[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူ ေနာက္ထပ္ ၂ ဦး ထပ္တိုးတဲ့အတြက္ စုစုေပါင္းေသဆံုးသူအေရအတြက္ အေယာက္ ၇၀ ရွိသြားပါၿပီ။
ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးမွာ ေဆးကုသမႈခံယူေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ အမ်ဳိးသမီး၊ လူနာအမွတ္ ၄,၀၅၉ ဟာ ဒီကေန႔မနက္ ၁၀ နာရီခြဲမွာ ကြယ္လြန္ခဲ့ၿပီးေတာ့ ရန္ကုန္အေရွ႕ပိုင္းေဆး႐ံုႀကီးမွာ အသက္ ၇၄ ႏွစ္အရြယ္ အမ်ဳိးသား၊ လူနာအမွတ္ ၃၉၉၄ ဟာ ဒီကေန႔မနက္ ၄ နာရီက ကြယ္လြန္သြားခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၅၃၄ ခုထဲမွာ ကိုဗစ္ေရာဂါ ကူးစက္တယ္လို႔ အတည္ျပဳသူ ေနာက္ထပ္ ၁၆၈ ဦး ထပ္ေတြ႔ပါတယ္။
ဒါေၾကင့္ အခုခ်ိန္ထိဆိုရင္ ျမန္မာတႏုိင္ငံလံုးမွာ ကိုဗစ္ေရာဂါကူးစက္သူေပါင္း ၄,၄၆၇ ဦး ရွိသြားၿပီျဖစ္ပါတယ္။
ေဆး႐ံုကေန ဆင္းခြင့္ရရွိသူကေတာ့ ၁၈၆ ဦး ထပ္တိုးတဲ့အတြက္ စုစုေပါင္း ၁,၁၃၀ ဦး ေဆး႐ံုေတြကေန ဆင္းသြားၾကၿပီးျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ညေန ၄ နာရီအခ်ိန္ထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံတဝန္း ေရာဂါပိုးကူးစက္သူေတြထဲ ရန္ကုန္တိုင္းက အမ်ားဆံုးျဖစ္ပါတယ္။
[Unicode Version]
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးထပ်တိုး၊ သေဆုံးသူ ၇၀ ရှိပြီ
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၂ ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်းသေဆုံးသူအရေအတွက် အယောက် ၇၀ ရှိသွားပါပြီ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး၊ လူနာအမှတ် ၄,၀၅၉ ဟာ ဒီကနေ့မနက် ၁၀ နာရီခွဲမှာ ကွယ်လွန်ခဲ့ပြီးတော့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ အသက် ၇၄ နှစ်အရွယ် အမျိုးသား၊ လူနာအမှတ် ၃၉၉၄ ဟာ ဒီကနေ့မနက် ၄ နာရီက ကွယ်လွန်သွားခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၅၃၄ ခုထဲမှာ ကိုဗစ်ရောဂါ ကူးစက်တယ်လို့ အတည်ပြုသူ နောက်ထပ် ၁၆၈ ဦး ထပ်တွေ့ပါတယ်။
ဒါကြေင့် အခုချိန်ထိဆိုရင် မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၄,၄၆၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဆေးရုံကနေ ဆင်းခွင့်ရရှိသူကတော့ ၁၈၆ ဦး ထပ်တိုးတဲ့အတွက် စုစုပေါင်း ၁,၁၃၀ ဦး ဆေးရုံတွေကနေ ဆင်းသွားကြပြီးဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း ရောဂါပိုးကူးစက်သူတွေထဲ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။