သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေရး တ႐ုတ္-ျမန္မာနယ္စပ္ တင္းၾကပ္မႈေၾကာင့္ ကုန္သြယ္ေရး ထိခိုက္


ကုန္တင္ကားတခ်ိဳ႕ကို တရုတ္ ျမန္မာနယ္စပ္ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕အနီးမွာ ေတြ႔ရ။ (ဧၿပီ ၂၀၊ ၂၀၁၉)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံနယ္စပ္ၿမိဳ႕ျဖစ္တဲ့ ေ႐ႊလီၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသား ၂ ေယာက္မွာ ကိုဗစ္ေရာဂါပိုးေတြ႔ခဲ့ၿပီးေနာက္ နယ္စပ္လုံၿခံဳေရး တုိးျမွင့္လုိက္တာေၾကာင့္ ကုန္သြယ္ေရးမွာ ထိခုိက္မႈေတြ ႀကံဳေနရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပပါမယ္။

တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါကူးစက္မႈကုိ ထိန္းခ်ဳပ္ဖုိ႔ ေရာဂါပုိးစစ္ေဆးမႈေတြ၊ တတ္ႏုိင္သမွ် အိမ္ျပင္မထြက္ဖုိ႔ ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားသလုိ၊ နယ္စပ္အ၀င္အထြက္ေတြကုိလည္း ထိန္းခ်ဳပ္လုိက္တာေၾကာင့္ ကုန္သြယ္မႈေတြမွာပါ ႐ုိက္ခတ္လာခဲ့တာပါ။ ေရႊလီၿမိဳ႕မွာ ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြ ျပန္လည္ အသက္၀င္လာတာေၾကာင့္ ျမန္မာကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းေတြ ကုန္တင္ဖို႔အတြက္ ခက္ခဲကုန္တယ္လို႔ မူဆယ္အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရးအသင္း ဥကၠ႒ ဦးဝင္းေအာင္ခန႔္က ေျပာပါတယ္။

“က်ေနာ္တို႔ အေပါက္ႀကီးကို လုံးဝေတာ့ မပိတ္ဘူး၊ ဒါေပမဲ့ ကားအဝင္အထြက္လည္း နည္းသြားတာေပါ့ဗ်ာ၊ က်ယ္ေဂါင္နဲ႔ ေ႐ႊလီမွာ က်ေနာ္တို႔ ဒီ ေ႐ႊလီလည္း သြားလို႔မရဘူး ကုန္သြားခ်လို႔လည္းမရဘူး၊ ၿပီးေတာ့ အလုပ္သမားေတြ စုစု၊ စုစုနဲ႔ ကုန္တင္လို႔လည္း မရဘူးဆိုေတာ့ က်ေနာ္တို႔ ဒီရက္ပိုင္းကေတာ့ နည္းတာေပါ့ဗ်ာ၊ မရွိသေလာက္ကို နည္းတာ။”

လူဦးေရ ၂၀၀,၀၀၀ ေက်ာ္ ရွိတဲ့ ေ႐ႊလီၿမိဳ႕ကို တပတ္ေလာက္ ပိတ္ထားမယ္လို႔လည္း ယူနန္ျပည္နယ္အစိုးရက ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက သတင္းစာ ရွင္းလင္းပြဲလုပ္ခဲ့ၿပီးေနာက္ပိုင္း မူဆယ္နယ္စပ္ဂိတ္ေတြ ကုန္ကားအဝင္အထြက္ မရွိသေလာက္ျဖစ္သြားတာပါ။ ျပည္တြင္းမွာ ေရာဂါကူးစက္မႈေတြ တိုးလာႏိုင္ေျခရွိလို႔ နယ္စပ္မွာ ေရာဂါထိန္းခ်ဳပ္ေရးေတြကို ပူးေပါင္းလုပ္ေဆာင္သြားမယ္ဆိုၿပီး တ႐ုတ္သံ႐ုံးတာဝန္ရွိသူကေတြက ျမန္မာအစိုးရ က်န္းမာေရးဌာနနဲ႔ တနလၤာေန႔မွာ ေတြ႕ဆုံၿပီး ေျပာခဲ့တာျဖစ္ပါတယ္။

ေလာက္ကိုင္နဲ႔ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္ေတြဘက္မွာေတာ့ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရး ဗဟိုေကာ္မတီဆုံးျဖတ္ခ်က္နဲ႔ ဒီေန႔ စက္တင္ဘာ ၁၈ ရက္ကစၿပီး ပိတ္လိုက္ပါတယ္။ ျမန္မာကားေတြကို ကိုးကန႔္ေဒသဘက္ အလာမခံေတာ့ေပမဲ့ တ႐ုတ္ကားေတြကိုေတာ့ အဝင္ခံေနတဲ့အေပၚ ကုန္သည္ေတြက ေဝဖန္ေနၾကပါတယ္။

ဒါေတြမွ်မွ်တတရွိေအာင္ အစိုးရနယ္စပ္ကုန္သြယ္ေရးက ေျဖရွင္းေပးသင့္တယ္လို႔ ကြမ္းလုံ- ဟိုပန္- ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးအသင္း အတြင္းေရးမႉး ေဒၚၾကဴၾကဴကေျပာပါတယ္။

“အဆင္မေျပဘူးေလ၊ ကုန္သြယ္ေရး ဘယ္လိုအဆင္ေျပမလဲ သူတို႔က သံတံတားကေန တ႐ုတ္ဘက္ကို ေပးဝင္တယ္တဲ့၊ တ႐ုတ္ျပည္က ကားေတြက ဝင္လာေရာ ျမန္မာျပည္ကားက် မေပးဝင္ဘူးတဲ့၊ ေပးထြက္တယ္ မေပးဝင္ဘူးဆိုရင္ ဘာထူးမွာတုန္း။ သူတို႔ အေၾကာင္းျပခ်က္က လူဝင္လူထြက္မ်ားတယ္ ကားဆရာေတြ ေျပာစကားနားမေထာင္ဘူး၊ လူစုလူေဝး လုပ္တယ္ဆိုရင္ သူတို႔ေလာင္းကစားဝိုင္းက် ဘာလို႔မေျပာတုန္း။”

ေရာဂါထိန္းခ်ဳပ္ေရးလုပ္ေနလို႔ မူဆယ္- ေ႐ႊလီဂိတ္ေတြကို ပိတ္ထားရေပမဲ့ ခ်င္းေ႐ႊေဟာ္နဲ႔ ေလာက္ကိုင္နယ္စပ္ဂိတ္ေတြ အေၾကာင္းျပခ်က္ မခိုင္လုံဘဲ ပိတ္တာက ျပည္တြင္းက ေရထြက္ကုန္နဲ႔ စိုက္ပ်ိဳးေရးကုန္စည္ေတြအတြက္ အခက္အခဲျဖစ္သြားတယ္လို႔ လားရႈိးစက္မႈကုန္သည္အသင္းရဲ႕ အတြင္းေရးမႉး နန္းေအးစိန္က ေျပာပါတယ္။

“ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရဲ႕ အစိုးရအဖြဲ႕ေပါ့ေနာ္၊ သူတို႔ကေနၿပီး အဝင္အထြက္မလုပ္ရဘူး သူတို႔ခ်င္းေ႐ႊေဟာ္ၿမိဳ႕ကို lockdown ခ်လိုက္တဲ့သေဘာ ျဖစ္တာေပါ့ေနာ္။ အျပင္မွာေတာ့ သူတို႔ရဲ႕ေဒသ က်န္းမာေရး လုံၿခဳံမႈအတြက္လို႔ေတာ့ ေျပာၾကတယ္ အခ်င္းခ်င္း။ ဒီေတာ့ က်မက အႀကံေပးတယ္၊ လက္ရွိက်မတို႔ ေ႐ႊလီအေပါက္လည္း ပိတ္ထားတယ္ ဆိုေတာ့ေလ။ ကုန္သည္ေတြကလည္း ဒီအေပါက္ကေလး တခုပဲက်န္ေတာ့တာေပါ့၊export ေရာ၊ import ေရာေပါ့။ ေတာ္ေတာ္မ်ားမ်ားက ဒီအေပါက္ကေလးပဲ အားကိုးၿပီး သြားေနၾကတယ္ဆိုေတာ့ က်မတို႔ရဲ႕ စိုက္ပ်ိဳးေရးပစၥည္းေတြ ရွိမယ္၊ စားသုံးကုန္ေတြ ရွိမယ္၊ ကသီလင္တေတာ့ ျဖစ္ကုန္တာေပါ့ေနာ္။ က်မတို႔ ခ်င္းေ႐ႊေဟာ္ ၿမိဳ႕အဝင္ကိုလည္း ဒါ႐ိုင္ဘာ ခ်ိန္းၿပီးသြားရင္ေကာ အဆင္ေျပမလား။ သူတို႔ ကိုးကန႔္ေဒသအတြက္လည္း အဆင္ေျပမယ္ အဲလိုေတာ့ အႀကံေပးထားပါတယ္ရွင့္။”

ကုန္သည္ေတြကေတာ့ တ႐ုတ္ဘက္အျခမ္းေရာ၊ ျမန္မာဘက္အျခမ္းပါ လိုတာထက္ပိုၿပီး ကပ္ေရာဂါကာကြယ္ေရး ထိန္းခ်ဳပ္မႈေတြလုပ္လာမွာ စိုးရိမ္ၾကလို႔ ေျပာပါတယ္။ ရွမ္းျပည္နယ္ အေရွ႕ပိုင္း ျမန္မာ- ထိုင္းနယ္စပ္ တာခ်ီလိတ္- မယ္ဆိုင္နယ္စပ္ဂိတ္မွာေတာ့ တရက္ကို ကုန္ကား ေျခာက္ စီးပဲ အျပန္အလွန္ခြင့္ျပဳဖို႔ စက္တင္ဘာ ၁၇ ရက္ကစၿပီး ညႇိႏႈိင္းထားၾကပါတယ္။

ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာန စာရင္းအရဆိုရင္ ၂၀၁၉ ကေန ၂၀၂၀ ဇူလိုင္လအထိ မူဆယ္နယ္စပ္ဂိတ္ ကုန္သြယ္မႈ ပမာဏက အေမရိကန္ေဒၚလာ သန္း ၄,၁၀၀ ေက်ာ္ရွိၿပီး၊ ခ်င္းေ႐ႊေဟာ္ဂိတ္ကေတာ့ အေမရိကန္ေဒၚလာ သန္း ၄၅၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ရေး တရုတ်-မြန်မာနယ်စပ် တင်းကြပ်မှုကြောင့် ကုန်သွယ်ရေး ထိခိုက်

တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ပြီးနောက် နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်တာကြောင့် ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ရောဂါပိုးစစ်ဆေးမှုတွေ၊ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားသလို၊ နယ်စပ်အဝင်အထွက်တွေကိုလည်း ထိန်းချုပ်လိုက်တာကြောင့် ကုန်သွယ်မှုတွေမှာပါ ရိုက်ခတ်လာခဲ့တာပါ။ရွှေလီမြို့မှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ ပြန်လည် အသက်ဝင်လာတာကြောင့် မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ကုန်တင်ဖို့အတွက် ခက်ခဲကုန်တယ်လို့ မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

“ကျနော်တို့ အပေါက်ကြီးကို လုံးဝတော့ မပိတ်ဘူး၊ ဒါပေမဲ့ ကားအဝင်အထွက်လည်း နည်းသွားတာပေါ့ဗျာ၊ ကျယ်ဂေါင်နဲ့ ရွှေလီမှာ ကျနော်တို့ ဒီ ရွှေလီလည်း သွားလို့မရဘူး ကုန်သွားချလို့လည်းမရဘူး၊ ပြီးတော့ အလုပ်သမားတွေ စုစု၊ စုစုနဲ့ ကုန်တင်လို့လည်း မရဘူးဆိုတော့ ကျနော်တို့ ဒီရက်ပိုင်းကတော့ နည်းတာပေါ့ဗျာ၊ မရှိသလောက်ကို နည်းတာ။”

လူဦးရေ ၂၀၀,၀၀၀ ကျော် ရှိတဲ့ ရွှေလီမြို့ကို တပတ်လောက် ပိတ်ထားမယ်လို့လည်း ယူနန်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပြီးနောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်တွေ ကုန်ကားအဝင်အထွက် မရှိသလောက်ဖြစ်သွားတာပါ။ ပြည်တွင်းမှာ ရောဂါကူးစက်မှုတွေ တိုးလာနိုင်ခြေရှိလို့ နယ်စပ်မှာ ရောဂါထိန်းချုပ်ရေးတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုပြီး တရုတ်သံရုံးတာဝန်ရှိသူကတွေက မြန်မာအစိုးရ ကျန်းမာရေးဌာနနဲ့ တနင်္လာနေ့မှာ တွေ့ဆုံပြီး ပြောခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေဘက်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီဆုံးဖြတ်ချက်နဲ့ ဒီနေ့ စက်တင်ဘာ ၁၈ ရက်ကစပြီး ပိတ်လိုက်ပါတယ်။ မြန်မာကားတွေကို ကိုးကန့်ဒေသဘက် အလာမခံတော့ပေမဲ့ တရုတ်ကားတွေကိုတော့ အဝင်ခံနေတဲ့အပေါ် ကုန်သည်တွေက ဝေဖန်နေကြပါတယ်။

ဒါတွေမျှမျှတတရှိအောင် အစိုးရနယ်စပ်ကုန်သွယ်ရေးက ဖြေရှင်းပေးသင့်တယ်လို့ ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအသင်း အတွင်းရေးမှူး ဒေါ်ကြူကြူကပြောပါတယ်။

“အဆင်မပြေဘူးလေ၊ ကုန်သွယ်ရေး ဘယ်လိုအဆင်ပြေမလဲ သူတို့က သံတံတားကနေ တရုတ်ဘက်ကို ပေးဝင်တယ်တဲ့၊ တရုတ်ပြည်က ကားတွေက ဝင်လာရော မြန်မာပြည်ကားကျ မပေးဝင်ဘူးတဲ့၊ ပေးထွက်တယ် မပေးဝင်ဘူးဆိုရင် ဘာထူးမှာတုန်း။ သူတို့ အကြောင်းပြချက်က လူဝင်လူထွက်များတယ် ကားဆရာတွေ ပြောစကားနားမထောင်ဘူး၊ လူစုလူဝေး လုပ်တယ်ဆိုရင် သူတို့လောင်းကစားဝိုင်းကျ ဘာလို့မပြောတုန်း။”

ရောဂါထိန်းချုပ်ရေးလုပ်နေလို့ မူဆယ်- ရွှေလီဂိတ်တွေကို ပိတ်ထားရပေမဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင်နယ်စပ်ဂိတ်တွေ အကြောင်းပြချက် မခိုင်လုံဘဲ ပိတ်တာက ပြည်တွင်းက ရေထွက်ကုန်နဲ့ စိုက်ပျိုးရေးကုန်စည်တွေအတွက် အခက်အခဲဖြစ်သွားတယ်လို့ လားရှိုးစက်မှုကုန်သည်အသင်းရဲ့ အတွင်းရေးမှူး နန်းအေးစိန်က ပြောပါတယ်။

“ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အစိုးရအဖွဲ့ပေါ့နော်၊ သူတို့ကနေပြီး အဝင်အထွက်မလုပ်ရဘူး သူတို့ချင်းရွှေဟော်မြို့ကို lockdown ချလိုက်တဲ့သဘော ဖြစ်တာပေါ့နော်။ အပြင်မှာတော့ သူတို့ရဲ့ဒေသ ကျန်းမာရေး လုံခြုံမှုအတွက်လို့တော့ ပြောကြတယ် အချင်းချင်း။ ဒီတော့ ကျမက အကြံပေးတယ်၊ လက်ရှိကျမတို့ ရွှေလီအပေါက်လည်း ပိတ်ထားတယ် ဆိုတော့လေ။ ကုန်သည်တွေကလည်း ဒီအပေါက်ကလေး တခုပဲကျန်တော့တာပေါ့၊export ရော၊ import ရောပေါ့။ တော်တော်များများက ဒီအပေါက်ကလေးပဲ အားကိုးပြီး သွားနေကြတယ်ဆိုတော့ ကျမတို့ရဲ့ စိုက်ပျိုးရေးပစ္စည်းတွေ ရှိမယ်၊ စားသုံးကုန်တွေ ရှိမယ်၊ ကသီလင်တတော့ ဖြစ်ကုန်တာပေါ့နော်။ ကျမတို့ ချင်းရွှေဟော် မြို့အဝင်ကိုလည်း ဒါရိုင်ဘာ ချိန်းပြီးသွားရင်ကော အဆင်ပြေမလား။ သူတို့ ကိုးကန့်ဒေသအတွက်လည်း အဆင်ပြေမယ် အဲလိုတော့ အကြံပေးထားပါတယ်ရှင့်။”

ကုန်သည်တွေကတော့ တရုတ်ဘက်အခြမ်းရော၊ မြန်မာဘက်အခြမ်းပါ လိုတာထက်ပိုပြီး ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်မှုတွေလုပ်လာမှာ စိုးရိမ်ကြလို့ ပြောပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်- မယ်ဆိုင်နယ်စပ်ဂိတ်မှာတော့ တရက်ကို ကုန်ကား ခြောက် စီးပဲ အပြန်အလှန်ခွင့်ပြုဖို့ စက်တင်ဘာ ၁၇ ရက်ကစပြီး ညှိနှိုင်းထားကြပါတယ်။

မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းအရဆိုရင် ၂၀၁၉ ကနေ ၂၀၂၀ ဇူလိုင်လအထိ မူဆယ်နယ်စပ်ဂိတ် ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ သန်း ၄,၁၀၀ ကျော်ရှိပြီး၊ ချင်းရွှေဟော်ဂိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်ရှိနေပါတယ်။

XS
SM
MD
LG