(Zawgyi / Unicode)
ေဆာင္းဦးရာသီမွာ ရာသီတုပ္ေကြး ျဖစ္ပြားေလ့ရွိတာေၾကာင့္ ဒီရာသီတုပ္ေကြးနဲ႔ ေရာဂါလကၡဏာ ဆင္ဆင္တူၿပီး ကူးစက္မႈသိပ္ျမန္တဲ့ လက္ရွိျဖစ္ပြားေနတဲ့ COVID-19 နဲ႔ မမွားေအာင္ ဒီႏွစ္အတြက္ ရာသီတုပ္ေကြး ကာကြယ္ေဆးေတြ ထုိးၾကဖုိ႔ က်န္းမာေရးအရာရွိေတြက သတိေပးေနၾကပါတယ္။
ဓာတ္ခြဲစမ္းသပ္ၾကည့္မွ ေရာဂါပိုးရွိမရွိ သိႏိုင္တဲ့ COVID-19 အတြက္ ကာကြယ္ေဆးလည္း အခုထိ မရေသးတဲ့အတြက္ ဘယ္အခ်ိန္အထိ ဆက္ၿပီး ကူးစက္ပ်ံ႕ႏွ႔႔ံမႈ ရွိႏုိင္တယ္ဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ ရာသီတုပ္ေကြး အတြက္ကေတာ့ ကာကြယ္ေဆးက ရွိေနတာေၾကာင့္ ၂ မ်ိဳးမမွားေအာင္ ကာကြယ္ေဆးထုိးၾကဖို႔ တိုက္တြန္းေနတာ ျဖစ္ပါတယ္။
ဒီႏွစ္ ၂၀၂၀ မွာ COVID-19 ဒဏ္ကိုပါ ခံေနရတာေၾကာင့္ ဒီေရာဂါ ၂ မ်ိဳးစလံုးနဲ႔ ရင္ဆိုင္ရမယ့္ သိပ္ကိုခက္ခဲမယ့္ ႏွစ္တႏွစ္ျဖစ္ေၾကာင္း George Washington တကၠသိုလ္က ကူးစက္ေရာဂါဆိုင္ရာဌာနခြဲ အႀကီးအကဲ Gary Simon က ေျပာပါတယ္။
ကမာၻတလႊား COVID-19 ကူးစက္မႈဟာ စေနေန႔မွာ သန္း ၃၀ ေက်ာ္ေနၿပီျဖစ္ၿပီး ေသဆံုးရသူက တသန္းနီးပါး ရွိေနၿပီလို႔ အေမရိကန္ Johns Hopkins တကၠသို္လ္က ေကာက္ယူတဲ့စစ္တမ္းမွာ ေဖာ္ျပပါတယ္။
အေမရိကန္ႏုိင္ငံက ကူးစက္သူ ၆ သန္းခြဲေက်ာ္နဲ႔ ကမာၻမွာ အမ်ားဆံုးျဖစ္ေနသလို ဒုတိယျဖစ္တဲ့ အိႏၵိယက ၅.၃ သန္းေက်ာ္နဲ႔ တတိယျဖစ္ေနတဲ့ ဘရာဇီးလ္က ၄ သန္းခြဲနီးပါး ကူးစက္မႈ ရွိေနတာပါ။
ဥေရာပႏုိင္ငံေတြမွာေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက သတိေပးလိုက္ၿပီး ေနာက္တေန႔ျဖစ္တဲ့ ေသာၾကာေန႔မွာပဲ ဒီေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ကန္႔သတ္ပိတ္ပင္မႈ အသစ္ေတြ ခ်ထားခဲ့ၾကပါတယ္။
-----------------------------
(Unicode)
COVID-19 ကြောင့် ကမ္ဘာတဝန်း သေဆုံးသူပေါင်း တသန်းနီးပါးရှိနေ
ဆောင်းဦးရာသီမှာ ရာသီတုပ်ကွေး ဖြစ်ပွားလေ့ရှိတာကြောင့် ဒီရာသီတုပ်ကွေးနဲ့ ရောဂါလက္ခဏာ ဆင်ဆင်တူပြီး ကူးစက်မှုသိပ်မြန်တဲ့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 နဲ့ မမှားအောင် ဒီနှစ်အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ထိုးကြဖို့ ကျန်းမာရေးအရာရှိတွေက သတိပေးနေကြပါတယ်။
ဓာတ်ခွဲစမ်းသပ်ကြည့်မှ ရောဂါပိုးရှိမရှိ သိနိုင်တဲ့ COVID-19 အတွက် ကာကွယ်ဆေးလည်း အခုထိ မရသေးတဲ့အတွက် ဘယ်အချိန်အထိ ဆက်ပြီး ကူးစက်ပျံ့နှ့ံ့မှု ရှိနိုင်တယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ရာသီတုပ်ကွေး အတွက်ကတော့ ကာကွယ်ဆေးက ရှိနေတာကြောင့် ၂ မျိုးမမှားအောင် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၀ မှာ COVID-19 ဒဏ်ကိုပါ ခံနေရတာကြောင့် ဒီရောဂါ ၂ မျိုးစလုံးနဲ့ ရင်ဆိုင်ရမယ့် သိပ်ကိုခက်ခဲမယ့် နှစ်တနှစ်ဖြစ်ကြောင်း George Washington တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာဌာနခွဲ အကြီးအကဲ Gary Simon က ပြောပါတယ်။
ကမ္ဘာတလွှား COVID-19 ကူးစက်မှုဟာ စနေနေ့မှာ သန်း ၃၀ ကျော်နေပြီဖြစ်ပြီး သေဆုံးရသူက တသန်းနီးပါး ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့စစ်တမ်းမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံက ကူးစက်သူ ၆ သန်းခွဲကျော်နဲ့ ကမ္ဘာမှာ အများဆုံးဖြစ်နေသလို ဒုတိယဖြစ်တဲ့ အိန္ဒိယက ၅.၃ သန်းကျော်နဲ့ တတိယဖြစ်နေတဲ့ ဘရာဇီးလ်က ၄ သန်းခွဲနီးပါး ကူးစက်မှု ရှိနေတာပါ။
ဥရောပနိုင်ငံတွေမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ သောကြာနေ့မှာပဲ ဒီရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် ကန့်သတ်ပိတ်ပင်မှု အသစ်တွေ ချထားခဲ့ကြပါတယ်။