(Zawgyi / Unicode)
ရန္ကုန္တိုင္းအတြင္း COVID-19 ကူးစက္မႈအရွိန္ ေထာင္တက္လာတဲ့အတြက္ အေျခအေနေတြ ပိုၿပီး ဆိုးမသြားေအာင္ ထိန္းႏိုင္ဖို႔ အလုပ္အကိုင္နဲ႔ အသြားအလာ လႈပ္ရွားမႈေတြကို ေနာက္တဆင့္ တင္းက်ပ္တဲ့အေနနဲ႔ အိမ္မွာပဲေနၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အမိန္႔ထုတ္ျပန္လိုက္ပါတယ္။
ဘာေၾကာင့္လုပ္ရပါသလဲ။ အက်ဳိးဆက္ေတြ ဘယ္လိုျဖစ္လာႏုိင္ပါသလဲ။ ရန္ကုန္တိုင္းေဒသႀကီး COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ေပါင္းစပ္ညိႇႏိႈင္းေရးေကာ္မတီ ဒုဥကၠ႒ ေဆးတကၠသို္လ္ (၁) ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းရာမွာ သူက အေၾကာင္းရင္းကို အခုလို စရွင္းျပပါတယ္။
ေဒါက္တာေဇာ္ေဝစိုး - အျပင္ကို ပ်ံ႕မသြားေအာင္ အတြင္းမွာ ထိန္းထားေရးကို သြားဖို႔ လိုေနေသးတာေပါ့။ ဒါေၾကာင့္လည္း ဒါကိုလုပ္တဲ့သေဘာပါပဲ။ Stay at Home လုပ္ဖို႔ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တုိ႔ရဲ႕ အေနအထားက ဒါကို လံုးဝႀကီး ဖြင့္ခ်လိုက္ရင္ က်ေနာ္တုိ႔ ကူးစက္မႈေတြကို မတားဘဲနဲ႔ ေနာက္ဆက္တြဲ အက်ိဳးေတြကို က်ေနာ္တုိ႔ႏုိင္ငံအေနနဲ႔ ေက်ာ္လႊားဖို႔ နည္းနည္းခက္တယ္ေပါ့ေနာ္။ အထူးသျဖင့္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့ လူႀကီးေတြကို ကူးစက္သြားမယ္၊ ေနာက္ ေရာဂါအခံရွိတဲ့လူေတြဆီ ကူးစက္သြားမယ္ဆိုရင္ အဲ့ဒါေတြကို က်ေနာ္တုိ႔ ေဆး႐ုံေတြအေနနဲ႔ ကုသႏိုင္ဖို႔ဆိုတာ အေတာ္ေလး ခက္ခဲတဲ့အခါက်ေတာ့ ဒီလိုမ်ိဳး ထိန္းထားမွ ျဖစ္မွာေပါ့ေလ။”
ကိုဝင္းမင္း - ဟုတ္ကဲ့ဆရာ၊ ဒီကူးစက္မႈက ဘာေၾကာင့္မို႔ ခုလိုတက္လာတယ္လို႔ ယူဆလဲ။
ေဒါက္တာေဇာ္ေဝစိုး - “က်ေနာ္တုိ႔လည္း ျပန္ေလ့လာၿပီး သံုးသပ္ေနပါတယ္။ ဒီေရာဂါရဲ႕ ျပန္႔ပြားႏႈန္းကလည္း ျမန္တာေပါ့ေနာ္၊ အဲ့ဒါလည္းပါသလုိ ဒါေၾကာင့္ Contact Tracing ကို ကေ်နာ္တုိ႔ အားထပ္ျဖည့္လိုက္တာေပါ့။ တၿပိဳင္နက္တည္းမွာ ကေ်နာ္တုိ႔ ဒီ Facility Quarantine ထဲကို Community-based Quarantine ရပ္ရြာအေျချပဳ သြားလာကန္႔စခန္းေတြ လုပ္ၿပီးေတာ့ ထည့္တာေပါ့။ အဲဒါေတြလည္း အရင္ျပင္ဆင္ထားတာက အရင္ ပိုးေတြ႔သူေပါင္း ၅၀၀ စာေလာက္ ျပင္ဆင္ထားတာ။ အခု ၅,၀၀၀ ေလာက္ ျဖစ္လာတဲ့အခ်ိန္မွာ တဖက္က ျပည္သူ႔က်န္းမာေရးအဖြဲ႔ဘက္ကလည္း ေတာ္ေတာ္ေလးကို ႐ုန္းကန္ရပါတယ္။ ေနာက္ ဒီဘက္က ကုသေရးဘက္ကလည္း ေတာ္ေတာ္ေလး ႐ုန္းကန္ရေတာ့ ခုလိုမ်ိဳး Stay at Home လုပ္လိုက္ေတာ့ အမ်ားႀကီး အေထာက္အကူျဖစ္မွာပါ။”
ကိုဝင္းမင္း - အခုဟာ ပိုးေတြ႔တဲ့လူႏႈန္း မ်ားလာတဲ့အေနအထား။
ေဒါက္တာေဇာ္ေဝစိုး - “ဟုတ္တယ္၊ ပိုးေတြ႔တဲႏႈန္း မ်ားလာတာေပါ့။ ဒါ ရပ္ရြာထဲမွာ ပ်ံ႕ေနတာကို ေတြ႔ရတာေပါ့။ အဲ့ဒီဟာကို ထိန္းခ်ဳပ္တာ လုပ္ဖို႔ဆိုရင္ ရပ္ရြာထဲမွာ သြားလာလႈပ္ရွားမႈေတြ၊ လႈပ္ရွားမႈေတြ၊ သြားလာမႈေတြ၊ ဒီလို ကူးလူးဆက္ဆံမႈေတြကို ေလွ်ာ့လိုက္ရင္ ေလ်ာ့သြားဖို႔အတြက္ ဒါလုပ္တာေပါ့ေလ။ ဒီအေျခအေနမွာ ထိန္းႏိုင္မယ္ဆိုရင္ေတာ့ က်ေနာ္တုိ႔အတြက္ ႏိုင္ႏိုင္နင္းနင္း ျဖစ္မွာေပါ့ေနာ္။ တကယ္လို႔ ဒီအေျခအေနကို မထိန္းႏိုင္ရင္ေတာ့ က်ေနာ္တုိ႔အေနနဲ႔ ေတာ္ေတာ္ခက္ခဲတဲ့ဟာ ျဖစ္လာႏုိင္တယ္။ ေန႔စဥ္ပိုးေတြ႔လူ အေရအတြက္က ၅၀၀ ကေန ဥပမာ ၆၀၀၊ ၇၀၀ ျဖစ္သြားမယ္။ ေနာက္ ခုနကလို အဲ့ဒါဆိုရင္ ရာခိုင္ႏႈန္းနဲ႔ က်ေနာ္တုိ႔ Positive ျဖစ္သူရဲ႕ ၁၀-၁၅ ရာခိုင္ႏႈန္းက ICU ထဲ ထည့္ရမယ္။ ဆိုေတာ့ အဲ့ဒီအထဲမွာ ေသဆံုးမႈလည္း ရွိမယ္ဆိုေတာ့ က်ေနာ္တုိ႔ မႏိုင္မနင္းေတြ ေတာ္ေတာ္ျဖစ္သြားႏိုင္တဲ့ အေနအထားရွိလို႔ ဒါကေတာ့ Stay at Home က လုပ္ရတာေပါ့။”
ကိုဝင္းမင္း - အခု စၿပီးေတာ့ တင္းက်ပ္လိုက္တာက အျပည့္ Lockdown ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ တပုိင္းတစ Lockdown သေဘာမ်ိဳး။
ေဒါက္တာေဇာ္ေဝစိုး - Semi-Lockdown တို႔၊ Partial Lockdown တို႔ အဲ့ဒီပံုစံမ်ိဳး။ က်ေနာ္တုိ႔ႏိုင္ငံရဲ႕ အေနအထားကလည္း လံုးဝႀကီး ပိတ္ပစ္လိုက္ရင္လည္း အခ်ိန္ၾကာၾကာ မခံႏိုင္ဘူးေပါ့ေနာ္။ အထူးသျဖင့္ ဆင္းရဲတဲ့ လူတန္းစားအတြက္ ခ်ိန္ဆရတာေပါ့ေနာ္။ က်ေနာ္ထင္ပါတယ္ ႏိုင္ငံေတာ္အေနနဲ႔ အဲ့ဒါေတြ ခ်ိန္ဆရတာလည္း အမ်ားႀကီးပါပါတယ္။”
ကိုဝင္းမင္း - အခု ေဆး႐ုံအေနအထား၊ အခု လူနာေတြ ေန႔စဥ္တက္လာတဲ့ ေနာက္ဆံုးအေျခအေနမွာေရာ။
ေဒါက္တာေဇာ္ေဝစိုး - “ေန႔စဥ္ပိုးေတြ႔သူ ၃၀၀၊ ၄၀၀ ေလာက္မွာဆိုရင္ က်ေနာ္တုိ႔ အေနအထားနဲ႔ ႏိုင္တယ္ေပါ့ေနာ္။ ဒါေပမယ့္ အခုဟာ ၅၀၀ ျဖစ္သြားတဲ့ အခ်ိန္မွာေတာ့ ေဆး႐ုံဆင္းခြင့္ကို က်ေနာ္တုိ႔ ျပင္ရတယ္ေပါ့ေနာ္။ စင္ကာပူမွာသံုးတဲ့ ေဆး႐ုံဆင္းခြင့္မ်ိဳးကို သံုးတဲ့သေဘာ ျဖစ္သြားတာေပါ့ေနာ္။ အရင္တုန္းက ၁၄ ရက္ထားတာေပါ့။ အခု အဲ့ဒါကို အခု ၁၁ ရက္ ေလွ်ာ့လိုက္တာေပါ့ေနာ္။ ေဆး႐ုံမွာရွိတဲ့ အတြင္းလူနာ Workload ကို ေလွ်ာ့ခ်ႏိုင္ေအာင္ လုပ္တဲ့သေဘာေပါ့။ ေနာက္ တဖက္ကလည္း Quarantine Site ေတြမွာ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးမေတြ႔တာ ၇ ရက္ကို ေျပာင္းၿပီး သံုးေတာ့မယ္ေနာ္။ ထပ္ၿပီးေတာ့လည္း ဒီေနရာေတြကို တိုးခ်ဲ႕ႏိုင္ေအာင္ အခုေတာ့ ျပင္ဆင္ထားၿပီးေတာ့ ကုတင္အေရအတြက္ေတြ ပိုၿပီးေတာ့ရေအာင္ စီစဥ္ထားတာရွိပါတယ္။ ဒါေပမယ့္ ဒီဘက္က က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြ အတြက္လည္း နယ္ကလူေတြကို ဒီမွာ အားျဖည့္သလို က်ေနာ္တုိ႔ အျပင္မပ်ံ႕ေအာင္ အတြင္းမွာ ထိန္းခ်ဳပ္ထားေရး လုပ္ငန္းစဥ္ေတြကိုလည္း တျဖည္းျဖည္း တျဖည္းျဖည္း ေလွ်ာ့ေပါ့တာလုပ္ေပးၿပီး ေလွ်ာ့ေပးေနတဲ့သေဘာပါ။”
ကိုဝင္းမင္း - ပုဂၢလိက ေဆး႐ုံေတြဘက္ပိုင္းကေရာ။
ေဒါက္တာေဇာ္ေဝစိုး - “သူတို႔နဲ႔ က်ေနာ္တို႔ ေဆြးေႏြးၿပီးေတာ့ ဝိုင္းကူကုသေပးေရးနဲ႔ ပတ္သက္ၿပီးေတာ့ အားလံုး သူတို႔အသင္းအဖြဲ႔အေနနဲ႔ ပါဝင္ႏိုင္တဲ့ ပံုစံ ဆံုးျဖတ္ၿပီးေတာ့ တင္ဖို႔၊ သူတို႔လည္း တရက္ႏွစ္ရက္အတြင္း တင္ပါလိမ့္မယ္။”
ကိုဝင္းမင္း - တပ္မေတာ္ဘက္က ကူညီႏိုင္ဖို႔ အေနအထားေရာ။
ေဒါက္တာေဇာ္ေဝစိုး - “ေဖာင္ႀကီးက ေဆး႐ုံမွာ တပ္မေတာ္က ၂၅ ရာခုိင္ႏႈန္း ပါပါတယ္။ တခ်ိဳ႕ လိုအပ္တဲ့ေနရာေတြကို သူတို႔ အခု ထပ္ၿပီးေတာ့လည္း ျဖည့္ေပးေနပါတယ္။ ေဆးစစ္တာမွာလည္း တပ္က ဝင္ၿပီးေတာ့ကူတယ္။ ေနာက္ၿပီးေတာ့ Quarantine Site ေတြမွာလည္း စစ္တပ္က ကူညီၿပီးေတာ့ ဝင္လုပ္ေပးေနတာေတြ ရွိပါတယ္။”
ကိုဝင္းမင္း - ဟုတ္ပါတယ္ဆရာ၊ ဒီေနရာမွာ တပ္မေတာ္ေဆး႐ုံေတြပါ သံုးႏိုင္မယ့္ အေနအထားေရာ။
ေဒါက္တာေဇာ္ေဝစိုး - “အဲ့ဒါေတာ့ ဗဟိုက ဆံုးျဖတ္ရမယ့္ကိစၥပါ။ ႏိုင္ငံေတာ္အဆင့္အေနနဲ႔ ေဆြးေႏြး ဆံုးျဖတ္ၿပီးေတာ့ သြားရမယ့္ကိစၥပါ။”
ကိုဝင္းမင္း - ေနာက္ဆံုးအေနအထားမွာ ဆရာ့အေနနဲ႔ ျပည္သူေတြကို အဓိက ဘာမွခ်င္ေသးလဲဆရာ။
ေဒါက္တာေဇာ္ေဝစိုး - “အခုလိုမ်ိဳး က်ေနာ္တုိ႔ ထိန္းခ်ဳပ္ၿပီးသြားတဲ့ ႏိုင္ငံေတြမွာေတာ့ ထိန္းရင္လည္း ထိန္းလို႔ရတဲ့ဟာေလးေတြ ရွိပါတယ္။ တ႐ုတ္တို႔ ဘာတို႔ ထိန္းခဲ့ၾကတာေပါ့။ ၾသစေၾတးလ်မွာလည္း အဲ့လို ေလွ်ာ့လိုက္၊ တင္းလိုက္ေတြ သြားေနၾကတာ။ စင္ကာပူလည္း ထိန္းတယ္၊ အေျဖေလးေတြက ေကာင္းတာေပါ့ေနာ္။ ဆိုလိုတာက က်ေနာ္တို႔လည္း အဲ့လိုမ်ိဳးေပါ့ေနာ္၊ ျပည္သူလူထုအေနနဲ႔လည္း အားလံုးေပါ့ေနာ္ လူနာေတြေရာ၊ ဆရာဝန္ေတြေရာ၊ ဒီ အားလံုးပါပဲ၊ ဒီဟာေလးကို ညီညီညြတ္ညြတ္ေလးနဲ႔ အဲ့လိုလုပ္ႏိုင္မယ္ဆိုရင္ေတာ့ ေကာင္းမယ္။”
ေဒါက္တာေဇာ္ေဝစိုးကို ကိုဝင္းမင္း ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။
------------------------
(Unicode)
ပြင်းထန်လာတဲ့ ရန်ကုန် ကိုဗစ်လှိုင်း ထိန်းချုပ်ရေး အိမ်မှာပဲ နေကြဖို့ ကျန်းမာရေး ပညာရှင် သတိပေး
ရန်ကုန်တိုင်းအတွင်း COVID-19 ကူးစက်မှုအရှိန် ထောင်တက်လာတဲ့အတွက် အခြေအနေတွေ ပိုပြီး ဆိုးမသွားအောင် ထိန်းနိုင်ဖို့ အလုပ်အကိုင်နဲ့ အသွားအလာ လှုပ်ရှားမှုတွေကို နောက်တဆင့် တင်းကျပ်တဲ့အနေနဲ့ အိမ်မှာပဲနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဘာကြောင့်လုပ်ရပါသလဲ။ အကျိုးဆက်တွေ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းရာမှာ သူက အကြောင်းရင်းကို အခုလို စရှင်းပြပါတယ်။
ဒေါက်တာဇော်ဝေစိုး - "အပြင်ကို ပျံ့မသွားအောင် အတွင်းမှာ ထိန်းထားရေးကို သွားဖို့ လိုနေသေးတာပေါ့။ ဒါကြောင့်လည်း ဒါကိုလုပ်တဲ့သဘောပါပဲ။ Stay at Home လုပ်ဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ အနေအထားက ဒါကို လုံးဝကြီး ဖွင့်ချလိုက်ရင် ကျနော်တို့ ကူးစက်မှုတွေကို မတားဘဲနဲ့ နောက်ဆက်တွဲ အကျိုးတွေကို ကျနော်တို့နိုင်ငံအနေနဲ့ ကျော်လွှားဖို့ နည်းနည်းခက်တယ်ပေါ့နော်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေကို ကူးစက်သွားမယ်၊ နောက် ရောဂါအခံရှိတဲ့လူတွေဆီ ကူးစက်သွားမယ်ဆိုရင် အဲ့ဒါတွေကို ကျနော်တို့ ဆေးရုံတွေအနေနဲ့ ကုသနိုင်ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့အခါကျတော့ ဒီလိုမျိုး ထိန်းထားမှ ဖြစ်မှာပေါ့လေ။”
ကိုဝင်းမင်း - ဟုတ်ကဲ့ဆရာ၊ ဒီကူးစက်မှုက ဘာကြောင့်မို့ ခုလိုတက်လာတယ်လို့ ယူဆလဲ။
ဒေါက်တာဇော်ဝေစိုး - “ကျနော်တို့လည်း ပြန်လေ့လာပြီး သုံးသပ်နေပါတယ်။ ဒီရောဂါရဲ့ ပြန့်ပွားနှုန်းကလည်း မြန်တာပေါ့နော်၊ အဲ့ဒါလည်းပါသလို ဒါကြောင့် Contact Tracing ကို ကျေနာ်တို့ အားထပ်ဖြည့်လိုက်တာပေါ့။ တပြိုင်နက်တည်းမှာ ကျေနာ်တို့ ဒီ Facility Quarantine ထဲကို Community-based Quarantine ရပ်ရွာအခြေပြု သွားလာကန့်စခန်းတွေ လုပ်ပြီးတော့ ထည့်တာပေါ့။ အဲဒါတွေလည်း အရင်ပြင်ဆင်ထားတာက အရင် ပိုးတွေ့သူပေါင်း ၅၀၀ စာလောက် ပြင်ဆင်ထားတာ။ အခု ၅,၀၀၀ လောက် ဖြစ်လာတဲ့အချိန်မှာ တဖက်က ပြည်သူ့ကျန်းမာရေးအဖွဲ့ဘက်ကလည်း တော်တော်လေးကို ရုန်းကန်ရပါတယ်။ နောက် ဒီဘက်က ကုသရေးဘက်ကလည်း တော်တော်လေး ရုန်းကန်ရတော့ ခုလိုမျိုး Stay at Home လုပ်လိုက်တော့ အများကြီး အထောက်အကူဖြစ်မှာပါ။”
ကိုဝင်းမင်း - အခုဟာ ပိုးတွေ့တဲ့လူနှုန်း များလာတဲ့အနေအထား။
ဒေါက်တာဇော်ဝေစိုး - “ဟုတ်တယ်၊ ပိုးတွေ့တဲနှုန်း များလာတာပေါ့။ ဒါ ရပ်ရွာထဲမှာ ပျံ့နေတာကို တွေ့ရတာပေါ့။ အဲ့ဒီဟာကို ထိန်းချုပ်တာ လုပ်ဖို့ဆိုရင် ရပ်ရွာထဲမှာ သွားလာလှုပ်ရှားမှုတွေ၊ လှုပ်ရှားမှုတွေ၊ သွားလာမှုတွေ၊ ဒီလို ကူးလူးဆက်ဆံမှုတွေကို လျှော့လိုက်ရင် လျော့သွားဖို့အတွက် ဒါလုပ်တာပေါ့လေ။ ဒီအခြေအနေမှာ ထိန်းနိုင်မယ်ဆိုရင်တော့ ကျနော်တို့အတွက် နိုင်နိုင်နင်းနင်း ဖြစ်မှာပေါ့နော်။ တကယ်လို့ ဒီအခြေအနေကို မထိန်းနိုင်ရင်တော့ ကျနော်တို့အနေနဲ့ တော်တော်ခက်ခဲတဲ့ဟာ ဖြစ်လာနိုင်တယ်။ နေ့စဉ်ပိုးတွေ့လူ အရေအတွက်က ၅၀၀ ကနေ ဥပမာ ၆၀၀၊ ၇၀၀ ဖြစ်သွားမယ်။ နောက် ခုနကလို အဲ့ဒါဆိုရင် ရာခိုင်နှုန်းနဲ့ ကျနော်တို့ Positive ဖြစ်သူရဲ့ ၁၀-၁၅ ရာခိုင်နှုန်းက ICU ထဲ ထည့်ရမယ်။ ဆိုတော့ အဲ့ဒီအထဲမှာ သေဆုံးမှုလည်း ရှိမယ်ဆိုတော့ ကျနော်တို့ မနိုင်မနင်းတွေ တော်တော်ဖြစ်သွားနိုင်တဲ့ အနေအထားရှိလို့ ဒါကတော့ Stay at Home က လုပ်ရတာပေါ့။”
ကိုဝင်းမင်း - အခု စပြီးတော့ တင်းကျပ်လိုက်တာက အပြည့် Lockdown တော့ မဟုတ်ဘူးပေါ့နော်။ တပိုင်းတစ Lockdown သဘောမျိုး။
ဒေါက်တာဇော်ဝေစိုး - "Semi-Lockdown တို့၊ Partial Lockdown တို့ အဲ့ဒီပုံစံမျိုး။ ကျနော်တို့နိုင်ငံရဲ့ အနေအထားကလည်း လုံးဝကြီး ပိတ်ပစ်လိုက်ရင်လည်း အချိန်ကြာကြာ မခံနိုင်ဘူးပေါ့နော်။ အထူးသဖြင့် ဆင်းရဲတဲ့ လူတန်းစားအတွက် ချိန်ဆရတာပေါ့နော်။ ကျနော်ထင်ပါတယ် နိုင်ငံတော်အနေနဲ့ အဲ့ဒါတွေ ချိန်ဆရတာလည်း အများကြီးပါပါတယ်။”
ကိုဝင်းမင်း - အခု ဆေးရုံအနေအထား၊ အခု လူနာတွေ နေ့စဉ်တက်လာတဲ့ နောက်ဆုံးအခြေအနေမှာရော။
ဒေါက်တာဇော်ဝေစိုး - “နေ့စဉ်ပိုးတွေ့သူ ၃၀၀၊ ၄၀၀ လောက်မှာဆိုရင် ကျနော်တို့ အနေအထားနဲ့ နိုင်တယ်ပေါ့နော်။ ဒါပေမယ့် အခုဟာ ၅၀၀ ဖြစ်သွားတဲ့ အချိန်မှာတော့ ဆေးရုံဆင်းခွင့်ကို ကျနော်တို့ ပြင်ရတယ်ပေါ့နော်။ စင်ကာပူမှာသုံးတဲ့ ဆေးရုံဆင်းခွင့်မျိုးကို သုံးတဲ့သဘော ဖြစ်သွားတာပေါ့နော်။ အရင်တုန်းက ၁၄ ရက်ထားတာပေါ့။ အခု အဲ့ဒါကို အခု ၁၁ ရက် လျှော့လိုက်တာပေါ့နော်။ ဆေးရုံမှာရှိတဲ့ အတွင်းလူနာ Workload ကို လျှော့ချနိုင်အောင် လုပ်တဲ့သဘောပေါ့။ နောက် တဖက်ကလည်း Quarantine Site တွေမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တာ ၇ ရက်ကို ပြောင်းပြီး သုံးတော့မယ်နော်။ ထပ်ပြီးတော့လည်း ဒီနေရာတွေကို တိုးချဲ့နိုင်အောင် အခုတော့ ပြင်ဆင်ထားပြီးတော့ ကုတင်အရေအတွက်တွေ ပိုပြီးတော့ရအောင် စီစဉ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒီဘက်က ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ အတွက်လည်း နယ်ကလူတွေကို ဒီမှာ အားဖြည့်သလို ကျနော်တို့ အပြင်မပျံ့အောင် အတွင်းမှာ ထိန်းချုပ်ထားရေး လုပ်ငန်းစဉ်တွေကိုလည်း တဖြည်းဖြည်း တဖြည်းဖြည်း လျှော့ပေါ့တာလုပ်ပေးပြီး လျှော့ပေးနေတဲ့သဘောပါ။”
ကိုဝင်းမင်း - ပုဂ္ဂလိက ဆေးရုံတွေဘက်ပိုင်းကရော။
ဒေါက်တာဇော်ဝေစိုး - “သူတို့နဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့ ဝိုင်းကူကုသပေးရေးနဲ့ ပတ်သက်ပြီးတော့ အားလုံး သူတို့အသင်းအဖွဲ့အနေနဲ့ ပါဝင်နိုင်တဲ့ ပုံစံ ဆုံးဖြတ်ပြီးတော့ တင်ဖို့၊ သူတို့လည်း တရက်နှစ်ရက်အတွင်း တင်ပါလိမ့်မယ်။”
ကိုဝင်းမင်း - တပ်မတော်ဘက်က ကူညီနိုင်ဖို့ အနေအထားရော။
ဒေါက်တာဇော်ဝေစိုး - “ဖောင်ကြီးက ဆေးရုံမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါပါတယ်။ တချို့ လိုအပ်တဲ့နေရာတွေကို သူတို့ အခု ထပ်ပြီးတော့လည်း ဖြည့်ပေးနေပါတယ်။ ဆေးစစ်တာမှာလည်း တပ်က ဝင်ပြီးတော့ကူတယ်။ နောက်ပြီးတော့ Quarantine Site တွေမှာလည်း စစ်တပ်က ကူညီပြီးတော့ ဝင်လုပ်ပေးနေတာတွေ ရှိပါတယ်။”
ကိုဝင်းမင်း - ဟုတ်ပါတယ်ဆရာ၊ ဒီနေရာမှာ တပ်မတော်ဆေးရုံတွေပါ သုံးနိုင်မယ့် အနေအထားရော။
ဒေါက်တာဇော်ဝေစိုး - “အဲ့ဒါတော့ ဗဟိုက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ နိုင်ငံတော်အဆင့်အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ပြီးတော့ သွားရမယ့်ကိစ္စပါ။”
ကိုဝင်းမင်း - နောက်ဆုံးအနေအထားမှာ ဆရာ့အနေနဲ့ ပြည်သူတွေကို အဓိက ဘာမှချင်သေးလဲဆရာ။
ဒေါက်တာဇော်ဝေစိုး - “အခုလိုမျိုး ကျနော်တို့ ထိန်းချုပ်ပြီးသွားတဲ့ နိုင်ငံတွေမှာတော့ ထိန်းရင်လည်း ထိန်းလို့ရတဲ့ဟာလေးတွေ ရှိပါတယ်။ တရုတ်တို့ ဘာတို့ ထိန်းခဲ့ကြတာပေါ့။ သြစတြေးလျမှာလည်း အဲ့လို လျှော့လိုက်၊ တင်းလိုက်တွေ သွားနေကြတာ။ စင်ကာပူလည်း ထိန်းတယ်၊ အဖြေလေးတွေက ကောင်းတာပေါ့နော်။ ဆိုလိုတာက ကျနော်တို့လည်း အဲ့လိုမျိုးပေါ့နော်၊ ပြည်သူလူထုအနေနဲ့လည်း အားလုံးပေါ့နော် လူနာတွေရော၊ ဆရာဝန်တွေရော၊ ဒီ အားလုံးပါပဲ၊ ဒီဟာလေးကို ညီညီညွတ်ညွတ်လေးနဲ့ အဲ့လိုလုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမယ်။”
ဒေါက်တာဇော်ဝေစိုးကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။