[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ဒီေန႔တေယာက္ထပ္တုိးတဲ့အတြက္ စုစုေပါင္း ေသဆံုးသူ ၉၈ ေယာက္႐ွိသြားပါၿပီ။ ေသဆံုးသူဟာ အသက္ ၅၅ ႏွစ္အ႐ြယ္ အမ်ဳိးသမီးျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီသတင္းမွာ ေဖာ္ျပထားပါတယ္။ စက္တင္ဘာ ၂၁ ရက္ တနလၤာေန႔မွာ အတည္ျပဳလူနာသစ္ကလည္း ၃၄၆ ေယာက္႐ွိပါတယ္။ ဒါေၾကာင့္ စုစုေပါင္း COVID-19 အတည္ျပဳလူနာက ဒီေန႔ည ၈ နာရီအထိ ၆,၁၅၁ ေယာက္ျဖစ္ပါတယ္။
ဒီေန႔အတြက္ ဓါတ္ခဲြနမူနာေတြကိုေတာ့ အမ်ဳိးသားက်န္းမာေရးဓါတ္ခဲြဌာန (ရန္ကုန္) အျပင္၊ မႏၱေလးနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ေတြမွာ႐ွိတဲ့ ျပည္သူ႔က်န္းမာေရးဓါတ္ခဲြဌာနေတြ၊ စစ္ေတြ၊ ေက်ာက္ျဖဴ၊ ထားဝယ္၊ ၿမိတ္၊ မူဆယ္၊ တာခ်ီလိတ္၊ က်ဳိင္းတံု၊ ျပည္၊ တီးတိန္၊ ဘားအံ၊ ျပင္ဦးလြင္၊ မေကြး၊ ပုသိမ္၊ ေနျပည္ေတာ္တို႔က ျပည္သူ႔ေဆး႐ံုႀကီးေတြနဲ႔ တပ္မေတာ္ေဆး႐ံုႀကီးတခ်ဳိ႕မွာ နမူနာစုစုေပါင္း ၂,၄၃၉ စစ္ေဆးခဲ့ပါတယ္။
ေလာေလာဆယ္အထိ ေဆး႐ံုက ဆင္းခြင့္ျပဳထားသူ ကိုဗစ္လူနာေဟာင္းကေတာ့ ၁,၄၄၅ ေယာက္႐ွိတယ္လို႔ က်န္းမာေရးဌာနထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ကိုဗစ္အတည္ျပဳလူနာေတြနဲ႔ ေသဆံုးသူ အေရအတြက္ တိုးေနခ်ိန္မွာ ရန္ကုန္ၿမိဳ႕မွာ မလိုအပ္ရင္ အိမ္ျပင္မထြက္ရ အမိန္႔ ဒီေန႔ကစတင္ ထုတ္ျပန္ထားပါတယ္။
[Unicode Version]
မြန်မာ ကိုဗစ်ပိုးတွေ့သူ ၆,၀၀၀ ကျော် သေဆုံးသူ ၉၈ ဦး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့တယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၈ ယောက်ရှိသွားပါပြီ။ သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့မှာ အတည်ပြုလူနာသစ်ကလည်း ၃၄၆ ယောက်ရှိပါတယ်။ ဒါကြောင့် စုစုပေါင်း COVID-19 အတည်ပြုလူနာက ဒီနေ့ည ၈ နာရီအထိ ၆,၁၅၁ ယောက်ဖြစ်ပါတယ်။
ဒီနေ့အတွက် ဓါတ်ခွဲနမူနာတွေကိုတော့ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန (ရန်ကုန်) အပြင်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲဌာနတွေ၊ စစ်တွေ၊ ကျောက်ဖြူ၊ ထားဝယ်၊ မြိတ်၊ မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ပြည်၊ တီးတိန်၊ ဘားအံ၊ ပြင်ဦးလွင်၊ မကွေး၊ ပုသိမ်၊ နေပြည်တော်တို့က ပြည်သူ့ဆေးရုံကြီးတွေနဲ့ တပ်မတော်ဆေးရုံကြီးတချို့မှာ နမူနာစုစုပေါင်း ၂,၄၃၉ စစ်ဆေးခဲ့ပါတယ်။
လောလောဆယ်အထိ ဆေးရုံက ဆင်းခွင့်ပြုထားသူ ကိုဗစ်လူနာဟောင်းကတော့ ၁,၄၄၅ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်အတည်ပြုလူနာတွေနဲ့ သေဆုံးသူ အရေအတွက် တိုးနေချိန်မှာ ရန်ကုန်မြို့မှာ မလိုအပ်ရင် အိမ်ပြင်မထွက်ရ အမိန့် ဒီနေ့ကစတင် ထုတ်ပြန်ထားပါတယ်။