သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေ ကိုဗစ်ကာကွယ်ရေးစည်းကမ်းလိုက်နာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - စက်တင်ဘာ ၁၄၊ ၂၀၂၀)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Myanmar State Counsellor Office - စက်တင်ဘာ ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးသစ်တွေ့သူ ရုတ်တရက်မြင့်တက်လာနေချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပြည်သူတွေ ကာကွယ်ရေး စည်းကမ်း လိုက်နာဖို့ တစ်ခုထဲကိုသာ အဓိကမှာလိုကြောင်း အင်္ဂါနေ့ညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“တရားခံလည်း မရှာပါနဲ့။ ဘယ်သူ့ကြောင့်ဖြစ်တာဆိုတာ ဒါက စဉ်းစားစရာမဟုတ်ပါဘူး။ ဖြစ်ပြီးလို့ရှိရင် ဒါကို ကျမတို့ အကောင်းဆုံးထိန်းမလဲဆိုတာကို အာရုံစိုက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ ပြည်သူတွေအနေနဲ့ ကျမတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ ဒါတခုပဲ ကျမတောင်းဆိုတာပါ။”

လက်ရှိရွေးကောက်ပွဲမဲဆွယ်ကာလမှာ ပိုးကူးသူပိုများလာမှာ အများစိုးရိမ်နေချိန်မှာ၊ ဒီ တစ်ခုထဲမှာ ကိုဗစ်စည်းကမ်းထိန်းချုပ်မူအတွက်တော့ ပိုမလုပ်မိဖို့ ဒေါ်အောင်ဆန်းစုကြည်က ခုလိုထပ်သတိပေးလိုက်ပါတယ်။

“စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့အခါမှာ တိကျဖို့က အရေးကြီးပါတယ်။ တင်းကျပ်ဖို့လည်း မဟုတ်ပါဘူး။ တချို့နေရာမှာတွေ အစိုးရိမ်လွန်ပြီးတော့ စည်းမျဉ်းစည်းကမ်းဘောင်တွေကို ကျော်ပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်တာတွေဟာ တကယ်တော့ ရေရှည်မှာ အကျိုးမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရထိုင်ရတာ ကျပ်တည်းလာရင် ပြည်သူတွေဟာ ဒီလိုဘောင်အတွင်းမှာ ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။”

ကိုဗစ်ကူးစက်မူ အများဆုံးဖြစ်နေတဲ့ ရန်ကုန်မှာ အရင် အိမ်မှာနေဖို့ (Home Stay) အမိန့် ထုတ်ပြန်ထားတာအပြင်၊ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ အသွားအလာတွေကန့်သတ်အပြီး၊ အောက်ခြေရပ်ကွက်လမ်းတချို့မှာ အလွန်အကျွံ ကာရံပိတ်ဆို့မူတွေဖြစ်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုသတိပေးခဲ့တာပါ။

မြန်မာအစိုးရရုပ်မြင်သံကြားကနေ မနေ့ညက ခုလိုပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဆိုးဆုံးဖြစ်နေတဲ့ ရန်ကုန်မှာ အဓိက ကာကွယ်ထိန်းချုပ်ရေးတွေလုပ်ပေးဖို့နဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာထား ကျော်လွှားဖို့ တိုက်တွန်းခဲ့ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန မနေ့ညနောက်ဆုံးထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့သူသစ် ၂၀၃ ဦးနဲ့ ထပ်သေဆုံးသူ ၃ ဦးရှိတာကြောင့် ပိုးတွေ့သူပေါင်း ၃၅၀၂ ဦးနဲ့ သေဆုံးသူပေါင်း ၃၅ ဦးအထိ၊ ထိုးထောင်တက်လာချိန်မှာ ခုလိုတိုက်တွန်းခဲ့တာပါ။

ဒီကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရပဲ ဆေးရုံထပ်ဆင်းနိုင်သူကလည်း ၄၂ ဦးထပ်ရှိလာတာကြောင်၊့ ပြန်ကောင်းလာသူပေါင်း ၈၃၂ ဦးအထိ ၂၅% နီးပါးရှိလာပါတယ် ။

တိုက်ရိုက် လင့်ခ်


...........

(Unicode)









XS
SM
MD
LG