သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ပုိးေတြ႔သူေတြကုိ ကြင္းဆက္ျဖတ္၊ေနာက္ဆံုးေပၚကုထုံး မဟာျဗဴဟာက်င့္သုံးမည္ (က်န္းမာေရး၀န္ႀကီး)


က်န္းမာေရးဝန္ႀကီး ေဒါက္တာ ျမင့္ေထြး (ဓါတ္ပံု-Ministry of Health and Sports, Myanmar Dr myint htwe)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီရက္ပိုင္းထဲ ကိုဗစ္ပုိး ကူးစက္မႈနဲ႔ ေသဆုံးမႈေတြ ရုတ္တရက္ ျမင့္တက္လာတာေၾကာင့္ ဒီအေျခအေနကို ထိေရာက္စြာ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ဖို႔ က ြင္းဆက္ျဖတ္ကုသေရး ေနာက္ဆုံးေပၚ နည္းဗ်ဴဟာသစ္တရပ္ကို ခ်မွတ္ေဆာင္ရြက္ သြားမယ့္အေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာၾကားတဲ့သတင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ ၾကာသပေတးေန႔ တရက္ထဲမွာ ကုိဗစ္ေၾကာင့္ေသဆုံးသူ (၁၄)ဦး ရွိၿပီး၊ ေသာၾကာေန႔ တရက္ထဲမွာ ေသဆုံးသူေပါင္း (၁၀)ဦးရွိလာတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ခုခ်ိန္ထိ ကိုဗစ္ေၾကာင့္ ေသဆုံးသူစုစုေပါင္း (၇၀)ရွိ သြားပါၿပီ။ ကိုဗစ္ပုိး ကူးစက္ခဲ့သူစုစုေပါင္းကလည္း (၄၄၆၇)ဦး ရွိလာတဲ့အတြက္ ျပည္သူေတြၾကားမွာေရာ က်န္းမာေရးပညာရွင္နဲ႔ ဝန္ထမ္းေတြ ၾကားမွာပါ စုိးရိမ္မႈ ျမင့္တက္လာတာပါ။

ဒီအေျခအေနကို ထိေရာက္စြာ ကုိင္တြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ က ြင္းဆက္ျဖတ္ကုသေရး နည္းဗ်ဴဟာသစ္နဲ႔ ေဆာင္ရြက္သ ြားမွာ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက VOA ျမန္မာပုိင္းကို ရွင္းျပပါတယ္။

“ဒီအခ်ိန္မွာ က်ေနာ္တို႔ရဲ႕ အဓိက Strategy မဟာဗ်ဴဟာက ဘာလဲဆိုေတာ့ နံပါတ္(၁)- လြတ္ေနတဲ့ ေရာဂါျဖစ္ေနတဲ့သူေတြကို ရွာေဖြမယ္ Contact ေတြေပါ့။ နံပါတ္(၂)- ေဆး႐ုံတက္ေသာ လူနာမ်ားအားလုံး မေသဖို႔ေပါ့ ၊ မေသဖို႔ဆိုတာကေတာ့ ေရာဂါအခံရွိတဲ့ လူေတြကေတာ့ double effect ရွိတာေပါ့။ သူတို႔က နဂုိေရာဂါအခံေၾကာင့္ေရာ ေနာက္ဝင္လာတဲ့ေရာဂါလည္း ရွိတာေပါ့။ ဒါေပမဲ့ မေသဖို႔ဆိုတာကေတာ့ က်ေနာ္တို႔မွာရွိတဲ့ ေနာက္ဆုံးေပၚ နည္းပညာေတြကုိ သုံးၿပီးေတာ့ အစြမ္းကုန္ ကုသေပးေနပါတယ္။”

ကုိဗစ္ကူးစက္ထားတဲ့ လူတခ်ဳိ႕နဲ႔ သံသယလူနာေတြဟာ ကြာရမ္တင္းဝင္ဖို႔ ၊ ကုသမႈခံယူဖို႔ ေရွာင္တိမ္းေနတာရွိၿပီး သတင္း မပို႔တာေတြလည္း ရွိေနတဲ့အတြက္ ကူးစက္မႈက တစထက္စတ ပိုမ်ားလာတဲ့အေပၚ ပုိးကူးစက္လူနာေတြရဲ႕ ကြင္းဆက္ကို ရွာေဖြ ေဖၚထုတ္ ကုသေပးႏိုင္ေရးက အေရးႀကီးလာတယ္လို႔ ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

“ အဲဒီအတြက္ကို Contact Tracing ေပါ့ေလ၊ လြတ္ေနတဲ့သူေတြကုိ လိုက္ရွာေနရတယ္။ ေရခဲတုံးလုိေပါ့ ေရေပၚမွာ ေပၚေနတာပဲေတြ႔ရတယ္ ေရေအာက္မွာ နစ္ေနတဲ့ ေရခဲတုံးအပိုင္းက ရွိေသးတယ္။ ေရခဲတုံးက ၁၀ ပုံ ၁ ပုံပဲ ေရေပၚမွာ ေပၚတယ္။ ၁၀ ပုံမွာ ၉ ပုံက ေအာက္မွာ။ အဲဒီေတာ့ ေအာက္မွာဆိုတာက ဥပမာ ရခုိင္ဘက္က လာတဲ့သူေတြ ဒါမ်ဳိးက ေရမ်က္ႏွာျပင္ေအာက္ ေရာက္ေနတာမ်ဳိးေပါ့ ။ က်ေနာ္တို႔ကေတာ့ ရသေလာက္ ေဖၚထုတ္ေနတယ္။ သူတို႔က သတင္းလာပို႔ရမယ္။ ဘယ္သူနဲ႔ ထိေတြ႔ခဲ့တယ္ ေမးမယ္။ ၿပီးရင္ က်ေနာ္တုိ႔ ျပန္လိုက္ေပါ့ အဲဒီပိုးရွိလူနာ Contact ေတြ ျပန္စစ္မယ္။ အဲလိုလုပ္သြားမယ္။”

ကိုဗစ္ ကူးစက္မႈအမ်ားစုဟာ ရန္ကုန္တုိင္းအတြင္းမွာ ျဖစ္ေနတာပါ။ ဒါေၾကာင့္ ရန္ကုန္တုိင္းအေျခအေနကို ကုိင္တြယ္ဖို႔ ကၽြမ္းက်င္ ေဆးပညာရွင္ေတြပါတဲ့ အဖြဲ႔ေတြ ထပ္ဖဲြ႔ၿပီး စတင္လုပ္ေဆာင္ေနၿပီလို႔ ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

“ က်ေနာ္က ဝန္ႀကီးဆိုၿပီး က်ေနာ္တေယာက္ထဲ လုပ္လို႔ မရပါဘူး။ အဲဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးရုံး ညႊန္ခ်ဳပ္ ဦးေဆာင္ၿပီးေတာ့ အဖဲြ႔တဖဲြ႔ ဖဲြ႔လုိက္တယ္။ ရန္ကုန္ အေျခအေနကို ကိုယ္တြယ္ဖို႔ေပါ့။ ေနာက္တခုက အျမန္ဆုံးကိုင္တြယ္ ေဆာင္ရြက္မယ့္ Rapid Response Team ေပါ့ ၃ ခုကို - ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ေရာဂါႏွိမ္နင္းေရး ၊ ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ကုသေရး၊ ညႊန္ၾကားေရးမႉး ေရာဂါႏွိမ္နင္းေရး ေခါင္းေဆာင္တဲ့ အဖဲြ႔ ၃ ဖြဲ႔ ဖဲြ႔လုိက္ပါတယ္။ ရန္ကုန္မွာရွိတဲ့ ကြာရမ္တင္း စင္တာေတြကို စီမံခန္႔ခဲြဖို႔ရယ္ ၊ ျပည္သူ႔က်န္းမာေရးကိစၥ ေတြကို လုပ္ဖို႔ရယ္ ေနာက္ၿပီး တခ်ဳိ႕ေသာ ေတာ္ရုံတန္ရုံကုသေရးမွာ အႀကံဉာဏ္ေတြ ေပးဖို႔ေပါ့ေလ .. က်ေနာ္ လႊတ္လိုက္ပါၿပီ။ ရန္ကုန္ကေတာ့ အဓိကျဖစ္ေနတာကိုး အဲဒါေၾကာင့္ပါ။ ရန္ကုန္တုိင္း က်န္းမာေရးဦးစီးမႉးကိုလည္း အမ်ားႀကီး အေထာက္အကူ ျပဳမွာပါ။”

က ြင္းဆက္ျဖတ္ကုသေရး နည္းဗ်ဴဟာအရ Contact Tracing လို႔ေခၚတဲ့ ကိုဗစ္ေရာဂါပုိးရွိသူေတြနဲ႔ ထိေတြ႕ခဲ့သူေတြကို ရွာေဖြ ေဖၚထုတ္ႏိုင္ေရးဟာ အေရးႀကီးၿပီး ၊ ဒီအတြက္ ျပည္သူေတြရဲ႕ ပူးေပါင္းကူညီမႈကလည္း အေရးပါေၾကာင္း က်န္းမာေရးဝန္ႀကီးက ေထာက္ျပပါတယ္။ အဲဒီလူေတြကို ေတြ႔ရွိမွသာ သူတို႔ကို ကြာရမ္တင္းဝင္ခုိင္းၿပီး ထိေရာက္စြာ ထိန္းခ်ဳပ္ ကုသမႈ ေပးႏိုင္မွာ ျဖစ္တယ္လို႔လည္း ေဆးပညာရွင္ေတြ ေျပာဆုိေနၾကပါတယ္ ။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ပိုးတွေ့သူတွေကို ကွင်းဆက်ဖြတ်၊နောက်ဆုံးပေါ်ကုထုံး မဟာဗြူဟာကျင့်သုံးမည် (ကျန်းမာရေးဝန်ကြီး)

(Unicode)

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းထဲ ကိုဗစ်ပိုး ကူးစက်မှုနဲ့ သေဆုံးမှုတွေ ရုတ်တရက် မြင့်တက်လာတာကြောင့် ဒီအခြေအနေကို ထိရောက်စွာ ပြန်လည်ထိန်းချုပ်နိုင်ဖို့ က ွင်းဆက်ဖြတ်ကုသရေး နောက်ဆုံးပေါ် နည်းဗျူဟာသစ်တရပ်ကို ချမှတ်ဆောင်ရွက် သွားမယ့်အကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ကြာသပတေးနေ့ တရက်ထဲမှာ ကိုဗစ်ကြောင့်သေဆုံးသူ (၁၄)ဦး ရှိပြီး၊ သောကြာနေ့ တရက်ထဲမှာ သေဆုံးသူပေါင်း (၁၀)ဦးရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ ခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း (၇၀)ရှိ သွားပါပြီ။ ကိုဗစ်ပိုး ကူးစက်ခဲ့သူစုစုပေါင်းကလည်း (၄၄၆၇)ဦး ရှိလာတဲ့အတွက် ပြည်သူတွေကြားမှာရော ကျန်းမာရေးပညာရှင်နဲ့ ဝန်ထမ်းတွေ ကြားမှာပါ စိုးရိမ်မှု မြင့်တက်လာတာပါ။

ဒီအခြေအနေကို ထိရောက်စွာ ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ က ွင်းဆက်ဖြတ်ကုသရေး နည်းဗျူဟာသစ်နဲ့ ဆောင်ရွက်သ ွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။

“ဒီအချိန်မှာ ကျနော်တို့ရဲ့ အဓိက Strategy မဟာဗျူဟာက ဘာလဲဆိုတော့ နံပါတ်(၁)- လွတ်နေတဲ့ ရောဂါဖြစ်နေတဲ့သူတွေကို ရှာဖွေမယ် Contact တွေပေါ့။ နံပါတ်(၂)- ဆေးရုံတက်သော လူနာများအားလုံး မသေဖို့ပေါ့ ၊ မသေဖို့ဆိုတာကတော့ ရောဂါအခံရှိတဲ့ လူတွေကတော့ double effect ရှိတာပေါ့။ သူတို့က နဂိုရောဂါအခံကြောင့်ရော နောက်ဝင်လာတဲ့ရောဂါလည်း ရှိတာပေါ့။ ဒါပေမဲ့ မသေဖို့ဆိုတာကတော့ ကျနော်တို့မှာရှိတဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပြီးတော့ အစွမ်းကုန် ကုသပေးနေပါတယ်။”

ကိုဗစ်ကူးစက်ထားတဲ့ လူတချို့နဲ့ သံသယလူနာတွေဟာ ကွာရမ်တင်းဝင်ဖို့ ၊ ကုသမှုခံယူဖို့ ရှောင်တိမ်းနေတာရှိပြီး သတင်း မပို့တာတွေလည်း ရှိနေတဲ့အတွက် ကူးစက်မှုက တစထက်စတ ပိုများလာတဲ့အပေါ် ပိုးကူးစက်လူနာတွေရဲ့ ကွင်းဆက်ကို ရှာဖွေ ဖေါ်ထုတ် ကုသပေးနိုင်ရေးက အရေးကြီးလာတယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

“ အဲဒီအတွက်ကို Contact Tracing ပေါ့လေ၊ လွတ်နေတဲ့သူတွေကို လိုက်ရှာနေရတယ်။ ရေခဲတုံးလိုပေါ့ ရေပေါ်မှာ ပေါ်နေတာပဲတွေ့ရတယ် ရေအောက်မှာ နစ်နေတဲ့ ရေခဲတုံးအပိုင်းက ရှိသေးတယ်။ ရေခဲတုံးက ၁၀ ပုံ ၁ ပုံပဲ ရေပေါ်မှာ ပေါ်တယ်။ ၁၀ ပုံမှာ ၉ ပုံက အောက်မှာ။ အဲဒီတော့ အောက်မှာဆိုတာက ဥပမာ ရခိုင်ဘက်က လာတဲ့သူတွေ ဒါမျိုးက ရေမျက်နှာပြင်အောက် ရောက်နေတာမျိုးပေါ့ ။ ကျနော်တို့ကတော့ ရသလောက် ဖေါ်ထုတ်နေတယ်။ သူတို့က သတင်းလာပို့ရမယ်။ ဘယ်သူနဲ့ ထိတွေ့ခဲ့တယ် မေးမယ်။ ပြီးရင် ကျနော်တို့ ပြန်လိုက်ပေါ့ အဲဒီပိုးရှိလူနာ Contact တွေ ပြန်စစ်မယ်။ အဲလိုလုပ်သွားမယ်။”

ကိုဗစ် ကူးစက်မှုအများစုဟာ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်နေတာပါ။ ဒါကြောင့် ရန်ကုန်တိုင်းအခြေအနေကို ကိုင်တွယ်ဖို့ ကျွမ်းကျင် ဆေးပညာရှင်တွေပါတဲ့ အဖွဲ့တွေ ထပ်ဖွဲ့ပြီး စတင်လုပ်ဆောင်နေပြီလို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

“ ကျနော်က ဝန်ကြီးဆိုပြီး ကျနော်တယောက်ထဲ လုပ်လို့ မရပါဘူး။ အဲဒါကြောင့် ကျန်းမာရေးဝန်ကြီးရုံး ညွှန်ချုပ် ဦးဆောင်ပြီးတော့ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ ရန်ကုန် အခြေအနေကို ကိုယ်တွယ်ဖို့ပေါ့။ နောက်တခုက အမြန်ဆုံးကိုင်တွယ် ဆောင်ရွက်မယ့် Rapid Response Team ပေါ့ ၃ ခုကို - ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရောဂါနှိမ်နင်းရေး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကုသရေး၊ ညွှန်ကြားရေးမှူး ရောဂါနှိမ်နင်းရေး ခေါင်းဆောင်တဲ့ အဖွဲ့ ၃ ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကွာရမ်တင်း စင်တာတွေကို စီမံခန့်ခွဲဖို့ရယ် ၊ ပြည်သူ့ကျန်းမာရေးကိစ္စ တွေကို လုပ်ဖို့ရယ် နောက်ပြီး တချို့သော တော်ရုံတန်ရုံကုသရေးမှာ အကြံဉာဏ်တွေ ပေးဖို့ပေါ့လေ .. ကျနော် လွှတ်လိုက်ပါပြီ။ ရန်ကုန်ကတော့ အဓိကဖြစ်နေတာကိုး အဲဒါကြောင့်ပါ။ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးကိုလည်း အများကြီး အထောက်အကူ ပြုမှာပါ။”

က ွင်းဆက်ဖြတ်ကုသရေး နည်းဗျူဟာအရ Contact Tracing လို့ခေါ်တဲ့ ကိုဗစ်ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေ ဖေါ်ထုတ်နိုင်ရေးဟာ အရေးကြီးပြီး ၊ ဒီအတွက် ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုကလည်း အရေးပါကြောင်း ကျန်းမာရေးဝန်ကြီးက ထောက်ပြပါတယ်။ အဲဒီလူတွေကို တွေ့ရှိမှသာ သူတို့ကို ကွာရမ်တင်းဝင်ခိုင်းပြီး ထိရောက်စွာ ထိန်းချုပ် ကုသမှု ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဆေးပညာရှင်တွေ ပြောဆိုနေကြပါတယ် ။

XS
SM
MD
LG