သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ COVID-19 ကူးစက္သူေပါင္း ၆၄၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၁၀၀ ထိ တိုးလာ


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ဇူလိုင္လ ၁၆ ရက္တုန္းက ရန္ကုန္ ကြာရန္တင္းစင္တာရွိ က်န္းမာေရး ၀န္ထမ္းမ်ား

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၃၂၀ ေယာက္ ထပ္ၿပီး ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက စက္တင္ဘာလ ၂၂ ရက္ အဂၤါေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာ လိုက္ပါတယ္။ ဒါ့အျပင္ ေသဆံုးရသူကလည္း ေနာက္ထပ္ ၂ ဦး ရွိေၾကာင္း ေဖၚျပထားတဲ့ အတြက္ အခုခ်ိန္အထိ COVID-19 ဓါတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးရသူ စုစုေပါင္း ၁၀၀ ဦး ရွိသြားပါၿပီ။

တနလၤာေန႔မွာ ပထမအသုတ္ စစ္ေဆးရာမွာ အတည္ျပဳလူနာသစ္ ၃၄၆ ဦးကို ေတြ႔ရေၾကာင္း တနလၤာေန႔ည ၈ နာရီမွာ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ ခဲ့တာေၾကာင့္ အခုဆို တနလၤာ တေန႔ထဲမွာပဲ အကူးစက္ခံရသူ စုစုေပါင္း ၆၆၆ ဦး ျဖစ္သြားတာပါ။ တနလၤာေန႔မွာ စမ္းသပ္တဲ့ စုစုေပါင္း ဓာတ္ခြဲနမူနာက (၅,၄၃၆) ခု ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေရာဂါပိုး အကူးစက္ခံရသူ စုစုေပါင္းက အဂၤါေန႔ မနက္အထိဆို ၆,၄၇၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ေနာက္ထပ္ေသဆံုးသူ ၂ ဦးဟာ အသက္ ၇၃ ႏွစ္ အရြယ္ အမ်ိဳးသားတဦးနဲ႔ အသက္ ၄၉ ႏွစ္ အရြယ္ အမ်ိဳးသမီးတဦး ျဖစ္ၿပီး ရန္ကုန္ COVID -19 ကုသေရးဌာနနဲ႔ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးမွာ တက္ေရာက္ ေနသူေတြ ျဖစ္ပါတယ္။

ေဆးရံုက ဆင္းခြင့္ရသူကလည္း စက္တင္ဘာလ ၂၂ ရက္ေန႔ မနက္ပိုင္း အထိဆို ၁,၄၄၅ ေယာက္ ရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဒီရက္ပိုင္းအတြင္း ရန္ကုန္တိုင္းမွာ ဒီေရာဂါ ကူးစက္မႈ ျမန္လာတဲ့ အတြက္ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက တနဂၤေႏြေန႔မွာပဲ Stay at Home အမိန္႔ကို ကိုကိုကၽြန္းၿမိဳ႕နယ္မွအပ ရန္ကုန္တိုင္းက က်န္ၿမိဳ႕နယ္ အားလံုးအတြက္ ထုတ္ျပန္ခဲ့ၿပီး ဒီအမိန္႔ဟာ စက္တင္ဘာ ၂၁ ရက္ တနလၤာေန႔မွာ စတင္သက္ေရာက္မႈ ရွိတာ ျဖစ္ပါတယ္။

...............

မြန်မာမှာ COVID-19 ကူးစက်သူပေါင်း ၆၄၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀ ထိ တိုးလာ

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၃၂၀ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၂၂ ရက် အင်္ဂါနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါ့အပြင် သေဆုံးရသူကလည်း နောက်ထပ် ၂ ဦး ရှိကြောင်း ဖေါ်ပြထားတဲ့ အတွက် အခုချိန်အထိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးရသူ စုစုပေါင်း ၁၀၀ ဦး ရှိသွားပါပြီ။

တနင်္လာနေ့မှာ ပထမအသုတ် စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၃၄၆ ဦးကို တွေ့ရကြောင်း တနင်္လာနေ့ည ၈ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့တာကြောင့် အခုဆို တနင်္လာ တနေ့ထဲမှာပဲ အကူးစက်ခံရသူ စုစုပေါင်း ၆၆၆ ဦး ဖြစ်သွားတာပါ။ တနင်္လာနေ့မှာ စမ်းသပ်တဲ့ စုစုပေါင်း ဓာတ်ခွဲနမူနာက (၅,၄၃၆) ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်းက အင်္ဂါနေ့ မနက်အထိဆို ၆,၄၇၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

နောက်ထပ်သေဆုံးသူ ၂ ဦးဟာ အသက် ၇၃ နှစ် အရွယ် အမျိုးသားတဦးနဲ့ အသက် ၄၉ နှစ် အရွယ် အမျိုးသမီးတဦး ဖြစ်ပြီး ရန်ကုန် COVID -19 ကုသရေးဌာနနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် နေသူတွေ ဖြစ်ပါတယ်။

ဆေးရုံက ဆင်းခွင့်ရသူကလည်း စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်း အထိဆို ၁,၄၄၅ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာ ဒီရောဂါ ကူးစက်မှု မြန်လာတဲ့ အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပဲ Stay at Home အမိန့်ကို ကိုကိုကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းက ကျန်မြို့နယ် အားလုံးအတွက် ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ဟာ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့မှာ စတင်သက်ရောက်မှု ရှိတာ ဖြစ်ပါတယ်။

XS
SM
MD
LG