(Zawgyi / Unicode)
COVID-19 ကပ္ေရာဂါလႈိင္း ႀကီးမားေနတဲ့ ရန္ကုန္မွာ ကူးစက္မႈ ထိန္းခ်ဳပ္ေရး အစိုးရဘက္က စည္းမ်ဥ္းစည္းကမ္း ထုတ္ျပန္တာကို နားလည္ေပမယ့္ အမိန္႔ ေၾကညာခ်က္မွာ လိုက္နာဖို႔ မရွင္းမလင္းျဖစ္ေနတဲ့ အခ်က္ေတြ ရွိေနတယ္လို႔ ရန္ကုန္ ေဒသခံတခ်ဳိ႕က ဗီြအိုေအကို ေျပာပါတယ္။
ရန္ကုန္မွာ တနလၤာေန႔ကစၿပီး ေနအိမ္မွာပဲေနၾကဖို႔ အစိုးရအမိန႔္ ထုတ္ျပန္လိုက္တဲ့အေပၚ ေဒသခံေတြ၊ စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕ရဲ႕ အျမင္ေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။
ရန္ကုန္တိုင္း ၄၅ ၿမိဳ႕နယ္ထဲက ကိုကိုးကၽြန္းကလြဲၿပီး တနလၤာေန႔မနက္ ၈ နာရီကစလို႔ ျပည္သူေတြ ေနအိမ္မွာပဲ ေနၾကဖို႔ အမိန႔္ကို မေန႔ညက ျမန္မာအစိုးရက ထုတ္ျပန္လိုက္ပါတယ္။ အဓိကကေတာ့ COVID-19 ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္ေနတဲ့ လူေနထူထပ္တဲ့ ရန္ကုန္တိုင္းမွာ အခ်ိန္တိုအတြင္း ကူးစက္မႈႏႈန္း အရွိန္ျမင့္လာေနတာေၾကာင့္ အခုလို ေနအိမ္မွာေနၾကဖို႔ အမိန႔္ကို ထုတ္ျပန္ရတာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေပါင္း ၈ ခ်က္ရွိရာမွာ အမ်ားျပည္သူအတြက္ ရွင္းရွင္းလင္းလင္း မရွိတာေတြ ပါဝင္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ ေဒသခံ အမ်ိဳးသမီးတဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။
“က်မတုိ႔အေနနဲ႔ ဖတ္ၾကည့္လိုက္ရင္ တခ်ဳိ႕အမိန္႔ေၾကာ္ျငာစာထဲမွာ ထုတ္ထားတဲ့ စကားလုံး အသုံးအႏႈန္းေတြေပၚမွာ သာမန္ျပည္သူတေယာက္အေနနဲ႔ နားလည္ဖို႔ ခက္ခဲတဲ့ စကားလုံးေလးေတြ ရွိတာေပါ့။ ဥပမာ အပုိဒ္ ဂ မွာပါတဲ့ ကုန္ၾကမ္းယူ ကုန္ေခ်ာေပး ေဆာင္ရြက္ေသာ လက္ခစားလုပ္ငန္း CMP ဆုိရင္ က်မတုိ႔က လုပ္ငန္းပုိင္းလည္း လုပ္တဲ့သူ မဟုတ္ေတာ့ အဲဒါ ဘာလုပ္ငန္းေတြကုိ ေျပာလဲဆုိတာေတာ့ နားမလည္ဘူးရွင့္။ ေနာက္တခုက က်မအေနနဲ႔ဆုိရင္ အပုိဒ္ ဃ နဲ႔ ဇ ေပါ့။ မျဖစ္မေန ေဈးဝယ္လို႔ရွိရင္ အိမ္ကေန တဦးပဲထြက္ရန္ေပါ့၊ ဒါေပမယ့္ ဇ ကြဲက်ရင္ ရပ္ကြက္အတြင္း ေဈးဝယ္ထြက္ျခင္းအတြက္ ယာဥ္ေမာင္းအျပင္ ယာဥ္ေပၚတြင္ တဦးဆုိေတာ့ ေဈးဝယ္ထြက္တာကို ႏွစ္ေယာက္ ခြင့္ျပဳတယ္ဆုိေတာ့ အဲဒီႏွစ္ခုက နည္းနည္း Contradict ျဖစ္ေနသလိုပဲေပါ့။
“ေနာက္တခုက ရန္ကုန္မွာက တုိက္ခန္းအျမင့္ေတြမွာ ေနရတယ္။ ေနာက္ ေဈးကို တရက္စာဝယ္ရတယ္ဆုိရင္ ဆြဲရတာနဲ႔၊ တခါတေလက်ရင္ ကားနဲ႔ေတာ့ ေဈးဝယ္ထြက္တာမရွိဘူး။ ဒါေပမယ့္ မိသားစုအတြက္ ငါးရက္စာေလာက္ ေဈးဝယ္ရတဲ့သူအတြက္က်ရင္ တေယာက္တည္း သြားရတာ သိပ္ေတာ့အဆင္မေျပဘူး။ ဒါေလးကို သူတုိ႔ နည္းနည္း ထည့္စဥ္းစားဖုိ႔ေကာင္းတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အမ်ားအားျဖင့္ ေဈးေတြဘာေတြ သြားရင္ ရပ္ကြက္ေဈးေတြပဲ သုံးၾကတာမ်ားေတာ့ေလ။ ဒီလူတန္းစား မ်ားတဲ့အတြက္ ဒီလူတန္းစားအတြက္ အဲဒါေလးက နည္းနည္း အဆင္မေျပဘူး။”
အမိန႔္ထုတ္ျပန္ခ်ိန္က တနဂၤေႏြည ၈ နာရီမွာျဖစ္ၿပီး စတင္လိုက္နာရမယ့္ အခ်ိန္က တနလၤာေန႔ မနက္ ၈ နာရီျဖစ္ေနတဲ့အတြက္ လုပ္ငန္းရွင္ေတြ ျပင္ဆင္တဲ့ေနရာမွာ အခက္အခဲ ရွိႏိုင္တယ္လို႔လည္း သုံးသပ္ခ်က္ေတြ ရွိပါတယ္။
အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ေရး လုပ္ငန္းရွင္တဦးကေတာ့ သူတို႔လုပ္ငန္းေတြ ပိတ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားတယ္ ဆုိေပမယ့္ အခုလို ႐ုတ္တရက္ အမိန႔္ထုတ္ျပန္လိုက္တာေၾကာင့္ ေန႔စားအလုပ္သမားေတြအတြက္ သြားေရးလာေရးမွာ အခက္အခဲေတြ ရွိလိမ့္မယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။
“အမတုိ႔က ဆုိင္ေတြရွိတယ္၊ အိမ္ေဆာက္ပစၥည္းဆုိင္ဆုိေတာ့ အမတို႔က သူတုိ႔ မေၾကာ္ျငာခင္ အရမ္းႀကီး ျဖစ္ေနတဲ့အခါၾကေတာ့ ပိတ္ဖို႔ အကုန္လုံး စီစဥ္ၿပီးသြားၿပီ၊ အဂၤါေန႔ကို ပိတ္မယ္။ ဒါေပမယ့္ အလုပ္သမားေတြ လစာသမားေတြက ျပႆနာမရွိေပမယ့္ ကားက်ရင္ တေခါက္ကို ဘယ္ေလာက္ဆုိၿပီး ေခါက္ေၾကးနဲ႔ေပးရတဲ့ ကားသမားေတြ၊ ပစၥည္းထမ္းတဲ့ ေန႔စားေတြအတြက္က်ေတာ့ သူတုိ႔ အရမ္းအခက္အခဲေတြ ျဖစ္မွာေပါ့၊ ပိတ္လုိက္တဲ့အခါမွာ။”
COVID-19 ကပ္ေရာဂါကူးစက္မႈ အရွိန္ျမင့္တက္ေနတဲ့ ရန္ကုန္မွာ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္မႈ ႀကီးႀကီးမားမား ရင္ဆိုင္ေနရတာပါ။ ဒါေပမယ့္လည္း ျမန္မာအစိုးရရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္ကို ၾကည့္မယ္ဆိုရင္ အဆိုးဆုံးအေျခအေနကေန တတ္ႏိုင္သမွ် ေရာဂါကာကြယ္ထိန္းခ်ဳပ္ၿပီး မရွိမျဖစ္လိုအပ္တဲ့ စီးပြားေရးလုပ္ငန္းေတြ လည္ပတ္ႏိုင္ေအာင္ ႀကိဳးစားေနတာ ေတြ႔ရတယ္လို႔ ျမန္မာ့အေရးေလ့လာေနသူ ေဒါက္တာတင္ေမာင္သန္းက ဗြီအိုေအကို ေျပာပါတယ္။
“ေယဘုယ်အားျဖင့္ေတာ့ ရည္ရြယ္တာ မကူးစက္ဖို႔ေပါ့။ မကူးစက္ဖုိ႔ ဆုိတာက လူေတြ ထိေတြ႔ဆက္ဆံမႈ အတတ္ႏုိင္ဆုံး နည္းသြားေအာင္။ တၿပိဳင္နက္တည္းပဲ လူေတြရဲ႕ ဘဝေတြကလည္း လည္ပတ္ေနဖို႔ လုိအပ္တယ္။ အဲဒါေၾကာင့္ မရွိမျဖစ္တဲ့ စီးပြားေရးလုပ္ငန္းေတြ လည္ပတ္ေနတာကိုေတာ့ ခြင့္ျပဳတယ္။ ဒါေပမယ့္ တေယာက္နဲ႔တေယာက္ မကူးစက္ႏုိင္တဲ့ အေနအထားကေန အတတ္ႏုိင္ဆုံး စီးပြားေရးလည္ပတ္မႈေတြ လုပ္ၾကဖုိ႔ ေျပာခ်င္တဲ့သေဘာပဲ။”
မအင္ၾကင္းႏုိင္ - အိမ္မွာပဲေနၾကဖို႔ဆိုတဲ့ အမိန႔္နဲ႔ Lockdown ပိတ္ခ်လိုက္ၿပီဆိုတဲ့ အဆင့္ ကြာျခားခ်က္ေတြက ဘာေတြပါလဲ။
ေဒါက္တာတင္ေမာင္သန္း - “ေယဘုယ် က်ေနာ္နားလည္တာ၊ က်ေနာ္က ပညာရွင္ေတာ့ မဟုတ္ဘူးေပါ့၊ ဝူဟန္တုိ႔ ဘာတုိ႔မွာဆုိရင္ေတာ့ အသြားအလာေတြ အျပင္ကလည္း မလာရဘူး၊ အထဲလည္း မဝင္ရဘူး၊ အကုန္လုံးကို ပိတ္ခ်လုိက္တဲ့ သေဘာေပါ့။ Stay Home ဆုိတဲ့ သေဘာကေတာ့ အိမ္မွာ အတတ္ႏိုင္ဆုံး ေနၾကရမယ္။ မကူးစက္ေအာင္၊ ကူးစက္မႈ ျပန္႔ပြားမႈႏႈန္းကုိ ေလွ်ာ့ခ်ႏုိင္ဖုိ႔အတြက္ ရည္ရြယ္ၿပီးေတာ့ ျပ႒ာန္းတဲ့သေဘာပါပဲ။ အဲေတာ့ အကုန္လုံးကုိ ခ်ဳပ္ပစ္လုိက္တဲ့အထိ မသြားေသးဘူးေပါ့။”
ေနအိမ္မွာပဲ ေနၾကဖို႔ဆိုတဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အမိန႔္ထုတ္ျပန္ခ်က္ကို လိုက္နာျခင္း မရွိဘူးဆိုရင္ တည္ဆဲဥပေဒအရ အေရးယူခံရမယ္လို႔ ေဖာ္ျပထားပါတယ္။
---------------------------
(Unicode)
နေအိမ်မှာပဲ နေကြဖို့ အမိန့် ရန်ကုန်ဒေသခံတွေ ဘယ်လိုတုံ့ပြန်ကြသလဲ
COVID-19 ကပ်ရောဂါလှိုင်း ကြီးမားနေတဲ့ ရန်ကုန်မှာ ကူးစက်မှု ထိန်းချုပ်ရေး အစိုးရဘက်က စည်းမျဉ်းစည်းကမ်း ထုတ်ပြန်တာကို နားလည်ပေမယ့် အမိန့် ကြေညာချက်မှာ လိုက်နာဖို့ မရှင်းမလင်းဖြစ်နေတဲ့ အချက်တွေ ရှိနေတယ်လို့ ရန်ကုန် ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်မှာ တနင်္လာနေ့ကစပြီး နေအိမ်မှာပဲနေကြဖို့ အစိုးရအမိန့် ထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
ရန်ကုန်တိုင်း ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းကလွဲပြီး တနင်္လာနေ့မနက် ၈ နာရီကစလို့ ပြည်သူတွေ နေအိမ်မှာပဲ နေကြဖို့ အမိန့်ကို မနေ့ညက မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အဓိကကတော့ COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းမှာ အချိန်တိုအတွင်း ကူးစက်မှုနှုန်း အရှိန်မြင့်လာနေတာကြောင့် အခုလို နေအိမ်မှာနေကြဖို့ အမိန့်ကို ထုတ်ပြန်ရတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းပေါင်း ၈ ချက်ရှိရာမှာ အများပြည်သူအတွက် ရှင်းရှင်းလင်းလင်း မရှိတာတွေ ပါဝင်နေတယ်လို့ ရန်ကုန်မြို့ ဒေသခံ အမျိုးသမီးတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ကျမတို့အနေနဲ့ ဖတ်ကြည့်လိုက်ရင် တချို့အမိန့်ကြော်ငြာစာထဲမှာ ထုတ်ထားတဲ့ စကားလုံး အသုံးအနှုန်းတွေပေါ်မှာ သာမန်ပြည်သူတယောက်အနေနဲ့ နားလည်ဖို့ ခက်ခဲတဲ့ စကားလုံးလေးတွေ ရှိတာပေါ့။ ဥပမာ အပိုဒ် ဂ မှာပါတဲ့ ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း CMP ဆိုရင် ကျမတို့က လုပ်ငန်းပိုင်းလည်း လုပ်တဲ့သူ မဟုတ်တော့ အဲဒါ ဘာလုပ်ငန်းတွေကို ပြောလဲဆိုတာတော့ နားမလည်ဘူးရှင့်။ နောက်တခုက ကျမအနေနဲ့ဆိုရင် အပိုဒ် ဃ နဲ့ ဇ ပေါ့။ မဖြစ်မနေ ဈေးဝယ်လို့ရှိရင် အိမ်ကနေ တဦးပဲထွက်ရန်ပေါ့၊ ဒါပေမယ့် ဇ ကွဲကျရင် ရပ်ကွက်အတွင်း ဈေးဝယ်ထွက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တဦးဆိုတော့ ဈေးဝယ်ထွက်တာကို နှစ်ယောက် ခွင့်ပြုတယ်ဆိုတော့ အဲဒီနှစ်ခုက နည်းနည်း Contradict ဖြစ်နေသလိုပဲပေါ့။
“နောက်တခုက ရန်ကုန်မှာက တိုက်ခန်းအမြင့်တွေမှာ နေရတယ်။ နောက် ဈေးကို တရက်စာဝယ်ရတယ်ဆိုရင် ဆွဲရတာနဲ့၊ တခါတလေကျရင် ကားနဲ့တော့ ဈေးဝယ်ထွက်တာမရှိဘူး။ ဒါပေမယ့် မိသားစုအတွက် ငါးရက်စာလောက် ဈေးဝယ်ရတဲ့သူအတွက်ကျရင် တယောက်တည်း သွားရတာ သိပ်တော့အဆင်မပြေဘူး။ ဒါလေးကို သူတို့ နည်းနည်း ထည့်စဉ်းစားဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့် ဈေးတွေဘာတွေ သွားရင် ရပ်ကွက်ဈေးတွေပဲ သုံးကြတာများတော့လေ။ ဒီလူတန်းစား များတဲ့အတွက် ဒီလူတန်းစားအတွက် အဲဒါလေးက နည်းနည်း အဆင်မပြေဘူး။”
အမိန့်ထုတ်ပြန်ချိန်က တနင်္ဂနွေည ၈ နာရီမှာဖြစ်ပြီး စတင်လိုက်နာရမယ့် အချိန်က တနင်္လာနေ့ မနက် ၈ နာရီဖြစ်နေတဲ့အတွက် လုပ်ငန်းရှင်တွေ ပြင်ဆင်တဲ့နေရာမှာ အခက်အခဲ ရှိနိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိပါတယ်။
အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးကတော့ သူတို့လုပ်ငန်းတွေ ပိတ်ဖို့ ကြိုတင်ပြင်ဆင်ထားတယ် ဆိုပေမယ့် အခုလို ရုတ်တရက် အမိန့်ထုတ်ပြန်လိုက်တာကြောင့် နေ့စားအလုပ်သမားတွေအတွက် သွားရေးလာရေးမှာ အခက်အခဲတွေ ရှိလိမ့်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“အမတို့က ဆိုင်တွေရှိတယ်၊ အိမ်ဆောက်ပစ္စည်းဆိုင်ဆိုတော့ အမတို့က သူတို့ မကြော်ငြာခင် အရမ်းကြီး ဖြစ်နေတဲ့အခါကြတော့ ပိတ်ဖို့ အကုန်လုံး စီစဉ်ပြီးသွားပြီ၊ အင်္ဂါနေ့ကို ပိတ်မယ်။ ဒါပေမယ့် အလုပ်သမားတွေ လစာသမားတွေက ပြဿနာမရှိပေမယ့် ကားကျရင် တခေါက်ကို ဘယ်လောက်ဆိုပြီး ခေါက်ကြေးနဲ့ပေးရတဲ့ ကားသမားတွေ၊ ပစ္စည်းထမ်းတဲ့ နေ့စားတွေအတွက်ကျတော့ သူတို့ အရမ်းအခက်အခဲတွေ ဖြစ်မှာပေါ့၊ ပိတ်လိုက်တဲ့အခါမှာ။”
COVID-19 ကပ်ရောဂါကူးစက်မှု အရှိန်မြင့်တက်နေတဲ့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှု ကြီးကြီးမားမား ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည်း မြန်မာအစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် အဆိုးဆုံးအခြေအနေကနေ တတ်နိုင်သမျှ ရောဂါကာကွယ်ထိန်းချုပ်ပြီး မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးစားနေတာ တွေ့ရတယ်လို့ မြန်မာ့အရေးလေ့လာနေသူ ဒေါက်တာတင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။
“ယေဘုယျအားဖြင့်တော့ ရည်ရွယ်တာ မကူးစက်ဖို့ပေါ့။ မကူးစက်ဖို့ ဆိုတာက လူတွေ ထိတွေ့ဆက်ဆံမှု အတတ်နိုင်ဆုံး နည်းသွားအောင်။ တပြိုင်နက်တည်းပဲ လူတွေရဲ့ ဘဝတွေကလည်း လည်ပတ်နေဖို့ လိုအပ်တယ်။ အဲဒါကြောင့် မရှိမဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတာကိုတော့ ခွင့်ပြုတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် မကူးစက်နိုင်တဲ့ အနေအထားကနေ အတတ်နိုင်ဆုံး စီးပွားရေးလည်ပတ်မှုတွေ လုပ်ကြဖို့ ပြောချင်တဲ့သဘောပဲ။”
မအင်ကြင်းနိုင် - အိမ်မှာပဲနေကြဖို့ဆိုတဲ့ အမိန့်နဲ့ Lockdown ပိတ်ချလိုက်ပြီဆိုတဲ့ အဆင့် ကွာခြားချက်တွေက ဘာတွေပါလဲ။
ဒေါက်တာတင်မောင်သန်း - “ယေဘုယျ ကျနော်နားလည်တာ၊ ကျနော်က ပညာရှင်တော့ မဟုတ်ဘူးပေါ့၊ ဝူဟန်တို့ ဘာတို့မှာဆိုရင်တော့ အသွားအလာတွေ အပြင်ကလည်း မလာရဘူး၊ အထဲလည်း မဝင်ရဘူး၊ အကုန်လုံးကို ပိတ်ချလိုက်တဲ့ သဘောပေါ့။ Stay Home ဆိုတဲ့ သဘောကတော့ အိမ်မှာ အတတ်နိုင်ဆုံး နေကြရမယ်။ မကူးစက်အောင်၊ ကူးစက်မှု ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပြဋ္ဌာန်းတဲ့သဘောပါပဲ။ အဲတော့ အကုန်လုံးကို ချုပ်ပစ်လိုက်တဲ့အထိ မသွားသေးဘူးပေါ့။”
နေအိမ်မှာပဲ နေကြဖို့ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။