သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆြယ္စည္းရုံးမႈေတြ ကန္႔သတ္ထားတာေၾကာင့္ ေၾကာ္ျငာတံဆိပ္ရုိက္လုပ္ငန္းေတြ ထိခုိက္


စက္တင္ဘာ ၇ ရက္ေန႔က NLD ပါတီအလံကို တံဆိပ္ရိုက္ေနစဥ္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ လပုိင္းေလာက္သာ က်န္ေတာ့တဲ့ အခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အရွိန္ျမင့္လာေနတာေၾကာင့္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ေၾကာ္ျငာတံဆိပ္႐ုိက္လုပ္ငန္းေတြမွာလည္း ထိခုိက္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။

ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကို ထက္ေအာင္ခန္႔ တင္ဆက္ေပးပါမယ္။

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ၂ လေလာက္သာ လုိေတာ့တဲ့ အခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါ ကူးစက္သူေတြမွာ ေသဆုံးသူေတြ တုိးလာေနတာေၾကာင့္ မဲဆြယ္စည္း႐ုံးေရး လႈပ္ရွားမႈေတြကုိ အရင္လုိ မလုပ္ႏုိင္တဲ့ အေျခအေနနဲ႔ ႀကံဳေနရပါတယ္။ ဒါေၾကာင့္လည္း ေရြးေကာက္ပဲြအတြက္ စည္း႐ုံးရာမွာ အေရးပါတဲ့ ေၾကာ္ျငာတံဆိပ္႐ုိက္လုပ္ငန္းေတြလည္း ထိခုိက္လာေနတာပါ။

ရခုိင္ျပည္နယ္ကေန စတင္ပ်ံ႕ႏွံ႔လာခဲ့တဲ့ ကုိဗစ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြဟာ ရန္ကုန္၊ မႏၱေလးစတဲ့ ၿမိဳ႕ႀကီးေတြအထိ ေရာက္လာတာေၾကာင့္ မလုိအပ္ရင္ အိမ္ျပင္မထြက္ၾကဖုိ႔ အပါအ၀င္ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားတာေၾကာင့္ ႏုိင္ငံေရး ပါတီေတြ အေနနဲ႔ မဲဆြယ္လႈပ္ရွားမႈေတြကုိ အကန္႔အသတ္နဲ႔သာ လုပ္ေနၾကရတာေၾကာင့္ ႏုိင္ငံေရးလႈပ္ရွားမႈေတြနဲ႔ ဆက္စပ္ေနတဲ့ ေၾကာ္ျငာတံဆိပ္႐ုိက္ လုပ္ငန္းေတြမွာ အမွာေတြ ေလ်ာ့က်လာေနတယ္လုိ႔ ႏွစ္ေပါင္း ၃၀ ေက်ာ္ တံဆိပ္႐ုိက္ လုပ္ငန္းလုပ္ေနတဲ့ မႏၱေလးၿမိဳ႕က ဦးတိုးက ေျပာပါတယ္။

“လူေတြက နည္းနည္းေလး စိုးရိမ္လာတယ္။ က်န္မွာ ပစၥည္း လက္က်န္ က်န္မွာ စိုးရိမ္ေနၾကတယ္။ ဆက္မအပ္ၾကေတာ့ဘူးေပါ့။ နည္းလာတာေပါ့။ ခ်ိန္သြားၿပီေလ သူက ေရြးေကာက္ပြဲ နီးေလ အေရာင္း အ၀ယ္ကပါးေလ အဲ့လိုျဖစ္ေနတာ။ COVID ကိစၥနဲ႔ဆိုေတာ့ သြားရလာရ အဆင္မေျပေတာ့ဘူး။ မထြက္ ၾကေတာ့ဘူး။ Lockdown လုပ္မွာဆိုေတာ့ ပိုဆိုးသြားၿပီ။ Lockdown လုပ္တယ္ စိုးရိမ္ေနၾကတာေပါ့။”

လပုိင္းေလာက္ အခ်ိန္တုိအတြင္းမွာပဲ ကုိဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၄၀ ေက်ာ္နဲ႔ ကူးစက္မႈ ၄ ေထာင္ေလာက္အထိ တုိးလာတာေၾကာင့္ ေရြးေကာက္ပဲြ ရက္ေရႊ႕ဖုိ႔ အတုိက္အခံ ႏုိင္ငံေရးအင္အားစုေတြက ေတာင္းဆုိမႈေတြ ထြက္ေပၚလာေနတာကလည္း ေၾကာ္ျငာတံဆိပ္႐ုိက္ လုပ္ငန္းရွင္ေတြအတြက္ စုိးရိမ္စရာ ျဖစ္ေနရပါတယ္။ ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္ၿမိဳ႕က တံဆိပ္ရိုက္ လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ကိုထက္ခုိင္စုိးကေတာ့ အႏၱရာယ္ၾကားကပဲ လုပ္ငန္းေတြ ဆက္လုပ္ႏုိင္ဖုိ႔ ႀကိဳးစားေနရတယ္လုိ႔ ေျပာပါတယ္။

“Second Wave လာၿပီဆိုေတာ့ ေရြးေကာက္ပြဲပဲ Cancel ျဖစ္မလား။ ဒါမွမဟုတ္ ဗိုင္းရပ္က ကြ်န္ေတာ္တို႔ အနားပဲေရာက္လာမလား။ အဲ့ဒါမ်ိဳးေတြ စိုးရိမ္ပူပန္မႈေတြနဲ႔ အလုပ္လုပ္ရတယ္။ လက္ရွိအလုပ္လုပ္ေနရတာ ကေကာင္းေနၿမဲပဲ။ ေကာင္းေနၿမဲဆိုေပမယ့္ ေၾကာက္စိတ္နဲ႔ လုပ္ေနရတာ ဒီဟာကိုပဲ ရတုန္းေလး အလ်င္အျမန္ ျခစ္ကုတ္ၿပီး ျမန္ျမန္ဆန္ဆန္ လုပ္ေနရတာ။”

ကပ္ေရာဂါကာလမွာ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားရတာေၾကာင့္ စီးပြားေရးလုပ္ငန္း အမ်ားအျပား ရပ္ဆုိင္းထားရတာကလည္း ေၾကာ္ျငာတံဆိပ္႐ုိက္လုပ္ငန္းေတြအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈတခုျဖစ္ေနပါတယ္။ ကပ္ေရာဂါနဲ႔ ႀကံဳရခ်ိန္မွာ တခ်ဳိ႕လုပ္ငန္းေတြ ရပ္ဆုိင္းရတဲ့အထိ ႀကံဳရတာေတြ ရွိတယ္လုိ႔လည္း မႏၱေလးၿမိဳ႕က တံဆိပ္ရိုက္လုပ္ငန္းရွင္ ကိုမ်ိဳးကေျပာပါတယ္။

“အမ်ားႀကီးေျပာင္းလဲပါတယ္။ လူေတြက ဒါက ေၾကာ္ျငာလုပ္ငန္းကို အကိုတို႔လုပ္ငန္းက ေၾကာ္ျငာလုပ္ငန္း စီးပြား ေရးလုပ္ငန္းေတြ ေအာင္ျမင္မွ စီးပြားေရး လုပ္ငန္းေတြ လည္ပတ္မႈေကာင္းမွ ဒီလုပ္ငန္း ေၾကာ္ျငာအတြက္ ပိုသံုး ေပးႏိုင္မွာေလ။ လူေတြအားလံုးက စီးပြားေရးလုပ္ငန္းေတြ အားလံုးက ေရွ႕မေရာက္ေတာ့ဘူး ေနာက္ျပန္ ဆုတ္ သလိုျဖစ္ေနတယ္။ တခ်ိဳ႕လည္း ဒီလုပ္ငန္းေတြကို ရပ္ပလိုက္ရတာရွိတယ္။ တခ်ိဳ႕လည္း ၀န္ထမ္းေတြ ေလ်ာ့ခ် လိုက္ရတာရွိတယ္။ အဲ့ေတာ့ ဒီလုပ္ငန္း လည္ပတ္မႈေတြက တအားကို ဆုိးဆုိးရြားရြားကို ျဖစ္သြားတာ။ အကိုတို႔မွာလည္း အဲ့လိုပဲ ဒီလုပ္ငန္းလည္မႈမွာ ဆိုးဆိုးရြားရြား ျဖစ္သြားတယ္။”

ႏုိ၀င္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းေတြကုိေတာ့ စက္တင္ဘာလ ၈ ရက္ေန႔ကေန ႏုိ၀င္ဘာလ ၆ ရက္ေန႔အထိ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္က ခြင့္ျပဳထားပါတယ္။ ေကာ္မရွင္ကေတာ့ ေရြးေကာက္ပဲြကုိ ေရႊ႕ဆုိင္းဖုိ႔ အစီအစဥ္မရွိေၾကာင္း ဒီလဆန္းမွာပဲ ေျပာဆုိထားၿပီး ကပ္ေရာဂါနဲ႔ လုံၿခံဳေရးအေျခအေနအရ ဆုိင္းငံ့ထားဖုိ႔ လုိအပ္တဲ့ မဲဆႏၵနယ္ေျမေတြ ရွိမယ္ဆုိရင္လည္း ေအာက္တုိဘာလထဲေလာက္မွာ ထုတ္ျပန္ဖုိ႔ စီစဥ္ထားေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

(Unicode)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အရှိန်မြင့်လာနေတာကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်းတွေမှာလည်း ထိခိုက်နေတဲ့အကြောင်း ပြောပြပါမယ်။

ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကို ထက်အောင်ခန့် တင်ဆက်ပေးပါမယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ လလောက်သာ လိုတော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေမှာ သေဆုံးသူတွေ တိုးလာနေတာကြောင့် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေကို အရင်လို မလုပ်နိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲအတွက် စည်းရုံးရာမှာ အရေးပါတဲ့ ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်းတွေလည်း ထိခိုက်လာနေတာပါ။

ရခိုင်ပြည်နယ်ကနေ စတင်ပျံ့နှံ့လာခဲ့တဲ့ ကိုဗစ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေဟာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအထိ ရောက်လာတာကြောင့် မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ အပါအဝင် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတာကြောင့် နိုင်ငံရေး ပါတီတွေ အနေနဲ့ မဲဆွယ်လှုပ်ရှားမှုတွေကို အကန့်အသတ်နဲ့သာ လုပ်နေကြရတာကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ ကြော်ငြာတံဆိပ်ရိုက် လုပ်ငန်းတွေမှာ အမှာတွေ လျော့ကျလာနေတယ်လို့ နှစ်ပေါင်း ၃၀ ကျော် တံဆိပ်ရိုက် လုပ်ငန်းလုပ်နေတဲ့ မန္တလေးမြို့က ဦးတိုးက ပြောပါတယ်။

“လူတွေက နည်းနည်းလေး စိုးရိမ်လာတယ်။ ကျန်မှာ ပစ္စည်း လက်ကျန် ကျန်မှာ စိုးရိမ်နေကြတယ်။ ဆက်မအပ်ကြတော့ဘူးပေါ့။ နည်းလာတာပေါ့။ ချိန်သွားပြီလေ သူက ရွေးကောက်ပွဲ နီးလေ အရောင်း အဝယ်ကပါးလေ အဲ့လိုဖြစ်နေတာ။ COVID ကိစ္စနဲ့ဆိုတော့ သွားရလာရ အဆင်မပြေတော့ဘူး။ မထွက် ကြတော့ဘူး။ Lockdown လုပ်မှာဆိုတော့ ပိုဆိုးသွားပြီ။ Lockdown လုပ်တယ် စိုးရိမ်နေကြတာပေါ့။”

လပိုင်းလောက် အချိန်တိုအတွင်းမှာပဲ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၄၀ ကျော်နဲ့ ကူးစက်မှု ၄ ထောင်လောက်အထိ တိုးလာတာကြောင့် ရွေးကောက်ပွဲ ရက်ရွှေ့ဖို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက တောင်းဆိုမှုတွေ ထွက်ပေါ်လာနေတာကလည်း ကြော်ငြာတံဆိပ်ရိုက် လုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာ ဖြစ်နေရပါတယ်။ ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်မြို့က တံဆိပ်ရိုက် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုထက်ခိုင်စိုးကတော့ အန္တရာယ်ကြားကပဲ လုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ ကြိုးစားနေရတယ်လို့ ပြောပါတယ်။

“Second Wave လာပြီဆိုတော့ ရွေးကောက်ပွဲပဲ Cancel ဖြစ်မလား။ ဒါမှမဟုတ် ဗိုင်းရပ်က ကျွန်တော်တို့ အနားပဲရောက်လာမလား။ အဲ့ဒါမျိုးတွေ စိုးရိမ်ပူပန်မှုတွေနဲ့ အလုပ်လုပ်ရတယ်။ လက်ရှိအလုပ်လုပ်နေရတာ ကကောင်းနေမြဲပဲ။ ကောင်းနေမြဲဆိုပေမယ့် ကြောက်စိတ်နဲ့ လုပ်နေရတာ ဒီဟာကိုပဲ ရတုန်းလေး အလျင်အမြန် ခြစ်ကုတ်ပြီး မြန်မြန်ဆန်ဆန် လုပ်နေရတာ။”

ကပ်ရောဂါကာလမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရတာကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ရပ်ဆိုင်းထားရတာကလည်း ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ တချို့လုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့အထိ ကြုံရတာတွေ ရှိတယ်လို့လည်း မန္တလေးမြို့က တံဆိပ်ရိုက်လုပ်ငန်းရှင် ကိုမျိုးကပြောပါတယ်။

“အများကြီးပြောင်းလဲပါတယ်။ လူတွေက ဒါက ကြော်ငြာလုပ်ငန်းကို အကိုတို့လုပ်ငန်းက ကြော်ငြာလုပ်ငန်း စီးပွား ရေးလုပ်ငန်းတွေ အောင်မြင်မှ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်မှုကောင်းမှ ဒီလုပ်ငန်း ကြော်ငြာအတွက် ပိုသုံး ပေးနိုင်မှာလေ။ လူတွေအားလုံးက စီးပွားရေးလုပ်ငန်းတွေ အားလုံးက ရှေ့မရောက်တော့ဘူး နောက်ပြန် ဆုတ် သလိုဖြစ်နေတယ်။ တချို့လည်း ဒီလုပ်ငန်းတွေကို ရပ်ပလိုက်ရတာရှိတယ်။ တချို့လည်း ဝန်ထမ်းတွေ လျော့ချ လိုက်ရတာရှိတယ်။ အဲ့တော့ ဒီလုပ်ငန်း လည်ပတ်မှုတွေက တအားကို ဆိုးဆိုးရွားရွားကို ဖြစ်သွားတာ။ အကိုတို့မှာလည်း အဲ့လိုပဲ ဒီလုပ်ငန်းလည်မှုမှာ ဆိုးဆိုးရွားရွား ဖြစ်သွားတယ်။”

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကိုတော့ စက်တင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားပါတယ်။ ကော်မရှင်ကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိကြောင်း ဒီလဆန်းမှာပဲ ပြောဆိုထားပြီး ကပ်ရောဂါနဲ့ လုံခြုံရေးအခြေအနေအရ ဆိုင်းငံ့ထားဖို့ လိုအပ်တဲ့ မဲဆန္ဒနယ်မြေတွေ ရှိမယ်ဆိုရင်လည်း အောက်တိုဘာလထဲလောက်မှာ ထုတ်ပြန်ဖို့ စီစဉ်ထားကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG