သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံက မ်က္ခမ္းစပ္ေရာဂါကုိ ေအာင္ျမင္စြာထိန္းႏုိင္ၿပီ (WHO)


World Health Organization Myanmar

(Zawgyi/Unicode)

မ်က္ခမ္းစပ္ေရာဂါ ကူးစက္ပ်ံ႕ပြားမႈကို ျမန္မာႏိုင္ငံမွာ ေအာင္ျမင္စြာ ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ WHO ကမၻာ့က်န္းမာေရးအဖဲြ႔ခ်ဳပ္က အသိအမွတ္ျပဳ ေၾကညာပါတယ္။ ဘက္တီးရီးယားပုိးေၾကာင့္ ဒီေရာဂါျဖစ္လာရၿပီး ကူးစက္တတ္ပါတယ္။

ျမန္မာႏိုင္ငံဟာ မ်က္ခမ္းစပ္ေရာဂါတိုက္ဖ်က္ေရးမွာ ေရသန္႔ရရွိမႈနဲ႔ ေကာင္းမြန္သန္႔ရွင္းတဲ့ က်န္းမာေရးအေျခခံ ေစာင့္ေရွာက္မႈ ၊ မ်က္စိ ေစာင့္ေရွာက္ကုသမႈဆိုင္ရာ အားေကာင္းတဲ့စနစ္ အစရွိတဲ့ နည္းလမ္းေပါင္းစုံနဲ႔ ခ်ည္းကပ္ေျဖရွင္းခဲ့တာေၾကာင့္ အနာဂတ္မွာ လူတိုင္း မ်က္ခမ္းစပ္ေရာဂါ ကင္းစင္တဲ့ အေနအထားကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း WHO အဖဲြ႔ အေရွ႕ေတာင္အာရွ ေဒသဆုိင္ရာ ညႊန္ၾကားေရးမႉး Dr Poonam Khetrapal Singh က ေျပာပါတယ္။

အေရွ႕ေတာင္အာရွ ေဒသထဲက ျမန္မာနဲ႔ နီေပါႏိုင္ငံေတြအျပင္ ကမၻာ့ အျခား(၁၂)ႏိုင္ငံမွာလည္း မ်က္ခမ္းစပ္ေရာဂါကို ေအာင္ျမင္စြာ အဆုံးသတ္ႏိုင္ခဲ့တာပါ။ မ်က္ခမ္းစပ္ေရာဂါဟာ ကာကြယ္ကုသႏိုင္ေပမယ့္ ေပါ့ဆၿပီး အခ်ိန္မီ မကုသခဲ့ရင္ မ်က္စိကြယ္သြားတဲ့အထိ ျဖစ္တတ္ၿပီး၊ မ်က္စိျပန္ျမင္ေအာင္ ကုသလို႔ မရတဲ့ ေရာဂါမ်ဳိး ျဖစ္ပါတယ္။ ႏိုင္ငံေပါင္း (၄၄)ႏိုင္ငံဟာ မ်က္ခမ္းစပ္ေရာဂါကို ရင္ဆိုင္ေျဖရွင္းေနရၿပီး၊ ဒီေရာဂါေၾကာင့္ ကမၻာ့လူဦးေရ (၁.၉)သန္းဟာ မ်က္စိကြယ္သြားရပါတယ္။

၂၀၀၅ ခုႏွစ္စာရင္းအရ ျမန္မာႏိုင္ငံမွာ မ်က္ခမ္းစပ္ေရာဂါ ကူးစက္ထားသူေတြရဲ႕ ၄% ဟာ မ်က္စိကြယ္ေနၾကပါတယ္။ ၂၀၁၈ ေရာက္တဲ့အခါမွာေတာ့ ဒီေရာဂါကူးစက္မႈဟာ လူထုက်န္းမာေရးျပႆနာ အဆင့္မွာ မရွိေတာ့ပဲ (၀.၀၀၈ %)အထိ က်ဆင္းသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာနိုင်ငံက မျက်ခမ်းစပ်ရောဂါကို အောင်မြင်စွာထိန်းနိုင်ပြီ (WHO)

(Unicode)

မျက်ခမ်းစပ်ရောဂါ ကူးစက်ပျံ့ပွားမှုကို မြန်မာနိုင်ငံမှာ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အသိအမှတ်ပြု ကြေညာပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဒီရောဂါဖြစ်လာရပြီး ကူးစက်တတ်ပါတယ်။

မြန်မာနိုင်ငံဟာ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးမှာ ရေသန့်ရရှိမှုနဲ့ ကောင်းမွန်သန့်ရှင်းတဲ့ ကျန်းမာရေးအခြေခံ စောင့်ရှောက်မှု ၊ မျက်စိ စောင့်ရှောက်ကုသမှုဆိုင်ရာ အားကောင်းတဲ့စနစ် အစရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ဖြေရှင်းခဲ့တာကြောင့် အနာဂတ်မှာ လူတိုင်း မျက်ခမ်းစပ်ရောဂါ ကင်းစင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း WHO အဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr Poonam Khetrapal Singh က ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသထဲက မြန်မာနဲ့ နီပေါနိုင်ငံတွေအပြင် ကမ္ဘာ့ အခြား(၁၂)နိုင်ငံမှာလည်း မျက်ခမ်းစပ်ရောဂါကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တာပါ။ မျက်ခမ်းစပ်ရောဂါဟာ ကာကွယ်ကုသနိုင်ပေမယ့် ပေါ့ဆပြီး အချိန်မီ မကုသခဲ့ရင် မျက်စိကွယ်သွားတဲ့အထိ ဖြစ်တတ်ပြီး၊ မျက်စိပြန်မြင်အောင် ကုသလို့ မရတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၄၄)နိုင်ငံဟာ မျက်ခမ်းစပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းနေရပြီး၊ ဒီရောဂါကြောင့် ကမ္ဘာ့လူဦးရေ (၁.၉)သန်းဟာ မျက်စိကွယ်သွားရပါတယ်။

၂၀၀၅ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာ မျက်ခမ်းစပ်ရောဂါ ကူးစက်ထားသူတွေရဲ့ ၄% ဟာ မျက်စိကွယ်နေကြပါတယ်။ ၂၀၁၈ ရောက်တဲ့အခါမှာတော့ ဒီရောဂါကူးစက်မှုဟာ လူထုကျန်းမာရေးပြဿနာ အဆင့်မှာ မရှိတော့ပဲ (ဝ.၀၀၈ %)အထိ ကျဆင်းသွားခဲ့ပါတယ်။

XS
SM
MD
LG