သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NOUL မုန္တိုင္းေၾကာင့္ ျမန္မာႏုိင္ငံတြင္း မိုးႀကီးႏုိင္


မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ညေန ၄:၀၀ နာရီအခ်ိန္ မိုးေလဝသခန႔္မွန္းခ်က္။ (ဓာတ္ပုံ - မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန - စက္တင္ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံကုိ စတင္ျဖတ္သန္းေနတဲ့ အပူပုိင္းမုန္တုိင္း NOUL ေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မုိးႀကီးႏုိင္တဲ့အေၾကာင္း မုိးေလ၀သဌာနက သတိေပးထားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က တင္ျပေပးထားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္မွာ ျဖစ္ေပၚခဲ့တဲ့ အပူပိုင္းမုန္တိုင္း NOUL ဟာ လာအိုနဲ႔ ဗီယက္နမ္ႏိုင္ငံေတြကုိ ျဖတ္သန္းၿပီး ျမန္မာႏုိင္ငံကုိ ေရာက္လာတဲ့အခါ တုိင္းနဲ႔ ျပည္နယ္ ၁၁ ခုမွာ မုိးႀကီးႏုိင္တယ္လုိ႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားေရးဦးစီးဌာနက ခန႔္မွန္းထားပါတယ္။ မုိးႀကီးႏုိင္တဲ့အတြက္ ေရႀကီးမႈေတြနဲ႔ ေျမၿပိဳမႈ အႏၱရာယ္ေတြကုိ သတိထားဖုိ႔လုိတယ္လုိ႔လည္း မုိးေလ၀သနဲ႔ ဇလေဗဒဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ထုတ္ထားတာက ၁၈ ရက္ေန႔ အေနအထားနဲ႔ ၂၂ ရက္ေန႔ထိေပါ့ေနာ္၊ တိုင္းေဒသႀကီး ျပည္နယ္ေတြမွာေတာ့ ေနရာကြက္ မိုးႀကီးႏိုင္တယ္၊ ဒီေရႀကီးတာက်ေတာ့ ျမစ္ငယ္၊ ေခ်ာင္းငယ္ေတြ အဓိကေတာ့ အဲ့ဒီေဒသမွာရွိတဲ့ ျမစ္ငယ္ေခ်ာင္းငယ္ေတြမွာေတာ့ ေရႀကီးေရလွ်ံမႈျဖစ္ႏိုင္တယ္ေပါ့ေနာ္၊ အဓိကေတာ့ မုန္တိုင္းေၾကာင့္္ မိုးႀကီးတဲ့ဥစၥာက မိုးသက္ေလျပင္ၾကားမွာ အဲ့လိုမ်ိဳးေတြ သတိျပဳဖို႔လိုတယ္၊ ေနာက္တစ္ခုက အခုေနာက္ပိုင္းမွာ ႀကဳံေတြ႕တဲ့ ေျမၿပိဳမႈေဘးအႏၲရာယ္ေပ့ါေနာ္... ဒါမ်ိဳးေတြ သတိျပဳဖို႔လိုတယ္။ ဒီမုန္တိုင္းကေန ထြက္လာတဲ့ ဒါနန္းကေနၿပီးေတာ့ ေလာေလာဆယ္ေတာ့ ျမန္မာျပည္ကို စျဖတ္ေနတဲ့ အေနအထားမ်ိဳးေတာ့ ရွိပါတယ္ေနာ္။”

အပူပိုင္း NOUL မုန္တိုင္းအ႐ိုန္ေၾကာင့္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ မေကြး၊ ဧရာဝတီနဲ႔ တနသၤာရီတိုင္း တုိ႔အျပင္ ပဲခူး၊ မြန္၊ ကရင္၊ ကယား၊ ရွမ္းျပည္နယ္ေတြမွာ မိုးမ်ားႏုိင္တာေၾကာင့္ ေနာက္ဆက္တဲြ အႏၱရာယ္ေတြကုိ သတိထားဖုိ႔လုိတယ္လုိ႔လညး္ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

အပူပုိင္းမုန္တုိင္း NOUL ဟာ ျမန္မာႏုိင္ငံကုိ ၀င္ေရာက္တဲ့အခါ ေလေပြလႈိင္းအျဖစ္ ေျပာင္းလဲလာမွာျဖစ္တဲ့အတြက္ ႀကိဳတင္သတိေပးဖုိ႔ ျပင္ဆင္ေနေၾကာင္း ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္။

“ေတာင္တ႐ုတ္ပင္လယ္မွာ ျဖစ္ေနတဲ့ဟာက အမွန္ေတာ့ ကိုယ့္ဘက္ေရာက္ရင္ေတာ့ ေလေပြလႈိင္းပဲ ျဖစ္ေတာ့မွာေလ၊ အဲ့ဒီဟာေလးေတြနဲ႔ ပတ္သက္ၿပီးေတာ့ အမက၊ အမတို႔ facebook မွာ သတိျပဳဖို႔ ေျပာထားတာရွိတယ္၊ အခု အစ္မတို႔ကေတာ့ တီဗြီတို႔ ဘာတို႔မွာ ျပည္သူေတြအတြက္ဆိုၿပီး ထပ္ထုတ္ဖို႔ေတာ့ အခုလုပ္ေနတယ္။ ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္း ေဒသေတြကို ေလေပြလႈိင္းျဖတ္ႏိုင္တယ္ေပါ့၊ မိုးဇလက အဲ့လိုေၾကညာထားတယ္ေလး။ အဲ့ေလေပြလႈိင္းျဖတ္ႏိုင္တဲ့ တိုင္းေဒသႀကီး၊ ျပည္နယ္ထဲမွာရွိတဲ့ ျပည္သူေတြကေတာ့ ေျမၿပိဳျခင္းေတြ ႐ုတ္တရက္ေရႀကီးလို႔ရွိရင္ လွ်ပ္တပ်က္ေရေဘးျဖစ္ႏိုင္တဲ့ အေျခအေနေတြ ေျမၿပိဳႏိုင္တာေပါ့ေနာ္... ဒါေတြကို ဂ႐ုစိုက္ဖို႔ အဲ့လိုေတြထုတ္ဖို႔ လုပ္ေနတယ္။”

ဒီရက္ပိုင္းအတြင္း ျမန္မာႏုိင္ငံ ေနရာတခ်ဳိ႕မွာ မုိးမ်ားၿပီး ေရႀကီးမႈေတြေၾကာင့္ လူ ၅,၀၀၀ ေလာက္ ေဘးလြတ္ရာ တိမ္းေရွာင္ေနရတယ္လုိ႔လည္း ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာတုန္းကလည္း မႏၱေလးတုိင္း မိုးကုတ္မွာ မိုးမ်ားေရႀကီးခဲ့ၿပီး ကမ္းပါးၿပိဳက်မႈေၾကာင့္ ေနအိမ္တခ်ဳိ႕ ပ်က္စီးၿပီး လူထိခုိက္ေသဆုံးတဲ့အထိ ျဖစ္ခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးမ်ိဳးသစ္က ေျပာပါတယ္။

“ဘယ္ေလာက္ထိျဖစ္တာ လူအေသအေပ်ာက္ကေတာ့ မိုးကုတ္မွာ ၄ ေယာက္ေပါ့ေနာ္၊ မိုးေရခ်ိန္က စံခ်ိန္တင္မိုးေရခ်ိန္ျဖစ္တယ္ေပါ့ေနာ္၊ ၆ ဒႆမ ၆၂ ဆိုေတာ့၊ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္က အခ်ိန္တိုအတြင္း မိုး႐ြာသြန္မႈ မ်ားတာ အဲ့ဒါ က်ေနာ္တို႔ တျပည္လုံးမွာ ဒီမိုးတြင္းကာလမွာ ေတာ္ေတာ္မ်ားမ်ားျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံအႏွံ႔ ၿပီးခဲ့တဲ့ ဇူလိုင္ကေန စက္တင္ဘာ ၁၇ ရက္ထိ မိုးႀကီးေရလွ်ံမႈေၾကာင့္ ျပည္နယ္နဲ႔ တိုင္း ၁၁ ခုမွာ မုိးမ်ားၿပီး ေရႀကီးခဲ့ရာက အိမ္ေထာင္စု ၂၃,၀၀၀ ေက်ာ္၊ လူဦးေရ တစ္သိန္းနီးပါး ေရေဘးသင့္ခဲ့ေၾကာင္းလည္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NOUL မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်း မိုးကြီးနိုင်

မြန်မာနိုင်ငံကို စတင်ဖြတ်သန်းနေတဲ့ အပူပိုင်းမုန်တိုင်း NOUL ကြောင့် နေရာတော်တော်များများမှာ မိုးကြီးနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း NOUL ဟာ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းပြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။ မိုးကြီးနိုင်တဲ့အတွက် ရေကြီးမှုတွေနဲ့ မြေပြိုမှု အန္တရာယ်တွေကို သတိထားဖို့လိုတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“ကျနော်တို့ ထုတ်ထားတာက ၁၈ ရက်နေ့ အနေအထားနဲ့ ၂၂ ရက်နေ့ထိပေါ့နော်၊ တိုင်းဒေသကြီး ပြည်နယ်တွေမှာတော့ နေရာကွက် မိုးကြီးနိုင်တယ်၊ ဒီရေကြီးတာကျတော့ မြစ်ငယ်၊ ချောင်းငယ်တွေ အဓိကတော့ အဲ့ဒီဒေသမှာရှိတဲ့ မြစ်ငယ်ချောင်းငယ်တွေမှာတော့ ရေကြီးရေလျှံမှုဖြစ်နိုင်တယ်ပေါ့နော်၊ အဓိကတော့ မုန်တိုင်းကြောင့် မိုးကြီးတဲ့ဥစ္စာက မိုးသက်လေပြင်ကြားမှာ အဲ့လိုမျိုးတွေ သတိပြုဖို့လိုတယ်၊ နောက်တစ်ခုက အခုနောက်ပိုင်းမှာ ကြုံတွေ့တဲ့ မြေပြိုမှုဘေးအန္တရာယ်ပေ့ါနော်... ဒါမျိုးတွေ သတိပြုဖို့လိုတယ်။ ဒီမုန်တိုင်းကနေ ထွက်လာတဲ့ ဒါနန်းကနေပြီးတော့ လောလောဆယ်တော့ မြန်မာပြည်ကို စဖြတ်နေတဲ့ အနေအထားမျိုးတော့ ရှိပါတယ်နော်။”

အပူပိုင်း NOUL မုန်တိုင်းအရိုန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း တို့အပြင် ပဲခူး၊ မွန်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တွေမှာ မိုးများနိုင်တာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေကို သတိထားဖို့လိုတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

အပူပိုင်းမုန်တိုင်း NOUL ဟာ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့အခါ လေပွေလှိုင်းအဖြစ် ပြောင်းလဲလာမှာဖြစ်တဲ့အတွက် ကြိုတင်သတိပေးဖို့ ပြင်ဆင်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ဟာက အမှန်တော့ ကိုယ့်ဘက်ရောက်ရင်တော့ လေပွေလှိုင်းပဲ ဖြစ်တော့မှာလေ၊ အဲ့ဒီဟာလေးတွေနဲ့ ပတ်သက်ပြီးတော့ အမက၊ အမတို့ facebook မှာ သတိပြုဖို့ ပြောထားတာရှိတယ်၊ အခု အစ်မတို့ကတော့ တီဗွီတို့ ဘာတို့မှာ ပြည်သူတွေအတွက်ဆိုပြီး ထပ်ထုတ်ဖို့တော့ အခုလုပ်နေတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေကို လေပွေလှိုင်းဖြတ်နိုင်တယ်ပေါ့၊ မိုးဇလက အဲ့လိုကြေညာထားတယ်လေး။ အဲ့လေပွေလှိုင်းဖြတ်နိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ထဲမှာရှိတဲ့ ပြည်သူတွေကတော့ မြေပြိုခြင်းတွေ ရုတ်တရက်ရေကြီးလို့ရှိရင် လျှပ်တပျက်ရေဘေးဖြစ်နိုင်တဲ့ အခြေအနေတွေ မြေပြိုနိုင်တာပေါ့နော်... ဒါတွေကို ဂရုစိုက်ဖို့ အဲ့လိုတွေထုတ်ဖို့ လုပ်နေတယ်။”

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာတချို့မှာ မိုးများပြီး ရေကြီးမှုတွေကြောင့် လူ ၅,၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတုန်းကလည်း မန္တလေးတိုင်း မိုးကုတ်မှာ မိုးများရေကြီးခဲ့ပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်တချို့ ပျက်စီးပြီး လူထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသစ်က ပြောပါတယ်။

“ဘယ်လောက်ထိဖြစ်တာ လူအသေအပျောက်ကတော့ မိုးကုတ်မှာ ၄ ယောက်ပေါ့နော်၊ မိုးရေချိန်က စံချိန်တင်မိုးရေချိန်ဖြစ်တယ်ပေါ့နော်၊ ၆ ဒဿမ ၆၂ ဆိုတော့၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က အချိန်တိုအတွင်း မိုးရွာသွန်မှု များတာ အဲ့ဒါ ကျနော်တို့ တပြည်လုံးမှာ ဒီမိုးတွင်းကာလမှာ တော်တော်များများဖြစ်ပါတယ်။”

မြန်မာနိုင်ငံအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ စက်တင်ဘာ ၁၇ ရက်ထိ မိုးကြီးရေလျှံမှုကြောင့် ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးများပြီး ရေကြီးခဲ့ရာက အိမ်ထောင်စု ၂၃,၀၀၀ ကျော်၊ လူဦးရေ တစ်သိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG