သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကပ္လႈိင္းဒဏ္ေၾကာင့္ က်န္းမာေရးစနစ္ က်ဳိးေပါက္ခဲ့တဲ့ နယူးေယာက္သင္ခန္းစာ ျမန္မာ ဘယ္လိုယူသင့္သလဲ


ရန္ကုန္ၿမိဳ႕မွာ ကုိဗစ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏုိင္ေရး အိမ္တုိင္ရာေရာက္ စစ္ေဆးေပးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စေနေန႔က COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္သူ ၂၄၉ ဦး ထပ္တိုးလာတဲ့အတြက္ ေရာဂါကူးစက္သူ စုစုေပါင္း ၄,၈၇၀ ဦး ရွိသြားပါၿပီ။ လက္ရွိ ေသဆံုးသူေပါင္း ၈၁ ဦး ရွိေနပါတယ္။ ကူးစက္မႈနဲ႔ ေသဆံုးမႈ ျမင့္လာေနတဲ့ ျမန္မာႏုိင္ငံမွာ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ႀကီး က်ဳိးေပါက္မသြားေအာင္ ဘယ္လိုကာကြယ္ ေဆာင္ရြက္သင့္ပါသလဲ။

COVID-19 ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္ခဲ့ၿပီး ေသဆုံးမႈႏႈန္း အျမင့္ဆုံးျဖစ္ခဲ့တဲ့ အေမရိကန္ျပည္ေထာင္စု နယူးေယာက္မွာ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ၿပိဳလဲခဲ့တဲ့ သင္ခန္းစာကေန ျမန္မာ ဘယ္လိုယူသင့္သလဲ။

နယူးေယာက္ၿမိဳ႕ Wyckoff Heights ဒုတိယေဆး႐ုံအုပ္ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏုိင္ - အခု ျမန္မာႏုိင္ငံမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူဦးေရေတြ တုိးလာတာ၊ အထူးသျဖင့္ ကူးစက္တဲ့ႏႈန္းကလည္း ျမင့္တက္လာတဲ့ အေနအထားေပါ့ေနာ္၊ ေပါက္ကြဲထြက္လာတဲ့ အေျခအေနေပၚမွာ ဆရာ့အေနနဲ႔ ဘယ္လိုျမင္မိပါလဲရွင့္။

ေဒါက္တာေဇယ်ာသက္ - “ဟုတ္ကဲ့၊ ေတာ္ေတာ္ေလးကို စိတ္မခ်မ္းသာစရာ အေျခအေနတခုကို ေတြ႔ရတဲ့ အေျခအေနတခုေပါ့။ ကေ်နာ္တုိ႔ အရင္တုန္းက ခန္႔မွန္းထားတာေတာ့ ျမန္မာႏုိင္ငံမွာ ေတာ္ေတာ္ေလးကို ထိန္းခ်ဳပ္ႏိုင္ၿပီလုိ႔ တြက္ခဲ့တာေပါ့ေလ။ လူဦးေရ Positive ျဖစ္တာ မ်ားတာ နည္းတာကေတာ့ ကေ်နာ့္အေနနဲ႔ ဒီေလာက္ႀကီးအထိ အဲဒီနံပါတ္ကုိ သိပ္မျဖစ္ဘူး။ ဒါေပမယ့္ မ်ားမ်ားစစ္လို႔ မ်ားမ်ားေပၚလာတာ ေယဘုယ်သေဘာအရ လက္ခံလို႔ရတဲ့ အပုိင္းတခုပါ။ ဘာျဖစ္လို႔လဲဆုိေတာ့ ျမန္မာႏုိင္ငံမွာ အခုလက္ရွိ ျဖစ္ေနတဲ့ အေနအထားက စစ္တဲ့ပမာဏကေတာ့ မ်ားလာပါတယ္ အရင္ကနဲ႔ ႏႈိင္းယွဥ္ၿပီးေတာ့။ ဒါေပမယ့္လည္း ဒုကၡေရာက္တဲ့ လူဦးေရ ပမာဏ မ်ားလာတယ္။ ဒုကၡေရာက္တယ္ဆုိတာ က်ော္နေျပာတာက အသက္ဆုံး႐ႈံးမႈအပုိင္း ပါသလုိ အသက္႐ွဴလမ္းေၾကာင္းမွာ ေတာ္ေတာ္ေလး ဒုကၡေရာက္လာတယ္။ တခ်ဳိ႕လူေတြဆုိရင္၊ က်ေနာ္ကေတာ့ သတင္းပဲ ဖတ္ရတာေပါ့ေနာ္၊ ဆီးခ်ဳိေရာဂါေၾကာင့္ ကိုမာျဖစ္ၿပီး ဆုံး႐ႈံးသြားရတယ္။ တခ်ဳိ႕လူေတြဆုိရင္ ညဘက္မွာ ႏွလုံးရပ္သြားတယ္။ ႏွလုံးခုန္တာ အရမ္းျမန္ၿပီးေတာ့ ရပ္သြားတယ္။ ဒီလုိအပုိင္းေလးေတြ ပါလာပါတယ္။ အသက္အရြယ္အားျဖင့္လည္း ျမင္တဲ့အတုိင္း အသက္ ၄၀ နဲ႔ ၆၀ ၾကားထဲမွာ အသက္ဆုံး႐ႈံးမႈ အမ်ားဆုံးလူဦးေရ ပါပါတယ္။ အသက္ငယ္တဲ့လူေတြလည္း တေယာက္ ႏွစ္ေယာက္စေတာ့ ရွိပါတယ္။ ဒါကေတာ့ ျဖစ္ႏုိင္တဲ့ အေျခအေနတခုပါ။

“ဒါ ဘာေၾကာင့္ျဖစ္လာသလဲဆုိရင္ နံပါတ္တစ္အခ်က္ကေတာ့ လူေတြ Social Distancing မလုပ္လို႔ပါ။ နံပါတ္ႏွစ္အခ်က္ကေတာ့ Asymptomatic သမားေတြေပါ့၊ ျမန္မာအေခၚေတာ့ ေရာဂါက အတြင္းထဲကေန လႈိက္ၿပီးစားတယ္လို႔ သုံးတာေပါ့ေလ။ တေယာက္နဲ႔တေယာက္ ကူးေနတာ။ တေယာက္နဲ႔တေယာက္ ကူးေနတယ္ဆုိတာ Asymptomatic သမားေတြ။ ဘယ္သူကစၿပီး ဒီေရာဂါကို ျဖန္႔တာလဲဆုိေတာ့ Symptom ရွိတဲ့လူက စျဖန္႔တာပါ။ ဒါေပမယ့္ ၅၀ ရာခုိင္ႏႈန္းေသာလူက Symptom နည္းနည္းရွိခ်င္ ရွိသြားမယ္။ အဲဒီ ၅၀ ကေန တခါ ထပ္ေခ်ာင္းဆုိးမယ္။ အဲဒီလုိနဲ႔ စ ပြားပြားသြားၾကတယ္။”

မအင္ၾကင္းႏုိင္ - ျမန္မာႏုိင္ငံမွာ အခုဆုိရင္ ဒီေရာဂါ ထိန္းခ်ဳပ္ဖို႔အတြက္ကုိ ကြင္းဆက္ျဖတ္ကုသေရး နည္းလမ္းသစ္ေပါ့၊ အဲဒါကို ခ်မွတ္ၿပီး ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ႀကိဳးစားမယ္ဆုိတာမ်ဳိး။ ဆုိေတာ့ သူတို႔ အဲဒီလို ခ်မွတ္ထားတဲ့ ကြင္းဆက္ျဖတ္ ကုသေရး နည္းဗ်ဴဟာဆုိတဲ့ အပုိင္းကုိေရာ ဆရာ ဘယ္လိုသုံးသပ္ပါလဲရွင့္။

ေဒါက္တာေဇယ်ာသက္ - “သူတုိ႔က ေရာဂါရွိတဲ့သူေတြကုိ က်ေနာ္တုိ႔ ဒီမွာလုပ္ခဲ့သလုိေပါ့၊ တ႐ုတ္ျပည္မွာလည္း လုပ္ခဲ့ပါတယ္။ ေရာဂါရွိတဲ့လူေတြ၊ ေရာဂါ Symptom ျပတဲ့လူေတြ၊ ေရာဂါရွိတာထက္စာရင္ Symptom ေပါ့ ေရာဂါလကၡဏာ ျပေနတဲ့လူေတြကုိ သူတို႔ဆြဲၿပီးေတာ့ COVID Ward ေပါ့၊ က်ေနာ္တုိ႔ နယူးေယာက္မွာ တကယ္ျဖစ္တဲ့အခ်ိန္မွာ သမၼတက က်ေနာ္တုိ႔ဆီကုိ သေဘၤာပို႔ေပးခဲ့ပါတယ္။ ဗာဂ်ီနီးယားမွာရွိတဲ့ စစ္သေဘၤာႀကီးေပါ့။ ဒီစစ္သေဘၤာႀကီး ေရာက္လာၿပီးေတာ့ အဲဒီစစ္သေဘၤာမွာဆုိရင္ က်ေနာ္တုိ႔က ကိုဗစ္လူနာေတြခ်ည္းပဲ ထားပါတယ္။ ေနာက္တခုက ဂ်ားဗစ္စင္တာဆုိတဲ့ စင္တာအႀကီးႀကီးတခု ရွိပါတယ္။ အဲဒီမွာလည္း ကုိဗစ္ျဖစ္တဲ့လူေတြခ်ည္းပဲ ထားပါတယ္။

“ဆုိေတာ့ အခု ဒီလိုမ်ဳိး ျမန္မာအစုိးရက လုပ္ဖို႔ Plan လုပ္တယ္လို႔ ထင္ပါတယ္။ ဒါ လုပ္သင့္လုပ္ထုိက္တဲ့ Methodology တခုပါ။ COVID Ward လုိ႔ သုံးလုိက္တဲ့အခါမွာ အဲဒီလူနာေတြက Symptomatic ျဖစ္ရပါလိမ့္မယ္။ Symptomatic ျဖစ္ရတယ္ဆုိတာ နံပါတ္တစ္အခ်က္က က်ေနာ္တုိ႔မွာ Terminology၊ ဒါ က်ေနာ္တုိ႔ သတ္မွတ္ထားတာ မဟုတ္ပါဘူး၊ ေဆး႐ုံေတြ အကုန္လုံးကုိ ၾကည့္တာပါ။ လူနာက Symptomatic COVID ဆုိတာ နံပါတ္တစ္ သူတို႔ရဲ႕ Oxygenation က ၉၂ ရာခုိင္ႏႈန္းေအာက္ကုိ က်ေနပါတယ္။ နံပါတ္ႏွစ္ သူတုိ႔ကုိ Chest X-ray ႐ိုက္လိုက္တဲ့အခါမွာ Chest X-ray မွာ ေပၚပါတယ္။ နံပါတ္သုံးက သူတုိ႔မွာ Confirmation COVID Test က Positive ျဖစ္ေနပါတယ္။ အဲဒီသုံးခ်က္က အဓိက အေရးအႀကီးဆုံး အခ်က္ပါပဲ။”

မအင္ၾကင္းႏိုင္ - နယူးေယာက္မွာ ျဖစ္ခဲ့တုန္းက အရမ္း အေျခအေနဆိုးခဲ့တုန္းက က်န္းမာေရးေစာင့္ေရွာက္တဲ့ စနစ္ႀကီးတခုလံုး ေတာ္ေတာ္ေလး ထိခိုက္ခဲ့ရပါတယ္။ ကိုဗစ္ေၾကာင့္ ေသဆံုးသူဦးေရ မတရားမ်ားသြားခဲ့တယ္။ ဆံုး႐ႈံးမႈေတြ မ်ားခဲ့တယ္။ အခု ျမန္မာႏိုင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြ မထိခုိက္ရေအာင္ စီမံခန္႔ခဲြတဲ့အပိုင္းကိုေရာ ဘယ္လိုျမင္သလဲဆရာ။

ေဒါက္တာေဇယ်ာသက္ - “က်ေနာ္ ေသေသခ်ာခ်ာ မသိေတာ့ ေျပာရ နည္းနည္းခက္တယ္။ ဒါေပမယ့္ ဥပမာ နယူးေယာက္ အေတြ႔အႀကံဳကို ေျပာျပရရင္ က်ေနာ္တို႔ နယူးေယာက္မွာလည္း အစိုးရေဆး႐ုံ ရွိပါတယ္။ အစိုးရေဆး႐ုံေတြမွာလည္း အဲဒီအခ်ိန္က လူနာမ်ားတာေပါ့။ က်ေနာ္တို႔ ပုဂၢလိက ေဆး႐ုံေတြမွာဆိုရင္လည္း လူနာေတြ မ်ားပါတယ္။ ဒါေပမယ့္ အစိုးရ ေဆး႐ုံေတြနဲ႔ က်ေနာ္တို႔ေဆး႐ုံေတြ တူညီတဲ့ စည္းမ်ဥ္းစည္းကမ္း က်င့္သံုးပါတယ္။ အဲဒါဘာလဲဆိုေတာ့ Outpatient အျပင္လူနာၾကည့္တာကို က်ေနာ္တို႔ ပိတ္ပစ္လိုက္ပါတယ္။ ပိတ္လိုက္ၿပီးေတာ့ Inpatient အတြင္းလူနာအတြက္ က်ေနာ္တို႔ အကုန္လံုးကို အကူအညီေတာင္းပါတယ္။

“ႏွလံုးေရာဂါအထူးကု ဆရာဝန္ႀကီး ျဖစ္ေနလို႔ ကိုဗစ္လူနာေတြရွိေနတဲ့ ေဆး႐ုံကို မလာႏိုင္ဘူးဆိုတာ မရွိပါဘူး။ အကုန္လံုးလာၿပီး ၾကည့္ပါတယ္။ အင္းစိန္ေဆး႐ုံက ဒီလူနာကို မကုႏိုင္ဘူးဆိုတာ မျဖစ္ရဘူး။ ေဝဘာဂီေဆး႐ုံတခုတည္း ကုေနတယ္ဆိုတာလည္း မျဖစ္ရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလူနာေတြသည္ ေနရာတိုင္းကို သြားေတာ့မွာ။ ကုတင္အသစ္ေတြဆိုတာ က်ေနာ္တို႔ ဝယ္ၿပီးလုပ္လို႔ရပါတယ္။ ေဆး႐ုံမွာ ဆရာဝန္မရွိေတာ့ဘူးဆိုရင္ ခ်က္ခ်င္းႀကီး ဆရာဝန္အသစ္တေယာက္ကို ေခၚထုတ္ဖို႔ဆိုတာ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ ရွိတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ က်န္းမာေရး အကူဝန္ထမ္းေတြရဲ႕ လုပ္အားကို ႀကိဳတင္တြက္ခ်က္ ထိန္းသိမ္းထားဖို႔ လိုပါတယ္။”

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

COVID-19 ကပ်လှိုင်းဒဏ်ကြောင့် ကျန်းမာရေးစနစ် ကျိုးပေါက်ခဲ့တဲ့ နယူးယောက်သင်ခန်းစာ မြန်မာ ဘယ်လိုယူသင့်သလဲ

မြန်မာနိုင်ငံမှာ စနေနေ့က COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုးလာတဲ့အတွက် ရောဂါကူးစက်သူ စုစုပေါင်း ၄,၈၇၀ ဦး ရှိသွားပါပြီ။ လက်ရှိ သေဆုံးသူပေါင်း ၈၁ ဦး ရှိနေပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု မြင့်လာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး ကျိုးပေါက်မသွားအောင် ဘယ်လိုကာကွယ် ဆောင်ရွက်သင့်ပါသလဲ။

COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်ခဲ့ပြီး သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲခဲ့တဲ့ သင်ခန်းစာကနေ မြန်မာ ဘယ်လိုယူသင့်သလဲ။ နယူးယောက်မြို့ Wyckoff Heights ဒုတိယဆေးရုံအုပ် ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် - အခု မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူဦးရေတွေ တိုးလာတာ၊ အထူးသဖြင့် ကူးစက်တဲ့နှုန်းကလည်း မြင့်တက်လာတဲ့ အနေအထားပေါ့နော်၊ ပေါက်ကွဲထွက်လာတဲ့ အခြေအနေပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါလဲရှင့်။

ဒေါက်တာဇေယျာသက် - “ဟုတ်ကဲ့၊ တော်တော်လေးကို စိတ်မချမ်းသာစရာ အခြေအနေတခုကို တွေ့ရတဲ့ အခြေအနေတခုပေါ့။ ကျေနာ်တို့ အရင်တုန်းက ခန့်မှန်းထားတာတော့ မြန်မာနိုင်ငံမှာ တော်တော်လေးကို ထိန်းချုပ်နိုင်ပြီလို့ တွက်ခဲ့တာပေါ့လေ။ လူဦးရေ Positive ဖြစ်တာ များတာ နည်းတာကတော့ ကျေနာ့်အနေနဲ့ ဒီလောက်ကြီးအထိ အဲဒီနံပါတ်ကို သိပ်မဖြစ်ဘူး။ ဒါပေမယ့် များများစစ်လို့ များများပေါ်လာတာ ယေဘုယျသဘောအရ လက်ခံလို့ရတဲ့ အပိုင်းတခုပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အခုလက်ရှိ ဖြစ်နေတဲ့ အနေအထားက စစ်တဲ့ပမာဏကတော့ များလာပါတယ် အရင်ကနဲ့ နှိုင်းယှဉ်ပြီးတော့။ ဒါပေမယ့်လည်း ဒုက္ခရောက်တဲ့ လူဦးရေ ပမာဏ များလာတယ်။ ဒုက္ခရောက်တယ်ဆိုတာ ကျော်နပြောတာက အသက်ဆုံးရှုံးမှုအပိုင်း ပါသလို အသက်ရှူလမ်းကြောင်းမှာ တော်တော်လေး ဒုက္ခရောက်လာတယ်။ တချို့လူတွေဆိုရင်၊ ကျနော်ကတော့ သတင်းပဲ ဖတ်ရတာပေါ့နော်၊ ဆီးချိုရောဂါကြောင့် ကိုမာဖြစ်ပြီး ဆုံးရှုံးသွားရတယ်။ တချို့လူတွေဆိုရင် ညဘက်မှာ နှလုံးရပ်သွားတယ်။ နှလုံးခုန်တာ အရမ်းမြန်ပြီးတော့ ရပ်သွားတယ်။ ဒီလိုအပိုင်းလေးတွေ ပါလာပါတယ်။ အသက်အရွယ်အားဖြင့်လည်း မြင်တဲ့အတိုင်း အသက် ၄၀ နဲ့ ၆၀ ကြားထဲမှာ အသက်ဆုံးရှုံးမှု အများဆုံးလူဦးရေ ပါပါတယ်။ အသက်ငယ်တဲ့လူတွေလည်း တယောက် နှစ်ယောက်စတော့ ရှိပါတယ်။ ဒါကတော့ ဖြစ်နိုင်တဲ့ အခြေအနေတခုပါ။

“ဒါ ဘာကြောင့်ဖြစ်လာသလဲဆိုရင် နံပါတ်တစ်အချက်ကတော့ လူတွေ Social Distancing မလုပ်လို့ပါ။ နံပါတ်နှစ်အချက်ကတော့ Asymptomatic သမားတွေပေါ့၊ မြန်မာအခေါ်တော့ ရောဂါက အတွင်းထဲကနေ လှိုက်ပြီးစားတယ်လို့ သုံးတာပေါ့လေ။ တယောက်နဲ့တယောက် ကူးနေတာ။ တယောက်နဲ့တယောက် ကူးနေတယ်ဆိုတာ Asymptomatic သမားတွေ။ ဘယ်သူကစပြီး ဒီရောဂါကို ဖြန့်တာလဲဆိုတော့ Symptom ရှိတဲ့လူက စဖြန့်တာပါ။ ဒါပေမယ့် ၅၀ ရာခိုင်နှုန်းသောလူက Symptom နည်းနည်းရှိချင် ရှိသွားမယ်။ အဲဒီ ၅၀ ကနေ တခါ ထပ်ချောင်းဆိုးမယ်။ အဲဒီလိုနဲ့ စ ပွားပွားသွားကြတယ်။”

မအင်ကြင်းနိုင် - မြန်မာနိုင်ငံမှာ အခုဆိုရင် ဒီရောဂါ ထိန်းချုပ်ဖို့အတွက်ကို ကွင်းဆက်ဖြတ်ကုသရေး နည်းလမ်းသစ်ပေါ့၊ အဲဒါကို ချမှတ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားမယ်ဆိုတာမျိုး။ ဆိုတော့ သူတို့ အဲဒီလို ချမှတ်ထားတဲ့ ကွင်းဆက်ဖြတ် ကုသရေး နည်းဗျူဟာဆိုတဲ့ အပိုင်းကိုရော ဆရာ ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဒေါက်တာဇေယျာသက် - “သူတို့က ရောဂါရှိတဲ့သူတွေကို ကျနော်တို့ ဒီမှာလုပ်ခဲ့သလိုပေါ့၊ တရုတ်ပြည်မှာလည်း လုပ်ခဲ့ပါတယ်။ ရောဂါရှိတဲ့လူတွေ၊ ရောဂါ Symptom ပြတဲ့လူတွေ၊ ရောဂါရှိတာထက်စာရင် Symptom ပေါ့ ရောဂါလက္ခဏာ ပြနေတဲ့လူတွေကို သူတို့ဆွဲပြီးတော့ COVID Ward ပေါ့၊ ကျနော်တို့ နယူးယောက်မှာ တကယ်ဖြစ်တဲ့အချိန်မှာ သမ္မတက ကျနော်တို့ဆီကို သင်္ဘောပို့ပေးခဲ့ပါတယ်။ ဗာဂျီနီးယားမှာရှိတဲ့ စစ်သင်္ဘောကြီးပေါ့။ ဒီစစ်သင်္ဘောကြီး ရောက်လာပြီးတော့ အဲဒီစစ်သင်္ဘောမှာဆိုရင် ကျနော်တို့က ကိုဗစ်လူနာတွေချည်းပဲ ထားပါတယ်။ နောက်တခုက ဂျားဗစ်စင်တာဆိုတဲ့ စင်တာအကြီးကြီးတခု ရှိပါတယ်။ အဲဒီမှာလည်း ကိုဗစ်ဖြစ်တဲ့လူတွေချည်းပဲ ထားပါတယ်။

“ဆိုတော့ အခု ဒီလိုမျိုး မြန်မာအစိုးရက လုပ်ဖို့ Plan လုပ်တယ်လို့ ထင်ပါတယ်။ ဒါ လုပ်သင့်လုပ်ထိုက်တဲ့ Methodology တခုပါ။ COVID Ward လို့ သုံးလိုက်တဲ့အခါမှာ အဲဒီလူနာတွေက Symptomatic ဖြစ်ရပါလိမ့်မယ်။ Symptomatic ဖြစ်ရတယ်ဆိုတာ နံပါတ်တစ်အချက်က ကျနော်တို့မှာ Terminology၊ ဒါ ကျနော်တို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး၊ ဆေးရုံတွေ အကုန်လုံးကို ကြည့်တာပါ။ လူနာက Symptomatic COVID ဆိုတာ နံပါတ်တစ် သူတို့ရဲ့ Oxygenation က ၉၂ ရာခိုင်နှုန်းအောက်ကို ကျနေပါတယ်။ နံပါတ်နှစ် သူတို့ကို Chest X-ray ရိုက်လိုက်တဲ့အခါမှာ Chest X-ray မှာ ပေါ်ပါတယ်။ နံပါတ်သုံးက သူတို့မှာ Confirmation COVID Test က Positive ဖြစ်နေပါတယ်။ အဲဒီသုံးချက်က အဓိက အရေးအကြီးဆုံး အချက်ပါပဲ။”

မအင်ကြင်းနိုင် - နယူးယောက်မှာ ဖြစ်ခဲ့တုန်းက အရမ်း အခြေအနေဆိုးခဲ့တုန်းက ကျန်းမာရေးစောင့်ရှောက်တဲ့ စနစ်ကြီးတခုလုံး တော်တော်လေး ထိခိုက်ခဲ့ရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ မတရားများသွားခဲ့တယ်။ ဆုံးရှုံးမှုတွေ များခဲ့တယ်။ အခု မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ မထိခိုက်ရအောင် စီမံခန့်ခွဲတဲ့အပိုင်းကိုရော ဘယ်လိုမြင်သလဲဆရာ။

ဒေါက်တာဇေယျာသက် - “ကျနော် သေသေချာချာ မသိတော့ ပြောရ နည်းနည်းခက်တယ်။ ဒါပေမယ့် ဥပမာ နယူးယောက် အတွေ့အကြုံကို ပြောပြရရင် ကျနော်တို့ နယူးယောက်မှာလည်း အစိုးရဆေးရုံ ရှိပါတယ်။ အစိုးရဆေးရုံတွေမှာလည်း အဲဒီအချိန်က လူနာများတာပေါ့။ ကျနော်တို့ ပုဂ္ဂလိက ဆေးရုံတွေမှာဆိုရင်လည်း လူနာတွေ များပါတယ်။ ဒါပေမယ့် အစိုးရ ဆေးရုံတွေနဲ့ ကျနော်တို့ဆေးရုံတွေ တူညီတဲ့ စည်းမျဉ်းစည်းကမ်း ကျင့်သုံးပါတယ်။ အဲဒါဘာလဲဆိုတော့ Outpatient အပြင်လူနာကြည့်တာကို ကျနော်တို့ ပိတ်ပစ်လိုက်ပါတယ်။ ပိတ်လိုက်ပြီးတော့ Inpatient အတွင်းလူနာအတွက် ကျနော်တို့ အကုန်လုံးကို အကူအညီတောင်းပါတယ်။

“နှလုံးရောဂါအထူးကု ဆရာဝန်ကြီး ဖြစ်နေလို့ ကိုဗစ်လူနာတွေရှိနေတဲ့ ဆေးရုံကို မလာနိုင်ဘူးဆိုတာ မရှိပါဘူး။ အကုန်လုံးလာပြီး ကြည့်ပါတယ်။ အင်းစိန်ဆေးရုံက ဒီလူနာကို မကုနိုင်ဘူးဆိုတာ မဖြစ်ရဘူး။ ဝေဘာဂီဆေးရုံတခုတည်း ကုနေတယ်ဆိုတာလည်း မဖြစ်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူနာတွေသည် နေရာတိုင်းကို သွားတော့မှာ။ ကုတင်အသစ်တွေဆိုတာ ကျနော်တို့ ဝယ်ပြီးလုပ်လို့ရပါတယ်။ ဆေးရုံမှာ ဆရာဝန်မရှိတော့ဘူးဆိုရင် ချက်ချင်းကြီး ဆရာဝန်အသစ်တယောက်ကို ခေါ်ထုတ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး အကူဝန်ထမ်းတွေရဲ့ လုပ်အားကို ကြိုတင်တွက်ချက် ထိန်းသိမ်းထားဖို့ လိုပါတယ်။”

XS
SM
MD
LG