သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ေၾကာင့္ေသဆုံးသူ ၁၄ ဦးနဲ႔ တရက္အတြင္း အမ်ားဆုံးစံခ်ိန္တင္ခဲ့


စက္တင္ဘာ ၁၅ ရက္ေန႔တုန္းက တရုတ္-ျမန္မာနယ္စပ္တြင္ က်န္းမာေရး၀န္ထမ္းမွ Swab test နမူနာယူေနစဥ္

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ လူ ၃ ဦး ထပ္တိုး ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ ဘာလ ၁၇ ရက္ ညပိုင္းမွာ အတည္ျပဳ ေၾကညာခဲ့ပါတယ္။ မနက္ပိုင္း ထုတ္ျပန္ခ်က္မွာ လည္း ေသဆုံးသူ ၁၁ ဦး ရွိတာျဖစ္လို႔ တရက္တည္း ထုတ္ျပန္ခ်က္မွာ ေသဆုံးသူ အေရအတြက္ အမ်ားဆုံးလည္း ျဖစ္ပါတယ္။ အခုအခ်ိန္အထိ မေန႔က ေသဆုံးခဲ့သူ ၁၄ ဦး အပါအဝင္ ျမန္မာနိုင္ငံမွာ COVID 19 ေၾကာင့္ ေသဆုံးသူ စုစု ေပါင္း ၆၀ ရွိၿပီ ျဖစ္ပါတယ္။

အတည္ျပဳလူနာသစ္ ၁၄၈ ေယာက္ ရွိတယ္လို႔လည္း စက္တင္ဘာ ၁၇ ရက္ ညပိုင္းမွာပဲ အတည္ျပဳ ေၾကညာခဲ့တာေၾကာင့္ ၁၇ ရက္ေန႔တရက္တည္း ကူးစက္သူ ၂၂၂ ေယာက္ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္ထိ ျမန္မာနိုင္ငံမွာ COVID 19 ကူးစက္ခံရသူ စုစုေပါင္း ၄၀၄၃ ေယာက္ ရွိပါတယ္။

မေန႔က ေသဆုံးသူေတြထဲ ၄ ဦးက COVID – 19 စစ္ေဆးေနတုန္း ေသဆုံးသြားခဲ့တာ ျဖစ္ၿပီး ေသဆုံးၿပီးေနာက္ ေရာဂါကူး စက္ခံထားရတာကို ေတြ႕ရွိခဲ့တာလို႔လည္း က်န္းမာေရး ဝန္ႀကီး ဌာနက ေျပာပါတယ္။

မတ္လ ေႏွာင္းပိုင္းကစလို႔ ျမန္မာနိုင္ငံမွာ COVID 19 ဓါတ္ခြဲနမူနာ ၂ သိန္းနီးပါးစစ္ေဆးခဲ့ရာမွာ အတည္ျပဳလူနာ ၄၀၀၀ ေက်ာ္ ေတြ႕ရွိခဲ့ၿပီး အဲဒီအထဲက ေရာဂါပိုး ကင္းစင္သြားသူ ၉၄၄ ေယာက္ ရွိပါတယ္။ ၁၇ ရက္ေန႔ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာ အသစ္ ၃၀၅ ေယာက္ တိုးလာပါတယ္။

ျမန္မာနိုင္ငံမွာ COVID ေရာဂါေၾကာင့္ ေသဆုံးသူေတြ တိုးလာေနတဲ့အထဲ ေရာဂါအခံမရွိသူေတြ၊ အသက္ငယ္ရြယ္သူေတြပါ ပါဝင္ လာတာေၾကာင့္ အရင္ထက္ပိုၿပီး ကူးစက္မႈအႏၲရာယ္ကို သတိထားၾကဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေန ပါတယ္။

အခုအခါ ကူးစက္မႈအမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တိုင္းအတြင္း ေနရာေတာ္ေတာ္မ်ားမ်ားမွာလည္း မလိုအပ္ရင္ အျပင္မသြားဖို႔ ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားသလို ေရာဂါကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္တဲ့ ရခိုင္ျပည္နယ္မွာ ညမထြက္ရအမိန႔္နဲ႔ တတ္နိုင္သမၽွ အိမ္ျပင္မထြက္ၾကဖို႔ အမိန႔္ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁၄ ဦးနဲ့ တရက်အတွင်း အများဆုံးစံချိန်တင်ခဲ့

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် လူ ၃ ဦး ထပ်တိုး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကစက်တင် ဘာလ ၁၇ ရက် ညပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။ မနက်ပိုင်း ထုတ်ပြန်ချက်မှာ လည်း သေဆုံးသူ ၁၁ ဦး ရှိတာဖြစ်လို့ တရက်တည်း ထုတ်ပြန်ချက်မှာ သေဆုံးသူ အရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။ အခုအချိန်အထိ မနေ့က သေဆုံးခဲ့သူ ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံမှာ COVID 19 ကြောင့် သေဆုံးသူ စုစု ပေါင်း ၆၀ ရှိပြီ ဖြစ်ပါတယ်။

အတည်ပြုလူနာသစ် ၁၄၈ ယောက် ရှိတယ်လို့လည်း စက်တင်ဘာ ၁၇ ရက် ညပိုင်းမှာပဲ အတည်ပြု ကြေညာခဲ့တာကြောင့် ၁၇ ရက်နေ့တရက်တည်း ကူးစက်သူ ၂၂၂ ယောက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်ထိ မြန်မာနိုင်ငံမှာ COVID 19 ကူးစက်ခံရသူ စုစုပေါင်း ၄၀၄၃ ယောက် ရှိပါတယ်။

မနေ့က သေဆုံးသူတွေထဲ ၄ ဦးက COVID – 19 စစ်ဆေးနေတုန်း သေဆုံးသွားခဲ့တာ ဖြစ်ပြီး သေဆုံးပြီးနောက် ရောဂါကူး စက်ခံထားရတာကို တွေ့ရှိခဲ့တာလို့လည်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။

မတ်လ နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ COVID 19 ဓါတ်ခွဲနမူနာ ၂ သိန်းနီးပါးစစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာ ၄၀၀၀ ကျော် တွေ့ရှိခဲ့ပြီး အဲဒီအထဲက ရောဂါပိုး ကင်းစင်သွားသူ ၉၄၄ ယောက် ရှိပါတယ်။ ၁၇ ရက်နေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာ အသစ် ၃၀၅ ယောက် တိုးလာပါတယ်။

မြန်မာနိုင်ငံမှာ COVID ရောဂါကြောင့် သေဆုံးသူတွေ တိုးလာနေတဲ့အထဲ ရောဂါအခံမရှိသူတွေ၊ အသက်ငယ်ရွယ်သူတွေပါ ပါဝင် လာတာကြောင့် အရင်ထက်ပိုပြီး ကူးစက်မှုအန္တရာယ်ကို သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေ ပါတယ်။

အခုအခါ ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းအတွင်း နေရာတော်တော်များများမှာလည်း မလိုအပ်ရင် အပြင်မသွားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားသလို ရောဂါကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့်နဲ့ တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

XS
SM
MD
LG