သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္မႈ ကာတာစင္တာ စတင္


ကာတာစင္တာရဲ႕ ထုတ္ျပန္ခ်က္။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ ႏုိ၀င္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ျမန္မာ့ အေထြေထြေရြးေကာက္ပဲြကို ေလ့လာေစာင့္ၾကည့္သြားမယ္လို႔ အေမရိကန္အေျခစိုက္ ကာတာစင္တာက ေျပာလိုက္ပါတယ္။ ဒီကေန႔ စက္တင္ဘာ ၁၈ ရက္ေန႔စဲြနဲ႔ ထုတ္ျပန္ခ်က္အရ ၂၀၂၀ ေရြးေကာက္ပဲြကို ေလ့လာေစာင့္ၾကည့္ဖို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ တရား၀င္အသိအမွတ္ျပဳလႊာကို ရရွိၿပီးတဲ့ေနာက္ ၂၀၂၀ အေထြေထြေရြးေကာက္ပဲြကို ေလ့လာဖို႔ ႏုိင္ငံတကာေရြးေကာက္ပဲြေလ့လာေရးမစ္ရွင္ကို စတင္လိုက္ၿပီလို႔ ကာတာစင္တာက ေျပာပါတယ္။

ဒီေရြးေကာက္ပဲြေလ့လာေရးမစ္ရွင္ကို Sean Dunne ဦးေဆာင္တဲ့ ႏုိင္ငံတကာ ကၽြမ္းက်င္ပညာရွင္ ၆ ဦး ပါ၀င္တဲ့ ပင္မအဖဲြ႔နဲ႔ ျပည္တြင္းက ေရြးေကာက္ပဲြေလ့လာေစာင့္ၾကည့္သူ ၂၄ ဦးပါ၀င္တယ္လို႔ ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ကမာၻတ၀န္းမွာျဖစ္ေနတဲ့ ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ႏုိင္ငံတကာက ပညာရွင္ ၆ ဦးက အေ၀းကေနပဲ ေရြးေကာက္ပဲြေလ့လာေရးမစ္ရွင္ေတြကို ႀကီးၾကပ္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ကာတာစင္တာရဲ႕ ေရြးေကာက္ပဲြေလ့လာေရးမစ္ရွင္အေနနဲ႔ လာမယ့္ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ စီမံခန္႔ခဲြမႈေတြ၊ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းစဥ္ေတြ၊ နုိင္ငံေရးပြင့္လင္းမႈ၊ အမ်ိဳးသမီးနဲ႔ တုိင္းရင္းသားပါ၀င္မႈ၊ ဆုိရွယ္မီဒီယာ၊ ေရြးေကာက္ပဲြအေပၚ ကိုဗစ္ ၁၉ ကပ္ေရာဂါသက္ေရာက္မႈ စတဲ့ အေရးႀကီးတဲ့အခ်က္ေတြကို ေလ့လာအကဲျဖတ္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ခရီးသြားလာဖို႔ နဲ႔လုံျခံဳေရး အေျခအေနေပးရင္ ေရြးေကာက္ပဲြ မဲေပးတာ၊ မဲေရတြက္တာနဲ႔ မဲရလဒ္ေတြကို အကဲျဖတ္ဖို႔ ေရတုိေရြးေကာက္ပဲြေလ့လာသူေတြကို ထပ္ၿပီး တာ၀န္ေပးမယ္လို႔ ေျပာပါတယ္။

ကာတာစင္တာဟာ ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေရြးေကာက္ပဲြတုန္းကလည္း ေရြးေကာက္ပဲြေလ့လာေစာင့္ၾကည့္မႈေတြကို လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု ကာတာစင်တာ စတင်

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ မြန်မာ့ အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမယ်လို့ အမေရိကန်အခြေစိုက် ကာတာစင်တာက ပြောလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်အသိအမှတ်ပြုလွှာကို ရရှိပြီးတဲ့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးမစ်ရှင်ကို စတင်လိုက်ပြီလို့ ကာတာစင်တာက ပြောပါတယ်။

ဒီရွေးကောက်ပွဲလေ့လာရေးမစ်ရှင်ကို Sean Dunne ဦးဆောင်တဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် ၆ ဦး ပါဝင်တဲ့ ပင်မအဖွဲ့နဲ့ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ၂၄ ဦးပါဝင်တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ကမ္ဘာတဝန်းမှာဖြစ်နေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာက ပညာရှင် ၆ ဦးက အဝေးကနေပဲ ရွေးကောက်ပွဲလေ့လာရေးမစ်ရှင်တွေကို ကြီးကြပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကာတာစင်တာရဲ့ ရွေးကောက်ပွဲလေ့လာရေးမစ်ရှင်အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စီမံခန့်ခွဲမှုတွေ၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးပွင့်လင်းမှု၊ အမျိုးသမီးနဲ့ တိုင်းရင်းသားပါဝင်မှု၊ ဆိုရှယ်မီဒီယာ၊ ရွေးကောက်ပွဲအပေါ် ကိုဗစ် ၁၉ ကပ်ရောဂါသက်ရောက်မှု စတဲ့ အရေးကြီးတဲ့အချက်တွေကို လေ့လာအကဲဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလာဖို့ နဲ့လုံခြုံရေး အခြေအနေပေးရင် ရွေးကောက်ပွဲ မဲပေးတာ၊ မဲရေတွက်တာနဲ့ မဲရလဒ်တွေကို အကဲဖြတ်ဖို့ ရေတိုရွေးကောက်ပွဲလေ့လာသူတွေကို ထပ်ပြီး တာဝန်ပေးမယ်လို့ ပြောပါတယ်။

ကာတာစင်တာဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မှုတွေကို လုပ်ခဲ့ပါတယ်။

XS
SM
MD
LG