သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ တရားမဝင္ ျမန္မာႏုိင္ငံသားေတြ ပါလာတဲ့ကား ေမွာက္ၿပီး ၄ ဦးဒဏ္ရာရ


ျမန္မာႏုိင္ငံသားေတြကုိ လူကုန္ကူး သယ္ေဆာင္လာၿပီး တိမ္းေမွာက္ခဲ့တဲ့ကား။ (ၾသဂုတ္ ၂၉၊ ၂၀၂၀ ဓာတ္ပုံ - ထုိင္းနယ္ျခားေစာင့္တပ္)

(Zawgyi / Unicode)

ျမန္မာဘက္မွာ ကပ္ေရာဂါကူးဆက္မႈေတြ မ်ားလာတယ္ဆိုၿပီး ထုိင္းနယ္စပ္ေတြမွာ လံုၿခံဳေရး တင္းက်ပ္ခ်ိန္ ထိုင္း-ျမန္မာနယ္စပ္ တာခ့္ခ႐ုိင္ထဲမွာ ျမန္မာႏုိင္ငံသားေတြကုိ လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ကား တိမ္းေမွာက္တာေၾကာင့္ ကားေပၚပါလာတဲ့ ျမန္မာႏုိင္ငံသား ၄ ဦး ဒဏ္ရာရသြားပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံတြင္းမွာ ကုိဗစ္ကပ္ေရာဂါပုိး ေတြ႔ရွိသူေတြ တုိးလာတာေၾကာင့္ နယ္စပ္ ၁၀ ေနရာကို ေစာင့္ၾကည့္ဖုိ႔အတြက္ ထုိင္းျပည္ထဲေရး၀န္ႀကီးဌာနကေန သတိေပးထားခ်ိန္မွာပဲ ထိုင္း-ျမန္မာနယ္စပ္ တာခ့္ခ႐ုိင္ မယ္လမ အမွတ္ ၂ ေက်းရြာအုပ္စုအနီးမွာ လူကုန္ကူးသမားေတြ တင္ေဆာင္လာတဲ့ ျမန္မာႏိုင္ငံသား ၁၃ ဦးပါတဲ့ကား တိမ္းေမွာက္ခဲ့တာပါ။

ထုိင္း-ျမန္မာနယ္စပ္အေျခစိုက္ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးကေတာ့ အခုလိုေျပာျပပါတယ္။

“ဒီမနက္ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ေျမာက္ဘက္မွာရွိတဲ့ မယ္လမၿမိဳ႕နယ္ အမွတ္ ၂ ေက်းရြာအုပ္စုအနီးမွာ ကားလမ္းေဘး ကင္းပုန္းခ် ေစာင့္ၾကည့္စစ္ေဆးေနတဲ့ နယ္ျခားေစာင့္အဖဲြ႔ေတြကုိ ေတြ႔ျမင္သြားတဲ့ လူကုန္ကူးၿပီး သယ္ေဆာင္လာတဲ့ကား ၂ စီးက ျဖတ္ေမာင္းေျပးေတာ့ ကားေပၚမွာပါတဲ့ ၁၃ ေယာက္ထဲက ၄ ေယာက္က ဒဏ္ရာျပင္းထန္စြာ ရသြားတယ္။ ၁၃ ဦးဆုိတာ အမ်ိဳးသမီး ၃ ဦး၊ အမ်ိဳးသား ၁၀ဦး ျဖစ္ပါတယ္။”

ေရွ႕ကကားတစီးကေတာ့ ေနာက္ကလိုက္လာတဲ့ ရဲတပ္ဖြဲ႔၀င္ေတြရဲ႕ ဖမ္းဆီးမႈကို လြတ္ေအာင္ေမာင္းေျပးသြားခဲ့ၿပီး က်န္ကားတစီးကေတာ့ အရွိန္မထိန္းႏုိင္ျဖစ္ၿပီး လမ္းမေပၚမွာ တိမ္းေမွာက္သြားခဲ့တာပါ။ ဒီအတြက္ ကားေပၚမွာ ပါလာသူေတြထဲက ၄ ဦး ဒဏ္ရာရသြားတာ ျဖစ္ပါတယ္။

ကားေမာင္းသူ ထိုင္းႏုိင္ငံသားကိုလည္း လူေမွာင္ခုိမႈနဲ႔ ဆက္လက္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနၿပီး ဖမ္းမိထားတဲ့ ျမန္မာႏုိင္ငံသားေတြကိုေတာ့ Disease Act B.E. 2558 ကပ္ေရာဂါ အေရးေပၚဥပေဒနဲ႔ အေရးယူသြားမွာျဖစ္တယ္လို႔ ထုိင္းအာဏာပုိင္ေတြက ဆုိပါတယ္။

ကိုဗစ္ေရာဂါကပ္ဆိုး ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕ကို ထိုင္းဗိုလ္ခ်ဳပ္ Chalongchai Chaiyakham လာေရာက္စစ္ေဆးခဲ့ၿပီး တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္လာသူေတြကို သတိနဲ႔ ေစာင့္ၾကည့္စစ္ေဆးဖို႔ ညႊန္ၾကားခဲ့ၿပီး ေနာက္တရက္အၾကာမွာ ခုလိုျဖစ္ပြားခဲ့တာပါ။

ၾသဂုတ္လ ၂၈ ရက္ေန႔ကေတာ့ ထုိင္းႏိုင္ငံရဲ႕ နယ္စပ္ေနရာ ၃ ခုေလာက္ကေန ၀င္လာတဲ့ ျမန္မာအလုပ္သမား ရာဂဏန္းေလာက္ကုိလည္း ဖမ္းဆီးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ထိုင်းမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ ပါလာတဲ့ကား မှောက်ပြီး ၄ ဦးဒဏ်ရာရ

မြန်မာဘက်မှာ ကပ်ရောဂါကူးဆက်မှုတွေ များလာတယ်ဆိုပြီး ထိုင်းနယ်စပ်တွေမှာ လုံခြုံရေး တင်းကျပ်ချိန် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ကား တိမ်းမှောက်တာကြောင့် ကားပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူတွေ တိုးလာတာကြောင့် နယ်စပ် ၁၀ နေရာကို စောင့်ကြည့်ဖို့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကနေ သတိပေးထားချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မယ်လမ အမှတ် ၂ကျေးရွာအုပ်စုအနီးမှာ လူကုန်ကူးသမားတွေ တင်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးပါတဲ့ကား တိမ်းမှောက်ခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ အခုလိုပြောပြပါတယ်။

“ဒီမနက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက်မှာရှိတဲ့ မယ်လမမြို့နယ် အမှတ် ၂ ကျေးရွာအုပ်စုအနီးမှာ ကားလမ်းဘေး ကင်းပုန်းချ စောင့်ကြည့်စစ်ဆေးနေတဲ့ နယ်ခြားစောင့်အဖွဲ့တွေကို တွေ့မြင်သွားတဲ့ လူကုန်ကူးပြီး သယ်ဆောင်လာတဲ့ကား ၂ စီးက ဖြတ်မောင်းပြေးတော့ ကားပေါ်မှာပါတဲ့ ၁၃ ယောက်ထဲက ၄ ယောက်က ဒဏ်ရာပြင်းထန်စွာ ရသွားတယ်။ ၁၃ ဦးဆိုတာ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၀ဦး ဖြစ်ပါတယ်။”

ရှေ့ကကားတစီးကတော့ နောက်ကလိုက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကို လွတ်အောင်မောင်းပြေးသွားခဲ့ပြီး ကျန်ကားတစီးကတော့ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းမပေါ်မှာ တိမ်းမှောက်သွားခဲ့တာပါ။ ဒီအတွက် ကားပေါ်မှာ ပါလာသူတွေထဲက ၄ ဦး ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။

ကားမောင်းသူ ထိုင်းနိုင်ငံသားကိုလည်း လူမှောင်ခိုမှုနဲ့ ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ Disease Act B.E. 2558 ကပ်ရောဂါ အရေးပေါ်ဥပဒေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ကိုဗစ်ရောဂါကပ်ဆိုး ထိန်းချုပ်နိုင်ရေးအတွက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကို ထိုင်းဗိုလ်ချုပ် Chalongchai Chaiyakham လာရောက်စစ်ဆေးခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို သတိနဲ့ စောင့်ကြည့်စစ်ဆေးဖို့ ညွှန်ကြားခဲ့ပြီး နောက်တရက်အကြာမှာ ခုလိုဖြစ်ပွားခဲ့တာပါ။

သြဂုတ်လ ၂၈ ရက်နေ့ကတော့ ထိုင်းနိုင်ငံရဲ့ နယ်စပ်နေရာ ၃ ခုလောက်ကနေ ဝင်လာတဲ့ မြန်မာအလုပ်သမား ရာဂဏန်းလောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG