သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ေရြးေကာက္ပဲြအလားအလာ စိုးရိမ္မႈတိုး


၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ မဲရံုတခုတြင္ မဲမ်ားေရတြက္ေနသည့္ ေရြးေကာက္ပဲြ ေကာ္မရွင္ တာ၀န္ရွိသူမ်ား။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လက္နက္ကုိင္ပဋိပကၡေတြနဲ႔ ကိုဗက္ကပ္ေရာဂါေဘး ႀကံဳေနရတဲ့ ရခိုင္ျပည္နယ္မွာ က်င္းပဖုိ႔ ၁ လေက်ာ္သာ က်န္ေတာ့တဲ့ ေရြးေကာက္ပဲြ အလားအလာအေပၚ စုိးရိမ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ပဋိပကၡေတြလည္း ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ ေရြးေကာက္ပဲြေတြ က်င္းပႏိုင္မယ့္အေျခအေနအေပၚ စုိးရိမ္ေနၾကပါတယ္။

လုံၿခံဳေရးနဲ႔ က်န္းမာေရးဆုိင္ရာ စိန္ေခၚမႈေတြေၾကာင့္ ႏုိ၀င္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲ႐ုံေတြအားလုံးကုိ ေစာင့္ၾကည့္ အကဲခတ္ႏုိင္မယ့္ အေျခအေန မရွိဘူးလုိ႔လညး္ ရခိုင္ျပည္နယ္ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ ဒါရိုက္တာ ကိုခိုင္ေကာင္းစံကေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ မဲရံုးအားလံုးကို ေစာင့္ၾကည့္ခ်င္ေပမယ့္ က်ေနာ္တို႔မွာ ဘ႑ာေငြဆိုင္ရာေတြလည္း အခက္ အခဲရွိတယ္။ အခုက မဲရံု ၂,၀၀၀ ေက်ာ္တယ္ဆိုေပမယ့္ လာမယ့္ ေရြးေကာက္ပြဲမွည မဲရံု ၂,၀၀၀ ေက်ာ္ ေတာ့ မလုပ္ႏိုင္ဘူးေပါ့ေနာ္။ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ တစ္ခ်ိဳ႕ကေတာ့ ေရြးေကာက္ပြဲ မက်င္းပႏိုင္ဘူးလို႔ က်ေနာ္ထင္တာေပါ့ေနာ္။ က်ေနာ္တို႔ဘက္ကေတာ့ မဲရံုအကုန္လံုးကို ေစာင့္ၾကည့္ဖို႔မျဖစ္ႏိုင္ဘူး။ က်ေနာ္တို႔ ကေတာ့ မဲရံု ၅၀၀ ေလာက္ကိုပဲ ေစာင့္ၾကည့္ဖို႔ ျပင္ဆင္ထားၾကတာေပါ့။"

ရခိုင္ျပည္နယ္မွာၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ မဲရံု ၂,၅၁၉ ရံုရွိခဲ့ၿပီး အခုတႀကိမ္မွာေတာ့ အနည္းငယ္ထပ္တုိးၿပီး ၂,၆၀၀ နီးပါး ရွိမယ္လုိ႔လည္း ေရြးေကာက္ပဲြ တာ၀န္ရွိသူေတြက ေျပာပါတယ္။ လုံၿခံဳေရးျပႆနာနဲ႔ ကပ္ေရာဂါ ႀကံဳေနရေပမဲ့လည္း ရခိုင္ျပည္နယ္မွာ မဲဆႏၵရွင္ေတြ မဲေပးႏိုင္ဖို႔အတြက္ က်န္းမာေရဝန္ႀကီးဌာနက ညႊန္ၾကားခ်က္နဲ႔ ေဆာင္ရြက္ ထားတယ္လို႔ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ေဒၚတင္လိႈင္က ေျပာပါတယ္။

"မဲေပးႏိုင္ဖို႔ကေတာ့ အကုန္လံုးကေတာ့ စီစဥ္ၿပီးသား ရွိတာေပါ့ေနာ္ မဲရံုေတြက အဂိုကတည္းက သတ္မွတ္ခ်က္ ရွိတယ္။ သူ႔ေနရာေတြဘာေတြ အကုန္လံုးက လူဦးေရနဲ႔ ကိုက္ညီေအာင္လုပ္ၿပီးေတာ့ သတ္မွတ္ခ်က္ရွိၿပီးေတာ့ အဲေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကေနၿပီးေတာ့ ဘယ္ၿမိဳ႕နယ္မွာေတာ့ လုပ္မယ္ မလုပ္ဘူးဆိုတာကေတာ့ သူတို႔ေၾကၿငာမွာေပါ့ေနာ္။ ေအာက္တိုဘာ လအကုန္ပိုင္းေလာက္မွာေတာ့ ေၾကျငာမယ္လို႔ ထင္တယ္ေပါ့ေနာ္။"

ရခိုင္ျပည္နယ္မွာ တို္က္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာေနရသူေတြလည္း အမ်ားအျပားရွိေနတာေၾကာင့္ တခ်ိဳ႕ေက်းရြာေတြမွာ မဲေပးႏိုင္ဖို႔အတြက္ အခက္အခဲေတြနဲ႔လည္း ႀကံဳေနရပါတယ္။

ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ကေတာ့ အျငင္းပြားစရာ အေျခအေနေတြ ေပၚေပါက္ႏုိင္တဲ့ မဲဆႏၵနယ္ေျမေတြကုိ အဓိက အာ႐ုံစုိက္ဖုိ႔ ျပင္ဆင္ထားတယ္လုိ႔ ဦးခိုင္ေကာင္းစံက ေျပာပါတယ္။

"အျငင္းပြားႏိုင္တဲ့ ေနရာေတြဆိုတာကေတာ့ ဥပမာ အမ္းလိုေနရာမ်ိဳးဆိုရင္ အျငင္းပြားႏို္င္တဲ့ ေနရာလို႔ က်ေနာ္ကေတာ့ သံုးသပ္မိတယ္။ အမ္းမွာက ႀကံခိုင္ေရးကလည္း ရွိတယ္။ တပ္ပိုင္ေျမလည္းျဖစ္တယ္။ ေနာက္တစ္ခါ ရခိုင္ျပည္ရဲ႕ေတာင္ဘက္ပိုင္းကလည္း အဲလိုမ်ိဳး ဧရိယာျဖစ္တယ္။ ေနာက္ၿပီးေတာ့ ေမာင္ေတာလိုေနရာမ်ိဳး ေမာင္ေတာ၊ ဘူးသီးေတာင္ေတြမွာ မ်ိဳးႏြယ္စုေတြလည္း ရွိတယ္။ တျခား မဲေပးပိုင္ခြင့္ရွိတဲ့ ႏိုင္ငံသားေတြလည္း ရွိတယ္။ ေနာက္ၿပီးေတာ့ အျငင္းပြားမယ့္ ေနရာေတြက ေတာ္ေတာ္မ်ားႏိုင္တာေပါ့။ ပါတီထဲကေန အမတ္မျဖစ္လို႔ တစ္သီး ပုဂၢလလုပ္သြားတဲ့သူေတြလည္း ရွိေတာ့ ဒီေနရာမ်ိဳးေတြက အျငင္းပြားႏိုင္တာေပါ့။"

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္မွာ ကုိဗစ္ေရာဂါကူးစက္သူ ၉၅၅ ေယာက္ ရွိေနၿပီး၊ ရန္ကုန္တုိင္း ေဒသႀကီးၿပီးရင္ ဒုတိယအမ်ားဆုံးလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပြည်နယ်ရွေးကောက်ပွဲအလားအလာ စိုးရိမ်မှုတိုး

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကိုဗက်ကပ်ရောဂါဘေး ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ကျင်းပဖို့ ၁ လကျော်သာ ကျန်တော့တဲ့ ရွေးကောက်ပွဲ အလားအလာအပေါ် စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့်အခြေအနေအပေါ် စိုးရိမ်နေကြပါတယ်။

လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲရုံတွေအားလုံးကို စောင့်ကြည့် အကဲခတ်နိုင်မယ့် အခြေအနေ မရှိဘူးလို့လည်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ကိုခိုင်ကောင်းစံကပြောပါတယ်။

"ကျနော်တို့ကတော့ မဲရုံးအားလုံးကို စောင့်ကြည့်ချင်ပေမယ့် ကျနော်တို့မှာ ဘဏ္ဍာငွေဆိုင်ရာတွေလည်း အခက် အခဲရှိတယ်။ အခုက မဲရုံ ၂,၀၀၀ ကျော်တယ်ဆိုပေမယ့် လာမယ့် ရွေးကောက်ပွဲမှည မဲရုံ ၂,၀၀၀ ကျော် တော့ မလုပ်နိုင်ဘူးပေါ့နော်။ ရခိုင်မြောက်ပိုင်းက မြို့နယ် တစ်ချို့ကတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကျနော်ထင်တာပေါ့နော်။ ကျနော်တို့ဘက်ကတော့ မဲရုံအကုန်လုံးကို စောင့်ကြည့်ဖို့မဖြစ်နိုင်ဘူး။ ကျနော်တို့ ကတော့ မဲရုံ ၅၀၀ လောက်ကိုပဲ စောင့်ကြည့်ဖို့ ပြင်ဆင်ထားကြတာပေါ့။"

ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံ ၂,၅၁၉ ရုံရှိခဲ့ပြီး အခုတကြိမ်မှာတော့ အနည်းငယ်ထပ်တိုးပြီး ၂,၆၀၀ နီးပါး ရှိမယ်လို့လည်း ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ လုံခြုံရေးပြဿနာနဲ့ ကပ်ရောဂါ ကြုံနေရပေမဲ့လည်း ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့အတွက် ကျန်းမာရေဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ ဆောင်ရွက် ထားတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောပါတယ်။

"မဲပေးနိုင်ဖို့ကတော့ အကုန်လုံးကတော့ စီစဉ်ပြီးသား ရှိတာပေါ့နော် မဲရုံတွေက အဂိုကတည်းက သတ်မှတ်ချက် ရှိတယ်။ သူ့နေရာတွေဘာတွေ အကုန်လုံးက လူဦးရေနဲ့ ကိုက်ညီအောင်လုပ်ပြီးတော့ သတ်မှတ်ချက်ရှိပြီးတော့ အဲတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဘယ်မြို့နယ်မှာတော့ လုပ်မယ် မလုပ်ဘူးဆိုတာကတော့ သူတို့ကြေငြာမှာပေါ့နော်။ အောက်တိုဘာ လအကုန်ပိုင်းလောက်မှာတော့ ကြေငြာမယ်လို့ ထင်တယ်ပေါ့နော်။"

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေလည်း အများအပြားရှိနေတာကြောင့် တချို့ကျေးရွာတွေမှာ မဲပေးနိုင်ဖို့အတွက် အခက်အခဲတွေနဲ့လည်း ကြုံနေရပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကတော့ အငြင်းပွားစရာ အခြေအနေတွေ ပေါ်ပေါက်နိုင်တဲ့ မဲဆန္ဒနယ်မြေတွေကို အဓိက အာရုံစိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။

"အငြင်းပွားနိုင်တဲ့ နေရာတွေဆိုတာကတော့ ဥပမာ အမ်းလိုနေရာမျိုးဆိုရင် အငြင်းပွားနိုင်တဲ့ နေရာလို့ ကျနော်ကတော့ သုံးသပ်မိတယ်။ အမ်းမှာက ကြံခိုင်ရေးကလည်း ရှိတယ်။ တပ်ပိုင်မြေလည်းဖြစ်တယ်။ နောက်တစ်ခါ ရခိုင်ပြည်ရဲ့တောင်ဘက်ပိုင်းကလည်း အဲလိုမျိုး ဧရိယာဖြစ်တယ်။ နောက်ပြီးတော့ မောင်တောလိုနေရာမျိုး မောင်တော၊ ဘူးသီးတောင်တွေမှာ မျိုးနွယ်စုတွေလည်း ရှိတယ်။ တခြား မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေလည်း ရှိတယ်။ နောက်ပြီးတော့ အငြင်းပွားမယ့် နေရာတွေက တော်တော်များနိုင်တာပေါ့။ ပါတီထဲကနေ အမတ်မဖြစ်လို့ တစ်သီး ပုဂ္ဂလလုပ်သွားတဲ့သူတွေလည်း ရှိတော့ ဒီနေရာမျိုးတွေက အငြင်းပွားနိုင်တာပေါ့။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်သူ ၉၅၅ ယောက် ရှိနေပြီး၊ ရန်ကုန်တိုင်း ဒေသကြီးပြီးရင် ဒုတိယအများဆုံးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG