သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ကုိဗစ္ ကာကြယ္၊ ကုသေရးအတြက္ ေဆာင္ရြက္ေနမႈမ်ား


ေ၀ဘာဂီေဆးရံုအျပင္ဘက္ တြင္ ေစတနာ့ဆရာ၀န္မ်ားကို ေတြ႔ရစဥ္ (ဇန္န၀ါရီလ ၃၁ ရက္ေန႔)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ ေသဆံုးမူ အထူးသျဖင့္ ရန္ကုန္ၿမိဳ႕မွာ ရတ္တရက္မ်ားလာေနတာ ဘာေၾကာင့္လဲ၊ ဘာေတြျပင္ဆင္ထားလဲဆိုတာကို၊ ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ ေပါင္းစပ္ညိႈႏိႈင္းေရးေကာ္မတီ ဒုဥကၠဌကို ကိုဝင္းမင္းက ေမးရာမွာ၊ ေဆးတကၠသိုလ္ (၁) ပါေမာကၡခ်ဳပ္ ေဒါက္တာ ေဇာ္ေဝစိုးက ခုလိုစရွင္းျပပါတယ္။

ေဒါက္တာ ေဇာ္ေဝစိုး။ ။ ဘာေၾကာင့္ျဖစ္ရသလဲဆိုေတာ့ ျဖစ္တာလည္း မ်ားတာကိုး။ ဟိုအရင္တုန္းက ၃၀၀ မွာ ၆ ေယာက္ေပါ့ေနာ္ ။ အခုက ေထာင္ခ်ီၿပီး ျဖစ္လာေတာ့ ေသဆံုးမႈ အေရအတြက္ Number မ်ားလာတာေပါ့။

ကို၀င္းမင္း ။ ။ ဟုတ္ကဲ့ဆရာ အခုလိုအေနအထားမွာ ဆရာတို႔အေနနဲ႔ အခက္အအခဲ တစံုတရာ ရွိခဲ့လားဆရာ။

ေဒါက္တာ ေဇာ္ေဝစိုး။ ။ အရမ္းႀကီးေတာ့ အခက္အခဲရွိတယ္လို႔ေတာ့မဟုတ္ေပမယ့္ က်ေနာ္တို႔ လူနာေတြကို ကုသရတဲ့ေနရာမွာေတြ ကၽြမ္းက်င္တဲ့ ပုဂၢဳိလ္္ေတြေတာ့ က်ေနာ္တို႔ဆီမွာ ရွိပါတယ္။ ဒီလုိကူးစက္တဲ့ေရာဂါေတြကို ကုသတာနဲ႔ပတ္သက္ရင္ က်ေနာ္တို႔မွာ ပါေမာကၡဌာနမွဴးေတြေရာ ဌာနေတြေရာ သီးျခားရွိတယ္ ရွိတဲ့အျပင္ ဒီလူေတြဟာ US တို႔ UK တို႔မွာ trained လုပ္တဲ့ လူေတြပါ။ ေနာက္ ကူးစက္ေရာဂါကို သီးျခားကုတဲ့ ေဆးရံုလည္းရွိတယ္။ ဆိုေတာ့ က်ေနာ္တို႔ ဒါက ဒီဇင္ဘာမွာ ေပၚကတည္းက ဒီဟာကို က်ေနာ္တို႔ အဖြဲ႔ေတြ ဖြဲ႔ၿပီးေတာ့ ဒါကို Study (ေလ့လာတာ) လုပ္တယ္ ႀကိဳတင္ၿပီးေတာ့ ေလ့လာ ျပင္ဆင္ထားတဲ့အတြက္ ဒါကို ခက္ခဲတယ္လို႔ေတာ့ မဆိုလိုခ်င္ပါဘူး။ ဒါေပမယ့္ ဒီေရာဂါအေနအထားကေတာ့ သူ႔ေဆးလည္း တိတိက်က် မေပၚေသးဘူးဆိုေတာ့ ႏိုင္ငံတကာမွာ ကုတဲ့ ကုထံုးေတြလိုပဲ ဒီမွာလုပ္ပါတယ္၊ သံုးပါတယ္။ လာတဲ့ လူနာေတြထဲမွာေတာ့ တျခားေရာဂါပါလာတဲ့ လူနာေတြကေတာ့ ေတာ္ေတာ္မ်ားတာေပါ့ေနာ္။ Comorbid Diseases (ေရာဂါအခံ) ေတြနဲ႔ ပါလာသူေတြ အသက္ႀကီးတဲ့သူေတြေတာ့ ရွိတာေပါ့။ ဒါေၾကာင့္လည္း ေသဆံုးတဲ့သူေတြထဲမွာ ၾကည့္ရင္ အဲဒီလူ ရာခိုင္ႏႈန္း (Percentage) က မ်ားေနတယ္ ။ ဒါေပမယ့္ က်ေနာ္တို႔ အဲဒါကို တတ္ႏိုင္သမွ်ႀကိဳးစားၿပီးေတာ့ အစြမ္းကုန္ ေဆာင္ရြက္ၾကတယ္။ ဒီ ေ၀ဘာဂီတို႔ ေတာင္ဥကၠလာဘက္မွာဆိုရင္ ICU (အထူးၾကပ္မတ္ကုသေဆာင္) ေတြ ေအာက္ဆီဂ်င္ Therapy (ကုထံုး) ေတြကို က်ေနာ္တို႔ အရင္ထဲက မတ္၊ ဧၿပီကတည္းက ျပင္ဆင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဒီအခ်ိန္မွာ Ventilator (အသက္ရူစက္) လည္းအျပည္႔အစံု ၊ ေအာက္ဆီဂ်င္ဆိုလည္း အျပည့္အစံုရွိတယ္။ ေဖာင္ၾကီးလိုေနရာမ်ိဳးမွာလည္း ေအာက္ဆီဂ်င္ Therapy ေပးလို႔ရတဲ့ ေနရာ Port (အဖြင့္ခလုပ္) ေတြနဲ႔ က်ေနာ္တို႔ ျပင္ဆင္ထားၿပီး အခန္း၂၄၀ မွာရွိတယ္။ ICU ကုတင္ ၄၀ ရွိတယ္၊ အခုက်ေနာ္တို႔ ICU ကုတင္ ၂၀ ကို ထုတ္ၿပီးသံုးေနတယ္ဆိုေတာ့ အရမ္းႀကီးက်ေနာ္တို႔ Shortage (ျပတ္လပ္သြားတာ) ေတြျဖစ္ေနတဲ့ အေနအထားမရွိဘူး။ အခုအခ်ိန္အထိေတာ့ ႏိုင္ႏိုင္နင္းနင္းရွိေနေသးတယ္။

ကို၀င္းမင္း ။ ။ ဟုတ္ကဲ့ဆရာ ခုနက ဆရာေျပာတဲ့ Comorbid ေပါ့ေနာ္ ေရာဂါအခံရွိသူနဲ႔ အသက္ႀကီးတဲ့သူေတြ အျပင္ တျခားေရာ ေသဆံုးမႈ ထဲမွာ ထူးထူးျခားျခား ပါခဲ့တာ ရွိေသးလား။

ေဒါက္တာ ေဇာ္ေဝစိုး။ ။ ရွိပါတယ္၊ အသက္ ၁၃ ႏွစ္ကေလးေလး ။ ဒါေပမယ့္ သူက Pancytopenia ဆိုတဲ့ ေသြးနဲ႔ ပတ္သက္တဲ့ ေရာဂါရွိတာေပါ့ေနာ္ ဒါကလည္း Comorbid ရွိတာေပါ့ေနာ္။ ဒီ Case (လူနာ) ေတြအကုန္လံုးကို က်ေနာ္ျပန္ၿပီးေတာ့ ေန႔စဥ္ဒါေတြကို Review (စစ္ေဆးသံုးသပ္တာ) လုပ္တယ္ အဲဒီအထဲမွာ က်ေနာ္သိသေလာက္ တစ္ေယာက္၊ ႏွစ္ေယာက္ရွိတယ္၊ ေစာေစာက ေျပာသလို Comorbid မရွိပဲနဲ႔ Severe Respiratory Distress ျပင္းထန္တဲ့ အဆုပ္ကိုေရာင္ၿပီးေတာ့ အသက္ရႈလမ္းေၾကာင္းမွာ ျပင္းျပင္းထန္ထန္ျဖစ္တဲ့သူ အသက္ ၄၀ ပတ္၀န္းက်င္ တစ္ယာက္၊ ႏွစ္ေယာက္ ရွိပါတယ္။

ကို၀င္းမင္း ။ ။ ဟုတ္ကဲ့ဆရာ ေလာေလာဆယ္မွာေတာ့ ဆရာ အခုလို ေဆးရံုေတြ ျပင္ဆင္ထားတဲ့အေနအထားက လက္ရွိတိုးလာႏိုင္တဲ့အေနအထားအတြက္ေပါ့ဆရာ၊ လံုေလာက္ၿပီလို႔ ယူဆပါသလား။

ေဒါက္တာ ေဇာ္ေဝစိုး။ ။ ကမာၻေပၚမွာ COVID-19 ကို တိတိက်က် သိတဲ့လူ ရွိတယ္လို႔ မထင္ဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ က်ေနာ္တုိ႔ ဒါကို ပိုင္ၿပီတို႔၊ ႏိုင္ၿပီတို႔၊ ဒါ က်ေန္ာတို႔ မႏိုင္ဘူးတို႔ ေျပာဖို႔ အေတာ္ခတ္တယ္။ ဒါေၾကာင့္လည္း အေကာင္းဆံုးကိုေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္ထားေပမဲ့၊ အဆိုးဆံုးကိုေတာ့ က်ေနာ္တို႔ ျပင္ဆင္ေနၾကရတယ္။ ဒါေၾကာင့္လည္း က်ေနာ္တို႔ ေဖာင္ႀကီးမွာ ကုတင္ ၁၀၀၀ ဆန္႔တဲ့ ေဆးရံုကို လုပ္တာေပါ့ေနာ္။ ဒီဟာေၾကာင့္ အေတာ္အတန္ေလး ထိန္းႏိုင္ခဲ့တာေပါ့ေနာ္။ ဒါေပမယ့္ တကယ္တမ္း အမ်ားႀကီး ထြက္လာတဲ့အခ်ိန္မွာ ၂၀၀ - ၃၀၀ ေတြ ဆက္တိုက္ထြက္လာတဲ့အခ်ိန္မွာေတာ့၊ က်ေနာ္တို႔မွာ ဆက္ၿပီးေတာ့ ျပင္ဆင္ရတာေတြ က်ေနာ္တို႔ လုပ္ခဲ့ရတယ္။ အဲဒီေတာ့ အခ်ိန္မီတာေတြလည္းရွိသလို ၊ အခ်ိန္မမီတာေတြလည္း ရွိခဲ့တယ္။ ဒါေၾကာင့္လည္းက်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ အခုလည္း ျပင္ဆင္ေနတယ္ေပါ့ေနာ္။ က်ေနာ္တို႔ Containment Strategy (အျပင္ပ်ံ.ထြက္မသြားေအာင္ အတြင္းမွာထိန္းခ်ဳပ္ထားတဲ့ မဟာဗ်ဴဟာ) ကို က်ေနာ္တို႔ ဆက္သြားေနတယ္။

ကို၀င္းမင္း ။ ။ ဟုတ္ကဲ့ဆရာ ၊ ဆရာ့အေနနဲ႔ ဒီေရာဂါရဲ႕ ေရွ.မွာျဖစ္လာႏိုင္တဲ့ အေနအထားေလးေပါ့ဆရာ ခန္႔မွန္းခ်က္ေလးေရာ။

ေဒါက္တာ ေဇာ္ေဝစိုး။ ။ ခန္႔မွန္းဖို႔ကေတာ့ ေတာ္ေတာ္ခက္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ျပည္သူလူထုကေတာ့ ေတာ္ေတာ္ေလး ၿငိမ္သက္သြားတယ္ ။ ဒီလြန္ခဲ့တဲ့ အဂၤါ၊ ဗုဒၶဟူးေလာက္က စၿပီးေတာ့ ျပည္သူလူထုက ေၾကာက္သြားတာလည္း ပါသလို ဒီမွာ အားလံုး၀ိုင္းၿပီးေတာ့ ပညာေပးၾကတဲ့အခါက်ေတာ့ ျပည္သူလူထုကလည္း ေတာ္ေတာ္ေလးကို လိုက္နာပါတယ္။ Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္တာကို အရင္တုန္းက ေမးမွာခ်ိတ္တယ္၊ အခုက ေမးခ်ိတ္တဲ့လူ မရွိသေလာက္ ရွားလာတယ္ ေနာက္ၿပီးေတာ့ ရန္ကုန္မွာ ကားေတြေရာ အသြားအလာေတြ နည္းသြားတယ္။ အခုဒီမွာ ႏိုင္ငံေတာ္အစိုးရ ကိုယ္တိုင္ဆီကေရာ၊ ေနာက္ၿပီးေတာ့ အခုလို အလွဴရွင္ေတြဆိုရင္ အရမ္းကို ဒါနဲ႔ပတ္သက္ရင္၊ ေနာက္လုပ္ငန္းရွင္ေတြလည္း ပါ၀င္ၾကပါတယ္။ ဒါကို တတတ္တအားနဲ႔ ၀ိုင္းၿပီးေတာ့ တြန္းေန တားေန ၾကတာေပါ့ေနာ္။ ထူးထူးျခားျခားပဲ၊ ကမာၻေပၚမွာ ရွားရွားပါးပါးပဲမ်ား ေအာင္ျမင္မလားလို႔ေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္ေနပါတယ္။

ကို၀င္းမင္း ။ ။ ဟုတ္ကဲ့ ေအာင္ျမင္ပါေစ ဆရာ၊ ေက်းဇူးပါ။

တိုက္႐ိုက္ လင့္ခ္



............

မြန်မာ့ကိုဗစ် ကာကွယ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများ

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးမူ အထူးသဖြင့် ရန်ကုန်မြို.မှာ ရတ်တရက်များလာနေတာ ဘာကြောင့်လဲ၊ ဘာတွေပြင်ဆင်ထားလဲဆိုတာကို၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဒုဥက္ကဌကို ကိုဝင်းမင်းက မေးရာမှာ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက ခုလိုစရှင်းပြပါတယ်။

ဒေါက်တာ ဇော်ဝေစိုး။ ။ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ဖြစ်တာလည်း များတာကိုး။ ဟိုအရင်တုန်းက ၃၀၀ မှာ ၆ ယောက်ပေါ့နော် ။ အခုက ထောင်ချီပြီး ဖြစ်လာတော့ သေဆုံးမှု အရေအတွက် Number များလာတာပေါ့။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ဆရာ အခုလိုအနေအထားမှာ ဆရာတို့အနေနဲ့ အခက်အအခဲ တစုံတရာ ရှိခဲ့လားဆရာ။

ဒေါက်တာ ဇော်ဝေစိုး။ ။ အရမ်းကြီးတော့ အခက်အခဲရှိတယ်လို့တော့မဟုတ်ပေမယ့် ကျနော်တို့ လူနာတွေကို ကုသရတဲ့နေရာမှာတွေ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေတော့ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဒီလိုကူးစက်တဲ့ရောဂါတွေကို ကုသတာနဲ့ပတ်သက်ရင် ကျနော်တို့မှာ ပါမောက္ခဌာနမှူးတွေရော ဌာနတွေရော သီးခြားရှိတယ် ရှိတဲ့အပြင် ဒီလူတွေဟာ US တို့ UK တို့မှာ trained လုပ်တဲ့ လူတွေပါ။ နောက် ကူးစက်ရောဂါကို သီးခြားကုတဲ့ ဆေးရုံလည်းရှိတယ်။ ဆိုတော့ ကျနော်တို့ ဒါက ဒီဇင်ဘာမှာ ပေါ်ကတည်းက ဒီဟာကို ကျနော်တို့ အဖွဲ့တွေ ဖွဲ့ပြီးတော့ ဒါကို Study (လေ့လာတာ) လုပ်တယ် ကြိုတင်ပြီးတော့ လေ့လာ ပြင်ဆင်ထားတဲ့အတွက် ဒါကို ခက်ခဲတယ်လို့တော့ မဆိုလိုချင်ပါဘူး။ ဒါပေမယ့် ဒီရောဂါအနေအထားကတော့ သူ့ဆေးလည်း တိတိကျကျ မပေါ်သေးဘူးဆိုတော့ နိုင်ငံတကာမှာ ကုတဲ့ ကုထုံးတွေလိုပဲ ဒီမှာလုပ်ပါတယ်၊ သုံးပါတယ်။ လာတဲ့ လူနာတွေထဲမှာတော့ တခြားရောဂါပါလာတဲ့ လူနာတွေကတော့ တော်တော်များတာပေါ့နော်။ Comorbid Diseases (ရောဂါအခံ) တွေနဲ့ ပါလာသူတွေ အသက်ကြီးတဲ့သူတွေတော့ ရှိတာပေါ့။ ဒါကြောင့်လည်း သေဆုံးတဲ့သူတွေထဲမှာ ကြည့်ရင် အဲဒီလူ ရာခိုင်နှုန်း (Percentage) က များနေတယ် ။ ဒါပေမယ့် ကျနော်တို့ အဲဒါကို တတ်နိုင်သမျှကြိုးစားပြီးတော့ အစွမ်းကုန် ဆောင်ရွက်ကြတယ်။ ဒီ ဝေဘာဂီတို့ တောင်ဥက္ကလာဘက်မှာဆိုရင် ICU (အထူးကြပ်မတ်ကုသဆောင်) တွေ အောက်ဆီဂျင် Therapy (ကုထုံး) တွေကို ကျနော်တို့ အရင်ထဲက မတ်၊ ဧပြီကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအချိန်မှာ Ventilator (အသက်ရူစက်) လည်းအပြည့်အစုံ ၊ အောက်ဆီဂျင်ဆိုလည်း အပြည့်အစုံရှိတယ်။ ဖောင်ကြီးလိုနေရာမျိုးမှာလည်း အောက်ဆီဂျင် Therapy ပေးလို့ရတဲ့ နေရာ Port (အဖွင့်ခလုပ်) တွေနဲ့ ကျနော်တို့ ပြင်ဆင်ထားပြီး အခန်း၂၄၀ မှာရှိတယ်။ ICU ကုတင် ၄၀ ရှိတယ်၊ အခုကျနော်တို့ ICU ကုတင် ၂၀ ကို ထုတ်ပြီးသုံးနေတယ်ဆိုတော့ အရမ်းကြီးကျနော်တို့ Shortage (ပြတ်လပ်သွားတာ) တွေဖြစ်နေတဲ့ အနေအထားမရှိဘူး။ အခုအချိန်အထိတော့ နိုင်နိုင်နင်းနင်းရှိနေသေးတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ဆရာ ခုနက ဆရာပြောတဲ့ Comorbid ပေါ့နော် ရောဂါအခံရှိသူနဲ့ အသက်ကြီးတဲ့သူတွေ အပြင် တခြားရော သေဆုံးမှု ထဲမှာ ထူးထူးခြားခြား ပါခဲ့တာ ရှိသေးလား။

ဒေါက်တာ ဇော်ဝေစိုး။ ။ ရှိပါတယ်၊ အသက် ၁၃ နှစ်ကလေးလေး ။ ဒါပေမယ့် သူက Pancytopenia ဆိုတဲ့ သွေးနဲ့ ပတ်သက်တဲ့ ရောဂါရှိတာပေါ့နော် ဒါကလည်း Comorbid ရှိတာပေါ့နော်။ ဒီ Case (လူနာ) တွေအကုန်လုံးကို ကျနော်ပြန်ပြီးတော့ နေ့စဉ်ဒါတွေကို Review (စစ်ဆေးသုံးသပ်တာ) လုပ်တယ် အဲဒီအထဲမှာ ကျနော်သိသလောက် တစ်ယောက်၊ နှစ်ယောက်ရှိတယ်၊ စောစောက ပြောသလို Comorbid မရှိပဲနဲ့ Severe Respiratory Distress ပြင်းထန်တဲ့ အဆုပ်ကိုရောင်ပြီးတော့ အသက်ရှုလမ်းကြောင်းမှာ ပြင်းပြင်းထန်ထန်ဖြစ်တဲ့သူ အသက် ၄၀ ပတ်ဝန်းကျင် တစ်ယာက်၊ နှစ်ယောက် ရှိပါတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ဆရာ လောလောဆယ်မှာတော့ ဆရာ အခုလို ဆေးရုံတွေ ပြင်ဆင်ထားတဲ့အနေအထားက လက်ရှိတိုးလာနိုင်တဲ့အနေအထားအတွက်ပေါ့ဆရာ၊ လုံလောက်ပြီလို့ ယူဆပါသလား။

ဒေါက်တာ ဇော်ဝေစိုး။ ။ ကမ္ဘာပေါ်မှာ COVID-19 ကို တိတိကျကျ သိတဲ့လူ ရှိတယ်လို့ မထင်ဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ဒါကို ပိုင်ပြီတို့၊ နိုင်ပြီတို့၊ ဒါ ကျနေ်ာတို့ မနိုင်ဘူးတို့ ပြောဖို့ အတော်ခတ်တယ်။ ဒါကြောင့်လည်း အကောင်းဆုံးကိုတော့ ကျနော်တို့ မျှော်လင့်ထားပေမဲ့၊ အဆိုးဆုံးကိုတော့ ကျနော်တို့ ပြင်ဆင်နေကြရတယ်။ ဒါကြောင့်လည်း ကျနော်တို့ ဖောင်ကြီးမှာ ကုတင် ၁၀၀၀ ဆန့်တဲ့ ဆေးရုံကို လုပ်တာပေါ့နော်။ ဒီဟာကြောင့် အတော်အတန်လေး ထိန်းနိုင်ခဲ့တာပေါ့နော်။ ဒါပေမယ့် တကယ်တမ်း အများကြီး ထွက်လာတဲ့အချိန်မှာ ၂၀၀ - ၃၀၀ တွေ ဆက်တိုက်ထွက်လာတဲ့အချိန်မှာတော့၊ ကျနော်တို့မှာ ဆက်ပြီးတော့ ပြင်ဆင်ရတာတွေ ကျနော်တို့ လုပ်ခဲ့ရတယ်။ အဲဒီတော့ အချိန်မီတာတွေလည်းရှိသလို ၊ အချိန်မမီတာတွေလည်း ရှိခဲ့တယ်။ ဒါကြောင့်လည်းကျနော်တို့ ဆက်လက်ပြီးတော့ အခုလည်း ပြင်ဆင်နေတယ်ပေါ့နော်။ ကျနော်တို့ Containment Strategy (အပြင်ပျံ.ထွက်မသွားအောင် အတွင်းမှာထိန်းချုပ်ထားတဲ့ မဟာဗျူဟာ) ကို ကျနော်တို့ ဆက်သွားနေတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ဆရာ ၊ ဆရာ့အနေနဲ့ ဒီရောဂါရဲ့ ရှေ.မှာဖြစ်လာနိုင်တဲ့ အနေအထားလေးပေါ့ဆရာ ခန့်မှန်းချက်လေးရော။

ဒေါက်တာ ဇော်ဝေစိုး။ ။ ခန့်မှန်းဖို့ကတော့ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူလူထုကတော့ တော်တော်လေး ငြိမ်သက်သွားတယ် ။ ဒီလွန်ခဲ့တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးလောက်က စပြီးတော့ ပြည်သူလူထုက ကြောက်သွားတာလည်း ပါသလို ဒီမှာ အားလုံးဝိုင်းပြီးတော့ ပညာပေးကြတဲ့အခါကျတော့ ပြည်သူလူထုကလည်း တော်တော်လေးကို လိုက်နာပါတယ်။ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်တာကို အရင်တုန်းက မေးမှာချိတ်တယ်၊ အခုက မေးချိတ်တဲ့လူ မရှိသလောက် ရှားလာတယ် နောက်ပြီးတော့ ရန်ကုန်မှာ ကားတွေရော အသွားအလာတွေ နည်းသွားတယ်။ အခုဒီမှာ နိုင်ငံတော်အစိုးရ ကိုယ်တိုင်ဆီကရော၊ နောက်ပြီးတော့ အခုလို အလှူရှင်တွေဆိုရင် အရမ်းကို ဒါနဲ့ပတ်သက်ရင်၊ နောက်လုပ်ငန်းရှင်တွေလည်း ပါဝင်ကြပါတယ်။ ဒါကို တတတ်တအားနဲ့ ဝိုင်းပြီးတော့ တွန်းနေ တားနေ ကြတာပေါ့နော်။ ထူးထူးခြားခြားပဲ၊ ကမ္ဘာပေါ်မှာ ရှားရှားပါးပါးပဲများ အောင်မြင်မလားလို့တော့ ကျနော်တို့ မျှော်လင့်နေပါတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ အောင်မြင်ပါစေ ဆရာ၊ ကျေးဇူးပါ။

XS
SM
MD
LG