သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြ ပုဂၢလိက ေဆး႐ံုေတြမွာကုဖို႔ အေကာင္အထည္ေဖာ္ေတာ့မယ္


COVID-19 ကူးစက္ခံ လူနာေတြ ကုသေပးေနရာ အစုိးရေဆး႐ုံတ႐ုံျဖစ္တဲ့ ေဝဘာဂီေဆး႐ုံ။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း ကုိဗစ္ကူးစက္သူေတြကို ပုဂၢလိက ေဆး႐ံုေဆးခန္းေတြမွာပါ ကုသမႈေပးေရး မၾကာခင္ အေကာင္အထည္ေဖာ္ေတာ့မွာ ျဖစ္ပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ ကုသႏုိင္ေရး အစိုးရ ေဆး႐ုံေဆးခန္းေတြနဲ႔ ပိုးေတြ႔လူနာ သီးျခားထားရွိရာ ကြာရမ္တင္းစင္တာေတြ တိုးခ်ဲ႕ဖြင့္လွစ္ ကုသႏိုင္ဖို႔ ေဆာင္ရြက္ေနခ်ိန္မွာပဲ ဒီေရာဂါပိုးေတြ႔ရွိသူေတြကို ပုဂၢလိက ေဆး႐ုံေတြမွာပါ လက္ခံကုသႏိုင္ေရး အတြက္ကိုလည္း စၿပီး ေဆြးေႏြးလာၾကတာပါ။ ပုဂၢလိကေဆး႐ံုေတြက COVID-19 ကာကြယ္ကုသေရးမွာ တတပ္တအား ပါဝင္ခ်င္တဲ့အေၾကာင္း မေန႔က ဝန္ႀကီးနဲ႔ ေဆြးေႏြးပြဲမွာ အဆိုျပဳ တင္ျပခဲ့ၾကတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“မေန႔တုန္းက ဝန္ႀကီးနဲ႔ သက္ဆိုင္ရာ ေဆး႐ုံအုပ္ေတြ သမားေတာ္ေတြ အစည္းအေဝးေတြ လုပ္တဲ့အခါမွာ ပုဂၢလိကေဆး႐ုံေတြဘက္ကလည္း COVID-19 ကာကြယ္ကုသေရးမွာ တတပ္တအား ပါဝင္လိုတယ္ဆိုၿပီး အဆိုျပဳတာေတြ ရွိပါတယ္။ ဒါကို ဝန္ႀကီးက မူအားျဖင့္ သေဘာတူတယ္လို႔ ေျပာပါတယ္။ အေသးစိတ္ တကယ္ကုသခြင့္ရဖို႔အထိက Guide Lines ေတြ၊ လိုအပ္တဲ့ Precaution ေတြကိုလည္း ဒါမ်ိဳးေတြ အေသးစိတ္ ဆက္ညႇိႏႈိင္းၾကရမွာပါ။ အခုလက္ရွိမွာလည္း ပုဂၢလိကေဆး႐ုံႀကီးေတြအေနနဲ႔ ေဖာင္ႀကီး ကိုဗစ္ကုသေရးစင္တာ လူ ၁,၀၀၀ ေက်ာ္ လက္ခံကုသႏိုင္ေရးအတြက္ဟာ ဆိုရင္လည္း သူတို႔ ပုဂၢလိကေဆး႐ုံေတြရဲ႕ လူအင္အားေတြေရာ ပစၥည္းအင္အားေတြေရာ အမ်ားႀကီးပါဝင္ၿပီးေတာ့ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

“အေစာပိုင္းကတည္းက က်မတို႔ႏိုင္ငံရဲ႕ ကိုဗစ္ကာကြယ္ကုသေရး အပိုင္းမွာလည္း ပုဂၢလိကေဆး႐ုံႀကီးေတြက အင္ျပည့္အားျပည့္ ပါဝင္ေဆာင္ရြက္ထားၿပီးသား ျဖစ္ပါတယ္။ အခုက်ေတာ့ ေဆး႐ုံေတြမွာ COVID Positive ေတြ႔ရင္လည္း ဒီလူနာေတြကို တဖက္တလမ္းက ကုသေပးျခင္းအားျဖင့္ ႏုိင္ငံအတြက္လည္း အတိုင္းအတာ တခုအထိ အက်ိဳးရွိမယ္ဆိုၿပီးေတာ့ သူတို႔တင္ျပလာတာ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး မၾကာခင္ အေကာင္အထည္ေဖာ္ေတာ့မွာ ျဖစ္ပါတယ္။”

လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႔ရွိသူ ေထာင္ခ်ီျဖစ္လာလို႔ အစိုးရ ေဆး႐ုံေဆးခန္းေတြမွာ က်န္းမာေရးဝန္ထမ္းေတြ ေဆးပညာရွင္ေတြ စိန္ေခၚမႈေတြနဲ႔ ႀကဳံေနရခ်ိန္ အခုလို က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပုဂၢလိက ေဆး႐ုံေတြ ပူးေပါင္းၿပီး COVID-19 ပိုးေတြ႔ရွိလူနာေတြ လက္ခံကုသေရး စီစဥ္ေဆာင္ရြက္ေနတဲ့အေပၚ လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြေရာဂါကု ဆရာဝန္ႀကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က ႀကိဳဆိုပါတယ္။

“ဒီ Public Hospital ေတြရဲ႕ ဝန္ထုပ္ဝန္ပိုးကိုလည္း ေလွ်ာ့ခ်ႏိုင္မယ္။ တဖက္ကလည္း လူနာေတြဘက္က Preference သူတို႔ရဲ႕ ေရြးခ်ယ္မႈေတြလည္း ရွိလာႏိုင္မယ္။ အခုက ရန္ကုန္ေဆး႐ုံႀကီးမွာလည္း ကိုဗစ္ေပါ့စတစ္လူနာေတြ တင္ၿပီး ကုေနၾကရတာ ရွိတယ္။ အဓိက ဂ႐ုစိုက္ရမွာက က်န္းမာေရးဝန္ထမ္းေတြပါပဲ။ အေရးႀကီးတာက ပိုးမကူးစက္ရေအာင္ ကာကြယ္ႏိုင္ဖို႔ပဲ။ အရင္က အစိုးရဝန္ထမ္းေတြက က်န္းမာေရးေစာင့္ေရွာက္မႈေပးမယ္၊ အခုဆိုရင္ ပုဂၢလိကေဆး႐ုံက ရွိေသာ ဆရာဝန္ေတြ သူနာျပဳနဲ႔ က်န္းမာေရးဝန္ထမ္းေတြက က်န္းမာေရးေစာင့္ေရွာက္မႈ ေပးမယ္ေပါ့။ ဘယ္ဘက္ကပဲ ကုသမႈေပးေပး အဓိကကေတာ့ Infection Control ပိုးမကူးစက္ခံရေအာင္ ႏိုင္ႏိုင္နင္းနင္း အဓိက ကာကြယ္ႏိုင္ရင္ေတာ့ အားသာခ်က္တခုလို႔ ဆရာ့အေနနဲ႔ ျမင္တယ္။

“ေနာက္ လိုအပ္လာရင္ ICU COVID-19 လူနာအတြက္ ေပးႏိုင္မလဲ၊ သူ႔အတြက္ ICU သီးသန႔္ထား ကုသႏိုင္မလားေပါ့။ ဒါေလးေတြကအစ အေသးစိတ္ ညိႇႏႈိင္းေဆာင္ရြက္သြားမယ္ ဆုိလို႔ရွိရင္ေတာ့ အားသာခ်က္အေနနဲ႔ ျမင္တယ္။ အားနည္းခ်က္က ဘာရွိမလဲဆိုေတာ့ ဒီကုန္က်စရိတ္ေတြကို ဘယ္လိုမွ်ေဝခံၾကမလဲေပါ့။ လူနာကေပးရမလား၊ အစိုးရဘက္က ေပးမွာလား၊ ေနာက္ ဒီဘက္ ပုဂၢလိကေဆး႐ုံဘက္က ဘယ္ေလာက္ေလွ်ာ့ခ်ၿပီးေတာ့ ကုသေပးႏိုင္မလဲဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ညႇိႏႈိင္းၿပီး သူတို႔ သေဘာတူညီမႈေတြ ရလိမ့္မယ္လို႔ ဆရာတို႔ထင္ပါတယ္။”

အခုလို ပုဂၢလိကေဆး႐ုံေတြမွာပါ ခြဲေဝလက္ခံ ကုသမႈေပးႏိုင္ဖို႔ စီစဥ္ေနရတာကေတာ့ ပိုးေတြ႔လူနာေတြထဲက နဂိုေရာဂါအခံပါလာတဲ့ လူနာေတြကို ေဆးကုသမႈ ေပးႏိုင္ဖို႔နဲ႔ ပိုးေတြ႔လူနာနဲ႔ ဆက္စပ္ပတ္သက္ သံသယရွိသူေတြကို သီးျခားခြဲ ကန႔္သတ္ထားရွိဖို႔ ေနရာနဲ႔ပတ္သက္ၿပီး လက္ရွိရင္ဆိုင္ေနရတဲ့ အခက္အခဲေၾကာင့္ျဖစ္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာျပပါတယ္။

“လက္ရွိ ေဆာင္ရြက္ေနတဲ့ က်မတို႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲက ဘာလဲဆိုေတာ့ ကြာရမ္တင္းစင္တာေတြေပါ့ေနာ္၊ သက္ဆိုင္ရာ တိုင္းေဒသႀကီး ျပည္နယ္အစိုးရက စီမံေပးေနတယ္ ဆုိေပမယ့္လို႔ ပိုးေတြ႔လူနာေတြ ေက့စ္ေတြ တိုးပြား မ်ားျပားလာခ်ိန္နဲ႔ တၿပိဳင္နက္တည္း သူတို႔ရဲ႕ Contact ေတြကလည္း မ်ားလာတာေပါ့။ ေက့စ္ေတြက ဒီေန႔ဆို ၃၀၀ ေက်ာ္ျဖစ္တယ္။ မေန႔ကဆို ၄၀၀ ေက်ာ္ စံခ်ိန္တင္ျဖစ္တယ္။ အနည္းဆုံးကေတာ့ ၂၀၀ ေက်ာ္က ေန႔တိုင္းလိုျဖစ္ေနတယ္။ မ်ားလာတဲ့အတြက္ ကြာရမ္တင္းစင္တာ ရွာေဖြရတဲ့ကိစၥေတြ၊ ေထာက္ပံ့ပို႔ေဆာင္ေရးေတြ၊ အေကၽြးေမြးကိစၥေတြကလည္း တိုင္းေဒသႀကီး ျပည္နယ္အစိုးရအဖြဲ႔အတြက္ တကယ့္ကို ဝန္ထုပ္ဝန္ပိုးႀကီး ျဖစ္ပါတယ္။ ဒါေတြက စိန္ေခၚမႈေတြျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြကို လုပ္ရင္းနဲ႔ ျဖည့္ျဖည့္သြားရတဲ့သေဘာ ျဖစ္ေနပါတယ္။

“အခု ကိုဗစ္ကုသေရးအတြက္ ကိုဗစ္ကုသေရးစင္တာေတြ ဖြင့္ထားတယ္။ ဒဂုံဆိပ္ကမ္း ႐ိုးမရိပ္သာရယ္၊ လႈိင္ရယ္၊ ကိုဗစ္ကုသေရးစင္တာ သုဝဏၰေပါ့ေနာ္။ ႐ိုးမရိပ္သာက လူ ၂,၀၀၀၊ လႈိင္မွာက လူ ၅၀၀၊ သုဝဏၠေတာ့ လူ ၄၀၀ အထိထားဖို႔ ရည္ရြယ္ထားပါတယ္။ လက္ရွိ ေဖာင္ႀကီးမွာေတာ့ မေန႔ကေဒတာေတြအရ ၁,၁၀၀ နီးနီး လူနာေတြ လက္ခံထားရတာ ေတြ႔ရပါတယ္။ ေဆး႐ုံေဆးခန္းေတြမွာလည္း တိုးလာတဲ့ လူနာေတြနဲ႔ဆိုရင္ Cover မျဖစ္ဘူး၊ Balance မမွ်ေသးဘူး ျဖစ္ေနတာေပါ့ေနာ္။”

ကိုဗစ္ေၾကာင့္ လူေသဆုံးမႈႏႈန္းလည္း ျမင့္တက္လာတဲ့အတြက္ ျပည္သူလူထုအေနနဲ႔လည္း ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးမွာ ဝိုင္းဝန္းကူညီၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ေမတၱာရပ္ခံပါတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ဒီညေန ၄ နာရီ ထုတ္ျပန္ခ်က္မွာဆိုရင္ ေသဆုံးတဲ့လူနာက ၈၁ ဦးအထိ ျဖစ္သြားတာကို ေတြ႔ရပါမယ္။ ေသဆုံးသူအမ်ားစုက ေနာက္က်ၿပီးမွ ေရာက္လာၿပီး ေသြးထဲ ေအာက္ဆီဂ်င္က်၊ သူ႔အသက္ကို ဘယ္လိုမွ ကယ္လို႔မရေတာ့ေအာင္ ဆိုးတဲ့အေျခအေနေတြမွာ ေရာက္လာၾကတာေတြနဲ႔ ေသဆုံးၾကတယ္။ အခု ဒီရက္ပိုင္းအတြင္းမွာ ေဆး႐ုံေရာက္ၿပီးၿပီးခ်င္း ၂၄ နာရီမျပည့္ခင္ ေသဆုံးမႈက ေတာ္ေတာ္ေလးကို မ်ားလာတဲ့အတြက္ေၾကာင့္ ျပည္သူလူထုအေနနဲ႔ ဒီေရာဂါက အမ်ားစု အသက္ရွင္တယ္၊ ေရာဂါျဖစ္ရင္လည္း ေစာေစာစီးစီး ကုသမႈခံယူဖို႔၊ ကြာရမ္တင္းဝင္တာကို မေၾကာက္ဖို႔၊ အိမ္မွာပဲ ႀကိတ္ၿပီး ကုသေနတာမ်ိဳး လုံးဝ မလုပ္သင့္ပါဘူး ဆိုတာကိုလည္း ေျပာခ်င္ပါတယ္။”

စက္တင္ဘာလ ၁၉ ရက္ေန႔ စေနေန႔ ညေန ၄ နာရီ ထုတ္ျပန္ခ်က္အရ ေရာဂါကူးစက္သူေပါင္း ၄,၆၂၁ ဦးအထိ ရွိသြားၿပီျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာေတြထဲ ေရာဂါလကၡဏာ မရွိသူ၊ သာမန္ေရာဂါလကၡဏာျပသူ၊ ေရာဂါျပင္းထန္ႏိုင္ေခ်ရွိသူ၊ ေရာဂါလကၡဏာ ျပင္းထန္သူ စသျဖင့္ အမ်ိဳးအစား ခြဲျခားသတ္မွတ္ၿပီး COVID-19 ကုသေရး ဌာနေတြကို အေရးေပၚပို႔ေဆာင္ကုသမႈ ေပးႏိုင္ေရးနဲ႔ ေရွ႕တန္းမွာ ကိုဗစ္လူနာနဲ႔ ထိေတြ႔ကုသမႈ ေပးေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ပရဟိတ ေစတနာ့ဝန္ထမ္းေတြ ပိုးကူးစက္မႈ မရွိေစေရး စနစ္တက် ေဆာင္ရြက္ေနပါတယ္လို႔ စက္တင္ဘာလ ၁၈ ရက္ေန႔က က်င္းပတဲ့ COVID-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းဆိုင္ရာ အထူးညႇိႏႈိင္း အစည္းအေဝးမွာ က်န္းမာေရးဝန္ႀကီးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကိုဗစ်လူနာတွေ ပုဂ္ဂလိက ဆေးရုံတွေမှာကုဖို့ အကောင်အထည်ဖော်တော့မယ်

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်သူတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပါ ကုသမှုပေးရေး မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ် ကုသနိုင်ရေး အစိုးရ ဆေးရုံဆေးခန်းတွေနဲ့ ပိုးတွေ့လူနာ သီးခြားထားရှိရာ ကွာရမ်တင်းစင်တာတွေ တိုးချဲ့ဖွင့်လှစ် ကုသနိုင်ဖို့ ဆောင်ရွက်နေချိန်မှာပဲ ဒီရောဂါပိုးတွေ့ရှိသူတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာပါ လက်ခံကုသနိုင်ရေး အတွက်ကိုလည်း စပြီး ဆွေးနွေးလာကြတာပါ။ ပုဂ္ဂလိကဆေးရုံတွေက COVID-19 ကာကွယ်ကုသရေးမှာ တတပ်တအား ပါဝင်ချင်တဲ့အကြောင်း မနေ့က ဝန်ကြီးနဲ့ ဆွေးနွေးပွဲမှာ အဆိုပြု တင်ပြခဲ့ကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့တုန်းက ဝန်ကြီးနဲ့ သက်ဆိုင်ရာ ဆေးရုံအုပ်တွေ သမားတော်တွေ အစည်းအဝေးတွေ လုပ်တဲ့အခါမှာ ပုဂ္ဂလိကဆေးရုံတွေဘက်ကလည်း COVID-19 ကာကွယ်ကုသရေးမှာ တတပ်တအား ပါဝင်လိုတယ်ဆိုပြီး အဆိုပြုတာတွေ ရှိပါတယ်။ ဒါကို ဝန်ကြီးက မူအားဖြင့် သဘောတူတယ်လို့ ပြောပါတယ်။ အသေးစိတ် တကယ်ကုသခွင့်ရဖို့အထိက Guide Lines တွေ၊ လိုအပ်တဲ့ Precaution တွေကိုလည်း ဒါမျိုးတွေ အသေးစိတ် ဆက်ညှိနှိုင်းကြရမှာပါ။ အခုလက်ရှိမှာလည်း ပုဂ္ဂလိကဆေးရုံကြီးတွေအနေနဲ့ ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာ လူ ၁,၀၀၀ ကျော် လက်ခံကုသနိုင်ရေးအတွက်ဟာ ဆိုရင်လည်း သူတို့ ပုဂ္ဂလိကဆေးရုံတွေရဲ့ လူအင်အားတွေရော ပစ္စည်းအင်အားတွေရော အများကြီးပါဝင်ပြီးတော့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

“အစောပိုင်းကတည်းက ကျမတို့နိုင်ငံရဲ့ ကိုဗစ်ကာကွယ်ကုသရေး အပိုင်းမှာလည်း ပုဂ္ဂလိကဆေးရုံကြီးတွေက အင်ပြည့်အားပြည့် ပါဝင်ဆောင်ရွက်ထားပြီးသား ဖြစ်ပါတယ်။ အခုကျတော့ ဆေးရုံတွေမှာ COVID Positive တွေ့ရင်လည်း ဒီလူနာတွေကို တဖက်တလမ်းက ကုသပေးခြင်းအားဖြင့် နိုင်ငံအတွက်လည်း အတိုင်းအတာ တခုအထိ အကျိုးရှိမယ်ဆိုပြီးတော့ သူတို့တင်ပြလာတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။”

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ထောင်ချီဖြစ်လာလို့ အစိုးရ ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ဆေးပညာရှင်တွေ စိန်ခေါ်မှုတွေနဲ့ ကြုံနေရချိန် အခုလို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက ဆေးရုံတွေ ပူးပေါင်းပြီး COVID-19 ပိုးတွေ့ရှိလူနာတွေ လက်ခံကုသရေး စီစဉ်ဆောင်ရွက်နေတဲ့အပေါ် လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ကြိုဆိုပါတယ်။

“ဒီ Public Hospital တွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချနိုင်မယ်။ တဖက်ကလည်း လူနာတွေဘက်က Preference သူတို့ရဲ့ ရွေးချယ်မှုတွေလည်း ရှိလာနိုင်မယ်။ အခုက ရန်ကုန်ဆေးရုံကြီးမှာလည်း ကိုဗစ်ပေါ့စတစ်လူနာတွေ တင်ပြီး ကုနေကြရတာ ရှိတယ်။ အဓိက ဂရုစိုက်ရမှာက ကျန်းမာရေးဝန်ထမ်းတွေပါပဲ။ အရေးကြီးတာက ပိုးမကူးစက်ရအောင် ကာကွယ်နိုင်ဖို့ပဲ။ အရင်က အစိုးရဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်၊ အခုဆိုရင် ပုဂ္ဂလိကဆေးရုံက ရှိသော ဆရာဝန်တွေ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးမယ်ပေါ့။ ဘယ်ဘက်ကပဲ ကုသမှုပေးပေး အဓိကကတော့ Infection Control ပိုးမကူးစက်ခံရအောင် နိုင်နိုင်နင်းနင်း အဓိက ကာကွယ်နိုင်ရင်တော့ အားသာချက်တခုလို့ ဆရာ့အနေနဲ့ မြင်တယ်။

“နောက် လိုအပ်လာရင် ICU COVID-19 လူနာအတွက် ပေးနိုင်မလဲ၊ သူ့အတွက် ICU သီးသန့်ထား ကုသနိုင်မလားပေါ့။ ဒါလေးတွေကအစ အသေးစိတ် ညှိနှိုင်းဆောင်ရွက်သွားမယ် ဆိုလို့ရှိရင်တော့ အားသာချက်အနေနဲ့ မြင်တယ်။ အားနည်းချက်က ဘာရှိမလဲဆိုတော့ ဒီကုန်ကျစရိတ်တွေကို ဘယ်လိုမျှဝေခံကြမလဲပေါ့။ လူနာကပေးရမလား၊ အစိုးရဘက်က ပေးမှာလား၊ နောက် ဒီဘက် ပုဂ္ဂလိကဆေးရုံဘက်က ဘယ်လောက်လျှော့ချပြီးတော့ ကုသပေးနိုင်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းပြီး သူတို့ သဘောတူညီမှုတွေ ရလိမ့်မယ်လို့ ဆရာတို့ထင်ပါတယ်။”

အခုလို ပုဂ္ဂလိကဆေးရုံတွေမှာပါ ခွဲဝေလက်ခံ ကုသမှုပေးနိုင်ဖို့ စီစဉ်နေရတာကတော့ ပိုးတွေ့လူနာတွေထဲက နဂိုရောဂါအခံပါလာတဲ့ လူနာတွေကို ဆေးကုသမှု ပေးနိုင်ဖို့နဲ့ ပိုးတွေ့လူနာနဲ့ ဆက်စပ်ပတ်သက် သံသယရှိသူတွေကို သီးခြားခွဲ ကန့်သတ်ထားရှိဖို့ နေရာနဲ့ပတ်သက်ပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲကြောင့်ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပြပါတယ်။

“လက်ရှိ ဆောင်ရွက်နေတဲ့ ကျမတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာလဲဆိုတော့ ကွာရမ်တင်းစင်တာတွေပေါ့နော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရက စီမံပေးနေတယ် ဆိုပေမယ့်လို့ ပိုးတွေ့လူနာတွေ ကေ့စ်တွေ တိုးပွား များပြားလာချိန်နဲ့ တပြိုင်နက်တည်း သူတို့ရဲ့ Contact တွေကလည်း များလာတာပေါ့။ ကေ့စ်တွေက ဒီနေ့ဆို ၃၀၀ ကျော်ဖြစ်တယ်။ မနေ့ကဆို ၄၀၀ ကျော် စံချိန်တင်ဖြစ်တယ်။ အနည်းဆုံးကတော့ ၂၀၀ ကျော်က နေ့တိုင်းလိုဖြစ်နေတယ်။ များလာတဲ့အတွက် ကွာရမ်တင်းစင်တာ ရှာဖွေရတဲ့ကိစ္စတွေ၊ ထောက်ပံ့ပို့ဆောင်ရေးတွေ၊ အကျွေးမွေးကိစ္စတွေကလည်း တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့အတွက် တကယ့်ကို ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ပါတယ်။ ဒါတွေက စိန်ခေါ်မှုတွေဖြစ်ပါတယ်။ လိုအပ်ချက်တွေကို လုပ်ရင်းနဲ့ ဖြည့်ဖြည့်သွားရတဲ့သဘော ဖြစ်နေပါတယ်။

“အခု ကိုဗစ်ကုသရေးအတွက် ကိုဗစ်ကုသရေးစင်တာတွေ ဖွင့်ထားတယ်။ ဒဂုံဆိပ်ကမ်း ရိုးမရိပ်သာရယ်၊ လှိုင်ရယ်၊ ကိုဗစ်ကုသရေးစင်တာ သုဝဏ္ဏပေါ့နော်။ ရိုးမရိပ်သာက လူ ၂,၀၀၀၊ လှိုင်မှာက လူ ၅၀၀၊ သုဝဏ္ကတော့ လူ ၄၀၀ အထိထားဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိ ဖောင်ကြီးမှာတော့ မနေ့ကဒေတာတွေအရ ၁,၁၀၀ နီးနီး လူနာတွေ လက်ခံထားရတာ တွေ့ရပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း တိုးလာတဲ့ လူနာတွေနဲ့ဆိုရင် Cover မဖြစ်ဘူး၊ Balance မမျှသေးဘူး ဖြစ်နေတာပေါ့နော်။”

ကိုဗစ်ကြောင့် လူသေဆုံးမှုနှုန်းလည်း မြင့်တက်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးမှာ ဝိုင်းဝန်းကူညီကြဖို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မေတ္တာရပ်ခံပါတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ဒီညနေ ၄ နာရီ ထုတ်ပြန်ချက်မှာဆိုရင် သေဆုံးတဲ့လူနာက ၈၁ ဦးအထိ ဖြစ်သွားတာကို တွေ့ရပါမယ်။ သေဆုံးသူအများစုက နောက်ကျပြီးမှ ရောက်လာပြီး သွေးထဲ အောက်ဆီဂျင်ကျ၊ သူ့အသက်ကို ဘယ်လိုမှ ကယ်လို့မရတော့အောင် ဆိုးတဲ့အခြေအနေတွေမှာ ရောက်လာကြတာတွေနဲ့ သေဆုံးကြတယ်။ အခု ဒီရက်ပိုင်းအတွင်းမှာ ဆေးရုံရောက်ပြီးပြီးချင်း ၂၄ နာရီမပြည့်ခင် သေဆုံးမှုက တော်တော်လေးကို များလာတဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ ဒီရောဂါက အများစု အသက်ရှင်တယ်၊ ရောဂါဖြစ်ရင်လည်း စောစောစီးစီး ကုသမှုခံယူဖို့၊ ကွာရမ်တင်းဝင်တာကို မကြောက်ဖို့၊ အိမ်မှာပဲ ကြိတ်ပြီး ကုသနေတာမျိုး လုံးဝ မလုပ်သင့်ပါဘူး ဆိုတာကိုလည်း ပြောချင်ပါတယ်။”

စက်တင်ဘာလ ၁၉ ရက်နေ့ စနေနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ရောဂါကူးစက်သူပေါင်း ၄,၆၂၁ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ရောဂါလက္ခဏာ မရှိသူ၊ သာမန်ရောဂါလက္ခဏာပြသူ၊ ရောဂါပြင်းထန်နိုင်ချေရှိသူ၊ ရောဂါလက္ခဏာ ပြင်းထန်သူ စသဖြင့် အမျိုးအစား ခွဲခြားသတ်မှတ်ပြီး COVID-19 ကုသရေး ဌာနတွေကို အရေးပေါ်ပို့ဆောင်ကုသမှု ပေးနိုင်ရေးနဲ့ ရှေ့တန်းမှာ ကိုဗစ်လူနာနဲ့ ထိတွေ့ကုသမှု ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ စေတနာ့ဝန်ထမ်းတွေ ပိုးကူးစက်မှု မရှိစေရေး စနစ်တကျ ဆောင်ရွက်နေပါတယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပတဲ့ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆိုင်ရာ အထူးညှိနှိုင်း အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးက ပြောဆိုထားပါတယ်။

XS
SM
MD
LG