့ ဆိုပါတယ်။ သူတို့ကို မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ဖြစ်ပေမဲ့ မြန်မာအာဏာပိုင်တွေက လက်မခံသေးတာကြောင့် စခန်းမှာပဲ ဆက်ပြီး ထိန်းသိမ်းခံနေရတာဖြစ်ပြီး အများစုက ၃ လကြာပြီဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG