သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ျမန္မာေတြ ႀကိဳတင္မဲေပးရမယ့္ရက္ သက္ဆုိင္ရာသံရုံးေတြ ေၾကညာ


ရန္ကုန္ မဲဆႏၵရွင္တဦး မဲျပားမွတ္ပံံုတင္စာရင္းသြင္းေနစဥ္။ (ႏိုဝင္ဘာ ၃၊ ၂၀၁၈)

(Zawgyi/Unicode)

၂၀၂၀ျပည့္နွစ္ အေထြေထြေရြးေကာက္ပြဲအတြက္ ျပည္ပေရာက္မဲဆႏၵရွင္ေတြ ၾကိဳတင္မဲ ဆႏၵမဲေပးရမယ့္ ရက္ေတြကို ျပည္ပႏုိင္ငံ အေျခစိုက္ျမန္မာသံ႐ံုးေတြက စတင္ေၾကညာေနၿပီျဖစ္လို႔ ျပည္ပမဲဆႏၵရွင္ေတြ မဲေပးနုိင္ေရး ၾကိဳတင္ျပင္ဆင္ေနၾကတဲ့အေၾကာင္း မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

လာမယ့္ႏိုဝင္ဘာလမွာ က်င္းပမယ့္ ပါတီစံုဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲ လႊတ္ေတာ္အသီးသီးအတြက္ျပည္ပေရာက္ မဲဆႏၵရွင္ေတြ ၾကိဳတင္ဆႏၵမဲေပးရမယ့္ရက္နဲ႔ အခ်ိန္ေတြကို ႏုိင္ငံတကာအေျခစိုက္သံ႐ံုးေတြဘက္က စက္တင္ဘာလ ၁၇ ရက္ေန႔က စတင္ေၾကညာေနၾကၿပီျဖစ္ပါတယ္။ သက္ဆိုင္ရာႏုိင္ငံအလိုက္ ၾကိဳတင္ မဲေပးရမယ့္ရက္ေတြကေတာ့ ေအာက္တိုဘာလ ၁၀ ရက္ကစၿပီး ေအာက္တိုဘာလလယ္ရက္ေတြမွာ အသီးသီး သတ္မွတ္ထားပါတယ္။

အာရွႏိုင္ငံေတြထဲမွာေတာ့ ေတာင္ကိုရီးယားနိုင္ငံမွာေတာ့ဆိုးလ္ၿမိဳ႕အေျခစိုက္ ျမန္မာသံ႐ံုးမွာ ၾကိဳတင္ဆႏၵမဲေပးမယ့္ မဲ႐ံုဖြင့္လွစ္မွာျဖစ္ၿပီး မဲေပးႏိုင္မယ့္ရက္ကို ေသာၾကာ၊ စေန၊ တနဂၤေႏြ တနလၤာတပတ္ ၄ ရက္ သတ္မွတ္ေၾကာင္း ေၾကညာပါတယ္။ ေအာက္တိုဘာလ ၂ ရက္ကစၿပီး ေအာက္တ္ိုဘာလ ၃ ရက္၊ ၄ ရက္၊ ၅ ရက္၊ ၉ ရက္၊ ၁၀၊ ၁၁ ရက္၊ ေအာက္တိုဘာလ ၁၂ ရက္ေန႔အထိ မနက္ ၉နာရီခြဲကေန ညေန ၅ နာရီခြဲအထိ ၾကိဳတင္မဲဆႏၵေပးႏုိင္မယ့္ရက္ စုစုေပါင္း ၈ ရက္ သတ္မွတ္ေၾကာင္း ေၾကညာထားပါတယ္။

ေတာင္ကိုရီးယားေရာက္ ျမန္မာလူမႈအသိုင္းအဝိုင္းကေတာ့ ေရြးေကာက္ပြဲျဖစ္ေျမာက္ေရး ဝိုင္းဝန္းကူညီေပးေနၾကၿပီး လိုအပ္တဲ့ သတင္းအခ်က္အလက္ကို ကိုရီးယားေရာက္ျမန္မာေတြၾကား လက္ဆင့္ကမ္းျဖန္႔ေဝေပးေနၾကတယ္လို႔ေတာင္ကိုရီးယားေရာက္ ျမန္မာတဦးျဖစ္တဲ့ ဦးညႊန္႔ဝင္း (စကားဝါ) က ေျပာျပပါတယ္။

“က်ေနာ္တို႔က မဲေပးမယ့္သူေတြ က်ေနာ္တို႔ဆီ လာေမးရင္ သံ႐ံုးကထုတ္ျပန္ေနတဲ့ အခ်ိန္နဲ႔တေျပးညီထုတ္ျပန္ခ်က္ေတြကို က်ေနာ္တို႔က ညႊန္ေပးလိုက္တာပါပဲ။ ၾကိဳတင္မဲေပးမယ့္သူေတြကေတာ့ စာရင္းေတြ ေပးၿပီးသြားၿပီ။ မေန႔ကမွစၿပီး သံ႐ံုးကစၿပီး သတင္းထုတ္ပါတယ္ ဒီေန႔ ဒီရက္ ဒီအခ်ိန္ေတြမွာ မဲေပးရမယ္ဆိုတဲ့ အခ်ိန္စာရင္းကို ၈ ရက္ ၈ ခါခြဲေပးလို႔ရတယ္ ၈ ရက္ ခြဲလိုက္တယ္။ ဒီမွာ အားလံုးက အလုပ္သမားေတြနဲ႔ ဝန္ထမ္းေတြပဲဆိုေတာ့စက္႐ံု၊ အလုပ္႐ံုေတြမွာ၊ ေက်ာင္းေတြမွာ အားတဲ့အခ်ိန္ေတြမွာ မဲေပးလို႔ရမွာဆိုေတာ့ ေသာၾကာ စေန တနဂၤေႏြ တနလၤာ ေတြမွာ သံ႐ံုးကစီစဥ္ထားတာ သိရတယ္။ က်ေနာ္တို႔ဘက္ကေတာ့ နီးစပ္ရာကို သံ႐ံုးက ထုတ္ျပန္တာကိုဖတ္ပါ။ သံ႐ံုးရဲ႕ဝဘ္ဆိုက္ဒ္ကိုဝင္ၾကည့္ပါ၊ က်ေနာ္တို႔ကေတာ့ တတ္နိုင္သေလာက္ ႏႈတ္အားျဖင့္ေသာ္လည္းေကာင္း သတင္းမီဒီယာေတြအေနနဲ႔လည္း ရွယ္ေပးတယ္။ ေၾကညာေပးေနပါတယ္ခင္ဗ်။ ဒီကလူေတြကလည္း သတင္းကို တအားစိတ္ဝင္စားၾကတယ္ခင္ဗ်။ တင္လိုက္တုိင္း တုန္႔ျပန္မႈေတြရွိတယ္ အားတက္သေရာရွိၾကပါတယ္ခင္ဗ်။”

ျမန္မာႏိုင္ငံသားအမ်ားစုရွိေနတဲ့ စင္ကာပူႏိုင္ငံမွာေတာ့ လာမယ့္ေအာက္တိုဘာလ ပထမပတ္ကေန တတိယပတ္အတြင္း ျမန္မာသံ႐ံုး စင္ကာပူမွာ ၾကိဳတင္မဲေပးပြဲ က်င္းပမွာျဖစ္လို႔ စင္ကာပူေရာက္ျမန္မာလူမႈအဖြဲ႔အစည္းေတြ တသီးပုဂၢလေစတနာ့ဝန္ထမ္းေတြ ဝိုင္းဝန္းကူညီ လုပ္အားေပးဖို႔ျပင္ဆင္ေနၾကပါတယ္။ စင္ကာပူေရာက္ျမန္မာတဦးျဖစ္တဲ့ ကိုေအာင္ဝင္းထြဋ္က ကိုဗစ္ကာလ စည္းကမ္းခ်က္ေတြနဲ႔အညီ မဲေပးနုိင္ခြင့္ရရွိေရး အားလံုးက ဝိုင္းဝန္းၾကိဳးစားေနၾကတာေတြ႔ရတယ္လို႔ ေျပာျပပါတယ္။

“စင္ကာပူေရာက္ျမန္မာေတြကေတာ့ ေတာ္ေတာ္ေလး တက္ၾကြၾကပါတယ္။ က်ေနာ္တို႔က ကၽြန္းနုိင္ငံေလးထဲမွာ ျမန္မာအမ်ားစု ရွိေနတဲ့ေနရာျဖစ္ေနတဲ့အခါက်ေတာ့ ဒီမွာရွိတဲ့သူေတြက တက္ၾကြၾကတယ္ဆိုေတာ့ မဲကိုလည္း ေသခ်ာေပးၾကမွာပါ။ ဒါေပမဲ့ ေနာက္ဆံုးလုပ္ခဲ့တဲ့ ေရြးေကာက္ပြဲတုန္းကေတာ့ လူတန္းအရွည္ၾကီးေတြ တန္းစီၾကရတယ္။ အိပ္ၿပီးေစာင့္ မဲေပးၾကတယ္။ ေဗာ္လံတီယာေတြ အမ်ားၾကီးလာၿပီး လုပ္အားေပးၾကတယ္ စားဖို႔ေသာက္ဖို႔က အစ အကုန္ဝုိင္းလုပ္ေပးခဲ့ၾကတယ္။ ဒါေပမဲ့ ဒီလိုအေျခအေနမ်ိဳးေတာ့ မရႏိုင္ဘူး။ စင္ကာပူက ကိုဗစ္ ၁၉ နဲ႔ပတ္သက္ရင္ စည္းကမ္းအရမ္းတင္းက်ပ္တယ္။ အဲ့ေတာ့ လူစုလူေဝးကို သူတို႔ လံုးဝ လက္မခံဘူး။ သံ႐ံုးအေနနဲ႔လည္း အဲ့တာကို အျဖစ္ခံမွာမဟုတ္ဘူး။ ေနာက္ လုပ္အားေပးတဲ့ ပရဟိတ လုပ္အားေပးအဖြဲ႔ေတြကလည္း အျဖစ္ခံမွာမဟုတ္ဘူး။ သူတို႔အေနနဲ႔ ေဒသႏၱရအေျခအေနေတြေပၚမူတည္ၿပီး လုပ္မယ့္ Plan ေတြရွိသားၿပီးသားျဖစ္မွာပါ။ က်ေနာ္တို႔လည္း ဒီနုိင္ငံရဲ႕စည္းကမ္းကို လိုက္နာၾကပါတယ္။”

ၾကိဳတင္ဆႏၵမဲေပးၾကမယ့္ ျပည္ပေရာက္မဲဆႏၵရွင္ေတြ မဲေပးၾကတဲ့အေျခအေန၊ မဲ႐ံုအေနအထားကိုေတာ့ ေရြးေကာက္ပြဲေစာင့္ၾကည့္သူေတြအေနနဲ႔ အနီးကပ္ေစာင့္ၾကည့္ေလ့လာဖို႔အခြင့္အလမ္းနည္းေပမဲ့ ဆက္သြယ္လို႔ရမယ့္နည္းလမ္းေတြနဲ႔ ေလ့လာၾကဖို႔ရွိၿပီး ဆႏၵမဲေပးခြင့္အဆင္ေျပေအာင္နဲ႔ မဲေပးပိုင္ခြင့္ရွိတဲ့ နုိင္ငံသားအားလံုး မဲေပးပိုင္ခြင့္ရရွိေအာင္ ေကာ္မရွင္အေနနဲ႔ ေဆာင္ရြက္ေပးသင့္တယ္လို႔ ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေနတဲ့New Myanmar Foundation က မျမနႏၵာသင္းကအၾကံျပဳပါတယ္။

" နိုင္ငံျပင္ပက်ေတာ့ ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းကဆိုရင္ ေရြးေကာက္ပြဲေတြမွာ မဲေပးရတာအဆင္ေျပရဲ႕လား ဘယ္လိုအေျခအေနမ်ိဳးေတြရွိလဲ။ နာမည္စာရင္းေတြပါလား စသျဖင့္ ျပည္ပေရာက္မဲဆႏၵရွင္ေတြ ဘယ္လိုမဲေပးလဲဆိုတာကို ဖုန္းနဲ႔အင္တာဗ်ဴးလုပ္ပါတယ္။ ဒီမဲသြားေပးမယ့္ ပံုစံ (၁၅) ျဖည့္ၿပီးသား မဲဆႏၵရွင္ေတြအေနနဲ႔ အခုကိုဗစ္ကာလျဖစ္ေနတဲ့အတြက္ ကိုဗစ္စည္းကမ္းခ်က္ေတြနဲ႔အညီMask တပ္တာSocial Distancing လုပ္တာမ်ိဳးေတြလုပ္သင့္တယ္။ အထူးသျဖင့္ ျမန္မာသံ႐ံုးေတြဘက္ကလည္းGuide Line ေတြSupporting ေတြ လုပ္ေပးရပါမယ္။ သြားလာတဲ့ေနရာမွာ အႏၱရာယ္မျဖစ္ေအာင္ လုပ္သင့္ပါတယ္။ ေနာက္တခုက သံ႐ံုးကိုသြားရတာေဝးလို႔ဆိုၿပီး မေပးျဖစ္ေတာ့တာလည္းရွိနိုင္တယ္ေပါ့ေနာ္။ နယ္စပ္ေဒသေတြမွာေနထိုင္တဲ့သူေတြအတြက္ကလည္း ေငြကုန္ေၾကးက် အခ်ိန္ကုန္ခံၿပီးေတာ့မဲသြားေပးဖို႔ကလည္း အခက္အခဲေတြရွိနိုင္တယ္။ ဒါေပမဲ့ ပံုစံ ၁၅ မဲေပးခြင့္တင္ၿပီးရင္ေတာ့ မျဖစ္မေနသြားေပးသင့္ပါတယ္။ ဒီၾကားထဲ က်န္ခဲ့မယ့္သူေတြလည္းရွိႏုိင္တယ္။ ေကာ္မရွင္ကလည္း သူ႔လုပ္ထံုးလုပ္နည္းေတြရွိနိုင္တယ္။ Observer ေတြအေနနဲ႔ကေတာ့ ဘာမွလုပ္နုိင္တာမရွိဘူး။ သူတို႔အတြက္ ဒုတိယအၾကိမ္အခြင့္အလမ္းရနိုင္ဖို႔ စဥ္းစားေပးရင္ေတာ့ ပိုေကာင္းနုိင္ပါတယ္ေနာ္။”

တ႐ုတ္ႏုိင္ငံမွာလည္း လာမယ့္ ေအာက္တိုဘာလ ၁၀ ရက္ေန႔နဲ႔ ေအာက္တိုဘာလ ၁၁ ရက္ေန႔စေန၊ တနဂၤေႏြ ၂ ရက္ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ၾကိဳတင္ဆႏၵမဲလာေပးႏုိင္ၾကမွာျဖစ္ၿပီး မဲ႐ံုကေတာ့ တရုတ္နုိင္ငံ ေပက်င္းၿမိဳ႕ အေျခစိုက္ျမန္မာသံ႐ံုးမွာ ဖြင့္လွစ္ထားမယ္လို႔ ေၾကညာထားပါတယ္။

အလားတူ ၾသစေၾတးလ်နိုင္ငံ နယူးဇီလန္နဲ႔ ပါပူဝါးနယူးဂီနီ ေဆာ္လမြန္ကၽြန္းစုႏုိင္ငံအပါအဝင္ အေရွ႕ဖ်ားေဒသႏုိင္ငံေတြက ျမန္မာနိုင္ငံသားေတြ ၾကိဳတင္မဲဆႏၵေပးနုိင္ေရးအတြက္ကိုလည္း ၾသစေၾတးလ်နိုင္ငံကင္မ္ဘာရာၿမိဳ႕အေျခစိုက္ျမန္မာသံ႐ံုးမွာ မဲ႐ံုဖြင့္လွစ္မွာျဖစ္ၿပီး ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ၾကိဳတင္မဲေပးၾကရမွာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕က ျမန္မာေကာင္စစ္ဝန္႐ံုးမွာ ေအာက္တိုဘာလ ၁၀ ရက္ေန႔ စေနေန႔ကေန ေအာက္တိုဘာလ ၁၂ ရက္ေန႔ တနလၤာေန႔အထိ မဲေပးၾကရမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူစာရင္းနဲ႔ မဲေပးရမယ့္အေသးစိတ္အစီအစဥ္ေတြကို ဆက္လက္ထုတ္ျပန္သြားမယ္လို႔ေၾကညာထားပါတယ္။

ၾကိဳတင္မဲဆႏၵေပးႏိုင္ေရး ပံုစံ (၁၅) နဲ႔ ေလွ်ာက္ထားၾကတဲ့မဲဆႏၵရွင္ေတြကိုစိစစ္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဘက္ကလည္း ၾကိဳတင္မဲဆႏၵေပးပိုင္ခြင့္ရွိသူေတြ စာရင္းကို ေအာက္တိုဘာလထဲမွာပဲ ဒုတိယအၾကိမ္ ထုတ္ျပန္သြားမွာျဖစ္ပါတယ္။ ဒီစာရင္းမွာပါမွသာ မဲေပးခြင့္ရမွာျဖစ္ၿပီး မဲေပးမယ့္ေန႔မွာေတာ့ သတ္မွတ္မဲ႐ံုေတြမွာ မဲေပးသူေတြအေနနဲ႔ မိမိတို႔ရဲ႕ ႏုိင္ငံကူးလက္မွတ္ မူရင္းနဲ႔ နိုင္ငံသားစိစစ္ေရးကဒ္ျပားမူရင္း ဒါမွမဟုတ္ မိတၱဴကို ယူသြားၾကရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်မဲ ဆန္ဒမဲပေးရမယ့် ရက်တွေကို ပြည်ပနိုင်ငံ အခြေစိုက်မြန်မာသံရုံးတွေက စတင်ကြေညာနေပြီဖြစ်လို့ ပြည်ပမဲဆန္ဒရှင်တွေ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေကြတဲ့အကြောင်း မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လွှတ်တော်အသီးသီးအတွက်ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးရမယ့်ရက်နဲ့ အချိန်တွေကို နိုင်ငံတကာအခြေစိုက်သံရုံးတွေဘက်က စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ကြေညာနေကြပြီဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် ကြိုတင် မဲပေးရမယ့်ရက်တွေကတော့ အောက်တိုဘာလ ၁၀ ရက်ကစပြီး အောက်တိုဘာလလယ်ရက်တွေမှာ အသီးသီး သတ်မှတ်ထားပါတယ်။

အာရှနိုင်ငံတွေထဲမှာတော့ တောင်ကိုရီးယားနိုင်ငံမှာတော့ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးမှာ ကြိုတင်ဆန္ဒမဲပေးမယ့် မဲရုံဖွင့်လှစ်မှာဖြစ်ပြီး မဲပေးနိုင်မယ့်ရက်ကို သောကြာ၊ စနေ၊ တနင်္ဂနွေ တနင်္လာတပတ် ၄ ရက် သတ်မှတ်ကြောင်း ကြေညာပါတယ်။ အောက်တိုဘာလ ၂ ရက်ကစပြီး အောက်တိုဘာလ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၉ ရက်၊ ၁၀၊ ၁၁ ရက်၊ အောက်တိုဘာလ ၁၂ ရက်နေ့အထိ မနက် ၉နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ ကြိုတင်မဲဆန္ဒပေးနိုင်မယ့်ရက် စုစုပေါင်း ၈ ရက် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

တောင်ကိုရီးယားရောက် မြန်မာလူမှုအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးနေကြပြီး လိုအပ်တဲ့ သတင်းအချက်အလက်ကို ကိုရီးယားရောက်မြန်မာတွေကြား လက်ဆင့်ကမ်းဖြန့်ဝေပေးနေကြတယ်လို့တောင်ကိုရီးယားရောက် မြန်မာတဦးဖြစ်တဲ့ ဦးညွှန့်ဝင်း (စကားဝါ) က ပြောပြပါတယ်။

“ကျနော်တို့က မဲပေးမယ့်သူတွေ ကျနော်တို့ဆီ လာမေးရင် သံရုံးကထုတ်ပြန်နေတဲ့ အချိန်နဲ့တပြေးညီထုတ်ပြန်ချက်တွေကို ကျနော်တို့က ညွှန်ပေးလိုက်တာပါပဲ။ ကြိုတင်မဲပေးမယ့်သူတွေကတော့ စာရင်းတွေ ပေးပြီးသွားပြီ။ မနေ့ကမှစပြီး သံရုံးကစပြီး သတင်းထုတ်ပါတယ် ဒီနေ့ ဒီရက် ဒီအချိန်တွေမှာ မဲပေးရမယ်ဆိုတဲ့ အချိန်စာရင်းကို ၈ ရက် ၈ ခါခွဲပေးလို့ရတယ် ၈ ရက် ခွဲလိုက်တယ်။ ဒီမှာ အားလုံးက အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေပဲဆိုတော့စက်ရုံ၊ အလုပ်ရုံတွေမှာ၊ ကျောင်းတွေမှာ အားတဲ့အချိန်တွေမှာ မဲပေးလို့ရမှာဆိုတော့ သောကြာ စနေ တနင်္ဂနွေ တနင်္လာ တွေမှာ သံရုံးကစီစဉ်ထားတာ သိရတယ်။ ကျနော်တို့ဘက်ကတော့ နီးစပ်ရာကို သံရုံးက ထုတ်ပြန်တာကိုဖတ်ပါ။ သံရုံးရဲ့ဝဘ်ဆိုက်ဒ်ကိုဝင်ကြည့်ပါ၊ ကျနော်တို့ကတော့ တတ်နိုင်သလောက် နှုတ်အားဖြင့်သော်လည်းကောင်း သတင်းမီဒီယာတွေအနေနဲ့လည်း ရှယ်ပေးတယ်။ ကြေညာပေးနေပါတယ်ခင်ဗျ။ ဒီကလူတွေကလည်း သတင်းကို တအားစိတ်ဝင်စားကြတယ်ခင်ဗျ။ တင်လိုက်တိုင်း တုန့်ပြန်မှုတွေရှိတယ် အားတက်သရောရှိကြပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံသားအများစုရှိနေတဲ့ စင်ကာပူနိုင်ငံမှာတော့ လာမယ့်အောက်တိုဘာလ ပထမပတ်ကနေ တတိယပတ်အတွင်း မြန်မာသံရုံး စင်ကာပူမှာ ကြိုတင်မဲပေးပွဲ ကျင်းပမှာဖြစ်လို့ စင်ကာပူရောက်မြန်မာလူမှုအဖွဲ့အစည်းတွေ တသီးပုဂ္ဂလစေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီ လုပ်အားပေးဖို့ပြင်ဆင်နေကြပါတယ်။ စင်ကာပူရောက်မြန်မာတဦးဖြစ်တဲ့ ကိုအောင်ဝင်းထွဋ်က ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့အညီ မဲပေးနိုင်ခွင့်ရရှိရေး အားလုံးက ဝိုင်းဝန်းကြိုးစားနေကြတာတွေ့ရတယ်လို့ ပြောပြပါတယ်။

“စင်ကာပူရောက်မြန်မာတွေကတော့ တော်တော်လေး တက်ကြွကြပါတယ်။ ကျနော်တို့က ကျွန်းနိုင်ငံလေးထဲမှာ မြန်မာအများစု ရှိနေတဲ့နေရာဖြစ်နေတဲ့အခါကျတော့ ဒီမှာရှိတဲ့သူတွေက တက်ကြွကြတယ်ဆိုတော့ မဲကိုလည်း သေချာပေးကြမှာပါ။ ဒါပေမဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ လူတန်းအရှည်ကြီးတွေ တန်းစီကြရတယ်။ အိပ်ပြီးစောင့် မဲပေးကြတယ်။ ဗော်လံတီယာတွေ အများကြီးလာပြီး လုပ်အားပေးကြတယ် စားဖို့သောက်ဖို့က အစ အကုန်ဝိုင်းလုပ်ပေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးတော့ မရနိုင်ဘူး။ စင်ကာပူက ကိုဗစ် ၁၉ နဲ့ပတ်သက်ရင် စည်းကမ်းအရမ်းတင်းကျပ်တယ်။ အဲ့တော့ လူစုလူဝေးကို သူတို့ လုံးဝ လက်မခံဘူး။ သံရုံးအနေနဲ့လည်း အဲ့တာကို အဖြစ်ခံမှာမဟုတ်ဘူး။ နောက် လုပ်အားပေးတဲ့ ပရဟိတ လုပ်အားပေးအဖွဲ့တွေကလည်း အဖြစ်ခံမှာမဟုတ်ဘူး။ သူတို့အနေနဲ့ ဒေသန္တရအခြေအနေတွေပေါ်မူတည်ပြီး လုပ်မယ့် Plan တွေရှိသားပြီးသားဖြစ်မှာပါ။ ကျနော်တို့လည်း ဒီနိုင်ငံရဲ့စည်းကမ်းကို လိုက်နာကြပါတယ်။”

ကြိုတင်ဆန္ဒမဲပေးကြမယ့် ပြည်ပရောက်မဲဆန္ဒရှင်တွေ မဲပေးကြတဲ့အခြေအနေ၊ မဲရုံအနေအထားကိုတော့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေအနေနဲ့ အနီးကပ်စောင့်ကြည့်လေ့လာဖို့အခွင့်အလမ်းနည်းပေမဲ့ ဆက်သွယ်လို့ရမယ့်နည်းလမ်းတွေနဲ့ လေ့လာကြဖို့ရှိပြီး ဆန္ဒမဲပေးခွင့်အဆင်ပြေအောင်နဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်ရရှိအောင် ကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့New Myanmar Foundation က မမြနန္ဒာသင်းကအကြံပြုပါတယ်။

" နိုင်ငံပြင်ပကျတော့ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကဆိုရင် ရွေးကောက်ပွဲတွေမှာ မဲပေးရတာအဆင်ပြေရဲ့လား ဘယ်လိုအခြေအနေမျိုးတွေရှိလဲ။ နာမည်စာရင်းတွေပါလား စသဖြင့် ပြည်ပရောက်မဲဆန္ဒရှင်တွေ ဘယ်လိုမဲပေးလဲဆိုတာကို ဖုန်းနဲ့အင်တာဗျူးလုပ်ပါတယ်။ ဒီမဲသွားပေးမယ့် ပုံစံ (၁၅) ဖြည့်ပြီးသား မဲဆန္ဒရှင်တွေအနေနဲ့ အခုကိုဗစ်ကာလဖြစ်နေတဲ့အတွက် ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီMask တပ်တာSocial Distancing လုပ်တာမျိုးတွေလုပ်သင့်တယ်။ အထူးသဖြင့် မြန်မာသံရုံးတွေဘက်ကလည်းGuide Line တွေSupporting တွေ လုပ်ပေးရပါမယ်။ သွားလာတဲ့နေရာမှာ အန္တရာယ်မဖြစ်အောင် လုပ်သင့်ပါတယ်။ နောက်တခုက သံရုံးကိုသွားရတာဝေးလို့ဆိုပြီး မပေးဖြစ်တော့တာလည်းရှိနိုင်တယ်ပေါ့နော်။ နယ်စပ်ဒေသတွေမှာနေထိုင်တဲ့သူတွေအတွက်ကလည်း ငွေကုန်ကြေးကျ အချိန်ကုန်ခံပြီးတော့မဲသွားပေးဖို့ကလည်း အခက်အခဲတွေရှိနိုင်တယ်။ ဒါပေမဲ့ ပုံစံ ၁၅ မဲပေးခွင့်တင်ပြီးရင်တော့ မဖြစ်မနေသွားပေးသင့်ပါတယ်။ ဒီကြားထဲ ကျန်ခဲ့မယ့်သူတွေလည်းရှိနိုင်တယ်။ ကော်မရှင်ကလည်း သူ့လုပ်ထုံးလုပ်နည်းတွေရှိနိုင်တယ်။ Observer တွေအနေနဲ့ကတော့ ဘာမှလုပ်နိုင်တာမရှိဘူး။ သူတို့အတွက် ဒုတိယအကြိမ်အခွင့်အလမ်းရနိုင်ဖို့ စဉ်းစားပေးရင်တော့ ပိုကောင်းနိုင်ပါတယ်နော်။”

တရုတ်နိုင်ငံမှာလည်း လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ အောက်တိုဘာလ ၁၁ ရက်နေ့စနေ၊ တနင်္ဂနွေ ၂ ရက် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကြိုတင်ဆန္ဒမဲလာပေးနိုင်ကြမှာဖြစ်ပြီး မဲရုံကတော့ တရုတ်နိုင်ငံ ပေကျင်းမြို့ အခြေစိုက်မြန်မာသံရုံးမှာ ဖွင့်လှစ်ထားမယ်လို့ ကြေညာထားပါတယ်။

အလားတူ သြစတြေးလျနိုင်ငံ နယူးဇီလန်နဲ့ ပါပူဝါးနယူးဂီနီ ဆော်လမွန်ကျွန်းစုနိုင်ငံအပါအဝင် အရှေ့ဖျားဒေသနိုင်ငံတွေက မြန်မာနိုင်ငံသားတွေ ကြိုတင်မဲဆန္ဒပေးနိုင်ရေးအတွက်ကိုလည်း သြစတြေးလျနိုင်ငံကင်မ်ဘာရာမြို့အခြေစိုက်မြန်မာသံရုံးမှာ မဲရုံဖွင့်လှစ်မှာဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြိုတင်မဲပေးကြရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ လော့စ်အိန်ဂျယ်လိစ်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာလ ၁၀ ရက်နေ့ စနေနေ့ကနေ အောက်တိုဘာလ ၁၂ ရက်နေ့ တနင်္လာနေ့အထိ မဲပေးကြရမှာဖြစ်ပြီး မဲပေးခွင့်ရှိသူစာရင်းနဲ့ မဲပေးရမယ့်အသေးစိတ်အစီအစဉ်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ကြေညာထားပါတယ်။

ကြိုတင်မဲဆန္ဒပေးနိုင်ရေး ပုံစံ (၁၅) နဲ့ လျှောက်ထားကြတဲ့မဲဆန္ဒရှင်တွေကိုစိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ကြိုတင်မဲဆန္ဒပေးပိုင်ခွင့်ရှိသူတွေ စာရင်းကို အောက်တိုဘာလထဲမှာပဲ ဒုတိယအကြိမ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီစာရင်းမှာပါမှသာ မဲပေးခွင့်ရမှာဖြစ်ပြီး မဲပေးမယ့်နေ့မှာတော့ သတ်မှတ်မဲရုံတွေမှာ မဲပေးသူတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ် မူရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း ဒါမှမဟုတ် မိတ္တူကို ယူသွားကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG