သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးမထိုးခ်င္တဲ့ အေမရိကန္ ထက္ဝက္နီးပါးရွိ


"COVID 19 ကာကြယ္ေဆး" လို႔ တံဆိပ္တပ္ထားတဲ့ ပုလင္းတခု။

[Zawgyi/Unicode]

အေမရိကန္ျပည္သူ ၄၉ ရာခိုင္ႏႈန္းက တကယ္လို႔ အခုအခ်ိန္မွာ ကို႐ုိနာဗုိင္းရပ္စ္ကာကြယ္ေဆးရမယ္ဆုိရင္ သူတုိ႔အေနနဲ႔ ေသခ်ာေပါက္ မထုိးဘူး ဒါမွမဟုုတ္ မထိုးျဖစ္ဖို႔မ်ားတယ္လို႔ေျပာၿပီး က်န္တဲ့ ၅၁ ရာခိုင္ႏႈန္းကေတာ့ ထုိးမယ္လို႔ Pew သုေတသနဌာနက အခုလေကာက္ယူတဲ့ စစ္တမ္းမွာ ေဖာ္ျထားပါတယ္။

၄၉ ရာခိုင္ႏႈန္းက သူတုိ႔အေနနဲ႔ ကာကြယ္ေဆးရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြကို စိုးရိမ္တာေၾကာင့္ မထိုးဖို႔ ပိုၿပီးေတာ့ ဆႏၵရွိေနၾကတာပါ။ COVID 19 ကာကြယ္ေဆးကို ေဘးဥပါဒ္အႏၱရာယ္ကင္းကင္း အသုံးျပဳႏုိင္ဖို႔ကိစၥနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူရဲ႕ ယုံၾကည္မႈက အခုခ်ိန္မွာ က်ဆင္းေနတာပါ။ ၿပီးခဲ့တဲ့ ေမလက Pew ရဲ႕ စစ္တမ္းမွာေတာ့ တကယ္လို႔ ကာကြယ္ေဆးထြက္လာခဲ့ရင္ အေမရိကန္ ၇၂ ရာခိုင္ႏႈန္းက သူတုိ႔အေနနဲ႔ ထိုးမယ္ဆုိၿပီးေျပာထားတာပါ။

ဒါေပမဲ့ ဒီလမွာေတာ့ ၂၁ ရာခိုင္ႏႈန္းကပဲ ကာကြယ္ေဆးကို က်ိန္းေသထိုးမယ္လို႔ ေျပာပါတယ္။ အေမရိကန္မွာထုတ္တဲ့ ကာကြယ္ေဆးေတြရဲ႕ ေဘးကင္းလုံၿခဳံမႈနဲ႔ ထိေရာက္မႈေတြကို အကုန္လုံး နားမလည္ခင္မွာ အဲဒီေဆးေတြကို အတည္ျပဳလာႏုိင္တယ္လို႔ အေမရိကန္ ၇၇ ရာခိုင္ႏႈန္းက ယုံၾကည္ေနၿပီး ၇၈ ရာခိုင္ႏႈန္းကေတာ့ ကာကြယ္ေဆးရဲ႕ ေဘးကင္းလုံၿခဳံမႈနဲ႔ ထိေရာက္မႈေတြကို မလုပ္ႏုိင္ခင္မွာ အျမန္အတည္ျပဳလာမွာကို စိုးရိမ္ေနၾကပါတယ္။

Johns Hopkins တကၠသိုလ္က ဒီေန႔ အေစာပိုင္း ထုတ္ျပန္တဲ့ သတင္းအရေတာ့ ကမာၻတ၀န္းမွာ COVID-19 ေရာဂါကူးစက္ခံရသူ သန္း ၃၀ ေက်ာ္နဲ႔ ေသဆုံးသူ ၉၅၀,၀၀၀ နီးပါးရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီထဲမွာ အေမရိကန္က ကူးစက္သူ ၆.၆ သန္း၊ အိႏၵိယက ၅.၁ သန္း၊ ဘရာဇီးလ္က ၄.၄ သန္းနဲ႔ အမ်ားဆုံးႏုိင္ငံေတြအျဖစ္ ရပ္တည္ေနပါတယ္။ တခ်ိန္တည္းမွာပဲ ဥေရာပတ၀န္းမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ စိုးရိမ္စရာေကာင္းတဲ့ႏႈန္းနဲ႔ ျပန္ၿပီးေတာ့ျဖစ္လာေနၿပီး ဒါဟာ ဥေရာပအစိုးရေတြအတြက္ အခ်က္ေပးေခါင္းေလာင္သံ ျဖစ္တယ္လို႔ ကမာၻက်န္းမာေရးအဖဲြ႔ခ်ဳပ္ WHO က သတိေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးမထိုးချင်တဲ့ အမေရိကန် ထက်ဝက်နီးပါးရှိ

အမေရိကန်ပြည်သူ ၄၉ ရာခိုင်နှုန်းက တကယ်လို့ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရမယ်ဆိုရင် သူတို့အနေနဲ့ သေချာပေါက် မထိုးဘူး ဒါမှမဟုတ် မထိုးဖြစ်ဖို့များတယ်လို့ပြောပြီး ကျန်တဲ့ ၅၁ ရာခိုင်နှုန်းကတော့ ထိုးမယ်လို့ Pew သုတေသနဌာနက အခုလကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ထြားပါတယ်။

၄၉ ရာခိုင်နှုန်းက သူတို့အနေနဲ့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်တာကြောင့် မထိုးဖို့ ပိုပြီးတော့ ဆန္ဒရှိနေကြတာပါ။ COVID 19 ကာကွယ်ဆေးကို ဘေးဥပါဒ်အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ ယုံကြည်မှုက အခုချိန်မှာ ကျဆင်းနေတာပါ။ ပြီးခဲ့တဲ့ မေလက Pew ရဲ့ စစ်တမ်းမှာတော့ တကယ်လို့ ကာကွယ်ဆေးထွက်လာခဲ့ရင် အမေရိကန် ၇၂ ရာခိုင်နှုန်းက သူတို့အနေနဲ့ ထိုးမယ်ဆိုပြီးပြောထားတာပါ။

ဒါပေမဲ့ ဒီလမှာတော့ ၂၁ ရာခိုင်နှုန်းကပဲ ကာကွယ်ဆေးကို ကျိန်းသေထိုးမယ်လို့ ပြောပါတယ်။ အမေရိကန်မှာထုတ်တဲ့ ကာကွယ်ဆေးတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတွေကို အကုန်လုံး နားမလည်ခင်မှာ အဲဒီဆေးတွေကို အတည်ပြုလာနိုင်တယ်လို့ အမေရိကန် ၇၇ ရာခိုင်နှုန်းက ယုံကြည်နေပြီး ၇၈ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတွေကို မလုပ်နိုင်ခင်မှာ အမြန်အတည်ပြုလာမှာကို စိုးရိမ်နေကြပါတယ်။

Johns Hopkins တက္ကသိုလ်က ဒီနေ့ အစောပိုင်း ထုတ်ပြန်တဲ့ သတင်းအရတော့ ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကူးစက်ခံရသူ သန်း ၃၀ ကျော်နဲ့ သေဆုံးသူ ၉၅၀,၀၀၀ နီးပါးရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ အမေရိကန်က ကူးစက်သူ ၆.၆ သန်း၊ အိန္ဒိယက ၅.၁ သန်း၊ ဘရာဇီးလ်က ၄.၄ သန်းနဲ့ အများဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။ တချိန်တည်းမှာပဲ ဥရောပတဝန်းမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ စိုးရိမ်စရာကောင်းတဲ့နှုန်းနဲ့ ပြန်ပြီးတော့ဖြစ်လာနေပြီး ဒါဟာ ဥရောပအစိုးရတွေအတွက် အချက်ပေးခေါင်းလောင်သံ ဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO က သတိပေးလိုက်ပါတယ်။

XS
SM
MD
LG