သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ေၾကာင့္ ေရြးေကာက္ပဲြထိခိုက္မွာ စိုးရိမ္


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ရန္ကုန္ၿမိဳ႕ရဲ႕ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ၁ လေက်ာ္သာ လုိေတာ့တဲ့ အခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တုိးလာတာေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ေတြမွာ ထိခုိက္မႈေတြ ႀကံဳရမွာကုိ စုိးရိမ္မႈေတြ တုိးလာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ကပ္ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တုိးလာေနတာကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ဒီသီတင္းပတ္ကစၿပီး ရန္ကုန္တုိင္းတခုလုံးနီးပါး အိမ္ျပင္မထြက္ရ အမိန္႔ထုတ္လုိက္ရတဲ့အထိ ျဖစ္ခဲ့တာေၾကာင့္ ႏုိင္ငံေရးလႈပ္ရွားမႈေတြမွာလည္း သိသိသာသာ ထိခုိက္ကုန္ပါတယ္။ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ျပန္ထားတဲ့ ေနရာေတြမွာ မဲဆြယ္စည္း႐ုံးခြင့္လည္း မရွိတာေၾကာင့္ ႏုိင္ငံေရးပါတီေတြ ကုိယ္တုိင္သြားေရာက္ မဲဆြယ္လုိ႔လည္း မရပါဘူး။ ဒီလုိအေျခအေနေတြၾကားမွာ လာမယ့္ေရြးေကာက္ပဲြကုိ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏုိင္ဖုိ႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုိအပ္ေနတယ္လုိ႔လည္း နယူးျမန္မာေဖာင္ေဒးရွင္းက ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ ေလ့လာေရး အတိုင္ပင္ခံ ေဒၚျမနႏၵာသင္းက ေျပာပါတယ္။

"မဲသြားေပးရင္းနဲ႔ တခုခု ကူးစက္ခံရရင္ဘယ္လိုလုပ္မလဲ။ ဒါမွမဟုတ္ လံုျခံဳမႈ ရွိပါ့မလားဆိုတဲ့ အေတြးမ်ိဳးေတြလည္း သူတို႔စိတ္ထဲမွာ ရွိႏိုင္တယ္။ အဲ့ဒီလိုမ်ိဳးရွိတယ္ဆိုရင္ေတာ့ မဲေပးတဲ့ ရာခိုင္ႏႈန္းနည္းမယ္။ ေကာ္မရွင္အေနနဲ႔ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ မၾကာခဏေတြ႕ၿပီး ဘယ္လိုလုပ္မလဲ တိုင္ပင္သင့္။ ရင္းႏွီးစြာတူတူလုပ္ၾကဖို႔ လိုတယ္။ အထူးသျဖင့္ကေတာ့ မဲဆႏၵရွင္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ယံုၾကည္မႈေပါ့ေနာ္ ... ဒါအတြက္ကိုေတာ့ ေရြးေကာက္ပဲြမွာ ပါ၀င္ပတ္သတ္တဲ့ အဖဲြ႔အစည္းအသီးသီးက တာ၀န္ယူေဆာင္ရြက္ေပးဖို႔ လိုအပ္ပါတယ္။ ဒီ ကိုယ္စားလွယ္ေလာင္းေတြဆိုရင္လည္း မဲဆြယ္တာ စည္းရံုးေရးနဲ႔ ေရြးေကာက္ပဲြေန႔မွာ မဲသြားေပးမယ္ဆိုရင္ေတာ့ COVID 19 ကာကြယ္ေရး အစီအမံေတြက ဘယ္လိုရွိလဲ၊ ဘယ္လိုပံုစံမ်ိဳးနဲ႔ ေပးၾကရမယ္ဆိုတဲ့ အေနအထားမ်ိဳး ရွင္းျပတာမ်ိဳးေတြ၊ ေနာက္ အရပ္ဘက္အဖြဲ႕အစည္းေတြကလည္း မဲဆႏၵရွင္ေတြအတြက္ ပညာေပးလုပ္ေဆာင္တာမ်ိဳးေတြ ျဖစ္ပါတယ္။ ၾကိဳတင္ျပင္ဆင္မႈေတြ နည္းခဲ့မယ္ဆိုရင္ေတာ့ ေရြးေကာက္ပဲြ အၿပီးမွာ အဆင္မေျပမႈေတြ ျပႆနာေတြ အမ်ားႀကီး ျဖစ္ႏိုင္တယ္။"

ကပ္ေရာဂါေၾကာင့္ အသြားအလာ ကန္႔သတ္ထားခ်ိန္မွာ ႏုိင္ငံေရးပါတီေတြအေနနဲ႔ အင္တာနက္ အြန္လုိင္းနဲ႔ လူမႈကြန္ရက္ေတြက တဆင့္ စည္း႐ုံးလႈပ္ရွားဖုိ႔ ႀကိဳးပမ္းတာေတြလည္း ရွိေနပါတယ္။ ဒါေပမဲ့လည္း နည္းပညာနဲ႔ အြန္လုိင္းသုံးစဲြမႈေတြမွာ ကြာဟခ်က္ေတြက ႏုိင္ငံေရးပါတီေတြၾကား ယွဥ္ၿပိဳင္မႈေတြကုိ ထိခုိက္မွာ စုိးရိမ္တာေတြလည္း ရွိေနတာပါ။ ႏုိင္ငံေရးပါတီ တခ်ဳိ႕ကေတာ့ ကပ္ေရာဂါအႏၱရာယ္ကုိ စုိးရိမ္မႈေၾကာင့္ ေရြးေကာက္ပဲြကုိ ရက္ေရႊ႕ဖုိ႔ တုိက္တြန္းတာေတြလည္း ရွိေနပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ကပ္ေရာဂါကူးစက္မႈေတြ ဆက္မ်ားေနဦးမယ္ဆုိရင္ေတာ့ ေရြးေကာက္ပဲြေရႊ႕ဖုိ႔ စဥ္းစားသင့္တယ္လုိ႔ ျမင္ပါတယ္။

"ဒီလက္ရွိတက္ေနတဲ့အေျခအေနကို ေအာက္တိုဘာလဆန္းအထိ ေကာင္းေကာင္းမထိန္းႏိုင္ဘူးဆိုရင္ေတာ့ ေရြးေကာက္ပဲြ ေရႊ႕ဆိုင္းသင့္တယ္လို႔ျမင္တယ္။ တကယ္လို႔ ကိုယ္စားလွယ္ေလာင္းေတြဟာ မဲဆြယ္စည္းရံုးမႈကို အျပည့္အ၀မလုပ္ႏိုင္ဘူးဆိုရင္ ေရြးေကာက္ပဲြရဲ႕ လြတ္လပ္ၿပီး တရားမွ်တႏိုင္ေျခအေပၚမွာ ႀကီးႀကီးမားမား သက္ေရာက္ႏိုင္တယ္လို႔ ျမင္တယ္။ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပဲြ ျဖစ္ဖို႔အတြက္ လိုအပ္ခ်က္၊ အားနည္းခ်က္ျဖစ္သြားလိမ့္မယ္လို႔ ျမင္တယ္။"

ႏိုင္ငံေရးပါတီေတြဟာ မဲဆြယ္စည္း႐ုံးေရးေတြ လုပ္ရာမွာ တစ္ဦးနဲ႔တစ္ဦး ၆ ေပ ျခားၿပီး လူ ၅၀ ဦးထိ စုေဝးခြင့္ရွိတယ္လို႔ ခြင့္ျပဳထားခဲ့ေပမဲ့ တရားဝင္ မဲဆြယ္ ခြင့္ျပဳတဲ့ စက္တင္ဘာ ၈ ရက္မွာပဲ လူမႈကြန္ရက္ေတြမွာ ထြက္ေပၚလာခဲ့တဲ့ ပုံေတြမွာ သတ္မွတ္ခ်က္နဲ႔ မညီတာေတြကုိလည္း ေတြ႔ခဲ့ရပါတယ္။ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ လာမယ့္ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိေပမဲ့ ကပ္ေရာဂါအႏၱရာယ္ေၾကာင့္ မဲေပးၾကပါ့မလား ဆုိတာကုိလည္း စုိးရိမ္မႈေတြ ရွိေနပါတယ္။

က်န္းမာေရး ပညာရွင္ ေဒါက္တာမိုးေက်ာ္ရန္ႏိုင္ကေတာ့ ေရြးေကာက္ပဲြကုိ စီစဥ္ထားတဲ့အတုိင္း က်င္းပမယ္ဆုိရင္ က်န္းမာေရးအတြက္ ျပင္ဆင္ရမယ့္ ကိစၥေတြ အမ်ားအျပား ရွိေနတာကို ေကာ္မရွင္အေနနဲ႔ သတိျပဳသင့္တယ္လို႔ သတိေပးေျပာဆိုလိုက္ပါတယ္။

"က်ေနာ္တို႔က မဲေပးတဲ့ကာလမွာ ဘာကို ၾကည့္ရမွာလဲဆိုေတာ့ မဲရံုတရံုမွာ ၂၄ နာရီ တရက္အတြင္းမွာ social Distancing နဲ႔ လူ ဘယ္ႏွစ္ေယာက္ ေပးႏိုင္မလဲဆိုတာ သူတို႔ တြက္ခ်က္ရမယ္။ မဲရံုကို ပိုၿပီးေတာ့ ထပ္ၿပီး ခ်ဲ႕ဖို႔ လိုေကာင္းလိုႏိုင္တယ္။ ေနာက္တခုက အဲ့ဒီမွာ မဲေပးတ့ဲအခါမွာလည္း ခုဏကလို Social Distancing နဲ႔ စနစ္တက် တန္းစီၿပီးေတာ့ မဲေပးမယ္ဆိုရင္ ကူးစက္မႈႏႈန္းကို ေလွ်ာ့ခ်ႏိုင္မယ္၊ ကူးစက္မႈ နည္းမယ္။"

ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ ကပ္ေရာဂါနဲ႔ လုံၿခံဳေရးစိန္ေခၚမႈေတြ ရွိေနတဲ့ ေဒသေတြမွာ ေရြးေကာက္ပဲြ က်င္းပမယ့္ အစီအစဥ္ေတြနဲ႔ ပတ္သက္လုိ႔ ေအာက္တုိဘာလထဲမွာ ထုတ္ျပန္သြားမယ္လုိ႔ ေျပာထားပါတယ္။ လာမယ့္ ႏုိ၀င္ဘာေရြးေကာက္ပဲြမွာေတာ့ ႏုိင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္က ကိုယ္စားလွယ္ေလာင္း ၆,၀၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ အမည္စာရင္း တင္သြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်ကြောင့် ရွေးကောက်ပွဲထိခိုက်မှာ စိုးရိမ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၁ လကျော်သာ လိုတော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ထိခိုက်မှုတွေ ကြုံရမှာကို စိုးရိမ်မှုတွေ တိုးလာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

ကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကို ထိန်းချုပ်နိုင်ဖို့ ဒီသီတင်းပတ်ကစပြီး ရန်ကုန်တိုင်းတခုလုံးနီးပါး အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တာကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း သိသိသာသာ ထိခိုက်ကုန်ပါတယ်။ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ နေရာတွေမှာ မဲဆွယ်စည်းရုံးခွင့်လည်း မရှိတာကြောင့် နိုင်ငံရေးပါတီတွေ ကိုယ်တိုင်သွားရောက် မဲဆွယ်လို့လည်း မရပါဘူး။ ဒီလိုအခြေအနေတွေကြားမှာ လာမယ့်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်နေတယ်လို့လည်း နယူးမြန်မာဖောင်ဒေးရှင်းက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေး အတိုင်ပင်ခံ ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

"မဲသွားပေးရင်းနဲ့ တခုခု ကူးစက်ခံရရင်ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် လုံခြုံမှု ရှိပါ့မလားဆိုတဲ့ အတွေးမျိုးတွေလည်း သူတို့စိတ်ထဲမှာ ရှိနိုင်တယ်။ အဲ့ဒီလိုမျိုးရှိတယ်ဆိုရင်တော့ မဲပေးတဲ့ ရာခိုင်နှုန်းနည်းမယ်။ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ မကြာခဏတွေ့ပြီး ဘယ်လိုလုပ်မလဲ တိုင်ပင်သင့်။ ရင်းနှီးစွာတူတူလုပ်ကြဖို့ လိုတယ်။ အထူးသဖြင့်ကတော့ မဲဆန္ဒရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုပေါ့နော် ... ဒါအတွက်ကိုတော့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သတ်တဲ့ အဖွဲ့အစည်းအသီးသီးက တာဝန်ယူဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီ ကိုယ်စားလှယ်လောင်းတွေဆိုရင်လည်း မဲဆွယ်တာ စည်းရုံးရေးနဲ့ ရွေးကောက်ပွဲနေ့မှာ မဲသွားပေးမယ်ဆိုရင်တော့ COVID 19 ကာကွယ်ရေး အစီအမံတွေက ဘယ်လိုရှိလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ပေးကြရမယ်ဆိုတဲ့ အနေအထားမျိုး ရှင်းပြတာမျိုးတွေ၊ နောက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မဲဆန္ဒရှင်တွေအတွက် ပညာပေးလုပ်ဆောင်တာမျိုးတွေ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ နည်းခဲ့မယ်ဆိုရင်တော့ ရွေးကောက်ပွဲ အပြီးမှာ အဆင်မပြေမှုတွေ ပြဿနာတွေ အများကြီး ဖြစ်နိုင်တယ်။"

ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်ထားချိန်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ အင်တာနက် အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေက တဆင့် စည်းရုံးလှုပ်ရှားဖို့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း နည်းပညာနဲ့ အွန်လိုင်းသုံးစွဲမှုတွေမှာ ကွာဟချက်တွေက နိုင်ငံရေးပါတီတွေကြား ယှဉ်ပြိုင်မှုတွေကို ထိခိုက်မှာ စိုးရိမ်တာတွေလည်း ရှိနေတာပါ။ နိုင်ငံရေးပါတီ တချို့ကတော့ ကပ်ရောဂါအန္တရာယ်ကို စိုးရိမ်မှုကြောင့် ရွေးကောက်ပွဲကို ရက်ရွှေ့ဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ကပ်ရောဂါကူးစက်မှုတွေ ဆက်များနေဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲရွှေ့ဖို့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။

" ဒီလက်ရှိတက်နေတဲ့အခြေအနေကို အောက်တိုဘာလဆန်းအထိ ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်တော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ်လို့မြင်တယ်။ တကယ်လို့ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးမှုကို အပြည့်အဝမလုပ်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတနိုင်ခြေအပေါ်မှာ ကြီးကြီးမားမား သက်ရောက်နိုင်တယ်လို့ မြင်တယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် လိုအပ်ချက်၊ အားနည်းချက်ဖြစ်သွားလိမ့်မယ်လို့ မြင်တယ်။"

နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးရေးတွေ လုပ်ရာမှာ တစ်ဦးနဲ့တစ်ဦး ၆ ပေ ခြားပြီး လူ ၅၀ ဦးထိ စုဝေးခွင့်ရှိတယ်လို့ ခွင့်ပြုထားခဲ့ပေမဲ့ တရားဝင် မဲဆွယ် ခွင့်ပြုတဲ့ စက်တင်ဘာ ၈ ရက်မှာပဲ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့တဲ့ ပုံတွေမှာ သတ်မှတ်ချက်နဲ့ မညီတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိပေမဲ့ ကပ်ရောဂါအန္တရာယ်ကြောင့် မဲပေးကြပါ့မလား ဆိုတာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကျန်းမာရေး ပညာရှင် ဒေါက်တာမိုးကျော်ရန်နိုင်ကတော့ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပမယ်ဆိုရင် ကျန်းမာရေးအတွက် ပြင်ဆင်ရမယ့် ကိစ္စတွေ အများအပြား ရှိနေတာကို ကော်မရှင်အနေနဲ့ သတိပြုသင့်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

"ကျနော်တို့က မဲပေးတဲ့ကာလမှာ ဘာကို ကြည့်ရမှာလဲဆိုတော့ မဲရုံတရုံမှာ ၂၄ နာရီ တရက်အတွင်းမှာ social Distancing နဲ့ လူ ဘယ်နှစ်ယောက် ပေးနိုင်မလဲဆိုတာ သူတို့ တွက်ချက်ရမယ်။ မဲရုံကို ပိုပြီးတော့ ထပ်ပြီး ချဲ့ဖို့ လိုကောင်းလိုနိုင်တယ်။ နောက်တခုက အဲ့ဒီမှာ မဲပေးတဲ့အခါမှာလည်း ခုဏကလို Social Distancing နဲ့ စနစ်တကျ တန်းစီပြီးတော့ မဲပေးမယ်ဆိုရင် ကူးစက်မှုနှုန်းကို လျှော့ချနိုင်မယ်၊ ကူးစက်မှု နည်းမယ်။"

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကပ်ရောဂါနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အောက်တိုဘာလထဲမှာ ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။

XS
SM
MD
LG