သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္သူ ၂၅၆ ဦးနဲ႔ ေသဆုံးသူ ၁ ဦး ထပ္တုိး


(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္သူ လူနာသစ္ ၂၅၆ ေယာက္ ထပ္ၿပီး ေတြ႔ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက စက္တင္ဘာလ ၁၈ ရက္ ေသာၾကာေန႔ မနက္ ၈ နာရီမွာ ထုတ္ျပန္ေၾကညာ လိုက္တာေၾကာင့္ အခုအခ်ိန္အထိဆို ျမန္မာႏုိင္ငံမွာ ေရာဂါပိုး အကူးစက္ခံရသူ စုစုေပါင္း ၄,၂၉ ၉ ေယာက္ ရွိသြားၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ေသဆုံးသူ ေနာက္ထပ္ တဦးလည္း ထပ္တုိးေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ အခုခ်ိန္အထိ COVID-19 ဓါတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးသြားသူေပါင္းက ၆၁ ဦး ရွိသြားပါၿပီ။

ေသဆံုးသူ အေယာက္ ၆၀ ရွိေနရာကေန ေသာၾကာမနက္ပိုင္း ထုတ္ျပန္ခ်က္အရ ေတာင္ဥကၠလာပ အထူးကုေဆးရံုႀကီးမွာ ကုသခံေနတဲ့ အသက္ ၇၁ ႏွစ္အရြယ္ အမ်ိဳးသား တဦးဟာ ၾကာသပေတးေန႔ ညပိုင္းမွာ ေသဆံုးသြားတာေၾကာင့္ ေသာၾကာေန႔ မနက္ပိုင္းအထိ ေသဆံုးသူ စုစုေပါင္းက ၆၁ ေယာက္ ရွိၿပီ ျဖစ္ပါတယ္။

ၾကာသပေတး ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေနာက္ထပ္ အကူးစက္ခံရသူ ၁၄၈ ေယာက္ရွိခဲ့ၿပီး ေသာၾကာ မနက္ ၈ နာရီ ထုတ္ျပန္ခ်က္အရ အကူးစက္ခံရသူ ၂၅၆ ေယာက္ ထပ္ေတြ႕ရတာေၾကာင့္ အခု စစ္ေဆးခဲ့တဲ့ ပထမအသုတ္နဲ႔ ဒုတိယအသုတ္ေတြကစုစုေပါင္း ဓါတ္ခြဲနမူနာ (၅,၂၈၄) ထဲမွာ အကူးစက္ခံရတဲ့ အတည္ျပဳ လူနာသစ္ အားလံုးေပါင္းက ၄၀၄ ေယာက္ ရွိေနပါတယ္။

ေဆးရံုက ဆင္းခြင့္ရသူကလည္း စက္တင္ဘာလ ၁၈ ရက္ေန႔ မနက္ပိုင္း အထိဆို ၉၄၄ ေယာက္ ရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဒီကေန႔ အသစ္ထပ္ေတြ႔တဲ့ လူနာ ၂၅၆ ဦးနဲ႔ ပတ္သက္ၿပီး အေသးစိတ္ကို ေတာ့ မသိရေသးပါဘူး။

ျမန္မာႏိုင္ငံ ေဒသအႏွံအျပားမွာ ေရာဂါပိုး ကူးစက္ပ်ံ႕ ႏွ႔ံ ေနတာျဖစ္ၿပီး အမ်ားဆံုးအကူးစက္ခံေနရတဲ့ ရန္ကုန္တိုင္း ေဒသႀကီးမွာေတာ့ အိမ္တြင္းေနညႊန္ၾကားခ်က္ (Stay-at-home) ေတြ ထုတ္ျပန္ထားပါတယ္။

ျမန္မာနိုင္ငံမွာ COVID 19 ေၾကာင့္ ေသဆုံးသူေတြ တိုးလာေနတဲ့အထဲမွာ ေရာဂါအခံမရွိသူေတြ၊ အသက္ငယ္ရြယ္သူေတြပါ ပါဝင္လာတာေၾကာင့္ အရင္ထက္ပိုၿပီး ကူးစက္မႈအႏၲရာယ္ကို သတိထားၾကဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနပါတယ္။

...............

ကိုဗစ်ကူးစက်သူ ၂၅၆ ဦးနဲ့ သေဆုံးသူ ၁ ဦး ထပ်တိုး

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၅၆ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက် သောကြာနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်း ၄,၂၉ ၉ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူ နောက်ထပ် တဦးလည်း ထပ်တိုးကြောင်း ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်အထိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးသွားသူပေါင်းက ၆၁ ဦး ရှိသွားပါပြီ။

သေဆုံးသူ အယောက် ၆၀ ရှိနေရာကနေ သောကြာမနက်ပိုင်း ထုတ်ပြန်ချက်အရ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသခံနေတဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသား တဦးဟာ ကြာသပတေးနေ့ ညပိုင်းမှာ သေဆုံးသွားတာကြောင့် သောကြာနေ့ မနက်ပိုင်းအထိ သေဆုံးသူ စုစုပေါင်းက ၆၁ ယောက် ရှိပြီ ဖြစ်ပါတယ်။

ကြာသပတေး ည ၈ နာရီ ထုတ်ပြန်ချက်မှာ နောက်ထပ် အကူးစက်ခံရသူ ၁၄၈ ယောက်ရှိခဲ့ပြီး သောကြာ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ အကူးစက်ခံရသူ ၂၅၆ ယောက် ထပ်တွေ့ရတာကြောင့် အခု စစ်ဆေးခဲ့တဲ့ ပထမအသုတ်နဲ့ ဒုတိယအသုတ်တွေကစုစုပေါင်း ဓါတ်ခွဲနမူနာ (၅,၂၈၄) ထဲမှာ အကူးစက်ခံရတဲ့ အတည်ပြု လူနာသစ် အားလုံးပေါင်းက ၄၀၄ ယောက် ရှိနေပါတယ်။

ဆေးရုံက ဆင်းခွင့်ရသူကလည်း စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း အထိဆို ၉၄၄ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ အသစ်ထပ်တွေ့တဲ့ လူနာ ၂၅၆ ဦးနဲ့ ပတ်သက်ပြီး အသေးစိတ်ကို တော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ ရောဂါပိုး ကူးစက်ပျံ့ နှံ့ နေတာဖြစ်ပြီး အများဆုံးအကူးစက်ခံနေရတဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာတော့ အိမ်တွင်းနေညွှန်ကြားချက် (Stay-at-home) တွေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ကြောင့် သေဆုံးသူတွေ တိုးလာနေတဲ့အထဲမှာ ရောဂါအခံမရှိသူတွေ၊ အသက်ငယ်ရွယ်သူတွေပါ ပါဝင်လာတာကြောင့် အရင်ထက်ပိုပြီး ကူးစက်မှုအန္တရာယ်ကို သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

XS
SM
MD
LG