သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္ေရာက္သူ ျမန္မာ ၁၀ ဦး မဲေဆာက္မွာ ဖမ္းခံရ


ဇူလိုင္ ၁၈ ရက္ေန႔တုန္းက ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္ေရာက္သူ ျမန္မာမ်ား အဖမ္းခံရစဥ္

(Zawgyi/Unicode)

ျမန္မာေရႊ႕ေျပာင္းလုပ္သား ၁၀ ဦး ထိုင္းနိုင္ငံ မဲေဆာက္ၿမိဳ. နယ္စပ္နားမွာ မေန႔က ဖမ္းခံခဲ့ရပါတယ္။ ဒီအလုပ္သမားေတြမွာ ခရီးသြားလက္မွတ္ေတြ ပါမလာတာေၾကာင့္ ကိုဗစ္မကူးစက္ေရး နယ္စပ္လံံုၿခံဳေရးေတြ ျမွင့္တင္ထားခ်ိန္မွာ ဖမ္းခံခဲ့ရတာပါ။

ဖမ္းခံရတဲ့ အမ်ိဳးသား ၇ ဦးနဲ႔ အမ်ိဳးသမီး ၃ ဦးကို Santonpin အရပ္မွာ ကင္းလွည့္ေနတဲ့ ရဲ၊ စစ္သားနဲ႔ လူဝင္မူႀကီးၾကပ္ေရးပူးေပါင္းအဖြဲ႔တစ္ခုက ဖမ္းလိုက္တာပါ။

ဒီအလုပ္သမားေတြကို ဒီဖမ္းခံရတဲ့ေနရာမွာ စြန္႔ပစ္ခံထားခဲ့ရတာကို ေတြ႔ရွိခဲ့ၿပီး အခုလို ဖမ္းခဲ့ကာ၊ မဲေဆာက္ရဲအခ်ဳပ္ခန္းကိုေခၚေဆာင္ခဲ့တယ္လို႔ ထုိင္းအရာရွိေတြက ဆိုပါတယ္။

ဒီအလုပ္သမားေတြမွာ ကိုဗစ္ေရာဂါလကၡဏာေတြ မေတြ႔ခဲ့ရေပမဲ့၊ သူတို႔အားလံုးကို ပိုးစစ္ေဆးထားတယ္လို႔ ဒီအရာရွိေတြကေျပာေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။

တကယ္ေတာ့ ျမန္မာနိုင္ငံဘက္မွာ ကိုဗစ္ပိုးကူးႏႈန္းေတြျမင့္တက္ေနခ်ိန္မွာ ထိုင္းႏိုင္ငံထဲဝင္လာမယ့္ ျမန္မာအလုပ္သမားေတြကတဆင့္ ထိုင္းႏိုင္ငံထဲျပန္ကူးစက္မလာေအာင္ ထိုင္းဖက္က နယ္စပ္ေတြကို တင္းၾကပ္ထားပါတယ္။

ထိုင္းနယ္စပ္ ျမန္မာဘက္ ျမဝတီမွာလည္း ကိုဗစ္ကူးစက္မွာကို အထူးစိုးရိမ္ေနၿပီး၊ မၾကာခင္ကပဲ ညသန္းေကာင္ကေန မနက္ ၄ နာ၇ီအထိ ညမထြက္ရအမိန္႔ထုတ္ျပန္ထားတယ္လို႔ ထိုင္းအရာရွိေတြက ဆက္ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ မြန်မာ ၁၀ ဦး မဲဆောက်မှာ ဖမ်းခံရ

(Unicode)

မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦး ထိုင်းနိုင်ငံ မဲဆောက်မြို. နယ်စပ်နားမှာ မနေ့က ဖမ်းခံခဲ့ရပါတယ်။ ဒီအလုပ်သမားတွေမှာ ခရီးသွားလက်မှတ်တွေ ပါမလာတာကြောင့် ကိုဗစ်မကူးစက်ရေး နယ်စပ်လံုံခြုံရေးတွေ မြှင့်တင်ထားချိန်မှာ ဖမ်းခံခဲ့ရတာပါ။

ဖမ်းခံရတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးကို Santonpin အရပ်မှာ ကင်းလှည့်နေတဲ့ ရဲ၊ စစ်သားနဲ့ လူဝင်မူကြီးကြပ်ရေးပူးပေါင်းအဖွဲ့တစ်ခုက ဖမ်းလိုက်တာပါ။

ဒီအလုပ်သမားတွေကို ဒီဖမ်းခံရတဲ့နေရာမှာ စွန့်ပစ်ခံထားခဲ့ရတာကို တွေ့ရှိခဲ့ပြီး အခုလို ဖမ်းခဲ့ကာ၊ မဲဆောက်ရဲအချုပ်ခန်းကိုခေါ်ဆောင်ခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဆိုပါတယ်။

ဒီအလုပ်သမားတွေမှာ ကိုဗစ်ရောဂါလက္ခဏာတွေ မတွေ့ခဲ့ရပေမဲ့၊ သူတို့အားလုံးကို ပိုးစစ်ဆေးထားတယ်လို့ ဒီအရာရှိတွေကပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ပိုးကူးနှုန်းတွေမြင့်တက်နေချိန်မှာ ထိုင်းနိုင်ငံထဲဝင်လာမယ့် မြန်မာအလုပ်သမားတွေကတဆင့် ထိုင်းနိုင်ငံထဲပြန်ကူးစက်မလာအောင် ထိုင်းဖက်က နယ်စပ်တွေကို တင်းကြပ်ထားပါတယ်။

ထိုင်းနယ်စပ် မြန်မာဘက် မြဝတီမှာလည်း ကိုဗစ်ကူးစက်မှာကို အထူးစိုးရိမ်နေပြီး၊ မကြာခင်ကပဲ ညသန်းကောင်ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားတယ်လို့ ထိုင်းအရာရှိတွေက ဆက်ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG