[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ေနာက္ထပ္ ၇ ဦး ထပ္မံေသဆုံးတဲ့အတြက္ ေသဆုံးသူဦးေရဟာ အခုဆုိရင္ ၆၈ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ စက္တင္ဘာ ၁၈ ရက္ ညေန ၄ နာရီမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။
ဒီေန႔ ေသဆုံးသူ ၇ ေယာက္မွာ အမ်ိဳးသား ၅ ေယာက္နဲ႔ အမ်ိဳးသမီး ၂ ေယာက္ျဖစ္ၿပီး၊ အသက္ ၄၄ ႏွစ္ကေန ၇၅ ႏွစ္ ၾကားေတြျဖစ္ၾကပါတယ္။ ေသဆုံးသူေတြထဲမွာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ ကုသေနသူ ၅ ေယာက္ပါ၀င္ၿပီး က်န္တဲ့ ၂ ေယာက္ကေတာ့ ရန္ကုန္အေရွ႕ပိုင္း ေဆး႐ုံႀကီးနဲ႔ ေျမာက္ဥကၠလာပ အေထြေထြေရာဂါနဲ႔ သင္ၾကားေရး ေဆး႐ုံေတြက ၁ ေယာက္စီ ျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
ဒ့ါအျပင္ မေန႔က ဓာတ္ခဲြအတည္ျပဳလူနာ ၄၀၄ ေယာက္ရဲ႕ စာရင္းကို ဒီေန႔ ထုတ္ျပန္ခဲ့တာမွာေတာ့ ရန္ကုန္တုိင္းက ၂၈၇ ေယာက္၊ ရခုိင္ျပည္နယ္က ၃၃ ေယာက္၊ ဧရာ၀တီတုိင္းက ၃၂၊ မြန္ျပည္နယ္က ၁၉ ေယာက္၊ မႏၱေလးတုိင္းနဲ႔ ပဲခူးတုိင္းက ၁၂ ေယာက္စီ၊ ေနျပည္ေတာ္က ၇ ေယာက္၊ စစ္ကုိင္းတုိင္းနဲ႔ ရွမ္းျပည္ေတာင္ပိုင္းက ၁ ေယာက္စီျဖစ္ပါတယ္။
တခ်ိန္တည္းမွာပဲ တ႐ုတ္ ျမန္မာနယ္စပ္ တ႐ုတ္ဘက္ျခမ္းက ေရႊလီၿမိဳ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၃ ရက္ေန႔က ျမန္မာႏုိင္ငံကလာတဲ့ တရားမ၀င္အလုပ္သမား ၂ ေယာက္မွာ ဗုိင္းရပ္စ္ေတြ ရွိခဲ့တာေၾကာင့္ အဲဒီမွာ ေနုထိိုင္ေနၾကတဲ့ ၿမိဳ႕ခံေတြနဲ႔ ႏုိင္ငံျခားသားေတြအားလုံးကို မေန႔ကစၿပီး ဗုိင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးမႈေတြကို ၂ ရက္ၾကာ လုပ္ေဆာင္ခဲ့တာမွာ အခုခ်ိန္ထိေတာ့ ေနာက္ထပ္ကူးစက္သူ တစ္ေယာက္မွ မေတြ႔ေသးဘူးလို႔ ဆုိပါတယ္။
[Unicode Version]
ကိုဗစ်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၇ ဦးထပ်တိုး၊ ၆၈ ယောက်ရှိပြီ
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် နောက်ထပ် ၇ ဦး ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူဦးရေဟာ အခုဆိုရင် ၆၈ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ သေဆုံးသူ ၇ ယောက်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်ပြီး၊ အသက် ၄၄ နှစ်ကနေ ၇၅ နှစ် ကြားတွေဖြစ်ကြပါတယ်။ သေဆုံးသူတွေထဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေသူ ၅ ယောက်ပါဝင်ပြီး ကျန်တဲ့ ၂ ယောက်ကတော့ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ အထွေထွေရောဂါနဲ့ သင်ကြားရေး ဆေးရုံတွေက ၁ ယောက်စီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင် မနေ့က ဓာတ်ခွဲအတည်ပြုလူနာ ၄၀၄ ယောက်ရဲ့ စာရင်းကို ဒီနေ့ ထုတ်ပြန်ခဲ့တာမှာတော့ ရန်ကုန်တိုင်းက ၂၈၇ ယောက်၊ ရခိုင်ပြည်နယ်က ၃၃ ယောက်၊ ဧရာဝတီတိုင်းက ၃၂၊ မွန်ပြည်နယ်က ၁၉ ယောက်၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ၁၂ ယောက်စီ၊ နေပြည်တော်က ၇ ယောက်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းက ၁ ယောက်စီဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တရုတ် မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းက ရွှေလီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံကလာတဲ့ တရားမဝင်အလုပ်သမား ၂ ယောက်မှာ ဗိုင်းရပ်စ်တွေ ရှိခဲ့တာကြောင့် အဲဒီမှာ နေုထိုင်နေကြတဲ့ မြို့ခံတွေနဲ့ နိုင်ငံခြားသားတွေအားလုံးကို မနေ့ကစပြီး ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးမှုတွေကို ၂ ရက်ကြာ လုပ်ဆောင်ခဲ့တာမှာ အခုချိန်ထိတော့ နောက်ထပ်ကူးစက်သူ တစ်ယောက်မှ မတွေ့သေးဘူးလို့ ဆိုပါတယ်။