(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၂၆၄ ေယာက္ ထပ္ၿပီး ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ဘာလ ၂၁ ရက္ တနလၤာေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
တနဂၤေႏြေန႔မွာ ပထမအသုတ္ စစ္ေဆးရာမွာ အတည္ျပဳလူနာသစ္ ၂၇၈ ဦးကို ေတြ႔ရေၾကာင္း တနဂၤေႏြေန႔ည ၈ နာရီမွာ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တာေၾကာင့္ အခုဆို တနဂၤေႏြ တေန႔တည္းမွာပဲ အကူးစက္ခံရသူ စုစုေပါင္း ၅၄၂ ဦး ျဖစ္သြားတာပါ။
အခုအခ်ိန္အထိဆို ျမန္မာႏုိင္ငံမွာ ေရာဂါပိုး အကူးစက္ခံရသူ စုစုေပါင္းက ၅,၈၀၅ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ စုစုေပါင္း ဓာတ္ခြဲနမူနာ ၄,၈၉၂ ခုအား စစ္ေဆးခဲ့တာမွာ ေနာက္ထပ္ အကူးစက္ခံရသူ စုစုေပါင္း ၅၄၂ ဦး ေတြ႔ရွိခဲ့ရတာ ျဖစ္ပါတယ္။
တနလၤာေန႔ မနက္ ၈ နာရီ ထုတ္ျပန္ခ်က္ထဲမွာ ေသဆံုးသူူ ေနာက္ထပ္ ၂ ဦး ရွိလာတဲ့အတြက္ အခုခ်ိန္အထိ COVID-19 ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးရသူ စုစုေပါင္း ၉၄ ဦး ရွိသြားပါၿပီ။ ေနာက္ထပ္ေသဆံုးသူ ၂ ဦးဟာ အသက္ ၆၂ ႏွစ္အရြယ္ အမ်ိဳးသားတဦးနဲ႔ အသက္ ၈၄ ႏွစ္အရြယ္ အမ်ိဳးသမီးတဦး ျဖစ္ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးနဲ႔ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ေနသူေတြ ျဖစ္ပါတယ္။
ေဆး႐ုံက ဆင္းခြင့္ရသူကလည္း စက္တင္ဘာလ ၂၁ ရက္ေန႔ မနက္ပိုင္းအထိဆို ၁,၂၆၀ ေယာက္ ရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီရက္ပိုင္းအတြင္း ရန္ကုန္တိုင္းမွာ ကိုဗစ္အတည္ျပဳလူနာ ဆက္တုိက္ ေတြ႔လာရသလို ခရီးသြားရာဇဝင္မရွိဘဲ ေရာဂါပိုးရွိသူနဲ႔လည္း ထိေတြ႔ခဲ့ျခင္း မရွိသူေတြမွာပါ ဒီေရာဂါကူးစက္မႈ ျမန္လာတဲ့အတြက္ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက တနဂၤေႏြေန႔မွာပဲ Stay at Home အမိန္႔ကို ကိုကိုကၽြန္းၿမိဳ႕နယ္မွအပ ရန္ကုန္တိုင္းက က်န္ၿမိဳ႕နယ္အားလံုးအတြက္ ထုတ္ျပန္ခဲ့ၿပီး ဒီအမိန္႔ဟာ စက္တင္ဘာ ၂၁ ရက္ တနလၤာေန႔ကစၿပီး သက္ေရာက္မွာ ျဖစ္ပါတယ္။
-------------------
(Unicode)
မြန်မာမှာ တနင်္ဂနွေ တရက်တည်း ကိုဗစ် အကူးစက်ခံရသူ ၅၄၂ ဦးရှိ
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၆၄ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ ပထမအသုတ် စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၂၇၈ ဦးကို တွေ့ရကြောင်း တနင်္ဂနွေနေ့ည ၈ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာကြောင့် အခုဆို တနင်္ဂနွေ တနေ့တည်းမှာပဲ အကူးစက်ခံရသူ စုစုပေါင်း ၅၄၂ ဦး ဖြစ်သွားတာပါ။
အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်းက ၅,၈၀၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ စုစုပေါင်း ဓာတ်ခွဲနမူနာ ၄,၈၉၂ ခုအား စစ်ဆေးခဲ့တာမှာ နောက်ထပ် အကူးစက်ခံရသူ စုစုပေါင်း ၅၄၂ ဦး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
တနင်္လာနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူူ နောက်ထပ် ၂ ဦး ရှိလာတဲ့အတွက် အခုချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးရသူ စုစုပေါင်း ၉၄ ဦး ရှိသွားပါပြီ။ နောက်ထပ်သေဆုံးသူ ၂ ဦးဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေသူတွေ ဖြစ်ပါတယ်။
ဆေးရုံက ဆင်းခွင့်ရသူကလည်း စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းအထိဆို ၁,၂၆၀ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် တွေ့လာရသလို ခရီးသွားရာဇဝင်မရှိဘဲ ရောဂါပိုးရှိသူနဲ့လည်း ထိတွေ့ခဲ့ခြင်း မရှိသူတွေမှာပါ ဒီရောဂါကူးစက်မှု မြန်လာတဲ့အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပဲ Stay at Home အမိန့်ကို ကိုကိုကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းက ကျန်မြို့နယ်အားလုံးအတွက် ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ဟာ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ကစပြီး သက်ရောက်မှာ ဖြစ်ပါတယ်။