သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“ပိုးေတြ႔လူနာဆိုတာ ေရခဲတံုးႀကီး ေရေပၚေပၚတဲ့အပိုင္းေလာက္ပဲရွိ” - ေဒါက္တာခင္ခင္ႀကီး, MOHS


ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္ၿမိဳ႕နယ္မွာ COVID ေရာဂါ ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ အိမ္မွာပဲေနထိုင္ၾကဖို႔ အမိန႔္ထုတ္လိုက္တဲ့ ရန္ကုန္မွာ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ေရး အရွိန္ျမႇင့္ ေဆာင္႐ြက္ဖို႔ က်န္းမာေရးဝန္ထမ္းေတြ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ကပ္ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တိုးလာေနတာေၾကာင့္ ရန္ကုန္တိုင္းအတြင္း ေနထိုင္သူေတြ အိမ္ျပင္မထြက္ၾကဖို႔အမိန႔္ ဒီကေန႔ စတင္အသက္ဝင္လာခ်ိန္မွာပဲ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အရွိန္ျမႇင့္ေဆာင္႐ြက္ဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ျပင္ဆင္ေနပါတယ္။ ေရာဂါကူးစက္မႈေတြနဲ႔ ထိေတြ႕သူေတြကို ေျခရာခံတာ အပါအဝင္ တိုးျမႇင့္ေဆာင္႐ြက္မယ့္ အစီအစဥ္ေတြကိုေတာ့ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက အခုလို ရွင္းျပပါတယ္။

“က်မတို႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ပိုးေတြ႕တဲ့သူေတြကို အျမန္ဆုံးရွာေဖြေဖာ္ထုတ္ႏိုင္မယ္၊ အဲဒါမွသာ သူနဲ႔ထိေတြ႔ Contact ေတြကို ရွာႏိုင္မယ္။ ရွာႏိုင္မွသာ ေရာဂါကူးစက္မႈကို အျမန္ဆုံးထိန္းခ်ဳပ္ႏိုင္မွာျဖစ္တယ္။ အခုလက္ရွိမွာ ပိုးေတြ႕တဲ့လူနာဆိုတာက ေရခဲတုန္းႀကီးရဲ႕ ေရေပၚေပၚေနတဲ့အပိုင္းေလာက္ပဲ ရွိပါတယ္။ တကယ့္တကယ္ ေအာက္ေျခမွာျမဳပ္ေနတာ ၉၀ ရာခိုင္ႏႈန္းေလာက္ရွိပါတယ္။ ဒီ ၉၀ ရာခိုင္ႏႈန္းေသာ ျပည္သူလူထုထဲမွာျဖစ္ေနတဲ့ ပိုးေတြ႕လူနာေတြကို အျမန္ဆုံးရွာေဖြၿပီးေတာ့ သူတို႔ကိုသီးျခားထားရွိမယ္၊ သူတို႔နဲ႔ Contact ေတြကို ေသခ်ာလိုက္ႏိုင္မယ္ဆိုရင္ေတာ့ ေရာဂါအျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္မွာပါ။"

အခုလက္ရွိ ေရာဂါပိုးကူးစက္ခံရသူေတြထဲမွာ အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈရွိသူ ၁၀၀ မွာ ၁၇ ဦးေလာက္က ပိုးရွိေနတာကိုေတြ႕ရၿပီး၊ ေရာဂါသံသေၾကာင့္ ေဆး႐ုံလာျပသူေတြထဲ ေစာင့္ၾကည့္ခံရသူေတြမွာ ပိုးေတြ႕တာကေတာ့ ၁၂ ရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ အဲဒါေၾကာင့္ အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈရွိခဲ့သူေတြအပါအဝင္ ေစာင့္ၾကည့္လူနာေတြကို အဓိကဦးစားေပးၿပီး ရွာေဖြေနတယ္လို႔လည္း ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔မြန္းလြဲပိုင္းအထိ ထုတ္ျပန္ခ်က္အရ ပိုးေတြ႕လူနာ ၅,၈၀၀ ေက်ာ္နဲ႔ ေသဆုံးသူကေတာ့ ၉၇ ဦး ရွိေနပါတယ္။ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ရသူကေတာ့ ၁,၂၀၀ ေက်ာ္ ရွိထားၿပီးျဖစ္ပါတယ္။ ေရာဂါကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ အခ်က္ေတြကို လူတိုင္းလိုက္နာရမွာျဖစ္ၿပီးေတာ့ အဲဒီထဲမွာ ေရာဂါပိုးကင္းစင္သြားလို႔ ေဆး႐ုံဆင္းခြင့္ရသူေတြလည္း ပါဝင္တဲ့အေၾကာင္းကို ပါေမာကၡေဒါက္တာရဲျမက ျမန္မာႏိုင္ငံဆရာဝန္အသင္းက ျပဳလုပ္တဲ့ ကိုဗစ္နဲ႔ ပတ္သက္တဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာ ေျပာပါတယ္။

“ကာကြယ္မႈကေတာ့ လူတိုင္းယူေနရမွာပဲ။ ဒီ Mask တပ္တာရယ္၊ လက္ေဆးတာရယ္၊ လူၾကားထဲမသြားတာရယ္၊ ေျခာက္ေပကြာတာရယ္က လူတိုင္းလူတိုင္းက အခုဒီျပႆနာမၿပီးမခ်င္းက ယူေနရမွာပဲ။ ဒါကိုေလွ်ာ့လို႔မရပါဘူး။"

ေရာဂါပိုးေတြ႕လူနာတိုးလာတဲ့ ရန္ကုန္တိုင္းမွာ ယာယီကုသေရးေဆး႐ုံေတြ တိုးခ်ဲ႕ေနၿပီး အဲဒီေနရာေတြမွာ လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္သူေတြနဲ႔ အသြားအလာကန႔္သတ္ခံရသူေတြကို ထားမယ့္ Quarantine Center ေတြမွာ လုပ္အားေပးမယ့္ ေစတနာ့ဝန္ထမ္းလိုအပ္ခ်က္ကေတာ့ ေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ အခုလက္ရွိအခ်ိန္မွာ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းရသူထက္ ေဆး႐ုံတက္ရသူ ပိုးေတြ႕လူနာသစ္အေရအတြက္က ပိုမ်ားေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

“အခုလက္ရွိမွာ ေသာၾကာေန႔က ေဒတာအရဆိုရင္ေတာ့ ICU ထဲမွာ အေယာက္ ၃၀ ရွိပါတယ္။ ေအာက္စီဂ်င္ေပးေနရတာေတာ့ ၃၁ ေယာက္ရွိပါတယ္။ သို႔ေသာ္ ICU ထဲမွာရွိတဲ့ ၃၀ မွာ ျပန္ေကာင္းၿပီးေတာ့ အျပင္ျပန္ေရာက္လာသူေတြလည္းရွိပါတယ္။ ဒါေၾကာင့္မို႔ ျပည္သူေတြကိုေျပာခ်င္တာကေတာ့ ဘယ္အရာမွ ကံကိုယုံၿပီး ဆူးပုံနင္းလို႔မရပါဘူး။ ကိုယ္ဟာေရာဂါျဖစ္လို႔ရွိရင္ သာမန္လကၡဏာပဲျဖစ္မယ္၊ သိပ္မဆိုးဘူး၊ ေရာဂါလကၡဏာလည္း ေပၚခ်င္မွေပၚမယ္၊ အဲလိုမ်ိဳး ကိုဗစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာ မဟုတ္ပါဘူး။ သာမန္လူေကာင္းေတြမွာလည္း အခုေရာဂါလကၡဏာ သိပ္မဆိုးေပမဲ့လို႔ ရက္ပိုင္းအတြင္းမွာပဲ Oxygen Saturation ေတြက်ၿပီးေတာ့ ဆိုးဆိုး႐ြား႐ြားျဖစ္သြားတာေတြလည္း ရွိတတ္ပါတယ္။ ေျပာရမယ္ဆို ျမန္မာႏိုင္ငံသူ ႏိုင္ငံသားအားလုံးဟာ ကိုယ္ပိုင္အသိစိတ္ဓာတ္ရွိရွိနဲ႔ စည္းကမ္းေတြကိုလိုက္နာၾကမွသာ အခုလက္ရွိျဖစ္ပြားေနတဲ့ ေရာဂါကူးစက္ျဖစ္ပြားမႈ မ်ားျပားေနတဲ့အေျခအေနကေနၿပီးေတာ့ ေျပာင္းျပန္လွန္ႏိုင္မွာျဖစ္ပါတယ္၊ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။"

ျပည္တြင္းကူးစက္ႏႈန္း အဆမတန္တက္ေနတဲ့ ကပ္ေရာဂါကူးစက္ျပန႔္ပြားမႈကို အျမန္ဆုံးေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ဆို အထိေရာက္ဆုံးနည္းလမ္းကေတာ့ ကိုယ့္ရဲ႕ေနအိမ္တြင္းမွာသာေနထိုင္တဲ့အစီအစဥ္ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ေနအိမ္အျပင္ကို မျဖစ္မေနထြက္ရေတာ့မယ္ဆိုရင္လည္း ပါးစပ္နဲ႔ ႏွာခါင္းစည္း Mask တို႔ကို ေသခ်ာတပ္ဆင္ဖို႔ကိုလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

“ပိုးတွေ့လူနာဆိုတာ ရေခဲတုံးကြီး ရေပေါ်ပေါ်တဲ့အပိုင်းလောက်ပဲရှိ” - ဒေါက်တာခင်ခင်ကြီး, MOHS

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အိမ်မှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်လိုက်တဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းအတွင်း နေထိုင်သူတွေ အိမ်ပြင်မထွက်ကြဖို့အမိန့် ဒီကနေ့ စတင်အသက်ဝင်လာချိန်မှာပဲ ရောဂါထိန်းချုပ်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။ ရောဂါကူးစက်မှုတွေနဲ့ ထိတွေ့သူတွေကို ခြေရာခံတာ အပါအဝင် တိုးမြှင့်ဆောင်ရွက်မယ့် အစီအစဉ်တွေကိုတော့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလို ရှင်းပြပါတယ်။

“ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ ပိုးတွေ့တဲ့သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်မယ်၊ အဲဒါမှသာ သူနဲ့ထိတွေ့ Contact တွေကို ရှာနိုင်မယ်။ ရှာနိုင်မှသာ ရောဂါကူးစက်မှုကို အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်တယ်။ အခုလက်ရှိမှာ ပိုးတွေ့တဲ့လူနာဆိုတာက ရေခဲတုန်းကြီးရဲ့ ရေပေါ်ပေါ်နေတဲ့အပိုင်းလောက်ပဲ ရှိပါတယ်။ တကယ့်တကယ် အောက်ခြေမှာမြုပ်နေတာ ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီ ၉၀ ရာခိုင်နှုန်းသော ပြည်သူလူထုထဲမှာဖြစ်နေတဲ့ ပိုးတွေ့လူနာတွေကို အမြန်ဆုံးရှာဖွေပြီးတော့ သူတို့ကိုသီးခြားထားရှိမယ်၊ သူတို့နဲ့ Contact တွေကို သေချာလိုက်နိုင်မယ်ဆိုရင်တော့ ရောဂါအမြန်ဆုံး ထိန်းချုပ်နိုင်မှာပါ။"

အခုလက်ရှိ ရောဂါပိုးကူးစက်ခံရသူတွေထဲမှာ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူ ၁၀၀ မှာ ၁၇ ဦးလောက်က ပိုးရှိနေတာကိုတွေ့ရပြီး၊ ရောဂါသံသကြောင့် ဆေးရုံလာပြသူတွေထဲ စောင့်ကြည့်ခံရသူတွေမှာ ပိုးတွေ့တာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ အဲဒါကြောင့် အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိခဲ့သူတွေအပါအဝင် စောင့်ကြည့်လူနာတွေကို အဓိကဦးစားပေးပြီး ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၅,၈၀၀ ကျော်နဲ့ သေဆုံးသူကတော့ ၉၇ ဦး ရှိနေပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၁,၂၀၀ ကျော် ရှိထားပြီးဖြစ်ပါတယ်။ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေကို လူတိုင်းလိုက်နာရမှာဖြစ်ပြီးတော့ အဲဒီထဲမှာ ရောဂါပိုးကင်းစင်သွားလို့ ဆေးရုံဆင်းခွင့်ရသူတွေလည်း ပါဝင်တဲ့အကြောင်းကို ပါမောက္ခဒေါက်တာရဲမြက မြန်မာနိုင်ငံဆရာဝန်အသင်းက ပြုလုပ်တဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောပါတယ်။

“ကာကွယ်မှုကတော့ လူတိုင်းယူနေရမှာပဲ။ ဒီ Mask တပ်တာရယ်၊ လက်ဆေးတာရယ်၊ လူကြားထဲမသွားတာရယ်၊ ခြောက်ပေကွာတာရယ်က လူတိုင်းလူတိုင်းက အခုဒီပြဿနာမပြီးမချင်းက ယူနေရမှာပဲ။ ဒါကိုလျှော့လို့မရပါဘူး။"

ရောဂါပိုးတွေ့လူနာတိုးလာတဲ့ ရန်ကုန်တိုင်းမှာ ယာယီကုသရေးဆေးရုံတွေ တိုးချဲ့နေပြီး အဲဒီနေရာတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အသွားအလာကန့်သတ်ခံရသူတွေကို ထားမယ့် Quarantine Center တွေမှာ လုပ်အားပေးမယ့် စေတနာ့ဝန်ထမ်းလိုအပ်ချက်ကတော့ တော်တော်များများရှိနေပါတယ်။ အခုလက်ရှိအချိန်မှာ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းရသူထက် ဆေးရုံတက်ရသူ ပိုးတွေ့လူနာသစ်အရေအတွက်က ပိုများနေတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“အခုလက်ရှိမှာ သောကြာနေ့က ဒေတာအရဆိုရင်တော့ ICU ထဲမှာ အယောက် ၃၀ ရှိပါတယ်။ အောက်စီဂျင်ပေးနေရတာတော့ ၃၁ ယောက်ရှိပါတယ်။ သို့သော် ICU ထဲမှာရှိတဲ့ ၃၀ မှာ ပြန်ကောင်းပြီးတော့ အပြင်ပြန်ရောက်လာသူတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကိုပြောချင်တာကတော့ ဘယ်အရာမှ ကံကိုယုံပြီး ဆူးပုံနင်းလို့မရပါဘူး။ ကိုယ်ဟာရောဂါဖြစ်လို့ရှိရင် သာမန်လက္ခဏာပဲဖြစ်မယ်၊ သိပ်မဆိုးဘူး၊ ရောဂါလက္ခဏာလည်း ပေါ်ချင်မှပေါ်မယ်၊ အဲလိုမျိုး ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်ပါဘူး။ သာမန်လူကောင်းတွေမှာလည်း အခုရောဂါလက္ခဏာ သိပ်မဆိုးပေမဲ့လို့ ရက်ပိုင်းအတွင်းမှာပဲ Oxygen Saturation တွေကျပြီးတော့ ဆိုးဆိုးရွားရွားဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ပြောရမယ်ဆို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးဟာ ကိုယ်ပိုင်အသိစိတ်ဓာတ်ရှိရှိနဲ့ စည်းကမ်းတွေကိုလိုက်နာကြမှသာ အခုလက်ရှိဖြစ်ပွားနေတဲ့ ရောဂါကူးစက်ဖြစ်ပွားမှု များပြားနေတဲ့အခြေအနေကနေပြီးတော့ ပြောင်းပြန်လှန်နိုင်မှာဖြစ်ပါတယ်၊ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။"

ပြည်တွင်းကူးစက်နှုန်း အဆမတန်တက်နေတဲ့ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ဖို့အတွက်ဆို အထိရောက်ဆုံးနည်းလမ်းကတော့ ကိုယ့်ရဲ့နေအိမ်တွင်းမှာသာနေထိုင်တဲ့အစီအစဉ်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နေအိမ်အပြင်ကို မဖြစ်မနေထွက်ရတော့မယ်ဆိုရင်လည်း ပါးစပ်နဲ့ နှာခါင်းစည်း Mask တို့ကို သေချာတပ်ဆင်ဖို့ကိုလည်း သတိပေးထားပါတယ်။

XS
SM
MD
LG