(Zawgyi / Unicode)
ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္သူ ၅,၀၀၀ ေက်ာ္အထိ ရွိလာေနတဲ့ ျမန္မာႏုိင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြ၊ ေဆးပညာရွင္ေတြပါ ပိုးကူးစက္မခံရေအာင္ ေဆာင္ရြက္ေနရသလို ပိုးေတြ႔ရွိသူေတြ အပါအဝင္ ဆက္စပ္ထိေတြ႔သူေတြကို ေနရာသစ္ေတြ တိုးခ်ဲ႕ၿပီး သီးျခားကန္႔သတ္ထားရွိ ကုသေပးေနတဲ့ အေနအထားနဲ႔ ျပည္သူအမ်ား အထူးသတိထား လိုက္နာရမယ့္ က်န္းမာေရးပညာေပး သတိေပးခ်က္ေတြအေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏိုင္စိုးကို မဆုမြန္ ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။
ျမန္မာႏုိင္ငံတဝွမ္းလံုးအတိုင္းအတာနဲ႔ ကူးစက္ျမန္ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္ေနတဲ့ အေရအတြက္က က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာလ ၂၀ ရက္ေန႔ ည ၈ နာရီအခ်ိန္အထိ ထုတ္ျပန္ခ်က္အရ ေနာက္ထပ္ပိုး ၂၇၈ ဦး ေတြ႔ရွိတဲ့အတြက္ ပိုးေတြ႔ရွိသူေပါင္း ၅,၅၄၁ ဦးအထိ ရွိသြားၿပီျဖစ္ၿပီး ေနာက္ထပ္ ၃ ဦး ထပ္မံေသဆံုးလို႔ အခုဆိုရင္ COVID ေၾကာင့္ ေသဆံုးသူေပါင္းက ၉၂ ဦးအထိ ရွိသြားၿပီျဖစ္ပါတယ္။
ဒီလို လူအုပ္စုလိုက္ ရာနဲ႔ခ်ီ ေန႔စဥ္လို ဓာတ္ခြဲစစ္ေဆး ပိုးေတြ႔ရွိမႈေတြေၾကာင့္ COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရး အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္ေနၿပီး ေဆး႐ံုေဆးခန္းေတြမွာ ေရွ႕တန္းကေန ကာကြယ္ကုသေပးေနတဲ့ ေဆးပညာရွင္ေတြ၊ ဆရာဝန္ သူနာျပဳနဲ႔ ေစတနာ့ဝန္ထမ္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြကိုပါ ပိုးကူးစက္မခံရေအာင္ အထူးသတိထား ဂ႐ုစိုက္ ေဆာင္ရြက္ေနၾကတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏုိင္စိုးက ဗီြအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။
“အခုလက္ရွိကေတာ့ အရမ္းပင္ပန္းေနၾကတာေပါ့ေနာ္။ က်န္းမာေရး ဝန္ထမ္းေတြေရာ ေစတနာ့ဝန္ထမ္းေတြေရာ ဒါက မေမွ်ာ္လင့္ထားတဲ့ Workload ေပါ့၊ တကယ့္ကို ျမန္ျမန္ဆန္ဆန္ႀကီးေပါ့။ အဓိကကေတာ့ စိတ္ပိုင္းဆိုင္ရာ စည္းစည္းလံုးလံုး ညီညီညြတ္ညြတ္နဲ႔ အထူးသျဖင့္ ပေရာ္ဖက္ဆာႀကီးေတြေပါ့၊ ေဝဘာဂီတို႔ ေတာင္ဥကၠလာတို႔ ေဖာင္ႀကီးတို႔ အဲ့မွာရွိတဲ့ ပါေမာကၡႀကီးေတြ ပညာရွင္ႀကီးေတြက က်န္းမာေရးဝန္ထမ္းေတြကို အားေပးေနပါတယ္ခင္ဗ်။ ေရွ႕တန္းတိုက္စစ္မွဴး ျပည္သူ႔က်န္းမာေရး ကုသေရး အဓိကပါဝင္တဲ့ က်န္းမာေရးဝန္ထမ္းေတြကို ႏုိင္ငံေတာ္ကလည္း ခ်ီးျမႇင့္တာ ၂ ခါရွိပါၿပီ။ ေနာက္ ပိုးကူးစက္ျခင္း မခံရေအာင္ Infection Prevention and Control နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေသခ်ာသင္တန္းေပးၿပီး ကာကြယ္ဖို႔လိုအပ္တဲ့ Face shield တို႔ PPE ဝတ္စံုေတြကိုလည္း လံုေလာက္ေအာင္ ေထာက္ပံ့ေပးေနတယ္။
“ေနာက္ က်န္းမာေရးဝန္ထမ္းေတြကိုပါ ပိုးကူးစက္မႈ ရွိလာေတာ့ ပိုဆိုးတယ္။ လုပ္ရတဲ့ၾကားထဲမွာ ကူးစက္မႈေတြရွိလာေတာ့ စိတ္ဓာတ္ပိုင္းဆိုင္ရာလည္း ထိခိုက္တယ္။ အဲ့ဒါမ်ိဳးေတြ မရွိေအာင္ မျဖစ္ေအာင္ Strictly monitored လုပ္တာ၊ တင္းတင္းက်ပ္က်ပ္ ေစာင့္ၾကည့္တာ၊ အခ်င္းခ်င္း သတိေပးတာေတြပါ ေသခ်ာလုပ္ေနပါတယ္။ အိမ္ျပန္ၿပီး နားရမယ့္ကိစၥေတြဆိုလည္း တခ်ိဳ႕က်ေတာ့ အိမ္မျပန္ခ်င္ေတာ့ဘူး။ အိမ္ျပန္ရင္ အိမ္မွာ သက္ႀကီးရြယ္အို မိဘေတြရွိတယ္၊ ကေလးေတြ ရွိမယ္ေပါ့။ ေဆး႐ံုအနီးတဝိုက္ေနရာေတြ အဲ့လိုေနရာေတြ က်ေနာ္တို႔ စီစဥ္ေပးၿပီးတဲ့ အခါက်ေတာ့ အိမ္မျပန္ဘဲနဲ႔ လုပ္ငန္းခြင္ ျပန္ဆင္းႏုိင္ေအာင္လည္း စီစဥ္ေပးေနပါတယ္။ ၿပီးေတာ့ ကုသေနရင္းနဲ႔ Risk ရွိလို႔ Exposure ရွိရင္ ပိုးစစ္ Swab ယူလို႔ Clear ျဖစ္တယ္ဆိုရင္လည္း သက္ဆိုင္ရာ ပါေမာကၡဌာနမွဴး ဆရာဝန္ႀကီးေတြရဲ႕ Recommendation နဲ႔ လုပ္ငန္းခြင္ကို အျမန္ဆံုး ျပန္ဝင္ေနၾကတယ္။ လုပ္အားမဆံုး႐ႈံးရေအာင္ေပါ့ေနာ္။ လူနာေတြကို စိတ္မခ်လို႔ဆိုၿပီး လုပ္ငန္းခြင္ ျပန္ဝင္ခ်င္တဲ့ က်န္းမာေရးဝန္ထမ္းေတြ ေတာ္ေတာ္မ်ားပါတယ္ခင္ဗ်ာ။”
အခုဆိုရင္ ေန႔စဥ္ရက္စက္ဆိုသလို ဓာတ္ခြဲစစ္ေဆးခန္းေတြကေန လူရာနဲ႔ခ်ီ ပိုးေတြ႔ရွိေနတာေၾကာင့္ ဒီပိုးေတြ႔ရွိသူေတြနဲ႔ ဆက္စပ္တဲ့ လူေထာင္ဂဏန္းေလာက္ကို သီးျခားကန္႔သတ္ခြဲၿပီး ေစာင့္ၾကည့္ေနရတဲ့ COVID Quarantine Center ေတြ ေနရာသစ္ေတြ တိုးခ်ဲ႕ၿပီး စီစဥ္ေဆာင္ရြက္ေပးေနရတဲ့ ေနာက္ဆံုးအေျခအေနကိုလည္း က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရက ရွင္းျပပါတယ္။
“အဓိက ပိုးေတြ႔ရွိလူနာ မ်ားလာတာနဲ႔အမွ် Contact ဆက္စပ္သူေတြ မ်ားလာေနတယ္။ Contact မ်ားလာတာနဲ႔အမွ် Quarantine လုပ္ရမယ့္သူေတြ မ်ားလာတယ္။ ပိုးေတြ႔လူနာေတြအတြက္ ေဆး႐ံုကိုလည္း စီစဥ္ေနရသလို Quarantine ထားဖို႔ Primary Contact ထိေတြ႔ဆက္စပ္သူေတြကို ထားဖို႔ ေနရာေတြလည္း စီစဥ္ေနရပါတယ္။ လူနာအတြက္လည္း Medical Care ေပးႏုိင္မယ့္ ေဆးဝါးကိရိယာ အျပည့္အစံု Facility ဝန္ေဆာင္မႈေပးႏုိင္တဲ့ ေနရာလိုသလို Quarantine အတြက္လည္း Quarantine လည္းျဖစ္မယ္၊ သူ႔က်န္းမာေရးကိုလည္း Surveillance ေစာင့္ၾကပ္ၾကည့္႐ႈႏုိင္မယ့္ အေနအထား လိုတဲ့အတြက္ အခု က်ေနာ္တို႔ လက္ရွိအေနအထားကေတာ့ ေနရာေတြ ပိုၿပီးလိုလာတယ္။
“Quarantine သမားေတြအတြက္ေရာ ေဆး႐ံုသမားေတြ အတြက္ေရာ ႏွစ္ခုေပါင္းၿပီး ေနရာေတြ ေတာ္ေတာ္မ်ားမ်ားကို လိုေနတယ္လို႔ အၾကမ္းဖ်င္း ေျပာရမယ္။ အခုက ေနရာေတြမ်ားမ်ား လိုလာၿပီး ဝန္ထုပ္ဝန္ပိုးေတြ ပိလာေနတယ္။ ဒါေတြကို ခ်ိန္ေနရပါတယ္။ တက္လာတဲ့ Burden ကို ဘယ္လိုလုပ္ၾကမလဲ ဆိုတာကို ေန႔စဥ္ စဥ္းစားေနၿပီးေတာ့ ေပၚလစီအေျပာင္းအလဲ ထပ္လုပ္ရမယ္ဆိုရင္လည္း ဝန္ႀကီးဌာနအေနနဲ႔ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီရဲ႕ လမ္းညႊန္မႈကို ခံယူၿပီးေတာ့ လိုအပ္တာေတြကို အေရးႀကီးအဆင့္အေနနဲ႔ အခ်ိန္နဲ႔တေျပးညီ က်ေနာ္တို႔ ေဆာင္ရြက္လ်က္ရွိပါတယ္။”
အခုဆိုရင္ လူ ၈၀ ေက်ာ္ေသဆံုး လူ ၅,၀၀၀ ေက်ာ္အထိ ပိုးေတြ႔ရွိမႈေတြ ျဖစ္လာေနၿပီး ပိုးကူးစက္မႈ အႏၱရာယ္မ်ားတဲ့ ေဒသေတြ ေနရာေတြကို ေဒသႏၱရအမိန္႔ေတြ ထုတ္ျပန္ၿပီး အသြားအလာ ကန္႔သတ္တာ၊ ျပည္သူေတြ ေနအိမ္ေတြထဲမွာပဲေနဖို႔ ညႊန္ၾကားတာ အပါအဝင္ ကာကြယ္ထိန္းခ်ဳပ္မႈေတြ အရွိန္အဟုန္နဲ႔ ေဆာင္ရြက္ခ်ိန္ ျပည္သူလူထုကလည္း ပူးေပါင္းပါဝင္ၾကဖို႔နဲ႔ က်မ္းမာေရး လမ္းညႊန္ခ်က္ေတြကို အထူးလိုက္နာၾကဖို႔ ေဒါက္တာသန္းႏုိင္စိုးက တိုက္တြန္းပါတယ္။
“အခု ကူးစက္မႈႏႈန္းကလည္း တက္လာရင္ ေသဆံုးမႈႏႈန္းကလည္း တက္လာေနတယ္။ ျပည္သူတဦးတေယာက္ ဆံုး႐ႈံးသြားတိုင္း က်ေနာ္တို႔ မိသားစုနဲ႔ထပ္တူ ခံစားရပါတယ္။ ျပည္သူေတြအားလံုးက ကြင္းဆက္ေတြကို အားလံုးဝိုင္းဝန္းၿပီး ျဖတ္ေတာက္ေပးဖို႔ လိုပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန အေနနဲ႔ ျပည္သူေတြ ပူးေပါင္းပါဝင္ဖို႔ Request လုပ္ၿပီး အႏူးအညြတ္ ပန္ၾကားေနတဲ့ အခ်က္ကေတာ့ ျပည္သူေတြ တတ္ႏုိင္သမွ် မိမိအိမ္မွာ ေနေပးဖို႔ေပါ့ေနာ္။
“ေနာက္တခုက အိမ္ျပင္ကို မျဖစ္မေန အျပင္ကိုထြက္ရတဲ့သူ အလုပ္ကိစၥနဲ႔ျဖစ္ျဖစ္ ေစ်းသြားလို႔ပဲျဖစ္ပါေစ အဲ့လူက အိမ္အျပင္ကို ထြက္ၿပီဆိုကတည္းက Mask ကို စနစ္တက် ေသခ်ာတပ္သြားမယ္၊ တျခားသူေတြနဲ႔ ခပ္ခြာခြာေနမယ္၊ လူစုလူေဝး အုပ္စုျဖစ္ႏုိင္တဲ့ ေနရာေတြကို ေရွာင္မယ္၊ ျပန္လာတာနဲ႔ အိမ္ျပန္ေရာက္လာတာနဲ႔ လက္ကို စကၠန္႔ ၂၀ စင္ၾကယ္ေအာင္ ေဆးေၾကာမယ္၊ ၿပီးရင္ ကိုယ္ဝတ္ထားတဲ့ အဝတ္စားေတြကို ဆပ္ျပာနဲ႔စိမ္ၿပီး ေလွ်ာ္မယ္။ ေရမိုးခ်ိဳး သန္႔စင္ၿပီးမွ အိမ္ကမိသားစုနဲ႔ ထိေတြ႔မယ္။ က်န္တဲ့သူေတြလည္း အကူးစက္မခံရေတာ့ဘူးေပါ့။ အဲ့လိုနည္းမ်ိဳးေတြနဲ႔ အားလံုးအတူတကြ ဝိုင္းဝန္းၿပီးေတာ့ လုပ္ၾကမယ္ဆိုရင္ လာမယ့္ ၂ ပတ္ ၃ ပတ္ေလာက္အတြင္းမွာ အေကာင္အထည္ျမင္ရမွာ ျဖစ္ပါတယ္။”
အခုခ်ိန္မွာေတာ့ ေဆးပညာရွင္ ဆရာဝန္ သူနာျပဳေတြ၊ ဓာတ္ခြဲခန္းပညာရွင္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြ အင္အားျဖည့္တင္းေနၿပီး ပရဟိတ ေစတနာ့ဝန္ထမ္းေတြဘက္ကလည္း အင္တုိက္အားတုိက္ ကူညီေနၾကပါတယ္။ လူနာေတြအတြက္ လိုအပ္တဲ့ ေနရာအေဆာက္အဦေတြ အတြက္လည္း အလွဴရွင္ေတြဘက္က ကူညီပံ့ပိုးေနၾကတဲ့ တခ်ိန္တည္းမွာပဲ ကုသမႈေတြေပးႏုိင္ဖို႔ အစိုးရေဆး႐ုံ ေဆးခန္းေတြအျပင္ ပုဂၢလိက ေဆး႐ုံေတြမွာပါ လူနာေတြ ခြဲေဝကုသ ဝန္ေဆာင္မႈေပးႏုိင္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ေဆာင္ရြက္ေနပါတယ္။
ဒါေပမယ့္လည္း ေန႔စဥ္လိုလို ရာနဲ႔ခ်ီ ပိုးေတြ႔ရွိၿပီး လူေထာင္ခ်ီ ကူးစက္လာေနတဲ့ အတြက္ သီးျခားခြဲထားရွိတဲ့ ကြာရမ္တင္းစင္တာတခ်ိဳ႕မွာ ဝန္ထမ္းမလံုေလာက္မႈ၊ ေနေရးစားေရး အဆင္မေျပမႈ အခက္အခဲေတြ ျဖစ္ေနသလို ျပည္သူလူထုၾကားမွာလည္း စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။
--------------------------
(Unicode)
မြန်မာကျန်းမာရေးဝန်ထမ်းများ ပိုးမကူးရေး အလေးပေးဆောင်ရွက်
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူ ၅,၀၀၀ ကျော်အထိ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေပါ ပိုးကူးစက်မခံရအောင် ဆောင်ရွက်နေရသလို ပိုးတွေ့ရှိသူတွေ အပါအဝင် ဆက်စပ်ထိတွေ့သူတွေကို နေရာသစ်တွေ တိုးချဲ့ပြီး သီးခြားကန့်သတ်ထားရှိ ကုသပေးနေတဲ့ အနေအထားနဲ့ ပြည်သူအများ အထူးသတိထား လိုက်နာရမယ့် ကျန်းမာရေးပညာပေး သတိပေးချက်တွေအကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို မဆုမွန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်းလုံးအတိုင်းအတာနဲ့ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်နေတဲ့ အရေအတွက်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီအချိန်အထိ ထုတ်ပြန်ချက်အရ နောက်ထပ်ပိုး ၂၇၈ ဦး တွေ့ရှိတဲ့အတွက် ပိုးတွေ့ရှိသူပေါင်း ၅,၅၄၁ ဦးအထိ ရှိသွားပြီဖြစ်ပြီး နောက်ထပ် ၃ ဦး ထပ်မံသေဆုံးလို့ အခုဆိုရင် COVID ကြောင့် သေဆုံးသူပေါင်းက ၉၂ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
ဒီလို လူအုပ်စုလိုက် ရာနဲ့ချီ နေ့စဉ်လို ဓာတ်ခွဲစစ်ဆေး ပိုးတွေ့ရှိမှုတွေကြောင့် COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ဆေးရုံဆေးခန်းတွေမှာ ရှေ့တန်းကနေ ကာကွယ်ကုသပေးနေတဲ့ ဆေးပညာရှင်တွေ၊ ဆရာဝန် သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကိုပါ ပိုးကူးစက်မခံရအောင် အထူးသတိထား ဂရုစိုက် ဆောင်ရွက်နေကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။
“အခုလက်ရှိကတော့ အရမ်းပင်ပန်းနေကြတာပေါ့နော်။ ကျန်းမာရေး ဝန်ထမ်းတွေရော စေတနာ့ဝန်ထမ်းတွေရော ဒါက မမျှော်လင့်ထားတဲ့ Workload ပေါ့၊ တကယ့်ကို မြန်မြန်ဆန်ဆန်ကြီးပေါ့။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အထူးသဖြင့် ပရော်ဖက်ဆာကြီးတွေပေါ့၊ ဝေဘာဂီတို့ တောင်ဥက္ကလာတို့ ဖောင်ကြီးတို့ အဲ့မှာရှိတဲ့ ပါမောက္ခကြီးတွေ ပညာရှင်ကြီးတွေက ကျန်းမာရေးဝန်ထမ်းတွေကို အားပေးနေပါတယ်ခင်ဗျ။ ရှေ့တန်းတိုက်စစ်မှူး ပြည်သူ့ကျန်းမာရေး ကုသရေး အဓိကပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို နိုင်ငံတော်ကလည်း ချီးမြှင့်တာ ၂ ခါရှိပါပြီ။ နောက် ပိုးကူးစက်ခြင်း မခံရအောင် Infection Prevention and Control နဲ့ ပတ်သက်ပြီးတော့လည်း သေချာသင်တန်းပေးပြီး ကာကွယ်ဖို့လိုအပ်တဲ့ Face shield တို့ PPE ဝတ်စုံတွေကိုလည်း လုံလောက်အောင် ထောက်ပံ့ပေးနေတယ်။
“နောက် ကျန်းမာရေးဝန်ထမ်းတွေကိုပါ ပိုးကူးစက်မှု ရှိလာတော့ ပိုဆိုးတယ်။ လုပ်ရတဲ့ကြားထဲမှာ ကူးစက်မှုတွေရှိလာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ထိခိုက်တယ်။ အဲ့ဒါမျိုးတွေ မရှိအောင် မဖြစ်အောင် Strictly monitored လုပ်တာ၊ တင်းတင်းကျပ်ကျပ် စောင့်ကြည့်တာ၊ အချင်းချင်း သတိပေးတာတွေပါ သေချာလုပ်နေပါတယ်။ အိမ်ပြန်ပြီး နားရမယ့်ကိစ္စတွေဆိုလည်း တချို့ကျတော့ အိမ်မပြန်ချင်တော့ဘူး။ အိမ်ပြန်ရင် အိမ်မှာ သက်ကြီးရွယ်အို မိဘတွေရှိတယ်၊ ကလေးတွေ ရှိမယ်ပေါ့။ ဆေးရုံအနီးတဝိုက်နေရာတွေ အဲ့လိုနေရာတွေ ကျနော်တို့ စီစဉ်ပေးပြီးတဲ့ အခါကျတော့ အိမ်မပြန်ဘဲနဲ့ လုပ်ငန်းခွင် ပြန်ဆင်းနိုင်အောင်လည်း စီစဉ်ပေးနေပါတယ်။ ပြီးတော့ ကုသနေရင်းနဲ့ Risk ရှိလို့ Exposure ရှိရင် ပိုးစစ် Swab ယူလို့ Clear ဖြစ်တယ်ဆိုရင်လည်း သက်ဆိုင်ရာ ပါမောက္ခဌာနမှူး ဆရာဝန်ကြီးတွေရဲ့ Recommendation နဲ့ လုပ်ငန်းခွင်ကို အမြန်ဆုံး ပြန်ဝင်နေကြတယ်။ လုပ်အားမဆုံးရှုံးရအောင်ပေါ့နော်။ လူနာတွေကို စိတ်မချလို့ဆိုပြီး လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ တော်တော်များပါတယ်ခင်ဗျာ။”
အခုဆိုရင် နေ့စဉ်ရက်စက်ဆိုသလို ဓာတ်ခွဲစစ်ဆေးခန်းတွေကနေ လူရာနဲ့ချီ ပိုးတွေ့ရှိနေတာကြောင့် ဒီပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်တဲ့ လူထောင်ဂဏန်းလောက်ကို သီးခြားကန့်သတ်ခွဲပြီး စောင့်ကြည့်နေရတဲ့ COVID Quarantine Center တွေ နေရာသစ်တွေ တိုးချဲ့ပြီး စီစဉ်ဆောင်ရွက်ပေးနေရတဲ့ နောက်ဆုံးအခြေအနေကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ရှင်းပြပါတယ်။
“အဓိက ပိုးတွေ့ရှိလူနာ များလာတာနဲ့အမျှ Contact ဆက်စပ်သူတွေ များလာနေတယ်။ Contact များလာတာနဲ့အမျှ Quarantine လုပ်ရမယ့်သူတွေ များလာတယ်။ ပိုးတွေ့လူနာတွေအတွက် ဆေးရုံကိုလည်း စီစဉ်နေရသလို Quarantine ထားဖို့ Primary Contact ထိတွေ့ဆက်စပ်သူတွေကို ထားဖို့ နေရာတွေလည်း စီစဉ်နေရပါတယ်။ လူနာအတွက်လည်း Medical Care ပေးနိုင်မယ့် ဆေးဝါးကိရိယာ အပြည့်အစုံ Facility ဝန်ဆောင်မှုပေးနိုင်တဲ့ နေရာလိုသလို Quarantine အတွက်လည်း Quarantine လည်းဖြစ်မယ်၊ သူ့ကျန်းမာရေးကိုလည်း Surveillance စောင့်ကြပ်ကြည့်ရှုနိုင်မယ့် အနေအထား လိုတဲ့အတွက် အခု ကျနော်တို့ လက်ရှိအနေအထားကတော့ နေရာတွေ ပိုပြီးလိုလာတယ်။
“Quarantine သမားတွေအတွက်ရော ဆေးရုံသမားတွေ အတွက်ရော နှစ်ခုပေါင်းပြီး နေရာတွေ တော်တော်များများကို လိုနေတယ်လို့ အကြမ်းဖျင်း ပြောရမယ်။ အခုက နေရာတွေများများ လိုလာပြီး ဝန်ထုပ်ဝန်ပိုးတွေ ပိလာနေတယ်။ ဒါတွေကို ချိန်နေရပါတယ်။ တက်လာတဲ့ Burden ကို ဘယ်လိုလုပ်ကြမလဲ ဆိုတာကို နေ့စဉ် စဉ်းစားနေပြီးတော့ ပေါ်လစီအပြောင်းအလဲ ထပ်လုပ်ရမယ်ဆိုရင်လည်း ဝန်ကြီးဌာနအနေနဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုကို ခံယူပြီးတော့ လိုအပ်တာတွေကို အရေးကြီးအဆင့်အနေနဲ့ အချိန်နဲ့တပြေးညီ ကျနော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။”
အခုဆိုရင် လူ ၈၀ ကျော်သေဆုံး လူ ၅,၀၀၀ ကျော်အထိ ပိုးတွေ့ရှိမှုတွေ ဖြစ်လာနေပြီး ပိုးကူးစက်မှု အန္တရာယ်များတဲ့ ဒေသတွေ နေရာတွေကို ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး အသွားအလာ ကန့်သတ်တာ၊ ပြည်သူတွေ နေအိမ်တွေထဲမှာပဲနေဖို့ ညွှန်ကြားတာ အပါအဝင် ကာကွယ်ထိန်းချုပ်မှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်ချိန် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကြဖို့နဲ့ ကျမ်းမာရေး လမ်းညွှန်ချက်တွေကို အထူးလိုက်နာကြဖို့ ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းပါတယ်။
“အခု ကူးစက်မှုနှုန်းကလည်း တက်လာရင် သေဆုံးမှုနှုန်းကလည်း တက်လာနေတယ်။ ပြည်သူတဦးတယောက် ဆုံးရှုံးသွားတိုင်း ကျနော်တို့ မိသားစုနဲ့ထပ်တူ ခံစားရပါတယ်။ ပြည်သူတွေအားလုံးက ကွင်းဆက်တွေကို အားလုံးဝိုင်းဝန်းပြီး ဖြတ်တောက်ပေးဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ Request လုပ်ပြီး အနူးအညွတ် ပန်ကြားနေတဲ့ အချက်ကတော့ ပြည်သူတွေ တတ်နိုင်သမျှ မိမိအိမ်မှာ နေပေးဖို့ပေါ့နော်။
“နောက်တခုက အိမ်ပြင်ကို မဖြစ်မနေ အပြင်ကိုထွက်ရတဲ့သူ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် ဈေးသွားလို့ပဲဖြစ်ပါစေ အဲ့လူက အိမ်အပြင်ကို ထွက်ပြီဆိုကတည်းက Mask ကို စနစ်တကျ သေချာတပ်သွားမယ်၊ တခြားသူတွေနဲ့ ခပ်ခွာခွာနေမယ်၊ လူစုလူဝေး အုပ်စုဖြစ်နိုင်တဲ့ နေရာတွေကို ရှောင်မယ်၊ ပြန်လာတာနဲ့ အိမ်ပြန်ရောက်လာတာနဲ့ လက်ကို စက္ကန့် ၂၀ စင်ကြယ်အောင် ဆေးကြောမယ်၊ ပြီးရင် ကိုယ်ဝတ်ထားတဲ့ အဝတ်စားတွေကို ဆပ်ပြာနဲ့စိမ်ပြီး လျှော်မယ်။ ရေမိုးချိုး သန့်စင်ပြီးမှ အိမ်ကမိသားစုနဲ့ ထိတွေ့မယ်။ ကျန်တဲ့သူတွေလည်း အကူးစက်မခံရတော့ဘူးပေါ့။ အဲ့လိုနည်းမျိုးတွေနဲ့ အားလုံးအတူတကွ ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်ဆိုရင် လာမယ့် ၂ ပတ် ၃ ပတ်လောက်အတွင်းမှာ အကောင်အထည်မြင်ရမှာ ဖြစ်ပါတယ်။”
အခုချိန်မှာတော့ ဆေးပညာရှင် ဆရာဝန် သူနာပြုတွေ၊ ဓာတ်ခွဲခန်းပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အင်အားဖြည့်တင်းနေပြီး ပရဟိတ စေတနာ့ဝန်ထမ်းတွေဘက်ကလည်း အင်တိုက်အားတိုက် ကူညီနေကြပါတယ်။ လူနာတွေအတွက် လိုအပ်တဲ့ နေရာအဆောက်အဦတွေ အတွက်လည်း အလှူရှင်တွေဘက်က ကူညီပံ့ပိုးနေကြတဲ့ တချိန်တည်းမှာပဲ ကုသမှုတွေပေးနိုင်ဖို့ အစိုးရဆေးရုံ ဆေးခန်းတွေအပြင် ပုဂ္ဂလိက ဆေးရုံတွေမှာပါ လူနာတွေ ခွဲဝေကုသ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။
ဒါပေမယ့်လည်း နေ့စဉ်လိုလို ရာနဲ့ချီ ပိုးတွေ့ရှိပြီး လူထောင်ချီ ကူးစက်လာနေတဲ့ အတွက် သီးခြားခွဲထားရှိတဲ့ ကွာရမ်တင်းစင်တာတချို့မှာ ဝန်ထမ်းမလုံလောက်မှု၊ နေရေးစားရေး အဆင်မပြေမှု အခက်အခဲတွေ ဖြစ်နေသလို ပြည်သူလူထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။