သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာကုိဗစ္ စမ္းသပ္မႈစုစုေပါင္းရဲ႕ ၁၀% ေက်ာ္ ကူးစက္ေနတာေတြ႔ရ


ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္ၿမိဳ႕နယ္မွာ COVID ေရာဂါ ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးသစ္ေတြ႔ႏႈန္းက စုစုေပါင္းစစ္တဲ့ႏႈန္းနဲ႔ၾကည့္ရင္ ၁၀% ေက်ာ္အျဖစ္စအရွိန္အဟုန္ျမင့္လာေနၿပီး၊ ေသဆံုးမူထဲမွာလည္း ေသဆံုးၿပီးမွ ပိုးရွိတာေတြ႔သူ စမ်ားလာေနတဲ့အေပၚ စိုးရိမ္မူေတြျမင့္တက္ေနပါတယ္။

အာဆီယံႏိုင္ငံေတြၾကား ပိုးေတြ႔သူနဲ႔ ေသဆံုးသူ စုစုေပါင္းမွာ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားနဲ႔ မေလးရွားအၿပီး၊ စတုတၳဆက္ျဖစ္ေနေပမဲ့၊ ပိုးသစ္ေတြ႔ႏႈန္းမွာေတာ့ တတိယအျဖစ္ မေလးရွားကိုစေက်ာ္လာ ၿပီးစစ္ႏိုင္ႏႈန္းနဲ႔ျပန္သက္သာသူမွာလည္း အျဖစ္နည္းလြန္းတဲ့ ဘရူႏိုင္း၊ ကေမာၻဒီးယားနဲ႔ လာအို အၿပီး စတုတၳ အနည္းဆံုးအဆင့္မွာရွိေနပါတယ္။

အဓိကပိုးေတြ႔သူတဟုန္ထိုးတက္ေနတဲ့ ရန္ကုန္မွာ အလုပ္အကိုင္သြားလာမူကို တနလာၤေန႔က တိုးျမွင့္ကန္႔သတ္လိုက္တာအၿပီးမွာ၊ က်န္းမာေရးဝန္ႀကီးကလည္း၊ ေနာက္ (၂) ပတ္အတြင္း ဒါကိုေလ်ာ့ခ်ႏိုင္ဖို႔၊ ျပည္သူအမ်ား အိမ္မွာသာေနၿပီး၊ မျဖစ္မေနထြက္ရလွ်င္ ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္ကာ၊ ေစ်းနဲ႔စက္ရံုေတြကတဆင့္ ကူးစက္မူ အဓိကေလ်ာ့ခ်ဖို႔ လံုးပမ္းေနတယ္လို႔ မေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔လည္း တနလၤာက မိန္႔ခြန္းေျပာရာမွာ လက္ေတြ႔ခုခ်ိန္မွာ ပိုးေတြ႔ႏႈန္းဆက္ျမင့္ေနႏုိင္တာကို သတိေပးထားၿပီး၊ ျပည္သူေတြ ဝိုင္းကာကြယ္ေပးဖို႔ အေလးအနက္တိုက္တြန္းခဲ့တာအျပင္၊ ေနာက္ထပ္အဖြဲ႔သစ္အျဖစ္ က်န္္းမာေရးဝန္ႀကီးေဟာင္း ေဒါက္တာေက်ာ္ျမင့္ဦးေဆာင္ၿပီး၊ ဝါရင့္ပါေမာကၡအမ်ားစုပါတဲ့ နည္းပညာ ကူညီအားျဖည့္ေရးအဖြဲ႔ကို ဖြဲ႔စည္းေပးလိုက္ပါတယ္။

ခုလိုအခ်ိန္မွာ ရန္ကုန္ၿမိဳ႕တြင္း အလုပ္နဲ႔သြားလာမူေတြ အမ်ားႀကီးေလ်ာ့က်သြားေပမဲ့၊ ေနာက္ဆံုး မေန႔ညပိုးေတြ႔လူနာကေတာ့၊ စုစုေပါင္း ၂၄၉၉ ဦးစစ္တဲ့အထဲ၊ ၂၇၃ ဦးပိုးေတြ႔ကာ၊ စုစုေပါင္းပိုးေတြ႔သူ ၆၇၄၃ ဦးအထိရွိလာၿပီး၊ ေသဆံုးသူလည္း ၂ ဦးထပ္ေတြ႔ၿပီး စုစုေပါင္း ေသဆံုးသူ ၁၁၅ ဦးအျဖစ္ ရာဂဏန္းကို စေရာက္လာပါၿပီ။

မေန႔မနက္မွာလည္း ပိုးေတြ႔သူသစ္ ၃၂၀ ရွိခဲ့တာေၾကာင့္ တေန႔တြင္းထုတ္ျပန္ခ်က္ ၆၀၀ ဝန္းက်င္မွာ ဆက္တက္ေနေပမဲ့၊ ေနာက္ဆံုးေဆးရံုဆင္းႏိုင္သူက ဒီက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန မေန႔ည ထုတ္ျပန္ခ်က္မွာ ၅၀၆ ဦးထိလိုက္ျမင့္လာတာေၾကင့္ စုစုေပါင္း ျပန္သက္သာလာသူကလည္း ၁၉၅၂ ဦးအျဖစ္ ၂၀၀၀ နီးပါး ရွိလာေနပါတယ္။

ပိုးေတြ႔လူနာေတြမ်ားလာတာေၾကာင့္ ခုလို ေဆးရံုမွာ အရင္ထက္ရက္ေလ်ာ့ၿပီး ႏိုင္ငံတကာစံႏႈန္းအရ ေပးဆင္းေပမဲ့၊ တခ်ိဳ.လူေတြအၾကားမွာ ပိုးကူးခံရမွာ စိုးရိမ္မူေတြ ရွိလာတာအတြက္၊ အစိုးရိမ္မလြန္ၾကဖို႔လည္း၊ က်န္းမာေရးပညာရွင္ေတြကလည္း အထူးတိုက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

မြန်မာမှာကိုဗစ် စမ်းသပ်မှုစုစုပေါင်းရဲ့ ၁၀% ကျော် ကူးစက်နေတာတွေ့ရ
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးသစ်တွေ့နှုန်းက စုစုပေါင်းစစ်တဲ့နှုန်းနဲ့ကြည့်ရင် ၁၀% ကျော်အဖြစ်စအရှိန်အဟုန်မြင့်လာနေပြီး၊ သေဆုံးမူထဲမှာလည်း သေဆုံးပြီးမှ ပိုးရှိတာတွေ့သူ စများလာနေတဲ့အပေါ် စိုးရိမ်မူတွေမြင့်တက်နေပါတယ်။

အာဆီယံနိုင်ငံတွေကြား ပိုးတွေ့သူနဲ့ သေဆုံးသူ စုစုပေါင်းမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားအပြီး၊ စတုတ္ထဆက်ဖြစ်နေပေမဲ့၊ ပိုးသစ်တွေ့နှုန်းမှာတော့ တတိယအဖြစ် မလေးရှားကိုစကျော်လာ ပြီးစစ်နိုင်နှုန်းနဲ့ပြန်သက်သာသူမှာလည်း အဖြစ်နည်းလွန်းတဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို အပြီး စတုတ္ထ အနည်းဆုံးအဆင့်မှာရှိနေပါတယ်။

အဓိကပိုးတွေ့သူတဟုန်ထိုးတက်နေတဲ့ ရန်ကုန်မှာ အလုပ်အကိုင်သွားလာမူကို တနလာၤနေ့က တိုးမြှင့်ကန့်သတ်လိုက်တာအပြီးမှာ၊ ကျန်းမာရေးဝန်ကြီးကလည်း၊ နောက် (၂) ပတ်အတွင်း ဒါကိုလျော့ချနိုင်ဖို့၊ ပြည်သူအများ အိမ်မှာသာနေပြီး၊ မဖြစ်မနေထွက်ရလျှင် ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ကာ၊ ဈေးနဲ့စက်ရုံတွေကတဆင့် ကူးစက်မူ အဓိကလျော့ချဖို့ လုံးပမ်းနေတယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တနင်္လာက မိန့်ခွန်းပြောရာမှာ လက်တွေ့ခုချိန်မှာ ပိုးတွေ့နှုန်းဆက်မြင့်နေနိုင်တာကို သတိပေးထားပြီး၊ ပြည်သူတွေ ဝိုင်းကာကွယ်ပေးဖို့ အလေးအနက်တိုက်တွန်းခဲ့တာအပြင်၊ နောက်ထပ်အဖွဲ့သစ်အဖြစ် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့်ဦးဆောင်ပြီး၊ ဝါရင့်ပါမောက္ခအများစုပါတဲ့ နည်းပညာ ကူညီအားဖြည့်ရေးအဖွဲ့ကို ဖွဲ့စည်းပေးလိုက်ပါတယ်။

ခုလိုအချိန်မှာ ရန်ကုန်မြို့တွင်း အလုပ်နဲ့သွားလာမူတွေ အများကြီးလျော့ကျသွားပေမဲ့၊ နောက်ဆုံး မနေ့ညပိုးတွေ့လူနာကတော့၊ စုစုပေါင်း ၂၄၉၉ ဦးစစ်တဲ့အထဲ၊ ၂၇၃ ဦးပိုးတွေ့ကာ၊ စုစုပေါင်းပိုးတွေ့သူ ၆၇၄၃ ဦးအထိရှိလာပြီး၊ သေဆုံးသူလည်း ၂ ဦးထပ်တွေ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁၅ ဦးအဖြစ် ရာဂဏန်းကို စရောက်လာပါပြီ။

မနေ့မနက်မှာလည်း ပိုးတွေ့သူသစ် ၃၂၀ ရှိခဲ့တာကြောင့် တနေ့တွင်းထုတ်ပြန်ချက် ၆၀၀ ဝန်းကျင်မှာ ဆက်တက်နေပေမဲ့၊ နောက်ဆုံးဆေးရုံဆင်းနိုင်သူက ဒီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန မနေ့ည ထုတ်ပြန်ချက်မှာ ၅၀၆ ဦးထိလိုက်မြင့်လာတာကြေင့် စုစုပေါင်း ပြန်သက်သာလာသူကလည်း ၁၉၅၂ ဦးအဖြစ် ၂၀၀၀ နီးပါး ရှိလာနေပါတယ်။

ပိုးတွေ့လူနာတွေများလာတာကြောင့် ခုလို ဆေးရုံမှာ အရင်ထက်ရက်လျော့ပြီး နိုင်ငံတကာစံနှုန်းအရ ပေးဆင်းပေမဲ့၊ တချို.လူတွေအကြားမှာ ပိုးကူးခံရမှာ စိုးရိမ်မူတွေ ရှိလာတာအတွက်၊ အစိုးရိမ်မလွန်ကြဖို့လည်း၊ ကျန်းမာရေးပညာရှင်တွေကလည်း အထူးတိုက်တွန်းနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG