သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုး


ရန်ကုန်မြို့မှာ COVID-19 ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်နိုင်သူများကို စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၉၊ ၂၀၂၀)
ရန်ကုန်မြို့မှာ COVID-19 ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်နိုင်သူများကို စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၁၆၆ ခုထဲမှာ ရောဂါကူးစက်သူတွေ ထပ်ပါလာတာဖြစ်ပြီး စုစုပေါင်း ၄,၈၇၀ ဦး ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအနေနဲ့ကတော့ ဒီကနေ့ညနေ ၄ နာရီ ထုတ်ပြန်ချက်မှာ ၆ ဦးထပ်တိုးပြီး စုစုပေါင်း ၈၁ ဦး ရှိပါတယ်။

နောက်တိုးသေဆုံးသူ ၆ ဦးစလုံးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေသူတွေဖြစ်ပြီး အသက် ၆၀ ကနေ ၈၄ နှစ်ကြား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။

ဆေးရုံတွေကနေ ဆင်းခွင့်ရသွားသူ အရေအတွက်က ၅၈ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ၁,၁၈၈ ယောက် ဆေးရုံတွေကနေ ဆင်းသွားကြပြီ ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်မှု အများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပြီး မြို့နယ်အသီးသီးမှာ ကိုဗစ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG