(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ထပ္ ၁၃ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၾသဂုတ္လ ၂၉ ရက္ေန႔ မနက္ ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၆၅၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
ၾသဂုတ္လ ၂၈ ရက္ေန႔က သံသယရွိသူ စုစုေပါင္း ၂,၅၃၅ ဦးကုိ ဓါတ္ခြဲ စမ္းသပ္ စစ္ေဆးအၿပီးမွာ အခုလုိ ရလဒ္ ထြက္ေပၚလာတာပါ။
အခု ဓါတ္ခြဲစမ္းသပ္ ေတြ႔ရွိရတဲ့ လူနာအသစ္ (၁၃) ဦးထဲက ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕က (၁) ဦးကလြဲလုိ႔ က်န္ (၁၂) ဦးဟာ ရခုိင္ျပည္နယ္က ျဖစ္ပါတယ္။
အခုေတြ႔ရွိတဲ့ လူနာ (၁၃) ဦးစလုံးဟာ ျပည္ပ ခရီးသြားရာဇင္မရွိသူေတြ ျဖစ္ပါတယ္။ အခု လူနာေတြထဲက ထူးျခားခ်က္တခုကေတာ့ ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္က အသက္ (၇) ႏွစ္ မိန္းကေလးငယ္ေလး တဦးပါ၀င္ျခင္း ျဖစ္ပါတယ္။ ဒီအထဲမွာ အသက္ (၁၆) ႏွစ္အရြယ္ ေယာက်္ားေလးတဦးလည္း ပါ၀င္ပါတယ္။
ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အခုခ်ိန္ထိ ထုတ္ျပန္ထားတဲ့ စာရင္းဇယားေတြအရ ကုိဗစ္ ကူးစက္သူေတြထဲ အသက္ (၁၀) ႏွစ္ေအာက္ ကေလးငယ္ အနည္းဆုံး (၂) ဦး ပါ၀င္ေနတာကုိ ေတြ႔ရပါတယ္။
အခုေနာက္ပိုင္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူ အမ်ားစုဟာ ျပည္တြင္းကေန ကူးစက္သူေတြ ျဖစ္ၾကတာမို႔ ကိုဗစ္ကာကြယ္ေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း ႏုိင္ငံတဝန္းက လူထုအားလံုး တင္းတင္းၾကပ္ၾကပ္ လုိုက္နာလုပ္ေဆာင္ၾကဖို႔ တာဝန္ရွိသူအသီးသီးက အထူး သတိေပး ႏိႈးေဆာ္ထားပါတယ္။
တျဖည္းျဖည္းနဲ႔ ကုိဗစ္ကူးစက္မႈအရွိန္ျမင့္လာတဲ့တခ်ိန္ထဲမွာလည္း ေနရာေဒသလည္း က်ယ္ျပန္႔လာတာေၾကာင့္ တႏုိင္ငံလုံးမွာရွိတဲ့ စာသင္ေက်ာင္းေတြအားလုံးကုိလည္း အကန္႔အသတ္မရွိ ျပန္ပိတ္ထားလုိက္ၿပီ ျဖစ္ပါတယ္။
..............
ရခိုင်မှာ ကိုဗစ်ကူးစက်သူ ၁၃ ဦးထပ်တိုး၊ စုစုပေါင်း ၆၅၆ ဦးရှိ
(Unicode)
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၆၅၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့က သံသယရှိသူ စုစုပေါင်း ၂,၅၃၅ ဦးကို ဓါတ်ခွဲ စမ်းသပ် စစ်ဆေးအပြီးမှာ အခုလို ရလဒ် ထွက်ပေါ်လာတာပါ။
အခု ဓါတ်ခွဲစမ်းသပ် တွေ့ရှိရတဲ့ လူနာအသစ် (၁၃) ဦးထဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က (၁) ဦးကလွဲလို့ ကျန် (၁၂) ဦးဟာ ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။
အခုတွေ့ရှိတဲ့ လူနာ (၁၃) ဦးစလုံးဟာ ပြည်ပ ခရီးသွားရာဇင်မရှိသူတွေ ဖြစ်ပါတယ်။ အခု လူနာတွေထဲက ထူးခြားချက်တခုကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အသက် (၇) နှစ် မိန်းကလေးငယ်လေး တဦးပါဝင်ခြင်း ဖြစ်ပါတယ်။ ဒီအထဲမှာ အသက် (၁၆) နှစ်အရွယ် ယောကျ်ားလေးတဦးလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အခုချိန်ထိ ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ ကိုဗစ် ကူးစက်သူတွေထဲ အသက် (၁၀) နှစ်အောက် ကလေးငယ် အနည်းဆုံး (၂) ဦး ပါဝင်နေတာကို တွေ့ရပါတယ်။
အခုနောက်ပိုင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ အများစုဟာ ပြည်တွင်းကနေ ကူးစက်သူတွေ ဖြစ်ကြတာမို့ ကိုဗစ်ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း နိုင်ငံတဝန်းက လူထုအားလုံး တင်းတင်းကြပ်ကြပ် လိုက်နာလုပ်ဆောင်ကြဖို့ တာဝန်ရှိသူအသီးသီးက အထူး သတိပေး နှိုးဆော်ထားပါတယ်။
တဖြည်းဖြည်းနဲ့ ကိုဗစ်ကူးစက်မှုအရှိန်မြင့်လာတဲ့တချိန်ထဲမှာလည်း နေရာဒေသလည်း ကျယ်ပြန့်လာတာကြောင့် တနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးကိုလည်း အကန့်အသတ်မရှိ ပြန်ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။