သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဗစ္ကူးစက္မႈအေျခအေနနဲ႔ ႏုိ၀င္ဘာေရြးေကာက္ပြဲ အလားအလာ


၂၀၁၅ ႏို၀င္ဘာ ေရြးေကာက္ပြဲတုန္းက မဲေပးေနသူ တဦး

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၁ လေက်ာ္သာ လိုေတာ့တဲ့ အခ်ိန္မွာပဲ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ သိသိသာသာ တိုးလာေနတဲ့အတြက္ မဲေပးႏိုင္မယ့္ အေျခအေနေတြအေပၚ စိုးရိမ္တဲ့ သေဘာထားေတြလည္း တိုးလာေနတဲ့အေၾကာင္း မေမခ ေျပာျပေပးမွာပါ။

ကိုဗစ္ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ ေန႔စဥ္ရက္ဆက္ ဆိုသလို တိုးလာေနတာေၾကာင့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မယ့္ အလားအလာအေပၚ စိုးရိမ္မႈေတြ ထြက္ေပၚေနတာပါ။ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ ျပဳထားေပမဲ့ ကပ္ေရာဂါ ကာကြယ္ေရး ၫႊန္ၾကားခ်က္ေတြေၾကာင့္ ႏိုင္ငံေရးပါတီေတြလည္း အကန႔္အသတ္နဲ႔သာ လႈပ္ရွားေနရပါတယ္။ သတင္းစာဆရာ ဦးသီဟေသြးကေတာ့ ေ႐ြးေကာက္ပြဲေတြကို ကပ္ေရာဂါအႏၲရာယ္ အတိမ္အနက္အေပၚ မူတည္ၿပီး အကန႔္အသတ္ေတြနဲ႔ က်င္းပဖို႔ လိုမယ္လို႔ ျမင္ပါတယ္။

“ ဒီေရာဂါကအရမ္းအေျခအေနဆိုးတယ္ဆိုရင္ တႏိုင္ငံလုံးဆိုလဲ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေရႊ႕ဖို႔လိုသလို ၊ ေဒသအလိုက္ဆိုလဲ ေဒသအလိုက္ေရႊ႕ဖို႔လိုတယ္။ ေနာက္တခါ စစ္ျဖစ္ေနတဲ့ေနရာေတြမွာလည္း ထိုနည္းဘဲေပါ့။ ဒါေတြက ျဖစ္ႏိုင္တယ္ဆိုရင္ ေ႐ႊ႕ေျပာင္းၿပီး ဥပေဒမွာပါတဲ့အတိုင္းလုပ္ဖို႔လိုတာေပါ့။ ဒီေရြးေကာက္ပြဲ ပရိဝုဏ္ အတြင္းမွာ Social distancing က အထိုင္အေလ်ာက္မရွိတာကို က်ေနာ္တုိ႔ သတိထားမိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ secret votiong ျဖစ္တဲ့အခါက်ေတာ့ ဘယ္မွာသြားၿပီးေတာ့ ျပႆနာ ျဖစ္မလဲဆိုေတာ့ မဲလာေပးတဲ့သူ မနက္ပိုင္းမွာ မ်ားတတ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူတန္းစီရတဲ့ ေနရာမွာ control လုပ္ႏိုင္ဖို႔ လိုတယ္။ အဲဒါကို Social distancing ကို မလုပ္ႏိုင္ဘူးဆိုရင္ေတာ့ က်ေနာ္တို႔ ျပႆနာရွိလာႏိုင္ပါတယ္”

ေ႐ြးေကာက္ပြဲလုပ္ငန္းေတြကို ေစာင့္ၾကည့္အကဲခတ္ေနတဲ့ အရပ္ဖက္အဖြဲ႕အစည္းတခုျဖစ္တဲ့ ဖန္တီး အိမ္ က ေဒၚခင္ေလးငယ္ကေတာ့ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ က်င္းပသင့္ တယ္လို႔ ယူဆပါတယ္။
“ပံုမွန္အေျခအေနအတိုင္း ေရြးေကာက္ပြဲတခု ျဖစ္သြားေစခ်င္တယ္။ ဒါေပမယ့္ ပါတီေတြဘက္ကေတာ့ အခု Campaign ကာလလည္း ေကာင္းေကာင္းမလုပ္ရတဲ့အခ်ိန္မွာ သူတို႔ကေတာ့ အခက္အခဲေပါ့။ ဒါေပမယ့္ ဒီလိုအခက္အခဲထဲမွာ ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတာ စဥ္းစားၿပီးေတာ့ ေရွ႕ဆက္လုပ္မွာကို စဥ္းစားေစခ်င္တယ္။ ဒီထက္အေျခအေန စိုးလာတယ္ဆိုရင္ေတာ့ ဒါ ေရြးေကာက္ပြဲကေတာ့ ေရြ႕ဆိုင္းသင့္တဲ့ေနရာမွာ ေရြ႕ဆိုင္းရမွာေပါ့ ။ တခုအႀကံျပဳခ်င္တာကေတာ့ COVID ကာလေတြမွာ ေရြးေကာက္ပြဲ လုပ္သြားတဲ့ ႏိုင္ငံေတြမွာဆိုရင္ သူတို႔က ႀကိဳတင္မဲဆိုတာမ်ိဳးကို ပိုၿပီး စနစ္တက် ျဖစ္ေအာင္လုပ္လာတာေတြ ရွိတယ္။ ေနာက္ ေရြးေကာက္ပြဲေန႔မွာ မဲလာေပးဖို႔အတြက္ လူေတြကို ခြဲတန္းနဲ႔ေပါ့ေနာ္ ပိုၿပီးစနစ္တက် လူမထူထပ္ေအာင္ ျပင္ဆင္တာမ်ိဳးေတြ ရွိတယ္။ အဲလို အေသးစိတ္ဟာမ်ိဳးေတြကို အခုအခ်ိန္မွာ လုပ္ထားရင္ေတာ့ ပိုေကာင္းမယ္ထင္တယ္။”

အတိုက္အခံ ႏိုင္ငံေရး ပါတီတခ်ိဳ႕ကလည္း ကပ္ေရာဂါအႏၲရယ္ေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းဖို႔အထိ တိုက္တြန္းတာေတြလည္း ရွိပါတယ္။ က်န္းမာေရးဆိုင္ရာဂ်ာနယ္ HEALTH CARE အယ္ဒီတာခ်ဳပ္ ေဒါက္တာသူရိန္လႈိင္ဝင္း ကလည္း ေရာဂါကူးစက္မႈေတြ တိုးလာေနတဲ့ အေျခအေနမ်ိဳးမွာ ေ႐ြးေကာက္ပြဲကို ေ႐ႊ႕သင့္တယ္ဆိုတဲ့ အျမင္ကို လက္ခံထားပါတယ္။

“အခုက က်ေနာ္တို႔ Virus ကူးစက္မႈက တေန႔ ၃၀၀၀-၄၀၀၀ ေက်ာ္ေတြ႕တာမွာ တညကို ၃၀၀ေက်ာ္ေတြ႔တယ္ေပါ့ေနာ္။ စစ္တာနဲ႔ ၁၀%ေတြ႕ေနတဲ့ သေဘာျဖစ္ေနတယ္ ။ ေသတာလည္း တေျဖးေျဖးခ်င္း ျမင့္လာတယ္။ ဒါကဘာကိုေျပာလဲဆိုေတာ့ Virus ေရာဂါက အရွိန္အဟုန္ေကာင္းေနတဲ့အခ်ိန္၊ ကာကြယ္ေဆးက ႏွစ္ကုန္ေလာက္ရမယ္လို႔ ေမွ်ာ္မွန္းထားတာကို။ ကာကြယ္ေဆးရၿပီးမွသာဆိုရင္ အေျခအေနေတြ ျပန္တည္ၿငိမ္သြားရင္ က်ေနာ္တို႔ ဒါကို လုပ္လုိ႔ရတယ္။ အခုေလာေလာဆည္မွာ COVID-19 ကာကြယ္တိုက္ခိုက္ဖို႔အတြက္ သံုးေနရတဲ့ resources ေတြကို တကယ္လို႔ ေရြးေကာက္ပြဲ လုပ္ခဲ့မယ္ဆိုရင္ က်ေနာ္တို႔ အဲဒီဘက္ကို ေျပာင္းသံုးရေတာ့မယ္ ဒါက တခုတည္း။ ေနာက္တခုကေတာ့ မဲဆြယ္တဲ့ကိစၥေတြ လူေတြ မျဖစ္မေနမဲလာေပးရ ေတာ့မွာပဲေလ။ တကယ္လို႔ လံုး၀ လာမေပးၾကဘူးဆိုရင္လည္း ဒီေ႐ြးေကာက္ပြဲကအလုပ္မျဖစ္ျပန္ဘူး။ Virus က အဲဒီအခိ်န္အထိ ကူးစက္မႈက မ်ားေနမယ္ဆိုရင္ ဒါက ဒုကၡေရာက္ႏိုင္တယ္ေပါ့ေနာ္။”

လာမယ့္ေ႐ြးေကာက္ပြဲမွာ ေမးေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိေပမဲ့ ကပ္ေရာဂါအႏၲရာယ္ေၾကာင့္ မဲေပးၾကပါ့မလား ဆိုတာကိုလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးမင္းခင္ကေတာ့ ေ႐ြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ဖို႔ဆိုရင္ ေကာ္မရွင္ အပါအဝင္ တာဝန္ရွိသူေတြ အေနနဲ႔ အခုကတည္းက ျပင္ဆင္ထားဖို႔လိုတယ္လို႔ ျမင္ပါတယ္။

“က်ေနာ့အျမင္ကေတာ့ ေရြးေကာက္ပြဲကို ေ႐ြ႕လို႔ရတဲ့ အေျခအေနတခု ေျပာင္းမယ္လို႔ေတာ့ မျမင္ဘူး ရင္ဆိုင္သြားရမယ့္အေျခအေန ေရာက္ေနၿပီ။ စနစ္ၿပိဳမက်ဖို႔အေရးႀကီးတယ္။ သက္ဆိုင္ရာအစိုးရ၊ ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ သက္ဆိုင္ရာဌာနေတြရဲ႕ကိုင္တြယ္မႈမွာ မူတည္တယ္။ ပြင့္လင္းေျပာရရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ႏိုင္ကိုင္ႏိုင္စြမ္းကိုေတာ့က်ေနာ္ေတာ့သံသယရွိတယ္။ ရွိေပမယ့္လည္း ေ႐ြးစရာမရွိျပန္ဘူးျဖစ္ေနတယ္။”

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ကပ္ေရာဂါနဲ႔ လုံၿခဳံေရးစိန္ေခၚမႈေတြ ရွိေနတဲ့ ေဒသေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ အစီအစဥ္ေတြနဲ႔ ပတ္သက္လို႔ ေအာက္တိုဘာလထဲမွာ ထုတ္ျပန္သြားမယ္လို႔ ေျပာထားပါတယ္။ လာမယ့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ေက်ာ္က ကိုယ္စားလွယ္ေလာင္း ၆၀၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အမည္စာရင္း တင္သြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၁ လကျော်သာ လိုတော့တဲ့ အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေတဲ့အတွက် မဲပေးနိုင်မယ့် အခြေအနေတွေအပေါ် စိုးရိမ်တဲ့ သဘောထားတွေလည်း တိုးလာနေတဲ့အကြောင်း မမေခ ပြောပြပေးမှာပါ။

ကိုဗစ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို တိုးလာနေတာကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ပြုထားပေမဲ့ ကပ်ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်တွေကြောင့် နိုင်ငံရေးပါတီတွေလည်း အကန့်အသတ်နဲ့သာ လှုပ်ရှားနေရပါတယ်။ သတင်းစာဆရာ ဦးသီဟသွေးကတော့ ရွေးကောက်ပွဲတွေကို ကပ်ရောဂါအန္တရာယ် အတိမ်အနက်အပေါ် မူတည်ပြီး အကန့်အသတ်တွေနဲ့ ကျင်းပဖို့ လိုမယ်လို့ မြင်ပါတယ်။

“ ဒီရောဂါကအရမ်းအခြေအနေဆိုးတယ်ဆိုရင် တနိုင်ငံလုံးဆိုလဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွှေ့ဖို့လိုသလို ၊ ဒေသအလိုက်ဆိုလဲ ဒေသအလိုက်ရွှေ့ဖို့လိုတယ်။ နောက်တခါ စစ်ဖြစ်နေတဲ့နေရာတွေမှာလည်း ထိုနည်းဘဲပေါ့။ ဒါတွေက ဖြစ်နိုင်တယ်ဆိုရင် ရွှေ့ပြောင်းပြီး ဥပဒေမှာပါတဲ့အတိုင်းလုပ်ဖို့လိုတာပေါ့။ ဒီရွေးကောက်ပွဲ ပရိဝုဏ် အတွင်းမှာ Social distancing က အထိုင်အလျောက်မရှိတာကို ကျနော်တို့ သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ secret votiong ဖြစ်တဲ့အခါကျတော့ ဘယ်မှာသွားပြီးတော့ ပြဿနာ ဖြစ်မလဲဆိုတော့ မဲလာပေးတဲ့သူ မနက်ပိုင်းမှာ များတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတန်းစီရတဲ့ နေရာမှာ control လုပ်နိုင်ဖို့ လိုတယ်။ အဲဒါကို Social distancing ကို မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြဿနာရှိလာနိုင်ပါတယ်”

ရွေးကောက်ပွဲလုပ်ငန်းတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ ဖန်တီး အိမ် က ဒေါ်ခင်လေးငယ်ကတော့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ကျင်းပသင့် တယ်လို့ ယူဆပါတယ်။
“ပုံမှန်အခြေအနေအတိုင်း ရွေးကောက်ပွဲတခု ဖြစ်သွားစေချင်တယ်။ ဒါပေမယ့် ပါတီတွေဘက်ကတော့ အခု Campaign ကာလလည်း ကောင်းကောင်းမလုပ်ရတဲ့အချိန်မှာ သူတို့ကတော့ အခက်အခဲပေါ့။ ဒါပေမယ့် ဒီလိုအခက်အခဲထဲမှာ ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စဉ်းစားပြီးတော့ ရှေ့ဆက်လုပ်မှာကို စဉ်းစားစေချင်တယ်။ ဒီထက်အခြေအနေ စိုးလာတယ်ဆိုရင်တော့ ဒါ ရွေးကောက်ပွဲကတော့ ရွေ့ဆိုင်းသင့်တဲ့နေရာမှာ ရွေ့ဆိုင်းရမှာပေါ့ ။ တခုအကြံပြုချင်တာကတော့ COVID ကာလတွေမှာ ရွေးကောက်ပွဲ လုပ်သွားတဲ့ နိုင်ငံတွေမှာဆိုရင် သူတို့က ကြိုတင်မဲဆိုတာမျိုးကို ပိုပြီး စနစ်တကျ ဖြစ်အောင်လုပ်လာတာတွေ ရှိတယ်။ နောက် ရွေးကောက်ပွဲနေ့မှာ မဲလာပေးဖို့အတွက် လူတွေကို ခွဲတန်းနဲ့ပေါ့နော် ပိုပြီးစနစ်တကျ လူမထူထပ်အောင် ပြင်ဆင်တာမျိုးတွေ ရှိတယ်။ အဲလို အသေးစိတ်ဟာမျိုးတွေကို အခုအချိန်မှာ လုပ်ထားရင်တော့ ပိုကောင်းမယ်ထင်တယ်။”

အတိုက်အခံ နိုင်ငံရေး ပါတီတချို့ကလည်း ကပ်ရောဂါအန္တရယ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့အထိ တိုက်တွန်းတာတွေလည်း ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာဂျာနယ် HEALTH CARE အယ်ဒီတာချုပ် ဒေါက်တာသူရိန်လှိုင်ဝင်း ကလည်း ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ အခြေအနေမျိုးမှာ ရွေးကောက်ပွဲကို ရွှေ့သင့်တယ်ဆိုတဲ့ အမြင်ကို လက်ခံထားပါတယ်။

“အခုက ကျနော်တို့ Virus ကူးစက်မှုက တနေ့ ၃၀၀၀-၄၀၀၀ ကျော်တွေ့တာမှာ တညကို ၃၀၀ကျော်တွေ့တယ်ပေါ့နော်။ စစ်တာနဲ့ ၁၀%တွေ့နေတဲ့ သဘောဖြစ်နေတယ် ။ သေတာလည်း တဖြေးဖြေးချင်း မြင့်လာတယ်။ ဒါကဘာကိုပြောလဲဆိုတော့ Virus ရောဂါက အရှိန်အဟုန်ကောင်းနေတဲ့အချိန်၊ ကာကွယ်ဆေးက နှစ်ကုန်လောက်ရမယ်လို့ မျှော်မှန်းထားတာကို။ ကာကွယ်ဆေးရပြီးမှသာဆိုရင် အခြေအနေတွေ ပြန်တည်ငြိမ်သွားရင် ကျနော်တို့ ဒါကို လုပ်လို့ရတယ်။ အခုလောလောဆည်မှာ COVID-19 ကာကွယ်တိုက်ခိုက်ဖို့အတွက် သုံးနေရတဲ့ resources တွေကို တကယ်လို့ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့ အဲဒီဘက်ကို ပြောင်းသုံးရတော့မယ် ဒါက တခုတည်း။ နောက်တခုကတော့ မဲဆွယ်တဲ့ကိစ္စတွေ လူတွေ မဖြစ်မနေမဲလာပေးရ တော့မှာပဲလေ။ တကယ်လို့ လုံး၀ လာမပေးကြဘူးဆိုရင်လည်း ဒီရွေးကောက်ပွဲကအလုပ်မဖြစ်ပြန်ဘူး။ Virus က အဲဒီအချိန်အထိ ကူးစက်မှုက များနေမယ်ဆိုရင် ဒါက ဒုက္ခရောက်နိုင်တယ်ပေါ့နော်။”

လာမယ့်ရွေးကောက်ပွဲမှာ မေးပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိပေမဲ့ ကပ်ရောဂါအန္တရာယ်ကြောင့် မဲပေးကြပါ့မလား ဆိုတာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းခင်ကတော့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ဆိုရင် ကော်မရှင် အပါအဝင် တာဝန်ရှိသူတွေ အနေနဲ့ အခုကတည်းက ပြင်ဆင်ထားဖို့လိုတယ်လို့ မြင်ပါတယ်။

“ကျနော့အမြင်ကတော့ ရွေးကောက်ပွဲကို ရွေ့လို့ရတဲ့ အခြေအနေတခု ပြောင်းမယ်လို့တော့ မမြင်ဘူး ရင်ဆိုင်သွားရမယ့်အခြေအနေ ရောက်နေပြီ။ စနစ်ပြိုမကျဖို့အရေးကြီးတယ်။ သက်ဆိုင်ရာအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သက်ဆိုင်ရာဌာနတွေရဲ့ကိုင်တွယ်မှုမှာ မူတည်တယ်။ ပွင့်လင်းပြောရရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကိုတော့ကျနော်တော့သံသယရှိတယ်။ ရှိပေမယ့်လည်း ရွေးစရာမရှိပြန်ဘူးဖြစ်နေတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကပ်ရောဂါနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အောက်တိုဘာလထဲမှာ ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ကျော်က ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။

XS
SM
MD
LG