သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



လှိုင်မြို့နယ်က ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (ဇူလိုင် ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)





-------------------------------

(Unicode)

မြန်မာနိုင်ငံ ကိုဗစ်ကြောင့် သေဆုံးသူ ၉၀ နီးပါးဖြစ်လာ

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၈၉ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ဒီနေ့မှာ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် ၈ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၈၉ ယောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီခွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ၈ ယောက်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး အသက် ၅၃ နှစ်ကနေ ၇၈ နှစ်ကြားတွေ ဖြစ်ကြပါတယ်။

သေဆုံးသူတွေထဲက ၇ ယောက်ကတော့ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး အဲဒီထဲမှာ ၅ ယောက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေသူတွေ ဖြစ်ပြီး အနောက်ပိုင်းဆေးရုံကြီးနဲ့ တောင်ဥက္ကလာပ အထူးကုဆေးရုံတွေမှာ တက်ရောက်ကုသနေသူ ၁ ယောက်စီဖြစ်ပါတယ်။ နေပြည်တော်က တယောက်ကတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ တက်ရောက်ကုသနေသူ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်မှာတော့ COVID-19 ရောဂါပိုး နောက်ထပ်ကူးစက်ခံရသူ ၃၉၃ ဦး ထပ်မံတွေ့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG