သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ COVID ေၾကာင့္ ၁၃ ႏွစ္အရြယ္ မိန္းကေလးအပါအဝင္ ေသဆုံးသူ ၆ ဦးတိုး


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ေမလ ၈ ရက္ေန႔တုန္းက ေစတနာ႔ဆရာစန္မ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

စက္တင္ဘာလ ၁၇ ရက္ မနက္ပိုင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ေၾကညာခ်က္အရ COVID – 19 ကူးစက္ခံရသူ အတည္ျပဳလူနာေတြထဲက ေနာက္ထပ္ ၆ ဦး ေသဆုံး သြားခဲ့လို႔ ျမန္မာႏိုင္ငံမွာ COVID 19 ေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၄၆ ဦး ရွိၿပီ ျဖစ္ပါတယ္။

ေသဆုံးသူေတြထဲ ေသြးတိုး၊ ႏွလုံး၊ ဆီခ်ိဳလို ေရာဂါ အခံ ရွိတဲ့ အသက္ႀကီးရင့္သူေတြ ပါဝင္သလို ေရာဂါ အခံ မရွိသူ အသက္ ၅၄ ႏွစ္ အ႐ြယ္အမ်ိဳးသား တစ္ဦးနဲ႔ ေသြးနဲ႔ဆိုင္တဲ့ ေရာဂါ အခံရွိသူ အသက္ ၁၃ ႏွစ္အ႐ြယ္ ရွိသူ မိန္းကေလးတစ္ဦး လည္း ပါဝင္တာကို က်န္းမာေရး ဝန္ႀကီး ဌာနရဲ႕ ထုတ္ ျပန္ခ်က္မွာ ေတြ႕ရွိရပါတယ္။

ကူးစက္ခံရသူ လူနာသစ္ ေနာက္ထပ္ ၇၃ ေယာက္အတည္ျပဳလိုက္တာ ေၾကာင့္လည္း ေရာဂါ ပိုးကူးစက္ခံရသူ စုစုေပါင္း ၃၈၉၄ ဦး ရွိၿပီျဖစ္ပါတယ္။

စက္တင္ဘာလ ၁၆ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ စုစုေပါင္း ၄,၅၅၅ ခုထဲက အခု မနက္ပိုင္း ထုတ္ျပန္ထားတဲ့ ေရာဂါပိုး ကူးစက္သူ ၇၃ ဦး အပါအဝင္ အတည္ျပဳလူနာ ၃၈၉၄ ကို ထပ္မံ အတည္ျပဳ ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။​

ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြ ေန႔စဥ္ ရာနဲ႔ခ်ီ ေန႔စဥ္တိုးလာေနတာေၾကာင့္ ယာယီ ေဆး႐ုံ ေတြ ေဆာက္ေနၾကရသလို Quarantine Center ေတြလည္း ပိုတိုးခ်ဲ႕ အသုံးျပဳဖို႔ ျပင္ဆင္ ေနပါတယ္။ ကုသေရးအတြက္ ယာယီ ေဆး႐ုံ ေတြ တည္ေဆာက္ေပးေနရၿပီး ၊ တခ်ိဳ႕ Quarantine Center ေတြမွာလည္း ကုသေရး စင္တာေတြ အျဖစ္ ျပင္ဆင္ေျပာင္းလဲ ေဆး ကုသ ေပးေနရပါတယ္။ ေနာက္တိုးလာတဲ့ ေစာင္ၾကည့္လူနာေတြအတြက္လည္း Quarantine Center ေတြ ထပ္ၿပီး တိုးခ်ဲ႕ ဖြင့္လွစ္ ေပးေနပါတယ္။

...............

မြန်မာမှာ COVID ကြောင့် ၁၃ နှစ်အရွယ် မိန်းကလေးအပါအဝင် သေဆုံးသူ ၆ ဦးတိုး
(Unicode)

စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အရ COVID – 19 ကူးစက်ခံရသူ အတည်ပြုလူနာတွေထဲက နောက်ထပ် ၆ ဦး သေဆုံး သွားခဲ့လို့ မြန်မာနိုင်ငံမှာ COVID 19 ကြောင့် သေဆုံးသူ စုစုပေါင်း ၄၆ ဦး ရှိပြီ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲ သွေးတိုး၊ နှလုံး၊ ဆီချိုလို ရောဂါ အခံ ရှိတဲ့ အသက်ကြီးရင့်သူတွေ ပါဝင်သလို ရောဂါ အခံ မရှိသူ အသက် ၅၄ နှစ် အရွယ်အမျိုးသား တစ်ဦးနဲ့ သွေးနဲ့ဆိုင်တဲ့ ရောဂါ အခံရှိသူ အသက် ၁၃ နှစ်အရွယ် ရှိသူ မိန်းကလေးတစ်ဦး လည်း ပါဝင်တာကို ကျန်းမာရေး ဝန်ကြီး ဌာနရဲ့ ထုတ် ပြန်ချက်မှာ တွေ့ရှိရပါတယ်။

ကူးစက်ခံရသူ လူနာသစ် နောက်ထပ် ၇၃ ယောက်အတည်ပြုလိုက်တာ ကြောင့်လည်း ရောဂါ ပိုးကူးစက်ခံရသူ စုစုပေါင်း ၃၈၉၄ဦး ရှိပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၅၅၅ ခုထဲက အခု မနက်ပိုင်း ထုတ်ပြန်ထားတဲ့ ရောဂါပိုး ကူးစက်သူ ၇၃ ဦး အပါအဝင် အတည်ပြုလူနာ ၃၈၉၄ ကို ထပ်မံ အတည်ပြု နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ နေ့စဉ် ရာနဲ့ချီ နေ့စဉ်တိုးလာနေတာကြောင့် ယာယီ ဆေးရုံ တွေ ဆောက်နေကြရသလို Quarantine Center တွေလည်း ပိုတိုးချဲ့ အသုံးပြုဖို့ ပြင်ဆင် နေပါတယ်။ကုသရေးအတွက် ယာယီ ဆေးရုံ တွေ တည်ဆောက်ပေးနေရပြီး ၊ တချို့ Quarantine Center တွေမှာလည်း ကုသရေး စင်တာတွေ အဖြစ် ပြင်ဆင်ပြောင်းလဲဆေး ကုသ ပေးနေရပါတယ်။ နောက်တိုးလာတဲ့ စောင်ကြည့်လူနာတွေအတွက်လည်း Quarantine Center တွေ ထပ်ပြီး တိုးချဲ့ ဖွင့်လှစ် ပေးနေပါတယ်။

XS
SM
MD
LG