(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာသစ္ ေနာက္ထပ္ ၁၆၈ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က စက္တင္ဘာလ ၁၈ ရက္ ညပိုင္းမွာ အတည္ျပဳ ေၾကညာခဲ့ပါတယ္။ မနက္ပိုင္း ထုတ္ျပန္ခ်က္မွာလည္း လူေပါင္း ၂၅၆ ေယာက္ ေရာဂါကူးစက္ခံရေၾကာင္း အတည္ျပဳေၾကညာခဲ့တာ ျဖစ္လို႔ ေသာၾကာေန႔ တစ္ေန႔တည္း ေရာဂါပိုး ကူးစက္ခံရသူ ၄၂၄ ဦးကို အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဒါဟာ တစ္ရက္အတြင္း အေရအတြက္ အမ်ားဆုံး စံခ်ိန္တင္ ကူးစက္မႈ ျဖစ္ပါတယ္။ ေသာၾကာေန႔က အတည္ျပဳခဲ့တဲ့ ကူးစက္ခံရသူ ၄၂၄ ဦး အပါအဝင္ အခုအခ်ိန္ထိ ျမန္မာနိုင္ငံမွာCOVID 19ကူးစက္ခံရသူ စုစုေပါင္း ၄၄၆၇ ေယာက္ ရွိၿပီျဖစ္ပါတယ္။
ေသဆုံးသူလည္း ၂ ဦး ထပ္တိုးလာတာေၾကာင့္COVID-19 ေၾကာင့္ ေသဆုံးသူ ၇၀ ရွိၿပီလို႔လည္း က်န္းမာေရး ဝန္ႀကီး ဌာနက ေျပာပါတယ္။
အခုအေျခအေနက ကူးစက္မႈဒုတိယလွိုင္း စတဲ့ေနတဲ့ အေျခအေနျဖစ္တာေၾကာင့္ ေရာဂါပိုးေတြ႕ရွိသူ အေရအတြက္မ်ား ဆက္လက္ ျမင့္မားနိုင္ေၾကာင္းကိုလည္း က်န္းမာေရးဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက စက္တင္ဘာလ ၁၈ ရက္ေန႔က ျပဳလုပ္တဲ့ COVID 19 ထိန္းခ်ဳပ္ကာကြယ္တားဆီးေရး ညႇိႏွိုင္း အစည္းအေဝးမွာ ေျပာပါတယ္။
ျမန္မာနိုင္ငံမွာ ရက္သတၱပတ္ေပါင္းမ်ားစြာ ျပည္တြင္း ကူးစက္မႈ မရွိဘဲ ေနရာကေန ဩဂုတ္လ လယ္ေလာက္စၿပီး ရခိုင္ ျပည္နယ္ အတြင္း ျပည္တြင္း ကူးစက္မႈေတြ ေတြ႕ရွိလာခ်ိန္ကတည္းက အပတ္တိုင္း လူ ရာခ်ီၿပီး ကူးစက္ခံေနရတာ ျဖစ္ပါတယ္။
ကူးစက္မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ျပည္တြင္း ေလေၾကာင္းလိုင္းေတြရဲ့ ေလယာဥ္ ခရီးစဥ္ေတြကို စက္တင္ဘာလကုန္အထိ ရပ္ဆိုင္း ထားလိုက္သလို ကူးစက္မႈ အမ်ားဆုံး ျဖစ္ပြားေနတဲ့ ရန္ကုန္ၿမိဳ႕အတြင္းက ၿမိဳ႕နယ္ ထက္ဝက္ နီးပါးမွာလည္း အိမ္မွေနရတဲ့ Stay-at-Home ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားခဲ့ရပါတယ္။
..........
မြန်မာမှာ သောကြာတရက်ထဲ ကိုဗစ်ပိုးတွေ့သူ ၄၂၄ ဦးနဲ့ အများဆုံး စံချိန်တင်
(Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာသစ် နောက်ထပ် ၁၆၈ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က စက်တင်ဘာလ ၁၈ ရက် ညပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။ မနက်ပိုင်း ထုတ်ပြန်ချက်မှာလည်း လူပေါင်း ၂၅၆ ယောက် ရောဂါကူးစက်ခံရကြောင်း အတည်ပြုကြေညာခဲ့တာ ဖြစ်လို့ သောကြာနေ့ တစ်နေ့တည်း ရောဂါပိုး ကူးစက်ခံရသူ ၄၂၄ ဦးကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ တစ်ရက်အတွင်း အရေအတွက် အများဆုံး စံချိန်တင် ကူးစက်မှု ဖြစ်ပါတယ်။ သောကြာနေ့က အတည်ပြုခဲ့တဲ့ ကူးစက်ခံရသူ ၄၂၄ ဦး အပါအဝင် အခုအချိန်ထိ မြန်မာနိုင်ငံမှာCOVID 19ကူးစက်ခံရသူ စုစုပေါင်း ၄၄၆၇ ယောက် ရှိပြီဖြစ်ပါတယ်။
သေဆုံးသူလည်း ၂ ဦး ထပ်တိုးလာတာကြောင့်COVID-19 ကြောင့် သေဆုံးသူ ၇၀ ရှိပြီလို့လည်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောပါတယ်။
အခုအခြေအနေက ကူးစက်မှုဒုတိယလှိုင်း စတဲ့နေတဲ့ အခြေအနေဖြစ်တာကြောင့် ရောဂါပိုးတွေ့ရှိသူ အရေအတွက်များ ဆက်လက် မြင့်မားနိုင်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ COVID 19 ထိန်းချုပ်ကာကွယ်တားဆီးရေး ညှိနှိုင်း အစည်းအဝေးမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရက်သတ္တပတ်ပေါင်းများစွာ ပြည်တွင်း ကူးစက်မှု မရှိဘဲ နေရာကနေ ဩဂုတ်လ လယ်လောက်စပြီး ရခိုင် ပြည်နယ် အတွင်း ပြည်တွင်း ကူးစက်မှုတွေ တွေ့ရှိလာချိန်ကတည်းက အပတ်တိုင်း လူ ရာချီပြီး ကူးစက်ခံနေရတာ ဖြစ်ပါတယ်။
ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ် ခရီးစဉ်တွေကို စက်တင်ဘာလကုန်အထိ ရပ်ဆိုင်း ထားလိုက်သလို ကူးစက်မှု အများဆုံး ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့အတွင်းက မြို့နယ် ထက်ဝက် နီးပါးမှာလည်း အိမ်မှနေရတဲ့ Stay-at-Home ကန့်သတ်ချက်တွေ ချမှတ်ထားခဲ့ရပါတယ်။