သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္လူနာ ေသဆံုးသူ ၉၀ ေက်ာ္လာ


ရန္ကုန္ၿမိဳ႕ ကြာရမ္တင္းစင္တာတခုမွာ COVID-19 စစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ စုစုေပါင္း ၅,၅၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၉၂ ေယာက္ရွိသြားၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာလိုက္ပါတယ္။

ဒီေန႔ စက္တင္ဘာ ၂၀ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရေတာ့ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၂၇၈ ေယာက္ ထပ္မံေတြ႔ရွိတာေၾကာင့္ အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္ခံသူ ၅,၅၄၁ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။ ဓာတ္ခဲြနမူနာ ၂,၂၀၉ ခုကို စမ္းသပ္စစ္ေဆးခဲ့တာမွာ အခုလို ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၂၇၈ ေယာက္ကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ ေသဆုံးသူ ၃ ေယာက္ရွိၿပီး အသက္ ၆၄ ႏွစ္က ၇၈ ႏွစ္ၾကား အမ်ိဳးသားေတြ ျဖစ္ပါတယ္။ သူတုိ႔ ၃ ေယာက္စလုံးဟာ ရန္ကုန္တုိင္းကျဖစ္ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာေဆး႐ုံနဲ႔ အေရွ႕ပိုင္းေဆး႐ုံေတြမွာ ကုသေနတဲ့သူေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီေန႔ အေစာပိုင္းကလည္း ေသဆုံးသူ ၈ ေယာက္ရွိတယ္လို႔ ထုတ္ျပန္ထားတာေၾကာင့္ ဒီေန႔တရက္တည္းမွာ ေသဆုံးသူ စုစုေပါင္း ၁၁ ေယာက္ ျဖစ္ပါတယ္။ အဲဒီ ၈ ေယာက္မွာ အမ်ိဳးသား ၅ ေယာက္နဲ႔ အမ်ိဳးသမီး ၃ ေယာက္ျဖစ္ၿပီး ရန္ကုန္တုိင္းေဒသႀကီးက ၇ ေယာက္နဲ႔ ေနျပည္ေတာ္က ၁ ေယာက္ ျဖစ္ပါတယ္။

ဒါ့အျပင္ ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တုိးလာေနတာေၾကာင့္ ရန္ကုန္တုိင္းေဒသႀကီးအတြင္းက ကိုကုိးကၽြန္းၿမိဳ႕နယ္ကလဲြၿပီး က်န္တဲ့ ၿမိဳ႕နယ္ေတြမွာ ေနထုိင္သူေတြအေနနဲ႔ မလိုအပ္လွ်င္ အျပင္မထြက္ဘဲ အိမ္ထဲမွာပဲ ေနၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အမိန္႔ထုတ္ျပန္လိုက္ပါတယ္။ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၂၁ ပုဒ္မခဲြ (ခ) အရ အဲဒီလို အမိန္႔ထုတ္ျပန္လိုက္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ၂ ႀကိမ္ဆက္ ပိုးမေတြ႔သူ ၇၂ ဦး ရွိတာေၾကာင့္ ေရာဂါသက္သာ ေပ်ာက္ကင္းၿပီး ေဆး႐ုံက ဆင္းခြင့္ရသူ စုစုေပါင္း ၁,၂၆၀ ရွိသြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ မေန႔ကနဲ႔ ဒီေန႔ ေန႔လယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာသစ္ ၃၉၈ ေယာက္ရွိတယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာ ကိုဗစ္လူနာ ေသဆံုးသူ ၉၀ ေက်ာ္လာ
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ ကိုဗစ်လူနာ သေဆုံးသူ ၉၀ ကျော်လာ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅,၅၀၀ ကျော်နဲ့ သေဆုံးသူ ၉၂ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရတော့ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၂၇၈ ယောက် ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံသူ ၅,၅၄၁ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဓာတ်ခွဲနမူနာ ၂,၂၀၉ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ အခုလို ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၂၇၈ ယောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် သေဆုံးသူ ၃ ယောက်ရှိပြီး အသက် ၆၄ နှစ်က ၇၈ နှစ်ကြား အမျိုးသားတွေ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်စလုံးဟာ ရန်ကုန်တိုင်းကဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံနဲ့ အရှေ့ပိုင်းဆေးရုံတွေမှာ ကုသနေတဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ အစောပိုင်းကလည်း သေဆုံးသူ ၈ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တရက်တည်းမှာ သေဆုံးသူ စုစုပေါင်း ၁၁ ယောက် ဖြစ်ပါတယ်။ အဲဒီ ၈ ယောက်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ၇ ယောက်နဲ့ နေပြည်တော်က ၁ ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်လျှင် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) အရ အဲဒီလို အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၇၂ ဦး ရှိတာကြောင့် ရောဂါသက်သာ ပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၁,၂၆၀ ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ကနဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၃၉၈ ယောက်ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG