သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ စည္းရံုးေရးကာလ အၾကမ္းဖက္မႈေတြမလုပ္ၾကဖို႔ ၿပိဳင္ဘက္ပါတီႀကီးႏွစ္ခု တိုက္တြန္း


USDP ပါတီ နဲ႔ NLD ပါတီႀကီးႏွစ္ခု ေရြးေကာက္ပဲြ စည္းရံုးေရး ဆင္းေနစဥ္ (၂၀၂၀၊ စက္တင္ဘာလ ၁၉ ရက္ေန႔)

(Zawgyi/Unicode)

၂၀၂၀ ေရြးေကာက္ပဲြ မဲဆြယ္စည္းရံုးခြင့္ကာလ အဓိကၿပိဳင္ဘက္ ပါတီႀကီး ႏွစ္ခုကို ေထာက္ခံသူေတြၾကား ကိုယ္ထိလက္ေရာက္ ခိုက္ရန္ျဖစ္ပြားမႈ တခ်ဳိ႕ ရွိလာတဲ့အေျခအေနမွာ ဥပေဒေဘာင္အတြင္းကေန သိကၡာရွိရွိ စည္းရံုးလႈပ္ရွားၾကဖို႔ NLD နဲ႔ USDP ပါတီႀကီးႏွစ္ခုလံုးက တိုက္တြန္းလိုက္ပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ ကို၀င္းမင္းက အေၾကာင္းစံုကို ေျပာျပမွာပါ

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ေနျပည္ေတာ္ ပုွဗၺသီရိၿမိဳ႕မွာ လက္ရွိအစိုးရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေထာက္ခံသူေတြနဲ႔၊ အရင္အစိုးရပါတီျဖစ္တဲ့ အတိုက္အခံပါတီ ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ ဖြံံ႔ၿဖိဳးေရးပါတီ မဲဆြယ္သူေတြအၾကား ထိုးႀကိတ္ရိုက္ႏွက္မူေတြျဖစ္ခဲ့သလို၊ စက္တင္ဘာလ ၂၀ ရက္ေန႔က မိထၳီလာၿမိဳ႕က ေညာင္ကိုင္းေက်းရြာမွာ ထိပ္တိုက္ရင္ဆိုင္မူေတြျဖစ္ၿပီး၊ NLD ဒီခ်ဳပ္ပါတီ ေထာက္ခံသူ အိမ္ကို ဖ်က္တဲ့အဆင့္ထိပါ ေရာက္ခဲ့ပါတယ္။

ဒီအေျခအေနေတြအတြက္ ဒီပါတီႀကီး (၂) ခုရဲ့ ေျပာခြင့္ရေတြကို ဆက္သြယ္ေမးျမန္းရာမွာ ႀကံခိုင္ေရးပါတီ ေျပာခြင့္ရ ေဒါက္တာ နႏၵာလွျမင့္က အခုလိုစရွင္းျပပါတယ္။

“ကၽြန္ေတာ္လည္း သတင္းေဖာ္ျပသေလာက္ျမင္တယ္။ ကိုယ္ကိုယ္တိုင္ ကိုယ္စားလွယ္ေလာင္းအျဖစ္၊ ကေလာမွာေပါ့ ဝင္ေရာက္ယွဥ္ၿပိဳင္ေနေတာ့ေလ၊ ကၽြန္ေတာ့ေဒသမွာလည္း တစ္ရက္က ကၽြန္ေတာ့ ယာဥ္တန္းေနာက္ကို NLD က ကားတစ္စီးေပါ့၊ Sound Box (အသံခ်ဲ႕စက္) ေတြ တင္ၿပီး လိုက္သီခ်င္းဖြင့္တာေလးကို ကၽြန္ေတာ္ကိုယ္တိုင္ ႀကံဳတယ္။ ႀကံဳေတာ့ ကၽြန္ေတာ္ကေတာ့ ေရွာင္ၿပီး ထြက္လိုက္တာေပါ့။ ထိပ္တိုက္ေတြ႔ၿပီး ျပႆနာ မျဖစ္ေအာင္။ သူလည္း ျပန္ေပ်ာက္သြားတယ္။ အဲ့ဒီေတာ့ သက္ဆိုင္ရာေဒသအလိုက္ ကိုယ္စားလွယ္ေလာင္းေတြ၊ ေနာက္ ဒီေအာင္ႏိုင္ေရးတာဝန္ယူေနတဲ့ေခါင္းေဆာင္ေတြရဲ့၊ ကိုယ့္အဖြဲ႔ဝင္ေတြအေပၚမွာ ႀကိဳတင္မွာၾကား ထိန္းေၾကာင္းမူေတြလိုလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့၊ အခ်ိဳ႕ေဒသေတြမွာ အဖြဲ႔ေတြ ဆံုရင္၊ ေအးေအးခ်မ္းခ်မ္း ႏႈတ္ဆက္ၾက၊ စကားေျပာၾက၊ၿပီးရင္လမ္းခြဲသြားၾကတယ္။ ဘာျပႆနာမွမရွိဘူး။”

ဒီေနရာမွာ၊ NLD ဒီခ်ဳပ္ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကေတာ့၊ လက္ရွိေရြးေကာက္ပြဲရဲ့ ထူးျခားမူေၾကာင္၊့ အဓိက ခုလိုျဖစ္လာတာပါလို႔ ခုလို ရွင္းျပပါတယ္။

“ဒါကေတာ့ ကိုဗစ္အၾကပ္အတည္းၾကားထဲမွာ လုပ္ရတာက တစ္ခု။ ေနာက္တစ္ခုကေတာ့ အာဏာရ ကၽြန္ေတာ္တို႔ အမ်ိဳးသာဒီမိုကေရစီအဖြဲ႔ခ်ုပ္ကေရာ၊ အဓိက ၿပိဳင္ဘက္ပါတီကေရာ ၿပိဳင္ဆိုင္မူေတြ ျပင္းထန္ၾကတာ။ အထူးသျဖင့္ေတာ့ ပါတီ (၂) ခုလံုးက တာဝန္ရွိသူမ်ားဟာ၊ ႀကိဳးစားၿပီးေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ့ ညႊန္ၾကားခ်က္ေတြ၊ ေနာက္ ကိုဗစ္ေကာ္မတီရဲ့ ညႊန္ၾကားခ်က္ေတြနဲ႔အညီ ေဆာင္ရြက္ေလ့ရွိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ပါတီႀကီး (၂) ခုကိုေတာက္ခံတဲ့ ပုဂၢိဳလ္ေတြက်ေတာ့၊ သူတိုရဲ့ ကိုယ္ပိုင္အသိစိတ္နဲ႔ လႈပ္ရွားတာျဖစ္တဲ့အခါမွာ ကၽြန္ေတာ္တို႔ ဒီလိုပဲ ပြတ္တိုက္မူေတြ ျဖစ္တတ္ပါတယ္။”

အဲ့ဒီေတာ့ ဒီေအာက္ေျခက ေထာက္ခံသူေတြကို ဘယ္လိုမွာခ်င္ပါလဲလို႔ ေမးရာမွာ ေဒါက္တာ မ်ိဳးညြန္႔ကဆက္ၿပီး

“ဒါ သာမန္ေရြးေကာက္ပြဲမဟုတ္ဘူး၊ အနာဂတ္မွာအေရးႀကီးတဲ့ စနစ္အေျပာင္းအလဲျဖစ္တယ္လို႔ သေဘာေပါက္ၿပီးေတာ့ ႏိုင္ငံေရးအသိ ႀကီးႀကီးနဲ႔ ဥပေဒေဘာင္ထဲကလုပ္ျဖစ္ေအာင္ေနာ္ မလုပ္ရမယ့္အလုပ္ေတြကို ဘယ္လို အာရံုလႊဲတာေတြ စိတ္လံႈ႔ေဆာ္တာေတြပဲရွိရွိ၊ မလုပ္မိေအာင္ ျပည္သူမ်ားဟာ ႏိုင္ငံေရးသတိရွိၾကဖို႔ လိုပါတယ္။”

အဲ့ဒီေတာ့ အခုလိုခိုက္ရန္ျဖစ္တာေတြကို ဘယ္လိုေျဖရွင္းသင့္ပါလဲလို႔ ေမးရာမွာ ႀကံခိုင္ေပးပါတီ ေျပာခြင့္ရ ေဒါက္တာ နႏၵာလွျမင့္က

“ဒီျဖစ္စဥ္ဟာ ဘယ္သူ႔ဘက္အတြက္၊ ဘယ္လိုပဲျဖစ္ျဖစ္ ေကာင္းတဲ့ လကၡဏာမေဆာင္ဘူးေပါ။ ၿပီးေတာ့ ခုနကလိုေပါ့ ဖိအားေတြမ်ားေနတဲ့အခ်ိန္မွာ အစစအရာရာေပါက္ကြဲခ်င္ေနတဲ့ အခ်ိန္မွာ၊ ဒီ မလိုလားအပ္တဲ့အၾကမ္းဖက္မူေတြျဖစ္မွာ စိုးရိမ္တယ္ေလ။ ဆိုေတာ့ သက္ဆိုင္ရာေခါင္းေဆာင္ေတြက ကိုယ့္လူေတြကို သည္းခံဖို႔ ျပႆနာမရွာဖို႔၊ ႏိုင္ငံႀကီးသား ပီသစြာ၊ လူႀကီးလူေကာင္းဆန္ဆန္ စည္းရံုးေဆာင္ရြက္ၾကဖို႔ဆိုတာမ်ိဳးေတြကို ထိန္းေၾကာင္း၊ မွာၾကားၿပီးေတာ့မွ ေဆာင္ရြက္မယ့္ လုပ္ငန္းစဥ္ေတြကို ရွင္းလင္းထားလိုက္လို႔ရွိရင္ ေနာက္တစ္ခါ တကယ္လို႔ ထိပ္တိုက္ေတြ႔မယ္ဆိုလို႔ရွိရင္လည္း ကိုယ့္ဖက္က ႀကိဳၿပီး ေရွာင္ထြက္ႏိုင္မယ္ဆိုရင္၊ ဒီလို အလားတူျပႆနာမျဖစ္ေတာ့ဘူးေပါ့။ ခုနကလို ထိပ္တိုက္သြားရင္ဆိုင္ရင္ေတာ့ ဘယ္သူ႔ဘက္ကပဲ စစ၊ ဒီအခ်ိန္မွာေပါက္ကြဲသြားမွာပဲေလ။”

ဒီေနရာမွာ NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ဖက္ကေတာ့ ဒီေျဖရွင္းမူအတြက္၊ အုပ္ခ်ဳပ္ေရးဘက္ကပါ ဝင္ကူသင့္တယ္လို႔ ဆိုပါတယ္။

“ျပည္သူလူထုကိုေတာ့ ကၽြန္ေတာ္တို႔က ေမတၱာရပ္ခံတာ ရွင္းျပတာပဲ လုပ္လို႔ရပါတယ္။ ဥပေဒပိုင္းအရေတာ့ အုပ္ခ်ဳပ္ေရးအပိုင္းက ၾကပ္မတ္မယ္ဆိုရင္ေတာ့ နည္းနည္း ပိုၿပီးေတာ့ စည္းကမ္းက်လာဖို႔ ရွိပါတယ္။ ကၽြန္ေတာ္တို႔ ေနျပည္ေတာ္မွာျဖစ္ခဲ့တဲ့ ကၽြဲေက်ာင္းသားေလးေတြနဲ႔ ျပည္ခိုင္ၿဖိဳးပါတီရဲ့ မဲဆြယ္ယာဥ္တန္း ထိေတြ႔ပြတ္တိုက္မူျဖစ္စဥ္မွာဆိုရင္ သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက၊ နာရီပိုင္းအတြင္းပဲ ေရာက္ၿပီးေတာ့ ျပႆနာေတြ မႀကီးထြားလာေအာင္ ထိန္းသိမ္းႏိုင္ခဲ့တာမ်ိဳးေတြရွိပါတယ္။”

အဲ့ဒီေတာ့ မဲဆြယ္စည္းရံုးေရးေတြကို ျပႆနာမျဖစ္ေအာင္၊ ဘယ္လိုလုပ္ေနပါလဲလို႔ ေမးရာမွာ ေဒါက္တာ နႏၵာလွျမင့္ကေတာ့

“သြားတဲ့အခ်ိန္မွာေတာ့ ကား (၂) စီး (၃) စီး၊ လူ (၅၀) ထက္မေက်ာ္ေအာင္ ဒီလို ကၽြန္ေတာ္တို႔ ယာဥ္တန္းနဲ႔ စီမံၿပီးသြားတာေတြလည္းရွိတယ္။ ဒီ ကၽြန္ေတာ္တို႔ အဖြဲ႔မွာပါမယ့္ သူေတြကို ကၽြန္ေတာ္က ႀကိဳၿပီးေတာ့ေျပာတယ္။ (၁) အခ်က္က သည္းခံဖို႔၊ ေနာက္ မိမိကို တစ္စံုတစ္ခု ေျပာဆိုေဆာင္ရြက္ရန္စလာလို႔ရွိရင္ လံုးဝ မတံု႔ျပန္ဖို႔။ ကၽြန္ေတာ္တို႔ ဥပေဒေၾကာင္းကပဲ ရွင္းမယ္။ ကိုယ္ထိလက္ေရာက္မျဖစ္ေစနဲ႔။ ၿပီးေတာ့ ကိုယ့္ဘက္က ဘယ္ေတာ့မွ ရန္မစနဲ႔။ အကုန္လံုးကို ကၽြန္ေတာ္ ႀကိဳမွာတယ္။ ၿပီးခဲ့တဲ့အခါက်ေတာ့ အႏၱရာယ္ျဖစ္ေစမယ့္ ဒုတ္၊ ဒါး လက္နက္၊ ကားေပၚမွာ လံုးဝအတင္မခံဘူး။ ေနာက္သြားမဲ့ Team (အဖြဲ႔) မွာ ပါမယ့္သူေတြကို ေသာက္စားမူကို ကၽြန္ေတာ္တို႔ လံုးဝလက္မခံဘူး။ ေသခ်ာစစ္တယ္။”

ေဒါက္တာ နႏၵာလွျမင့္ကပဲ အခုလို ခိုက္ရန္မျဖစ္ေအာင္ ဗဟိုက ညႊန္ၾကားတာအျပင္၊ ကိုဗစ္ကာကြယ္ေရးေတြအတြက္ပါ ညႊန္ၾကားထားတာ အေသးစိတ္ရွိတယ္လို႔ ဆိုပါတယ္။ ဒီေနရာမွာ NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကလည္း သူတို႔ပါတီမွာလည္း အခုလို အလားတူ ညႊန္ၾကားထားတာရွိတယ္လို႔ ဆိုပါတယ္။

အဲ့ဒီေတာ့ အခုလို ခိုက္ရန္နဲ႔ျပႆနာေတြမျဖစ္ေအာင္ တစ္ဖက္က ၿပိဳင္ဘက္နဲ႔ ႀကိဳတင္ညိႈႏိႈင္းထားမူေတြရွိပါလားလို႔ ေမးရာမွာ၊ ေဒါက္တာနႏၵာလွျမင့္ကေတာ့၊ ဒါမ်ိဳးေတြလုပ္ထားတာရွိတယ္၊ ေဒသခံခ်င္း သိၿပီးသားလည္းျဖစ္တာမို႔၊ အဆင္ေျပတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

(Unicode)

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလ အဓိကပြိုင်ဘက် ပါတီကြီး နှစ်ခုကို ထောက်ခံသူတွေကြား ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားမှု တချို့ ရှိလာတဲ့အခြေအနေမှာ ဥပဒေဘောင်အတွင်းကနေ သိက္ခာရှိရှိ စည်းရုံးလှုပ်ရှားကြဖို့ NLD နဲ့ USDP ပါတီကြီးနှစ်ခုလုံးက တိုက်တွန်းလိုက်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက အကြောင်းစုံကို ပြောပြမှာပါ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော် ပုှဗ္ဗသီရိမြို့မှာ လက်ရှိအစိုးရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူတွေနဲ့၊ အရင်အစိုးရပါတီဖြစ်တဲ့ အတိုက်အခံပါတီ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီ မဲဆွယ်သူတွေအကြား ထိုးကြိတ်ရိုက်နှက်မူတွေဖြစ်ခဲ့သလို၊ စက်တင်ဘာလ ၂၀ ရက်နေ့က မိထ္ထီလာမြို့က ညောင်ကိုင်းကျေးရွာမှာ ထိပ်တိုက်ရင်ဆိုင်မူတွေဖြစ်ပြီး၊ NLD ဒီချုပ်ပါတီ ထောက်ခံသူ အိမ်ကို ဖျက်တဲ့အဆင့်ထိပါ ရောက်ခဲ့ပါတယ်။

ဒီအခြေအနေတွေအတွက် ဒီပါတီကြီး (၂) ခုရဲ့ ပြောခွင့်ရတွေကို ဆက်သွယ်မေးမြန်းရာမှာ ကြံခိုင်ရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က အခုလိုစရှင်းပြပါတယ်။

“ကျွန်တော်လည်း သတင်းဖော်ပြသလောက်မြင်တယ်။ ကိုယ်ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ်၊ ကလောမှာပေါ့ ဝင်ရောက်ယှဉ်ပြိုင်နေတော့လေ၊ ကျွန်တော့ဒေသမှာလည်း တစ်ရက်က ကျွန်တော့ ယာဉ်တန်းနောက်ကို NLD က ကားတစ်စီးပေါ့၊ Sound Box (အသံချဲ့စက်) တွေ တင်ပြီး လိုက်သီချင်းဖွင့်တာလေးကို ကျွန်တော်ကိုယ်တိုင် ကြုံတယ်။ ကြုံတော့ ကျွန်တော်ကတော့ ရှောင်ပြီး ထွက်လိုက်တာပေါ့။ ထိပ်တိုက်တွေ့ပြီး ပြဿနာ မဖြစ်အောင်။ သူလည်း ပြန်ပျောက်သွားတယ်။ အဲ့ဒီတော့ သက်ဆိုင်ရာဒေသအလိုက် ကိုယ်စားလှယ်လောင်းတွေ၊ နောက် ဒီအောင်နိုင်ရေးတာဝန်ယူနေတဲ့ခေါင်းဆောင်တွေရဲ့၊ ကိုယ့်အဖွဲ့ဝင်တွေအပေါ်မှာ ကြိုတင်မှာကြား ထိန်းကြောင်းမူတွေလိုလိမ့်မယ်။ ဘာလို့လဲဆိုတော့၊ အချို့ဒေသတွေမှာ အဖွဲ့တွေ ဆုံရင်၊ အေးအေးချမ်းချမ်း နှုတ်ဆက်ကြ၊ စကားပြောကြ၊ပြီးရင်လမ်းခွဲသွားကြတယ်။ ဘာပြဿနာမှမရှိဘူး။”

ဒီနေရာမှာ၊ NLD ဒီချုပ်ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့၊ လက်ရှိရွေးကောက်ပွဲရဲ့ ထူးခြားမူကြောင်၊့ အဓိက ခုလိုဖြစ်လာတာပါလို့ ခုလို ရှင်းပြပါတယ်။

“ဒါကတော့ ကိုဗစ်အကြပ်အတည်းကြားထဲမှာ လုပ်ရတာက တစ်ခု။ နောက်တစ်ခုကတော့ အာဏာရ ကျွန်တော်တို့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကရော၊ အဓိက ပြိုင်ဘက်ပါတီကရော ပြိုင်ဆိုင်မူတွေ ပြင်းထန်ကြတာ။ အထူးသဖြင့်တော့ ပါတီ (၂) ခုလုံးက တာဝန်ရှိသူများဟာ၊ ကြိုးစားပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ၊ နောက် ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပါတီကြီး (၂) ခုကိုတောက်ခံတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ သူတိုရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ လှုပ်ရှားတာဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ဒီလိုပဲ ပွတ်တိုက်မူတွေ ဖြစ်တတ်ပါတယ်။”

အဲ့ဒီတော့ ဒီအောက်ခြေက ထောက်ခံသူတွေကို ဘယ်လိုမှာချင်ပါလဲလို့ မေးရာမှာ ဒေါက်တာ မျိုးညွန့်ကဆက်ပြီး

“ဒါ သာမန်ရွေးကောက်ပွဲမဟုတ်ဘူး၊ အနာဂတ်မှာအရေးကြီးတဲ့ စနစ်အပြောင်းအလဲဖြစ်တယ်လို့ သဘောပေါက်ပြီးတော့ နိုင်ငံရေးအသိ ကြီးကြီးနဲ့ ဥပဒေဘောင်ထဲကလုပ်ဖြစ်အောင်နော် မလုပ်ရမယ့်အလုပ်တွေကို ဘယ်လို အာရုံလွှဲတာတွေ စိတ်လှုံ့ဆော်တာတွေပဲရှိရှိ၊ မလုပ်မိအောင် ပြည်သူများဟာ နိုင်ငံရေးသတိရှိကြဖို့ လိုပါတယ်။”

အဲ့ဒီတော့ အခုလိုခိုက်ရန်ဖြစ်တာတွေကို ဘယ်လိုဖြေရှင်းသင့်ပါလဲလို့ မေးရာမှာ ကြံခိုင်ပေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က

“ဒီဖြစ်စဉ်ဟာ ဘယ်သူ့ဘက်အတွက်၊ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့ လက္ခဏာမဆောင်ဘူးပေါ။ ပြီးတော့ ခုနကလိုပေါ့ ဖိအားတွေများနေတဲ့အချိန်မှာ အစစအရာရာပေါက်ကွဲချင်နေတဲ့ အချိန်မှာ၊ ဒီ မလိုလားအပ်တဲ့အကြမ်းဖက်မူတွေဖြစ်မှာ စိုးရိမ်တယ်လေ။ ဆိုတော့ သက်ဆိုင်ရာခေါင်းဆောင်တွေက ကိုယ့်လူတွေကို သည်းခံဖို့ ပြဿနာမရှာဖို့၊ နိုင်ငံကြီးသား ပီသစွာ၊ လူကြီးလူကောင်းဆန်ဆန် စည်းရုံးဆောင်ရွက်ကြဖို့ဆိုတာမျိုးတွေကို ထိန်းကြောင်း၊ မှာကြားပြီးတော့မှ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းထားလိုက်လို့ရှိရင် နောက်တစ်ခါ တကယ်လို့ ထိပ်တိုက်တွေ့မယ်ဆိုလို့ရှိရင်လည်း ကိုယ့်ဖက်က ကြိုပြီး ရှောင်ထွက်နိုင်မယ်ဆိုရင်၊ ဒီလို အလားတူပြဿနာမဖြစ်တော့ဘူးပေါ့။ ခုနကလို ထိပ်တိုက်သွားရင်ဆိုင်ရင်တော့ ဘယ်သူ့ဘက်ကပဲ စစ၊ ဒီအချိန်မှာပေါက်ကွဲသွားမှာပဲလေ။”

ဒီနေရာမှာ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ဖက်ကတော့ ဒီဖြေရှင်းမူအတွက်၊ အုပ်ချုပ်ရေးဘက်ကပါ ဝင်ကူသင့်တယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုကိုတော့ ကျွန်တော်တို့က မေတ္တာရပ်ခံတာ ရှင်းပြတာပဲ လုပ်လို့ရပါတယ်။ ဥပဒေပိုင်းအရတော့ အုပ်ချုပ်ရေးအပိုင်းက ကြပ်မတ်မယ်ဆိုရင်တော့ နည်းနည်း ပိုပြီးတော့ စည်းကမ်းကျလာဖို့ ရှိပါတယ်။ ကျွန်တော်တို့ နေပြည်တော်မှာဖြစ်ခဲ့တဲ့ ကျွဲကျောင်းသားလေးတွေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်ယာဉ်တန်း ထိတွေ့ပွတ်တိုက်မူဖြစ်စဉ်မှာဆိုရင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက၊ နာရီပိုင်းအတွင်းပဲ ရောက်ပြီးတော့ ပြဿနာတွေ မကြီးထွားလာအောင် ထိန်းသိမ်းနိုင်ခဲ့တာမျိုးတွေရှိပါတယ်။”

အဲ့ဒီတော့ မဲဆွယ်စည်းရုံးရေးတွေကို ပြဿနာမဖြစ်အောင်၊ ဘယ်လိုလုပ်နေပါလဲလို့ မေးရာမှာ ဒေါက်တာ နန္ဒာလှမြင့်ကတော့

“သွားတဲ့အချိန်မှာတော့ ကား (၂) စီး (၃) စီး၊ လူ (၅၀) ထက်မကျော်အောင် ဒီလို ကျွန်တော်တို့ ယာဉ်တန်းနဲ့ စီမံပြီးသွားတာတွေလည်းရှိတယ်။ ဒီ ကျွန်တော်တို့ အဖွဲ့မှာပါမယ့် သူတွေကို ကျွန်တော်က ကြိုပြီးတော့ပြောတယ်။ (၁) အချက်က သည်းခံဖို့၊ နောက် မိမိကို တစ်စုံတစ်ခု ပြောဆိုဆောင်ရွက်ရန်စလာလို့ရှိရင် လုံးဝ မတုံ့ပြန်ဖို့။ ကျွန်တော်တို့ ဥပဒေကြောင်းကပဲ ရှင်းမယ်။ ကိုယ်ထိလက်ရောက်မဖြစ်စေနဲ့။ ပြီးတော့ ကိုယ့်ဘက်က ဘယ်တော့မှ ရန်မစနဲ့။ အကုန်လုံးကို ကျွန်တော် ကြိုမှာတယ်။ ပြီးခဲ့တဲ့အခါကျတော့ အန္တရာယ်ဖြစ်စေမယ့် ဒုတ်၊ ဒါး လက်နက်၊ ကားပေါ်မှာ လုံးဝအတင်မခံဘူး။ နောက်သွားမဲ့ Team (အဖွဲ့) မှာ ပါမယ့်သူတွေကို သောက်စားမူကို ကျွန်တော်တို့ လုံးဝလက်မခံဘူး။ သေချာစစ်တယ်။”

ဒေါက်တာ နန္ဒာလှမြင့်ကပဲ အခုလို ခိုက်ရန်မဖြစ်အောင် ဗဟိုက ညွှန်ကြားတာအပြင်၊ ကိုဗစ်ကာကွယ်ရေးတွေအတွက်ပါ ညွှန်ကြားထားတာ အသေးစိတ်ရှိတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း သူတို့ပါတီမှာလည်း အခုလို အလားတူ ညွှန်ကြားထားတာရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီတော့ အခုလို ခိုက်ရန်နဲ့ပြဿနာတွေမဖြစ်အောင် တစ်ဖက်က ပြိုင်ဘက်နဲ့ ကြိုတင်ညှိုနှိုင်းထားမူတွေရှိပါလားလို့ မေးရာမှာ၊ ဒေါက်တာနန္ဒာလှမြင့်ကတော့၊ ဒါမျိုးတွေလုပ်ထားတာရှိတယ်၊ ဒေသခံချင်း သိပြီးသားလည်းဖြစ်တာမို့၊ အဆင်ပြေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG