သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ တနလၤာေန႔ကစၿပီး ေနအိမ္မွာပဲ ေနၾကဖို႔ အစိုးရ အမိန္႔ထုတ္ျပန္


COVID-19 ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အသြားအလာရွင္းေနတဲ့ ၿမိဳ႕လယ္ ဆူးေလေစတီေတာ္အနီး ျမင္ကြင္း။ (ဧၿပီ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

ရန္ကုန္တုိင္းမွာရွိတဲ့ ၄၅ ၿမဳိ႕နယ္ထဲက ကိုကိုးကၽြန္းၿမဳိ႕နယ္ကလဲြလို႔ က်န္ၿမဳိ႕နယ္အားလုံးမွာ ျပည္သူေတြ ေနအိမ္မွာပဲ ေနၾကဖို႔ဆိုတဲ့ Stay at Home အမိန္႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက စက္တင္ဘာလ ၂၀ ရက္ ည ၈ နာရီမွာ ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

အခုထုတ္ျပန္လိုက္တဲ့ Stay at Home အမိန္႔ဟာ စက္တာဘာ ၂၁ ရက္ တနလၤာေန႔မနက္ ၈ နာရီကစလို႔ အက်ဳိးသက္ေရာက္မွာ ျဖစ္ပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ရန္ကုန္တုိင္းမွာ ကုိဗစ္ ဓာတ္ခဲြအတည္ျပဳလူနာ ဆက္တုိက္ေတြ႔ရွိေနတဲ့ အေျခအေနေၾကာင့္ေရာ၊ ခရီးသြားရာဇဝင္လည္းမရွိ ေရာဂါပိုးရွိသူေတြနဲ႔ ထိေတြ႔ခဲ့ျခင္းလည္း မရွိတဲ့ လူေတြဆီမွာပါ အခ်ိန္ကာလတိုအတြင္း ကိုဗစ္ေရာဂါပိုး ကူးစက္မႈ လွ်င္ျမန္လာတာေၾကာင့္ ဒီလို Stay at Home အမိန္႔ ထုတ္ျပန္ရတာလို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

Stay at Home အမိန္႔ ထုတ္ျပန္တယ္ဆိုေပမယ့္ မျဖစ္မေန ေစ်းဝယ္ထြက္ဖို႔လိုရင္ တအိမ္ကို တေယာက္ႏႈန္း ထြက္ခြင့္ရွိၿပီး ေဆး႐ုံေဆးခန္း သြားေရာက္ဖို႔ ရွိသူေတြကေတာ့ တအိမ္ကို ႏွစ္ေယာက္ သြားခြင့္ျပဳထားပါတယ္။ ေနအိမ္အျပင္ ထြက္ရမယ့္သူေတြဟာ မျဖစ္မေန ႏွာေခါင္းစည္း တပ္ရမယ္လို႔လည္း ေျပာထားပါတယ္။

အျပင္ထြက္တာနဲ႔ပတ္သက္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြဆီကို အေၾကာင္းၾကားရမွာျဖစ္ၿပီး ျပန္ဝင္လာရင္လည္း ရပ္ကြက္က စစ္ေဆးရမွာျဖစ္သလို ျပင္ပကလူစိမ္းေတြကို ဝင္ခြင့္မျပဳဖုိ႔ကိုလည္း တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၄ ရက္ေန႔က COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟုိေကာ္မတီရဲ႕ ထုတ္ျပန္ ေၾကညာထားခ်က္အတိုင္း အစိုးရဝန္ထမ္းေတြ ၂ ပတ္ ႐ုံးတက္၊ ၂ ပတ္ အိမ္ကေန အလုပ္လုပ္ရမယ္ဆိုတဲ့ အစီအစဥ္ကို ဆက္လက္က်င့္သုံးသြားဖို႔ ညႊန္ၾကားထားပါတယ္။

ဒါေပမယ့္ အဖဲြ႔အစည္းေတြ၊ ကုမၸဏီေတြ အေနနဲ႔ ေနအိမ္ကေနပဲ လုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ တားျမစ္လိုက္သလို ကုန္ၾကမ္းယူ ကုန္ေခ်ာထုတ္ေနတဲ့ စက္႐ုံအလုပ္႐ုံေတြက အလုပ္သမားေတြကို စက္တာဘာ ၂၄ ရက္ကေန ေအာက္တိုဘာ ၇ ရက္ေန႔ထိ အလုပ္ဆင္းခြင့္ မျပဳဘူးလို႔လည္း တားျမစ္လိုက္တာပါ။

ဒီလုိ ေန႔စဥ္ Stay at Home ကန္႔သတ္ခံရသူေတြထဲမွာေတာ့ ဘဏ္နဲ႔ ေငြေၾကးဝန္ေဆာင္မႈ၊ ဓာတ္ဆီဆိုင္၊ စားေသာက္ကုန္ သားငါးထုတ္လုပ္ငန္း၊ ေဆးဝါးနဲ႔ ေဆးကိရိယာထုတ္လုပ္ငန္း၊ ေရသန္႔ထုတ္လုပ္ျဖန္႔ျဖဴးတဲ့လုပ္ငန္း၊ ေန႔စဥ္ တကုိယ္ရည္သုံး ပစၥည္းထုတ္စက္႐ုံ စတဲ့လုပ္ငန္းေတြမွာ အလုပ္လုပ္ေနသူေတြ မပါဘူးလို႔လည္း ေဖာ္ျပထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီထုတ္ျပန္ခ်က္ဟာ ရွင္းရွင္းလင္းလင္း မရွိလွဘူးဆိုတဲ့ ေဝဖန္မႈေတြလည္း ထြက္ေပၚေနတာပါ။

အခုထုတ္ျပန္တဲ့ အမိန္႔ကို လိုက္နာျခင္း မရွိဘူးဆုိရင္ တည္ဆဲဥပေဒအရ အေရးယူခံရမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

စက္တင္ဘာ ၂၀ ရက္ တနဂၤေႏြည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္ထားတဲ့ အတည္ျပဳလူနာ ၅,၅၄၁ ေယာက္ရွိၿပီး ကိုဗစ္ေၾကာင့္ လူ ၉၂ ဦး ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရန်ကုန်မှာ တနင်္လာနေ့ကစပြီး နေအိမ်မှာနေကြဖို့ အစိုးရ အမိန့်ထုတ်ပြန်

ရန်ကုန်တိုင်းမှာရှိတဲ့ ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်မြို့နယ်အားလုံးမှာ ပြည်သူတွေ နေအိမ်မှာပဲ နေကြဖို့ဆိုတဲ့ Stay at Home အမိန့်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက် ည ၈ နာရီမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ Stay at Home အမိန့်ဟာ စက်တာဘာ ၂၁ ရက် တနင်္လာနေ့မနက် ၈ နာရီကစလို့ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ရန်ကုန်တိုင်းမှာ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာ ဆက်တိုက်တွေ့ရှိနေတဲ့ အခြေအနေကြောင့်ရော၊ ခရီးသွားရာဇဝင်လည်းမရှိ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့ခြင်းလည်း မရှိတဲ့ လူတွေဆီမှာပါ အချိန်ကာလတိုအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်မှု လျှင်မြန်လာတာကြောင့် ဒီလို Stay at Home အမိန့် ထုတ်ပြန်ရတာလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Stay at Home အမိန့် ထုတ်ပြန်တယ်ဆိုပေမယ့် မဖြစ်မနေ ဈေးဝယ်ထွက်ဖို့လိုရင် တအိမ်ကို တယောက်နှုန်း ထွက်ခွင့်ရှိပြီး ဆေးရုံဆေးခန်း သွားရောက်ဖို့ ရှိသူတွေကတော့ တအိမ်ကို နှစ်ယောက် သွားခွင့်ပြုထားပါတယ်။ နေအိမ်အပြင် ထွက်ရမယ့်သူတွေဟာ မဖြစ်မနေ နှာခေါင်းစည်း တပ်ရမယ်လို့လည်း ပြောထားပါတယ်။

အပြင်ထွက်တာနဲ့ပတ်သက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကို အကြောင်းကြားရမှာဖြစ်ပြီး ပြန်ဝင်လာရင်လည်း ရပ်ကွက်က စစ်ဆေးရမှာဖြစ်သလို ပြင်ပကလူစိမ်းတွေကို ဝင်ခွင့်မပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီရဲ့ ထုတ်ပြန် ကြေညာထားချက်အတိုင်း အစိုးရဝန်ထမ်းတွေ ၂ ပတ် ရုံးတက်၊ ၂ ပတ် အိမ်ကနေ အလုပ်လုပ်ရမယ်ဆိုတဲ့ အစီအစဉ်ကို ဆက်လက်ကျင့်သုံးသွားဖို့ ညွှန်ကြားထားပါတယ်။

ဒါပေမယ့် အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ နေအိမ်ကနေပဲ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တားမြစ်လိုက်သလို ကုန်ကြမ်းယူ ကုန်ချောထုတ်နေတဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကို စက်တာဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့ထိ အလုပ်ဆင်းခွင့် မပြုဘူးလို့လည်း တားမြစ်လိုက်တာပါ။

ဒီလို နေ့စဉ် Stay at Home ကန့်သတ်ခံရသူတွေထဲမှာတော့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု၊ ဓာတ်ဆီဆိုင်၊ စားသောက်ကုန် သားငါးထုတ်လုပ်ငန်း၊ ဆေးဝါးနဲ့ ဆေးကိရိယာထုတ်လုပ်ငန်း၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်း၊ နေ့စဉ် တကိုယ်ရည်သုံး ပစ္စည်းထုတ်စက်ရုံ စတဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေ မပါဘူးလို့လည်း ဖော်ပြထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက်ဟာ ရှင်းရှင်းလင်းလင်း မရှိလှဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။

အခုထုတ်ပြန်တဲ့ အမိန့်ကို လိုက်နာခြင်း မရှိဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၀ ရက် တနင်္ဂနွေည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ထားတဲ့ အတည်ပြုလူနာ ၅,၅၄၁ ယောက်ရှိပြီး ကိုဗစ်ကြောင့် လူ ၉၂ ဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

XS
SM
MD
LG