သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊလီေရာက္ အေထာက္အထားမဲ့ျမန္မာလူမ်ိဳးေတြကို တ႐ုတ္လဲႊေျပာင္း


တ႐ုတ္ ျမန္မာနယ္စပ္ရွိ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕ စစ္ေဆးေရးဂိတ္ ျမင္ကြင္း။ (ဇန္န၀ါရီ ၁၂၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာနယ္စပ္ တ႐ုတ္ႏိုင္ငံ ေရႊလီၿမိဳ႕က ျမန္မာေရႊ႕ေျပာင္းလုပ္သား ႏွစ္ဦးမွာ ကိုဗစ္ေရာဂါပိုး စမ္းသပ္ေတြ႕ရွိၿပီးတဲ့ေနာက္ အေထာက္အထားမရွိတဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြကို တ႐ုတ္တာဝန္ရွိေတြက နယ္စပ္ဂိတ္ကဆင့္ လႊဲေျပာင္းေပးေနတယ္ဆုိတဲ့ သတင္းကို တင္ျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ေ႐ႊလီၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသား ႏွစ္ေယာက္မွာ ကိုဗစ္ေရာဂါပိုးေတြ႔ရွိၿပီးတဲ့ ေနာက္္ တ႐ုတ္အာဏာပိုင္ေတြက ေရႊလီၿမိဳ႕ အသြားအလာနဲဲ႔ အဝင္အထြက္ေတြကို ကန္႔သတ္ထားၿပီး တစ္ပတ္ၾကာ ေလာ့ေဒါင္းခ်လိုက္ပါတယ္။

ဒါ့အျပင္ ေရႊလီၿမိဳ႕က လူဦးေရ ၆၀,၀၀၀ ေက်ာ္ကိုလည္း ေရာဂါပိုးဓါတ္ခဲြစမ္းသပ္ စစ္ေဆးခဲ့ပါတယ္။ အားလံုးစစ္ေဆးၿပီးသေလာက္ အရင္ေတြ႕ထားတဲ့ ျမန္မာႏွစ္ဦးက လဲြလိို႔ ေရႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူ အသစ္မေတြ႕ထားဘူးလို႔ ေရႊလီအာဏာပိုင္ေတြက ေျပာထားပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံတြင္း ေနထိုင္လုပ္ကိုင္ခြင့္အေထာက္အထားမရွိတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း လိုအပ္တဲ့ က်န္းမာေရးအေျခအေနကို စစ္ေဆးၿပီး တရားဝင္ျပန္လႊဲေပးေနတယ္လို႔ေ႐ႊလီၿမိဳ႕မွာရွိတဲ့ ျမန္မာလုပ္သား ကိုေနမင္းၿဖိဳးက VOA ကို ေျပာပါတယ္။

“ဟုတ္တယ္၊ ဟုတ္တယ္။ အဲ့လိုမ်ဳိး စာအုပ္အနီတို႔၊ အစိမ္းတို႔ ဘာမွမရွိတဲ့သူေတြ ျပန္ပို႔ေပးတယ္ ေျပာတယ္။ ၿပီးေတာ့ ျပန္မယ္ဆိုလို႔ရွိရင္ အဲ့က တရားဝင္ျပန္လႊတ္ေပးတယ္။ အဲ့လိုမ်ဳိး၊ ဒီေန႔က စၿပီး သူတို႔ အဲ့လိုမ်ဳိးျပန္လႊတ္တယ္ အဲ့လိုမ်ဳိးေတြေပါ့။”

တ႐ုတ္ႏိုင္ငံဘက္က ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြကို က်န္းမာေရးအေျခအေန ေသခ်ာစစ္ေဆးၿပီး ျပန္ပို႔ေပးေနတာပါ။ ဒါေပမဲ့ ျမန္မာဘက္က တင္းၾကပ္မႈေတြ ရွိေနတယ္လို႔ ေရႊလီက ျမန္မာပရဟိတအဖြဲ႔ ခြန္မင္းသန္းက အခုလိုေျပာပါတယ္။

“တ႐ုတ္ဘက္က သူတို႔လိုတာေလးေတြ သူတို႔ ေသခ်ာေဆာင္ရြက္ေပးတယ္၊ ဒီက်န္းမာေရးေရာ သူတို႔အကုန္လံုးေပါ့ သူတို႔လိုအပ္တာေတြ အကုန္လံုးျဖည့္ဆီၿပီးမွ ဒီကို ျပန္ပို႔ေပးတယ္။ ေသေသခ်ာခ်ာေပါ့ ဂ႐ုတစိုက္ျပန္ပို႔ေပးတယ္။ ဒီျမန္မာျပည္ေရာက္မွပဲ ျမန္မာျပည္ကဟာေတြ ဟိုေတာင္းလိုက္ ဒီဟာေတာင္းလိုက္နဲ႔ အခုလည္း သူတို႔ဘာလဲ ေဆးစစ္စာရြက္ေတြေလး တ႐ုတ္ျပည္က ေဆးစစ္ထားတဲ့ အေျခအေနေကာင္းတဲ့ စာရြက္ အဲ့စာရြက္ သူတု႔ိကို ျပန္မေပးဘူးလို႔ သတင္းၾကားထားတယ္၊ အဲ့ဒါ သူတို႔ကို ေမးၾကည့္ေတာ့ ဘာစာရြက္ စာတမ္းမွ မေပးဘူးတဲ့။”

မူဆယ္ခ႐ုိင္ အုပ္ခ်ဳပ္ေရး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္သန္းကေတာ့ တ႐ုတ္ႏိုင္ငံကေန ျပန္လာတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြကို ကုန္က်စရိတ္ေကာက္ခံတာ မရွိဘဲ က်န္းမာေရးေစာင့္ေရွာက္ဖို႔ လုိအပ္တာေတြ သက္ဆိုင္ရာဌာနက စီစဥ္ေဆာင္ထားေၾကာင္း ဆုိပါတယ္။

တရားမဝင္လမ္းေၾကာင္းကေန ခိုးဝင္ခိုးထြက္မရွိေစဖို႔ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ၿပီး၊ တရားမဝင္ျမန္မာႏိုင္ငံသားေတြ စစ္ေဆးေတြ႔ရွိရင္လည္း နန္းေတာ္ဝင္ေပါက္ကေနဆင့္ ျပန္လႊဲေပးဖို႔ တ႐ုတ္အာဏာပိုင္ေတြကို အေၾကာင္းၾကားထားတယ္လို႔ ဦးေမာင္ေမာင္သန္းက VOA ကို ဆက္ေျပာပါတယ္။

“လႊဲေျပာင္းတယ္ဆုိတာ သူတို႔ဘက္ကပဲ က်ေနာ္ဘက္ကို ကမ္းလွမ္းရင္ က်ေနာ္တို႔က သက္ဆိုင္ရာျပည္နယ္အစိုးရအဖြဲ႕ကို တင္ျပ၊ ေနာက္လဝက ဥပေဒအရဆိုရင္ လဝက ကေနၿပီးေတာ့ လက္ခံႏိုင္မယ့္ရက္ေပါ့၊ သူတို႔လႊဲမယ့္ ရက္ကို နန္းေတာ္ေပါက္ကေနၿပီးေတာ့ က်န္းမာေရးစိစစ္ၿပီးေတာ့ ျပန္လႊဲေပးေျပာင္းလက္ခံတာေပါ့ဗ်။ လႊဲေျပာင္းလက္ခံတယ္၊ ၿပီးလိုရွိရင္ က်ေနာ္ဆီမွာ အဲ့လူေတြကို ကြာရန္တင္းထားတာေပါ့၊ Quarantine ဆိုတာ ျပည္ေထာင္စုအားကစားကြင္းမွာ Quarantine ထားတယ္၊ ၿပီးေတာ့ က်န္းမာေရးစိစစ္တယ္၊ swab ယူတယ္ေပါ့ေနာ္၊ အဲ့ဒီမွာမွ Swab ယူၿပီးတဲ့အခါမွာ က်န္းမာေရးေကာင္းတယ္၊ clear ျဖစ္တယ္ေပါ့ေနာ္၊ negative ျပတယ္ဆိုမွ ေဒသအသီးသီးကို ျပန္လႊတ္တာေပါ့။”

နယ္စပ္ဂိတ္ေတြကေန ျမန္မာႏိုင္ငံကို ျပန္ဝင္လာတဲ့ အလုပ္သမားေတြကို ျမန္မာျပည္ဘက္အျခမ္း လုံၿခဳံေရးတာဝန္ရွိသူေတြက ေငြေၾကးေကာက္ခံတာေတြမလုပ္ဖို႔နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ အျပည့္အဝကူညီေပးဖို႔ လိုလားတယ္လို႔ ျမန္မာလုပ္သားေတြက VOA ကို ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ ႀကီးထြားလာေနတာေၾကာင့္ တ႐ုတ္ႏုိင္ငံ အပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံတခ်ဳိ႕က နယ္စပ္ေဒသေတြမွာ က်န္းမာေရးအတြက္ တင္းတင္းက်ပ္က်ပ္ ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။

ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕စက္တင္ဘာ ၁၆ ရက္ေန႔ အေစာပုိင္းအထိ ထုတ္ျပန္ခ်က္အရ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၉ေယာက္ အပါအ၀င္ ေရာဂါကူးစက္သူ ၃,၆၀၀ ေက်ာ္ ရွိေၾကာင္း အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွှေလီရောက် အထောက်အထားမဲ့မြန်မာလူမျိုးတွေကို တရုတ်လွဲှပြောင်း

မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့က မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးမှာ ကိုဗစ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီးတဲ့နောက် အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရုတ်တာဝန်ရှိတွေက နယ်စပ်ဂိတ်ကဆင့် လွှဲပြောင်းပေးနေတယ်ဆိုတဲ့ သတင်းကို တင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရွှေလီမြို့ရောက်မြန်မာနိုင်ငံသား နှစ်ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးတဲ့ နောက် တရုတ်အာဏာပိုင်တွေက ရွှေလီမြို့ အသွားအလာနဲ့ အဝင်အထွက်တွေကို ကန့်သတ်ထားပြီး တစ်ပတ်ကြာ လော့ဒေါင်းချလိုက်ပါတယ်။

ဒါ့အပြင် ရွှေလီမြို့က လူဦးရေ ၆၀,၀၀၀ ကျော်ကိုလည်း ရောဂါပိုးဓါတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပါတယ်။ အားလုံးစစ်ဆေးပြီးသလောက် အရင်တွေ့ထားတဲ့ မြန်မာနှစ်ဦးက လွဲလို့ ရွှေလီမြို့မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ အသစ်မတွေ့ထားဘူးလို့ ရွှေလီအာဏာပိုင်တွေက ပြောထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံတွင်း နေထိုင်လုပ်ကိုင်ခွင့်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လိုအပ်တဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး တရားဝင်ပြန်လွှဲပေးနေတယ်လို့ရွှေလီမြို့မှာရှိတဲ့ မြန်မာလုပ်သား ကိုနေမင်းဖြိုးက VOA ကို ပြောပါတယ်။

“ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့လိုမျိုး စာအုပ်အနီတို့၊ အစိမ်းတို့ ဘာမှမရှိတဲ့သူတွေ ပြန်ပို့ပေးတယ် ပြောတယ်။ ပြီးတော့ ပြန်မယ်ဆိုလို့ရှိရင် အဲ့က တရားဝင်ပြန်လွှတ်ပေးတယ်။ အဲ့လိုမျိုး၊ ဒီနေ့က စပြီး သူတို့ အဲ့လိုမျိုးပြန်လွှတ်တယ် အဲ့လိုမျိုးတွေပေါ့။”

တရုတ်နိုင်ငံဘက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးအခြေအနေ သေချာစစ်ဆေးပြီး ပြန်ပို့ပေးနေတာပါ။ ဒါပေမဲ့ မြန်မာဘက်က တင်းကြပ်မှုတွေ ရှိနေတယ်လို့ ရွှေလီက မြန်မာပရဟိတအဖွဲ့ ခွန်မင်းသန်းက အခုလိုပြောပါတယ်။

“တရုတ်ဘက်က သူတို့လိုတာလေးတွေ သူတို့ သေချာဆောင်ရွက်ပေးတယ်၊ ဒီကျန်းမာရေးရော သူတို့အကုန်လုံးပေါ့ သူတို့လိုအပ်တာတွေ အကုန်လုံးဖြည့်ဆီပြီးမှ ဒီကို ပြန်ပို့ပေးတယ်။ သေသေချာချာပေါ့ ဂရုတစိုက်ပြန်ပို့ပေးတယ်။ ဒီမြန်မာပြည်ရောက်မှပဲ မြန်မာပြည်ကဟာတွေ ဟိုတောင်းလိုက် ဒီဟာတောင်းလိုက်နဲ့ အခုလည်း သူတို့ဘာလဲ ဆေးစစ်စာရွက်တွေလေး တရုတ်ပြည်က ဆေးစစ်ထားတဲ့ အခြေအနေကောင်းတဲ့ စာရွက် အဲ့စာရွက် သူတု့ိကို ပြန်မပေးဘူးလို့ သတင်းကြားထားတယ်၊ အဲ့ဒါ သူတို့ကို မေးကြည့်တော့ ဘာစာရွက် စာတမ်းမှ မပေးဘူးတဲ့။”

မူဆယ်ခရိုင် အုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ တရုတ်နိုင်ငံကနေ ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကုန်ကျစရိတ်ကောက်ခံတာ မရှိဘဲ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်တာတွေ သက်ဆိုင်ရာဌာနက စီစဉ်ဆောင်ထားကြောင်း ဆိုပါတယ်။

တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်ခိုးထွက်မရှိစေဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ပြီး၊ တရားမဝင်မြန်မာနိုင်ငံသားတွေ စစ်ဆေးတွေ့ရှိရင်လည်း နန်းတော်ဝင်ပေါက်ကနေဆင့် ပြန်လွှဲပေးဖို့ တရုတ်အာဏာပိုင်တွေကို အကြောင်းကြားထားတယ်လို့ ဦးမောင်မောင်သန်းက VOA ကို ဆက်ပြောပါတယ်။

“လွှဲပြောင်းတယ်ဆိုတာ သူတို့ဘက်ကပဲ ကျနော်ဘက်ကို ကမ်းလှမ်းရင် ကျနော်တို့က သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကို တင်ပြ၊ နောက်လဝက ဥပဒေအရဆိုရင် လဝက ကနေပြီးတော့ လက်ခံနိုင်မယ့်ရက်ပေါ့၊ သူတို့လွှဲမယ့် ရက်ကို နန်းတော်ပေါက်ကနေပြီးတော့ ကျန်းမာရေးစိစစ်ပြီးတော့ ပြန်လွှဲပေးပြောင်းလက်ခံတာပေါ့ဗျ။ လွှဲပြောင်းလက်ခံတယ်၊ ပြီးလိုရှိရင် ကျနော်ဆီမှာ အဲ့လူတွေကို ကွာရန်တင်းထားတာပေါ့၊ Quarantine ဆိုတာ ပြည်ထောင်စုအားကစားကွင်းမှာ Quarantine ထားတယ်၊ ပြီးတော့ ကျန်းမာရေးစိစစ်တယ်၊ swab ယူတယ်ပေါ့နော်၊ အဲ့ဒီမှာမှ Swab ယူပြီးတဲ့အခါမှာ ကျန်းမာရေးကောင်းတယ်၊ clear ဖြစ်တယ်ပေါ့နော်၊ negative ပြတယ်ဆိုမှ ဒေသအသီးသီးကို ပြန်လွှတ်တာပေါ့။”

နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ အလုပ်သမားတွေကို မြန်မာပြည်ဘက်အခြမ်း လုံခြုံရေးတာဝန်ရှိသူတွေက ငွေကြေးကောက်ခံတာတွေမလုပ်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝကူညီပေးဖို့ လိုလားတယ်လို့ မြန်မာလုပ်သားတွေက VOA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြီးထွားလာနေတာကြောင့် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က နယ်စပ်ဒေသတွေမှာ ကျန်းမာရေးအတွက် တင်းတင်းကျပ်ကျပ် စောင့်ကြည့်စစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့စက်တင်ဘာ ၁၆ ရက်နေ့ အစောပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၉ယောက် အပါအဝင် ရောဂါကူးစက်သူ ၃,၆၀၀ ကျော် ရှိကြောင်း အတည်ပြုထားပါတယ်။

XS
SM
MD
LG