သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတ၀န္း မိုးသည္းေရႀကီးလို႔ လူ ၄ ဦးထက္မနည္းေသဆံုးခဲ့


မိုးရြာေနခ်ိန္ ႏွာေခါင္းစည္းတပ္ သြားလာေနေသာ လမ္းသြားလမ္းလာတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕မွာေတြ႔ရ။ (ဇြန္ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

အပူပုိင္းမုန္တုိင္း NOUL ေနာက္ဆက္တဲြအျဖစ္ ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မုိးသည္းထန္ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံး လူ ၄ ဦး ေသဆုံးၿပီး ထိခုိက္ပ်က္စီးမႈေတြလည္း ႀကံဳခဲ့ရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ျမန္မာႏုိင္ငံမွာ ဒီရက္ပုိင္းအတြင္း မုိးမ်ားၿပီး ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ လူေသဆုံးမႈေတြနဲ႔ ထိခိုက္ပ်က္စီးမႈေတြ ႀကံဳေနရသလုိ၊ ေနာက္ထပ္လည္း မုိးႀကီးႏုိင္ေသးတယ္လုိ႔ မုိးေလ၀သပညာရွင္ေတြ ခန္႔မွန္းေနၾကပါတယ္။ မုိးမ်ားေရႀကီးမႈေတြ ႀကံဳခဲ့ရတဲ့ ျမန္မာႏုိင္ငံေတာင္ပုိင္း မြန္ျပည္နယ္ က်ဳိက္ထိုၿမိဳ႕နယ္၊ စစ္ေတာင္းေက်းရြာမွာေတာ့ ကမ္း႐ုိးတန္းအနီးက ေနအိမ္တလုံး ေရထဲေမ်ာပါရာက လူ ၃ ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း မြန္ျပည္နယ္ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနက ျပည္နယ္ဦးစီးမွဴး ဦးေသာင္းေရႊက ေျပာပါတယ္။

“ျဖစ္စဥ္ကေတာ့ သူတို႔ မိသားစု သူ႔ရဲ႕ ခင္ပြန္းျဖစ္သူက ေနအိမ္မွာ မရွိ၊ မိသားစု ငါးေယာက္အိပ္ေနတာေပ့ါဗ်၊ ကေလးငယ္ ႏွစ္ေယာက္ေပါ့။ လသားအရြယ္တစ္ေယာက္ ၿပီးေတာ့ ၂ ႏွစ္အရြယ္တစ္ေယာက္ သူ႔ရဲ႕ မိခင္ေပ့ါေနာ္၊ အဲ့သူတို႔ သံုးေယာက္က ပါသြားတာေပါ့၊ ေရေမွ်ာပါသြားတယ္။ ကေလးႏွစ္ေယာက္လြတ္သြားတယ္။”

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္က စက္စဲကမ္းေျခမွာလည္း ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္ၿပိဳလဲၿပီး လူ ၁ ဦး ေသဆုံးခဲ့သလုိ၊ ျပည္နယ္အတြင္း အိမ္ေျခ ၁၀၀ ေလာက္ ေလေဘးသင့္ခဲ့တယ္လုိ႔လည္း ဦးေသာင္းေရႊကေျပာပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔မွာတုန္းကလည္း တနသၤာရီတုိင္း ကြ်န္းစုျမိဳ႕နယ္မွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အိမ္ေျခ ၁၀၀ ေလာက္ ထိခုိက္ပ်က္စီးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

အပူပုိင္းမုန္တုိင္း NOUL ဟာ ကုန္းတြင္း၀င္ေရာက္ၿပီး အရွိန္ေလ်ာ့သြားေပမဲ့ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းမွာ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနတယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ဒီတပတ္ထဲမွာပဲ ရခိုင္ကမ္း႐ုိးတန္းတေလွ်ာက္ မိုးႀကီးေရႀကီးတဲ့ အႏၱရာယ္ႀကံဳရႏိုင္တယ္လို႔လည္း မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ဦးလွထြန္းက ေျပာပါတယ္။

“အဲ့ျဖတ္တဲ့ကာလျဖစ္တဲ့ ၁၈၊ ၁၉ ရက္၊ ၂၀ ရက္ေပါ့ေလ၊ အဲ့ကာလေတြမွာေတာ့ ဒါျမန္မာႏုိင္ငံေတာင္ပိုင္းေဒသေတြေရာ ျမစ္ဝကြ်န္းေပၚေဒသေတြေရာ ရာသီဥတုဆိုးခဲ့တာေတြ ရွိတာေပါ့။ ဆိုေတာ့ အဲ့ဒီဟာက ၿပီးသြားၿပီ။ ၿပီးသြားၿပီဆိုတာက ေစာေစာကေျပာတဲ့ မုန္တိုင္း NOUL ရဲ႕ အရွိန္ေၾကာင့္ ဒီတခါ ေလေပြလိႈင္းကေန တဆင့္ေပ့ါေလ၊ ဒီဘဂၤလားပင္လယ္ေအာ္ကို ေရာက္လာတဲ့အခါက်ေတာ့ ေလဖိအားနည္းရပ္ဝန္ႀကီးက အားျပန္ၿပိဳသြားတယ္ေပါ့ေနာ္။ ဒီဧရာဝတီနဲ႔ ခ်င္းတြင္းျမစ္ ေဒသခံေတြ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသေတြမွာ အခုရက္ပိုင္းမွာ လာမယ့္ ၂ ရက္၊ ၃၊ ၄ ရက္ေလာက္ေပါ့ေနာ္၊ လာမယ့္ အခုဒီတစ္ပတ္အတြင္းမွာပဲ မိုးျပန္မ်ားႏိုင္ေသးေတာ့ ဧရာဝတီေရာ ခ်င္းတြင္းေရာ ျမစ္ေရေတြ ျပန္တက္ႏိုင္တဲ့ အေျခအေနရွိတယ္ေပါ့ေနာ္။"

ျမန္မာႏုိင္ငံအႏွံ႔ ၿပီးခဲ့တဲ့ ဇူလိုင္ကေန စက္တင္ဘာ ၁၇ ရက္ထိ မိုးႀကီးေရလွ်ံမႈေၾကာင့္ ျပည္နယ္နဲ႔ တိုင္း ၁၁ ခုမွာ မုိးမ်ားၿပီး ေရႀကီးခဲ့ရာက အိမ္ေထာင္စု ၂၃,၀၀၀ ေက်ာ္၊ လူဦးေရ
၁၀၀,၀၀၀ နီးပါး ေရေဘးသင့္ခဲ့ေၾကာင္းလည္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတဝန်း မိုးသည်းရေကြီးလို့ လူ ၄ ဦးထက်မနည်းသေဆုံးခဲ့

အပူပိုင်းမုန်တိုင်း NOUL နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ကြုံခဲ့ရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မိုးများပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရသလို၊ နောက်ထပ်လည်း မိုးကြီးနိုင်သေးတယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။ မိုးများရေကြီးမှုတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာမှာတော့ ကမ်းရိုးတန်းအနီးက နေအိမ်တလုံး ရေထဲမျောပါရာက လူ ၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ သူတို့ မိသားစု သူ့ရဲ့ ခင်ပွန်းဖြစ်သူက နေအိမ်မှာ မရှိ၊ မိသားစု ငါးယောက်အိပ်နေတာပေ့ါဗျ၊ ကလေးငယ် နှစ်ယောက်ပေါ့။ လသားအရွယ်တစ်ယောက် ပြီးတော့ ၂ နှစ်အရွယ်တစ်ယောက် သူ့ရဲ့ မိခင်ပေ့ါနော်၊ အဲ့သူတို့ သုံးယောက်က ပါသွားတာပေါ့၊ ရေမျှောပါသွားတယ်။ ကလေးနှစ်ယောက်လွတ်သွားတယ်။”

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က စက်စဲကမ်းခြေမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲပြီး လူ ၁ ဦး သေဆုံးခဲ့သလို၊ ပြည်နယ်အတွင်း အိမ်ခြေ ၁၀၀ လောက် လေဘေးသင့်ခဲ့တယ်လို့လည်း ဦးသောင်းရွှေကပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာတုန်းကလည်း တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ လောက် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အပူပိုင်းမုန်တိုင်း NOUL ဟာ ကုန်းတွင်းဝင်ရောက်ပြီး အရှိန်လျော့သွားပေမဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီတပတ်ထဲမှာပဲ ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးကြီးရေကြီးတဲ့ အန္တရာယ်ကြုံရနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“အဲ့ဖြတ်တဲ့ကာလဖြစ်တဲ့ ၁၈၊ ၁၉ ရက်၊ ၂၀ ရက်ပေါ့လေ၊ အဲ့ကာလတွေမှာတော့ ဒါမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရော မြစ်ဝကျွန်းပေါ်ဒေသတွေရော ရာသီဥတုဆိုးခဲ့တာတွေ ရှိတာပေါ့။ ဆိုတော့ အဲ့ဒီဟာက ပြီးသွားပြီ။ ပြီးသွားပြီဆိုတာက စောစောကပြောတဲ့ မုန်တိုင်း NOUL ရဲ့ အရှိန်ကြောင့် ဒီတခါ လေပွေလှိုင်းကနေ တဆင့်ပေ့ါလေ၊ ဒီဘင်္ဂလားပင်လယ်အော်ကို ရောက်လာတဲ့အခါကျတော့ လေဖိအားနည်းရပ်ဝန်ကြီးက အားပြန်ပြိုသွားတယ်ပေါ့နော်။ ဒီဧရာဝတီနဲ့ ချင်းတွင်းမြစ် ဒေသခံတွေ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းမှာ လာမယ့် ၂ ရက်၊ ၃၊ ၄ ရက်လောက်ပေါ့နော်၊ လာမယ့် အခုဒီတစ်ပတ်အတွင်းမှာပဲ မိုးပြန်များနိုင်သေးတော့ ဧရာဝတီရော ချင်းတွင်းရော မြစ်ရေတွေ ပြန်တက်နိုင်တဲ့ အခြေအနေရှိတယ်ပေါ့နော်။"

မြန်မာနိုင်ငံအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာ ၁၇ ရက်ထိ မိုးကြီးရေလျှံမှုကြောင့် ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးများပြီး ရေကြီးခဲ့ရာက အိမ်ထောင်စု ၂၃,၀၀၀ ကျော်၊ လူဦးရေ
၁၀၀,၀၀၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG