(Zawgyi/Unicode)
ရစ္ပတ္ဘလင္ကန္နဲ႔ ဒီမိုကရက္ ပါတီ ႏွစ္ရပ္လုံးက အမတ္ေတြ ပါဝင္တဲ့ အေမရိကန္ အထက္နဲ႔ ေအာက္လႊတ္ေတာ္ နိုင္ငံျခား ဆက္ဆံေရး ေကာ္မတီဝင္ေတြ ပူးေပါင္းၿပီး ျမန္မာနိုင္ငံမွာ လြတ္လပ္ၿပီး တရားမၽွတတဲ့ ေရြးေကာက္ပြဲ ျဖစ္ေျမာက္ေရး ေထာက္ခံ အားေပးတဲ့ အဆိုမူၾကမ္းတစ္ရပ္ကို အေမရိကန္ လႊတ္ေတာ္ ႏွစ္ရပ္လုံးမွာ မၾကာခင္ တင္သြင္းသြားဖို႔ ရွိပါတယ္။
ဒီ အဆိုမူၾကမ္းက ျမန္မာနိုင္ငံအတြင္းက လူမႈအဖြဲ႕အစည္းတစ္ခ်ိဳ႕ ေရြးေကာက္ပြဲမွာ ပါဝင္ခြင့္မရေစတဲ့ ကန္႔သတ္ ပိတ္ပင္ခ်က္ေတြ ကို ျပစ္တင္ ရႈတ္ခ် ထားသလို ျမန္မာနိုင္ငံအတြင္း ဒီမိုကေရစီ အကူးအေျပာင္း ျဖစ္စဥ္ကို ဆက္လက္ ေထာက္ခံ အားေပးဖို႔ သမၼတ ေဒၚနယ္ထရမ့္နဲ႔ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ကို တိုက္တြန္းသြားမွာလည္း ျဖစ္ပါတယ္။
ေခတ္သစ္ သမိုင္းမွာ ျမန္မာနိုင္ငံဟာ လူအခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အဆိုးဆုံး ၾကဳံေတြ႕ခဲ့ရေၾကာင္း၊ အခုအခါမွာလည္း ရိုဟင္ဂ်ာနဲ႔ တျခား လူနည္းစုေတြ အေပၚ ဒီမိုကေရစီ ျဖစ္စဥ္ထဲကေန ဖယ္က်ဥ္ထားဖို႔ ပူးေပါင္း ႀကိဳးစားလာေနေၾကာင္း၊ဒါေၾကာင့္ အေမရိကန္က ပါတီႀကီး ႏွစ္ရပ္လုံး လက္ခံ သေဘာတူတဲ့ ဒီ အဆိုမူၾကမ္းကို တင္သြင္းရတာ ျဖစ္ေၾကာင္း၊ အဆိုမူၾကမ္းက အခု ေရြးကာက္ပြဲဟာ ျမန္မာနိုင္ငံ ဒီမိုကေရစီ အသြင္ ကူးေျပာင္းေရး လမ္းစဥ္မွာ အေရးပါတာကို အသိအမွတ္ျပဳသလို ျမန္မာျပည္သူျပည္သား အားလုံးမဲေပးနိုင္ဖို႔ ခြင့္ျပဳရမွာ ျဖစ္ေၾကာင္း အထက္လႊတ္ေတာ္ နိုင္ငံျခား ဆက္ဆံေရး ေကာ္မတီဝင္ ေမရီလန္းျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Ben Cardin က ေျပာပါတယ္။
ဒီ အဆိုမူၾကမ္းကို Ben Cardin အပါအဝင္ အထက္လႊတ္ေတာ္နိုင္ငံျခား ဆက္ဆံေရး ေကာ္မတီဝင္ Indiana ျပည္နယ္ အထက္ လႊတ္ေတာ္အမတ္ Todd Young၊ ေအာက္ လႊတ္ေတာ္ နိုင္ငံျခား ဆက္ဆံေရး ေကာ္မတီဝင္ေတြ ျဖစ္တဲ့ Michigan ျပည္နယ္ ေအာက္လႊတ္ေတာ္ အမတ္ Andy Levin၊ အိုဟိုင္ယိုး ျပည္နယ္ ေအာက္ လႊတ္ေတာ္ အမတ္ Steve Chabot နဲ႔အတူ ေအာက္ လႊတ္ေတာ္ နိုင္ငံျခား ဆက္ဆံေရး ေကာ္မတီ ဥကၠဌ နယူးေယာက္ျပည္နယ္က ေအာက္လႊတ္ေတာ္ အမတ္ Eliot Engel တို႔ဦးေဆာင္ တင္သြင္းမွာ ျဖစ္ပါတယ္။
..............
မြန်မာ့ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတရေး ဥပဒေမူကြမ်း ကန် လွှတ်တော်မှာတင်သွင်းမည်
(Unicode)
ရစ်ပတ်ဘလင်ကန်နဲ့ ဒီမိုကရက် ပါတီ နှစ်ရပ်လုံးက အမတ်တွေ ပါဝင်တဲ့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ထောက်ခံ အားပေးတဲ့ အဆိုမူကြမ်းတစ်ရပ်ကို အမေရိကန် လွှတ်တော် နှစ်ရပ်လုံးမှာ မကြာခင် တင်သွင်းသွားဖို့ ရှိပါတယ်။
ဒီ အဆိုမူကြမ်းက မြန်မာနိုင်ငံအတွင်းက လူမှုအဖွဲ့အစည်းတစ်ချို့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရစေတဲ့ ကန့်သတ် ပိတ်ပင်ချက်တွေ ကို ပြစ်တင် ရှုတ်ချ ထားသလို မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စဉ်ကို ဆက်လက် ထောက်ခံ အားပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းသွားမှာလည်း ဖြစ်ပါတယ်။
ခေတ်သစ် သမိုင်းမှာ မြန်မာနိုင်ငံဟာ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့ရကြောင်း၊ အခုအခါမှာလည်း ရိုဟင်ဂျာနဲ့ တခြား လူနည်းစုတွေ အပေါ် ဒီမိုကရေစီ ဖြစ်စဉ်ထဲကနေ ဖယ်ကျဉ်ထားဖို့ ပူးပေါင်း ကြိုးစားလာနေကြောင်း၊ဒါကြောင့် အမေရိကန်က ပါတီကြီး နှစ်ရပ်လုံး လက်ခံ သဘောတူတဲ့ ဒီ အဆိုမူကြမ်းကို တင်သွင်းရတာ ဖြစ်ကြောင်း၊ အဆိုမူကြမ်းက အခု ရွေးကာက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းစဉ်မှာ အရေးပါတာကို အသိအမှတ်ပြုသလို မြန်မာပြည်သူပြည်သား အားလုံးမဲပေးနိုင်ဖို့ ခွင့်ပြုရမှာ ဖြစ်ကြောင်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင် မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Ben Cardin က ပြောပါတယ်။
ဒီ အဆိုမူကြမ်းကို Ben Cardin အပါအဝင် အထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင် Indiana ပြည်နယ် အထက် လွှတ်တော်အမတ် Todd Young၊ အောက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင်တွေ ဖြစ်တဲ့ Michigan ပြည်နယ် အောက်လွှတ်တော် အမတ် Andy Levin၊ အိုဟိုင်ယိုး ပြည်နယ် အောက် လွှတ်တော် အမတ် Steve Chabot နဲ့အတူ အောက် လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ နယူးယောက်ပြည်နယ်က အောက်လွှတ်တော် အမတ် Eliot Engel တို့ဦးဆောင် တင်သွင်းမှာ ဖြစ်ပါတယ်။