သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းျပန္ ျမန္မာကေလးငယ္မွာ ကိုဗစ္ေတြ႔ၿပီးတဲ့ေနာက္ ထိုင္းဘက္မွာ စစ္ေဆးေန


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ကုိယ္အပူခ်ိန္တိုင္းေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေမ၊ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

ေနရပ္ျပန္ ျမန္မာႏို္င္ငံသားတဦးရဲ႕ ကေလးငယ္မွာ ကုိဗစ္ကပ္ေရာဂါေတြ ရွိတာေၾကာင့္ဆုိျပီး ထိုင္းႏို္င္ငံသူတို႔ ေနထုိင္ခဲ့တဲ့ေတြမွာ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေနေၾကာင္း ထိုင္းႏိုင္ငံကပ္ေရာဂါထိန္းခ်ဳပ္ေရး အၾကီးအကဲကေျပာပါတယ္။ ဒီသတင္းကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ထားပါတယ္။

အိမ္နီးခ်င္းျမန္မာႏို္င္ငံမွာ ကပ္ေရာဂါပုိးျဖစ္ပြားမႈႏႈန္းေတြ ျမင့္တက္ေနတာေၾကာင့္ ထုိင္းအစိုးရက နယ္စပ္ေတြမွာ လံုျခံဳေရးေတြ ခ်ထားသလို က်န္းမာေရး၀န္ထမ္းေတြလည္း ပုိျပီးေစလႊတ္ထားပါတယ္။ ထုိင္းႏိုင္ငံကျပန္တဲ့ ျမန္မာႏို္င္ငံသား ကေလးငယ္တဦးမွာ ေရာဂါပိုးေတြ ရွိတယ္ဆုိတဲ့အေပၚမွာလည္း ထိုင္းအစုိးရကေတာ့ သူတို႔အေနနဲ႔ ကပ္ေရာဂါထိန္းခ်ဳပ္ေရး လုပ္ေဆာင္ေနမႈအေပၚမွာ ထုိင္းျပည္သူလူထုက ယံုႀကည္မႈအျပည့္ရွိတယ္လို႔လည္း ေျပာဆုိလိုက္ပါတယ္။

ထိုင္းႏိုင္ငံရဲ႕ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ညႊန္ၾကားေရးမွဴး ေဒါက္တာ Suwannachai Wattanayingcharoenchai က စက္တင္ဘာလ ၁၇ ရက္ေန ့ကသတင္းစာရွင္းလင္းပဲြအတြင္းမွာ အခုလိုေျပာသြားပါတယ္။

"ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ကိုဗစ္ေရာဂါကူးစက္ျပန္႔ပြားမႈက စိုးရိမ္စရာေကာင္းပါတယ္။ ျမန္မာက်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ခ်က္ကို ၾကည့္ရင္ ေရာဂါပုိးကူးစက္မႈေတြက ျမင့္တက္လာတယ္ ပုိဆုိးလာတယ္။ အိမ္နီးခ်င္းထိုင္းႏိုင္ငံအေနနဲ႔လည္း ဒါကုိေပါ့ဆလို႔ မရဘူး။ ဒါေၾကာင့္ ေရာဂါထိန္းခ်ဳပ္ေရးကို ဖိဖိစီးစီီးလုပ္ေဆာင္ေနပါတယ္။ အဓိကေတာ့ျမန္မာႏိုင္ငံကေန ထိုင္းထဲကုိ တရားမ၀င္၀င္ေရာက္လာေနတဲ့ ျမန္မာႏို္င္ငံသားေတြကို အေသးစိတ္က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေနတယ္။ စက္ရံု၊ အလုပ္ရံုအမ်ားအျပားရွိတဲ့ နယ္စပ္ေဒသေတြမွာလည္း က်န္းမာေရး၀န္ထမ္းေတြကုိ ပိုျပီးအားျဖည့္လုပ္ေဆာင္ေနပါတယ္။ ျမ၀တီမွာ positive ျဖစ္သြားတဲ့ ကေလးနဲ႔ ပတ္သက္ျပီးေတာ့ ကေလးမိဘေတြ ေနထုိင္သြားခဲ့တဲ့ေနရာေတြမွာ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေနပါတယ္။" ဆိုၿပီး ထိုင္းဘာသာနဲ႔ ေျပာသြားတာပါ။

ျမန္မာနိုင္ငံသားမိသားစုထဲက ႏွစ္ႏွစ္အရြယ္ကေလးငယ္မွာ COVID 19 ေရာဂါပိုး ကူးဆက္ပါလာေၾကာင္း ျမ၀တီအာဏာပိုင္ေတြကထုတ္ေဖာ္ေျပာဆုိခဲ့အျပီး ထိုင္းဘက္က ျမန္မာမိသားစုအလုပ္လုပ္ေနတဲ့ ထိုင္းနိုင္ငံ နေကာ္စီဌာမရ -စလဘူရီနဲ ့ အယုဒၵယျမိဳ႕ေတြကို က်န္းမာေရး၀န္ထမ္းေတြ ေစလႊတ္ျပီး စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာဘက္မွာ ကပ္ေရာဂါပုိးေတြ ရွိတယ္ဆုိတဲ့ ထုိင္းျပန္မိသားစုဟာ ၂၀၁၉ ရက္ေအာက္တုိဘာလကတည္းက ထိုင္းနိုင္ငံကို၀င္ေရာက္ အလုပ္လုပ္ကိုင္ေနၾကတဲ့ သူေတြျဖစ္ေၾကာင္းသူတို႔ မိသားစုဟာ ေဆးရံုမွာ တရား၀င္က်န္းမာေရး အာမခံနဲ႔ ေဆးစစ္မႈ လုပ္ေဆာင္ထားခဲ့ေၾကာင္း ထိုင္းဘက္က ထုတ္ျပန္သြားပါတယ္။ လက္ရွိမွာလည္း သူတို႔ အလုပ္လုပ္ခဲ့တဲ့ေနရာက သူတို႔နဲ႔ ထိေတြတဲ့သူေတြကိုလည္း ေဆးစစ္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ထုိင္းဘက္ကဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းပြန် မြန်မာကလေးငယ်မှာ ကိုဗစ်တွေ့ပြီးတဲ့နောက် ထိုင်းဘက်မှာ စစ်ဆေးနေ

နေရပ်ပြန် မြန်မာနိုင်ငံသားတဦးရဲ့ ကလေးငယ်မှာ ကိုဗစ်ကပ်ရောဂါတွေ ရှိတာကြောင့်ဆိုပြီး ထိုင်းနိုင်ငံသူတို့ နေထိုင်ခဲ့တဲ့တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေကြောင်း ထိုင်းနိုင်ငံကပ်ရောဂါထိန်းချုပ်ရေး အကြီးအကဲကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ထားပါတယ်။

အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကပ်ရောဂါပိုးဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေတာကြောင့် ထိုင်းအစိုးရက နယ်စပ်တွေမှာ လုံခြုံရေးတွေ ချထားသလို ကျန်းမာရေးဝန်ထမ်းတွေလည်း ပိုပြီးစေလွှတ်ထားပါတယ်။ ထိုင်းနိုင်ငံကပြန်တဲ့ မြန်မာနိုင်ငံသား ကလေးငယ်တဦးမှာ ရောဂါပိုးတွေ ရှိတယ်ဆိုတဲ့အပေါ်မှာလည်း ထိုင်းအစိုးရကတော့ သူတို့အနေနဲ့ ကပ်ရောဂါထိန်းချုပ်ရေး လုပ်ဆောင်နေမှုအပေါ်မှာ ထိုင်းပြည်သူလူထုက ယုံကြည်မှုအပြည့်ရှိတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကပ်ရောဂါထိန်းချုပ်ရေး ညွှန်ကြားရေးမှူး ဒေါက်တာ Suwannachai Wattanayingcharoenchai က စက်တင်ဘာလ ၁၇ ရက်နေ့ကသတင်းစာရှင်းလင်းပွဲအတွင်းမှာ အခုလိုပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုက စိုးရိမ်စရာကောင်းပါတယ်။ မြန်မာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို ကြည့်ရင် ရောဂါပိုးကူးစက်မှုတွေက မြင့်တက်လာတယ် ပိုဆိုးလာတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံအနေနဲ့လည်း ဒါကိုပေါ့ဆလို့ မရဘူး။ ဒါကြောင့် ရောဂါထိန်းချုပ်ရေးကို ဖိဖိစီးစီးလုပ်ဆောင်နေပါတယ်။ အဓိကတော့မြန်မာနိုင်ငံကနေ ထိုင်းထဲကို တရားမဝင်ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံသားတွေကို အသေးစိတ်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတယ်။ စက်ရုံ၊ အလုပ်ရုံအများအပြားရှိတဲ့ နယ်စပ်ဒေသတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေကို ပိုပြီးအားဖြည့်လုပ်ဆောင်နေပါတယ်။ မြဝတီမှာ positive ဖြစ်သွားတဲ့ ကလေးနဲ့ ပတ်သက်ပြီးတော့ ကလေးမိဘတွေ နေထိုင်သွားခဲ့တဲ့နေရာတွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေပါတယ်။" ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားတာပါ။

မြန်မာနိုင်ငံသားမိသားစုထဲက နှစ်နှစ်အရွယ်ကလေးငယ်မှာ COVID 19 ရောဂါပိုး ကူးဆက်ပါလာကြောင်း မြဝတီအာဏာပိုင်တွေကထုတ်ဖော်ပြောဆိုခဲ့အပြီး ထိုင်းဘက်က မြန်မာမိသားစုအလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ နကော်စီဌာမရ -စလဘူရီနဲ့ အယုဒ္ဒယမြို့တွေကို ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာဘက်မှာ ကပ်ရောဂါပိုးတွေ ရှိတယ်ဆိုတဲ့ ထိုင်းပြန်မိသားစုဟာ ၂၀၁၉ ရက်အောက်တိုဘာလကတည်းက ထိုင်းနိုင်ငံကိုဝင်ရောက် အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေဖြစ်ကြောင်းသူတို့ မိသားစုဟာ ဆေးရုံမှာ တရားဝင်ကျန်းမာရေး အာမခံနဲ့ ဆေးစစ်မှု လုပ်ဆောင်ထားခဲ့ကြောင်း ထိုင်းဘက်က ထုတ်ပြန်သွားပါတယ်။ လက်ရှိမှာလည်း သူတို့ အလုပ်လုပ်ခဲ့တဲ့နေရာက သူတို့နဲ့ ထိတွေတဲ့သူတွေကိုလည်း ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ထိုင်းဘက်ကဆိုပါတယ်။

XS
SM
MD
LG