သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအင္ဂ်င္နီယာေတြ ပထမဆံုး လႊတ္တင္မယ့္ၿဂိဳဟ္တု


ၿဂိဳဟ္တုတည္ေဆာက္ေရး လုပ္ေဆာင္ေနတဲ့ မိတၳီလာရွိ ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္က ပညာရွင္မ်ား။ (ဇြန္ ၁၉၊ ၂၀၂၀)

ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ MAEU က အင္ဂ်င္နီယာေတြဟာ ေျမကမာၻေလ့လာေရးၿဂိဳဟ္တု Earth Observation Satellite လႊတ္တင္ဖို႔ လုပ္ေနပါၿပီ။ ဒီစီမံကိန္း နဲ႔ပတ္သက္ၿပီး အျပည့္အစံုသိရဖို႔ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


(Zawgyi/ Unicode)

ZAWGYI

ျမန္မာႏိုင္ငံ ေလေၾကာင္းနဲ႔ အာကာသပညာတကၠသိုလ္ MAEU က အင္ဂ်င္နီယာေတြဟာ ေျမကမာၻေလ့လာေရးၿဂိဳဟ္တု Earth Observation Satellite လႊတ္တင္ဖို႔ လုပ္ေနပါၿပီ။ ဒီစီမံကိန္း နဲ႔ပတ္သက္ၿပီး အျပည့္အစံုသိရဖို႔ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာၾကည္သြင္။. ။“ကမာၻေျမေလ့လာေရးေပါ့ေနာ္ Earth Observation Satellite က micro satellite ၿဂိဳဟ္တု အမ်ိဳးအစား အေသးစား ေပါ့ေနာ္။ ကီလိုဂရမ္ ၅၀ ရွိတဲ့ မိုက္ခရို Satellite ကို က်ေနာ္တို႔ ႏိုင္ငံတကာ အာကာသ စခန္းကေန လႊတ္တင္ဖုိ႔ ရွိပါတယ္။”

ဒီကမာၻေျမေလ့လာေရး ၿဂိဳဟ္တုဟာ ျမန္္မာႏိုင္ငံက ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ဖုိ႔ ႀကိဳးစားေနတဲ့ တတိယ အဆင့္ ျဖစ္ပါတယ္။ ၂၀၁၆ ေမလ ထဲမွာ Intelsat ကုမၸဏီ ရဲ့ ဆက္သြယ္ေရး channel ကို ငွါးသံုးတဲ့ MyanmarSat-1 နဲ႔ ပထမအဆင့္ကို စတင္ခဲ့ၿပီး ၂၀၁၉ ႏိုဝင္ဘာလမွာ Intelsat ကုမၸဏီနဲ႔ပဲ ေနာက္ channel တခုကို ၁၅ ႏွစ္တာ ငွါးသံုးတဲ့ MyanmarSat-2 ကေတာ့ ဒုတိယ အဆင့္ ျဖစ္ပါတယ္။

ေဒါက္တာၾကည္သြင္။. ။“ဆက္သြယ္ေရးက႑ အေနနဲ႔ က်ေနာ္တို႔ Intelsat နဲ႔ MyanmarSat-1 ဆိုၿပီး လႊတ္ခဲ့ပါတယ္။ အဲဒါကေတာ့ condoSat အမ်ိဳးအစားေပါ့ေနာ္။ ဟိုမွာရွိတဲ့ transponder ကို ဝယ္ၿပီး ျမန္မာ့ဆက္သြယ္ေရး က႑၊ ေနာက္ အင္တာနက္ အသံုးျပဳမႈေတြ၊ ရုပ္သံထုတ္လႊတ္မႈေတြ အတြက္ပါ။ ေနာက္တခါ က်ေနာ္တို႔က joint satellite ေပါ့ေနာ္ Intelsat နဲ႔ က်ေနာ္တို႔ ျမန္မာဘက္နဲ႔ တဝက္စီ က်ခံ ၿပီးေတာ့ ပါတဲ့ transponder လည္း တဝက္စီေပါ့။ အဲဒီလို လႊတ္ခဲ့တာေတြ ရွိပါတယ္။ ဒါေတြက ဆက္သြယ္ေရး က႑ အတြက္ အမ်ားႀကီး အေထာက္အကူျပဳတယ္။ ေနာက္ အင္တာနက္ အသံုးျပဳမႈေတြ၊ broadcasting အသံလႊင့္တာေတြ အတြက္ အေထာက္အကူ ျပဳတယ္။

သို႔ေသာ္လည္း က်ေနာ္တို႔ ဒီမွာ လုိတာေတြက က႑ေတြ sector ေတြ အမ်ားႀကီးပဲ။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာ၊ ေရလုပ္ငန္း၊ ေနာက္ သဘာဝ ေဘးအႏၱရာယ္ စသျဖင့္ ဒီဟာေတြ အတြက္လည္း ၿဂိဳဟ္တု လႊတ္ဖို႔ရာ လုိတယ္။. အဲဒီအတြက္က အခု ေျပာတဲ့ ကမာၻေျမေလ့လာေရး ၿဂိဳဟ္တု လိုပါတယ္။ အဲဒီ ၿဂိဳဟ္တုကေန ေကာင္းကင္ၿဂိဳဟ္တုဓါတ္ပံုေတြ satellite image ေတြ ေပးတယ္။ ဒီ ဓါတ္ပံုေတြ ေပၚမွာ က်ေနာ္တို႔က နည္းပညာနဲ႔ သံုးႏိုင္တာ အေတာ္မ်ားမ်ားကို ဒီ ကမာၻေျမၿဂိဳဟ္တုကေန ပံ့ပိုးေပးႏုိင္တယ္ေပါ့။”

ေမး။. ။ “ဘယ္လို ပံ့ပိုးေပးႏိုင္တာပါလဲ။ ဒီၿဂိဳဟ္တုကို အသံုးခ်ႏိုင္တာေတြက ဘာေတြပါလဲ”

ေဒါက္တာၾကည္သြင္။. ။“သဘာဝ ေဘးအႏၱရာယ္ဆို ဆိုပါေတာ့ က်ေနာ္တုိ႔မွာ ေရႀကီးတယ္။ ေရႀကီးတယ္ဆို ေရဧရိယာ - flood monitoring (ေရလ ွ်ံမႈ ေစာင့္ၾကည့္ေရး) လုပ္လို႔ရတယ္။ အဲဒီ ေရလ ွ်ံတာ ကေန ပ်က္စီးမႈ ဘယ္ေလာက္ျဖစ္ ႏ ို္င္သလဲ၊ ေနာက္ ေရလြတ္ရာေတြ ဘယ္လို စီမံခန္႔ခြဲ ၾကမလဲ ေပါ့ေနာ္။ Disaster management သဘာဝ ေဘးအႏၱရာယ္ ဆိုင္ရာ စီမံခန္႔ခြဲမႈ။

ေနာက္တခါ အခု လႊတ္တင္မယ့္ဟာက weather ရာသီဥတု အတြက္လည္း ႀကိဳတင္ခန္႔မွန္းလို႔ forecasting လုပ္လို႔ရမယ္။ ဆိုပါစို႔ ေစာေစာက thunder storm ေလျပင္းမုန္တုိင္း တခုက ဘယ္ကို ဦးတည္ သြားေနတယ္။ ဘယ္ေလာက္ႏႈန္းနဲ႔ တုိက္ေနတယ္ ဆိုတဲ့ မိုးေလဝႆ ခန္႔မွန္း တြက္ခ်က္မႈ ကိုလည္း ပိုၿပီး accuracy ေကာင္းေအာင္ ပိုၿပီး တိတိက်က် ျဖစ္ေအာင္ လုပ္ေပးႏိုင္တယ္ေပါ့ေနာ္။

ေနာက္ စိုက္ပ်ိဳးေရးဆို ဒီ ေကာက္ပဲ သီးႏွံေတြရဲ့ အေျခေနကို ေစာင့္ၾကည့္ေလ့လာတဲ့ crop monitoring ေပါ့။ ေကာက္ပဲသီးႏွံေတြက ပိုးက်ေနသလား။ ဒါမွ မဟုတ္လည္း သူတို႔ရဲ့ အပင္ျဖစ္ထြန္းမႈ အတြက္ ေျမၾသဇာ လိုေနသလား။ ဒါက က်ေနာ္တို႔ ေကာင္းကင္ၿဂိဳဟ္တု ဓါတ္ပံု ရလာတာ ကေန က်ေနာ္တုိ႔ color index အေရာင္ေတြနဲ႔ သတ္သတ္မွတ္မွတ္ ျပန္ခြဲၿပီးေတာ့၊ သေဘာက- ဆိုပါစို႔ က်ေနာ္တို႔က ပိုးမႊားေတြ က်တယ္၊ က်ိဳင္းေကာင္ေတြ က်တယ္၊ ဒါဆိုလို႔ ရွိရင္လည္း က်ေနာ္တို႔က satellite image ေကာင္းကင္ၿဂိဳဟ္တု ဓါတ္ပံု ရိုက္လုိက္တယ္။ ရိုက္လိုက္ၿပီးေတာ့ အဲဒီအေပၚကေန ဘယ္ေနရာ ေတြကေတာ့ ပိုးက်ေနတယ္ ဆိုတာ က်ေနာ္တို႔က အကုန္ အတိအက် ျပန္ၿပီးေတာ့ တြက္ထုတ္ယူလို႔ ရတယ္ေပါ့ေနာ္။

က်ေနာ္တုိ႔ အခု satellite image က GIS နည္းပညာနဲ႔ အခုဆို survey ေျမတိုင္းတာေတြ၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ ဘာတုိ႔ကေန သံုးတဲ့ land use ေျမအသံုးခ်မႈေတြ၊ ေနာက္ သစ္ေတာေတြရဲ့ အေနအထားေတြ ေပါ့ေနာ္။ deforestation သစ္ေတာျပဳန္းတီးမႈေတြ ဘယ္လို ျဖစ္ေနသလဲ ၊ သစ္ေတာေတြျပဳန္းတီးမႈဘယ္လိုရွိတယ္၊ ဘယ္ေနရာေတြမွာ ဘယ္လို cover ျဖစ္ေအာင္ ျပန္လုပ္လို႔ ရမလဲ ဆိုတာေတြ၊ ေျမအသံုးခ်မႈနဲ႔ ပတ္သက္တာေတြ၊ ေနာက္ urban planning ေတြ ေပါ့ေနာ္။ ဒီဟာေတြ ကိုလည္း ရလာတဲ့ satellite image ကေနမွ GIS နည္းပညာနဲ႔ ေပါင္းၿပီး အသံုးခ်မယ္ ဆိုရင္ ရပါတယ္။ ေနာက္ဆံုး national planning ေပါ့ေနာ္။ ဒီ national planning လုပ္တဲ့ အခ်ိန္ ထိေအာင္ကိုပဲ က်ေနာ္တို႔ satellite image က အမ်ားႀကီး အေထာက္အကူ ေပးႏုိင္ပါတယ္။”

ေမး။. ။“အခု ကမာၻေျမ ေလ့လာေရးၿဂိဳဟ္တု EOS စီမံကိန္းမွာ လႊတ္တင္မယ့္ ၿဂိဳဟ္တုေတြ နဲ႔ ပတ္သက္ၿပီး ဘယ္လို စီစဥ္ထားပါသလဲ။”

ေဒါက္တာၾကည္သြင္။. ။“အခု စီမံကိန္းမွာေတာ့ ၿဂိဳဟ္တု ၂ လံုးလႊတ္တင္မွာပါ။ အခု ပထမတလံုးက လာမယ့္ ၂၀၂၁ ေဖေဖၚဝါရီမွာ တင္မွာပါ။ တင္တာက ကမာၻေျမ အထက္ ကီလိုမီတာ ၄၀၀ နဲ႔ ၆၀၀ ၾကားထဲမွာ ရွိမွာေပါ့ေနာ္။ ေနာက္ ဒုတိယ အလံုးကေတာ့ ကီလိုမီတာ ၆၀၀ ျဖစ္ပါတယ္။ ၿဂိဳဟ္တုမွလည္း သူ႕သက္တမ္းနဲ႔သူ ရွိပါတယ္ ခင္ဗ်။ ဒါဆို ၂ ႏွစ္ခြဲ သံုးႏွစ္ အဲဒီ ပတ္ဝန္းက်င္ အဲေလာက္မွာ သံုးလို႔ရပါတယ္။

ဥပမာ ဆက္သြယ္ေရးၿဂိဳဟ္တု ဆိုရင္ သူ႔ရဲ့ သက္တမ္းက ၁၅ ႏွစ္။ တခါထည္း သတ္မွတ္ၿပီးသား။ သတ္မွတ္ၿပီးသား ဆိုတာက သူ႔ထက္ ပိုသြားလည္း နဲနဲပဲ။ အမ်ားႀကီး မပိုဘူးေပါ့ေနာ္။ ဘာလို႔လည္း ဆိုေတာ့ သူ႔မွာ ၿဂိဳဟ္တုကို ထိန္းေက်ာင္းဖုိ႔ လိုတဲ့ feul ေလာင္စာေတြ ရွိတယ္။ အဲဒါက ၿဂိဳဟ္တုနဲ႔အတူ တခါထဲ တြက္ခ်က္ ၿပီးေတာ့ ထည့္လိုက္ရတာ။ အဲဒီ ေလာင္စာေတြ ကုန္တဲ့ အခ်ိန္မွာ ၿဂိဳဟ္တုႀကီးကေတာ့ ပ်က္ေတာ့ မက်ေသးဘူး။ ဒါေပမယ့္ ကိုယ့္ ႏုိင္ငံေပၚမွာ ျဖတ္မသြားေတာ့ဘူး။ အဲဒါဆို သူက useless ျဖစ္ေတာ့မွာ အသံုးမဝင္ေတာ့ဘူးေပါ့ေနာ္။

အဲဒါ အေပၚမူတည္ၿပီး က်ေနာ္တို႔က ဒီဇိုင္းသက္တမ္း ဆိုၿပီး စ ဒီဇိုင္းလုပ္ကတည္း က အဲဒါကို ႀကိဳတြက္ရပါတယ္။ ဆိုေတာ့ အခု လႊတ္မယ့္ ၂ လံုး ဆိုတာမွာ က်ေနာ္တို႔က ပထမတလံုး သက္တမ္း ကုန္ခါနီးမွာ ေနာက္တလံုး လႊတ္ဖို႔ရာေပါ့။ အခု လက္ရွိပထမ တလံုးကေတာ့ က်ေနာ္တို႔ ရွိၿပီးသား ဒီဇိုင္းေတြ ထဲက ကိုယ့္ႏိုင္ငံရဲ့ လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ ၿဂိဳဟ္တု အမ်ိဳးအစားကို ပထမ က်ေနာ္တို႔ လႊတ္မွာ ေပါ့ေနာ္။

ဒါေပမယ့္ အဲဒီအထဲမွာ က်ေနာ္တို႔ရဲ့ လိုအပ္ခ်က္ requirement နဲ႔ အကုန္လံုး ကိုက္တဲ့ဟာ ျဖစ္ခ်င္မွ ျဖစ္အံုးမယ္။ က်ေနာ္တို႔က ဒီၾကားထဲမွာ သူ႔ကို သံုးမယ္။ သံုးေနရင္းနဲ ႔မွ က်ေနာ္တို႔ရဲ့ လိုခ်င္တာ demand ေတြက ဘာေတြလဲ ဆိုတာ (စစ္တမ္းေကာက္) survey ေတြယူၿပီး ေနာက္ ဒုတိယ တလံုးက်ေတာ့ ကိုယ္က အဲဒီအခ်ိန္မွာ ဒီဇို္င္း လုပ္ႏိုင္ၿပီေပါ့။ အဲဒီလို လုပ္ႏုိင္ခ်ိန္မွာ ကိုယ့္ႏိုင္ငံရဲ့ လိုအပ္ခ်က္နဲ႔ ပိုၿပီးကိုက္ညီတဲ့ ဒီဇိုင္းလုပ္ လႊတ္မွာေပါ့။ သံုးမယ့္ function ေတြကေတာ့ ကမာၻေျမ ေလ့လာေရး ပါပဲခင္ဗ်။”

ေမး။. ။“ဆရာတို႔ တကယ္တမ္း လႊတ္တင္မွာက ဘယ္ေန႔ပါလဲ ဆရာ”

ေဒါက္တာၾကည္သြင္။. ။“၂၀၂၁ ေဖေဖၚဝါရီပါ။ ဒါက က်ေနာ္တို႔ လႊတ္တာ ေပါ့ေလ။ တင္တာကေတာ့ NASA ဘက္ကေန တင္မွာပါ။ အေမရိကန္ space agency ေလ။ အခု လက္ရွိေတာ့ ေဖေဖၚဝါရီလို႔ ေပးထားတာ ရွိတယ္။ ရက္အတိအက် ကေတာ့၊ က်ေနာ္တို႔ ပထမ MyanmarSat 2 ဆို လႊတ္ရမယ့္ဟာ တကယ္လႊတ္ရမယ့္ target date နဲ႔ဆို လ လိုက္ကို ေနာက္ ေရာက္ သြား တာ ရွိတယ္ဗ်။ ဒါက လႊတ္မယ့္ အခ်ိန္မွာ ရွိမယ့္ ရာသီဥတု၊ ဘာညာေတြ လည္း ရွိတာေပါ့။ ရက္ကေတာ့ အတိအက်ႀကီး သူတုိ႔ မေျပာေသးဘူး။ ဒါေပမယ့္ ေဖေဖၚဝါရီထဲမွာ က်ေနာ္တို႔ တင္မယ္။ တင္မယ္ ဆိုတာ အဲဒီေဖေဖၚဝါရီလမွာ နာဆာက ဒံုးပ်ံက ႏိုင္ငံတကာ အာကာသစခန္းကို သြားဖုိ႔ ရွိတာကို။ ကုမၸဏီ ၿဂိဳဟ္တုေတြ သယ္သြားၿပီး အာကာသ စခန္းကိုပို႔တယ္။ ဒီအာကာသ စခန္းထဲက ေနမွ ၿဂိဳဟ္ပတ္လမ္းထဲကို မတ္လထဲမွာ ျပန္ၿပီးထည့္ေပးမယ္။ ထည့္ေပးၿပီးရင္ က်ေနာ္တုိ႔ ႏိုင္ငံေပၚကေန ပတ္မယ္။”

ေမဒ။. ။“ဒီလို အေကာင္ထည္ ေဖၚႏိုင္ေအာင္ ဆရာတို႔ ဘယ္ႏုိင္ငံေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ေနတယ္ ဆိုတာ ေျပာျပေပးပါဆရာ။”

ေဒါက္တာၾကည္သြင္။ ။“အခု လက္ရွိ စီမံကိန္းကေတာ့ ဂ်ပန္ႏုိင္ငံ ေဟာ္ကိုင္းဒိုး တကၠသိုလ္နဲ႔ ပူးေပါင္း ေဆာင္ရြက္မွာပါ။ ျပည္ေထာင္စု အစိုးရ အဖြဲ႔ကလည္း မႏွစ္က စက္တင္ဘာ ၅ ရက္ေန႔က ကက္ဘိနက္ အစည္းအေဝးမွာ သေဘာတူ ခြင့္ျပဳခဲ့တာပါ။ တကယ္ေတာ့ တကၠသိုလ္ခ်င္း ပူးေပါင္း ေဆာင္ရြက္တယ္ ဆိုေပမယ့္ ဒါကေတာ့ ႏိုင္ငံေတာ္ ဘတ္ဂ်က္က က်ခံတဲ့ စီမံကိန္းပါ။ ဒီစီမံကိန္းက။”

ေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္ ေျပာသြားတာပါ။

UNICODE

မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် MAEU က အင်ဂျင်နီယာတွေဟာ မြေကမ္ဘာလေ့လာရေးဂြိုဟ်တု Earth Observation Satellite လွှတ်တင်ဖို့ လုပ်နေပါပြီ။ ဒီစီမံကိန်း နဲ့ပတ်သက်ပြီး အပြည့်အစုံသိရဖို့ ပါမောက္ခချုပ် ဒေါက်တာကြည်သွင် ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာကြည်သွင်။. ။“ကမ္ဘာမြေလေ့လာရေးပေါ့နော် Earth Observation Satellite က micro satellite ဂြိုဟ်တု အမျိုးအစား အသေးစား ပေါ့နော်။ ကီလိုဂရမ် ၅၀ ရှိတဲ့ မိုက်ခရို Satellite ကို ကျနော်တို့ နိုင်ငံတကာ အာကာသ စခန်းကနေ လွှတ်တင်ဖို့ ရှိပါတယ်။”

ဒီကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုဟာ မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ ကြိုးစားနေတဲ့ တတိယ အဆင့် ဖြစ်ပါတယ်။ ၂၀၁၆ မေလ ထဲမှာ Intelsat ကုမ္ပဏီ ရဲ့ ဆက်သွယ်ရေး channel ကို ငှါးသုံးတဲ့ MyanmarSat-1 နဲ့ ပထမအဆင့်ကို စတင်ခဲ့ပြီး ၂၀၁၉ နိုဝင်ဘာလမှာ Intelsat ကုမ္ပဏီနဲ့ပဲ နောက် channel တခုကို ၁၅ နှစ်တာ ငှါးသုံးတဲ့ MyanmarSat-2 ကတော့ ဒုတိယ အဆင့် ဖြစ်ပါတယ်။

ဒေါက်တာကြည်သွင်။. ။“ဆက်သွယ်ရေးကဏ္ဍ အနေနဲ့ ကျနော်တို့ Intelsat နဲ့ MyanmarSat-1 ဆိုပြီး လွှတ်ခဲ့ပါတယ်။ အဲဒါကတော့ condoSat အမျိုးအစားပေါ့နော်။ ဟိုမှာရှိတဲ့ transponder ကို ဝယ်ပြီး မြန်မာ့ဆက်သွယ်ရေး ကဏ္ဍ၊ နောက် အင်တာနက် အသုံးပြုမှုတွေ၊ ရုပ်သံထုတ်လွှတ်မှုတွေ အတွက်ပါ။ နောက်တခါ ကျနော်တို့က joint satellite ပေါ့နော် Intelsat နဲ့ ကျနော်တို့ မြန်မာဘက်နဲ့ တဝက်စီ ကျခံ ပြီးတော့ ပါတဲ့ transponder လည်း တဝက်စီပေါ့။ အဲဒီလို လွှတ်ခဲ့တာတွေ ရှိပါတယ်။ ဒါတွေက ဆက်သွယ်ရေး ကဏ္ဍ အတွက် အများကြီး အထောက်အကူပြုတယ်။ နောက် အင်တာနက် အသုံးပြုမှုတွေ၊ broadcasting အသံလွှင့်တာတွေ အတွက် အထောက်အကူ ပြုတယ်။

သို့သော်လည်း ကျနော်တို့ ဒီမှာ လိုတာတွေက ကဏ္ဍတွေ sector တွေ အများကြီးပဲ။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ရေလုပ်ငန်း၊ နောက် သဘာဝ ဘေးအန္တရာယ် စသဖြင့် ဒီဟာတွေ အတွက်လည်း ဂြိုဟ်တု လွှတ်ဖို့ရာ လိုတယ်။. အဲဒီအတွက်က အခု ပြောတဲ့ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တု လိုပါတယ်။ အဲဒီ ဂြိုဟ်တုကနေ ကောင်းကင်ဂြိုဟ်တုဓါတ်ပုံတွေ satellite image တွေ ပေးတယ်။ ဒီ ဓါတ်ပုံတွေ ပေါ်မှာ ကျနော်တို့က နည်းပညာနဲ့ သုံးနိုင်တာ အတော်များများကို ဒီ ကမ္ဘာမြေဂြိုဟ်တုကနေ ပံ့ပိုးပေးနိုင်တယ်ပေါ့။”

မေး။. ။ “ဘယ်လို ပံ့ပိုးပေးနိုင်တာပါလဲ။ ဒီဂြိုဟ်တုကို အသုံးချနိုင်တာတွေက ဘာတွေပါလဲ”

ဒေါက်တာကြည်သွင်။. ။“သဘာဝ ဘေးအန္တရာယ်ဆို ဆိုပါတော့ ကျနော်တို့မှာ ရေကြီးတယ်။ ရေကြီးတယ်ဆို ရေဧရိယာ - flood monitoring (ရေလ ျှံမှု စောင့်ကြည့်ရေး) လုပ်လို့ရတယ်။ အဲဒီ ရေလ ျှံတာ ကနေ ပျက်စီးမှု ဘယ်လောက်ဖြစ် န ိုင်သလဲ၊ နောက် ရေလွတ်ရာတွေ ဘယ်လို စီမံခန့်ခွဲ ကြမလဲ ပေါ့နော်။ Disaster management သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု။

နောက်တခါ အခု လွှတ်တင်မယ့်ဟာက weather ရာသီဥတု အတွက်လည်း ကြိုတင်ခန့်မှန်းလို့ forecasting လုပ်လို့ရမယ်။ ဆိုပါစို့ စောစောက thunder storm လေပြင်းမုန်တိုင်း တခုက ဘယ်ကို ဦးတည် သွားနေတယ်။ ဘယ်လောက်နှုန်းနဲ့ တိုက်နေတယ် ဆိုတဲ့ မိုးလေဝဿ ခန့်မှန်း တွက်ချက်မှု ကိုလည်း ပိုပြီး accuracy ကောင်းအောင် ပိုပြီး တိတိကျကျ ဖြစ်အောင် လုပ်ပေးနိုင်တယ်ပေါ့နော်။

နောက် စိုက်ပျိုးရေးဆို ဒီ ကောက်ပဲ သီးနှံတွေရဲ့ အခြေနေကို စောင့်ကြည့်လေ့လာတဲ့ crop monitoring ပေါ့။ ကောက်ပဲသီးနှံတွေက ပိုးကျနေသလား။ ဒါမှ မဟုတ်လည်း သူတို့ရဲ့ အပင်ဖြစ်ထွန်းမှု အတွက် မြေသြဇာ လိုနေသလား။ ဒါက ကျနော်တို့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံ ရလာတာ ကနေ ကျနော်တို့ color index အရောင်တွေနဲ့ သတ်သတ်မှတ်မှတ် ပြန်ခွဲပြီးတော့၊ သဘောက- ဆိုပါစို့ ကျနော်တို့က ပိုးမွှားတွေ ကျတယ်၊ ကျိုင်းကောင်တွေ ကျတယ်၊ ဒါဆိုလို့ ရှိရင်လည်း ကျနော်တို့က satellite image ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံ ရိုက်လိုက်တယ်။ ရိုက်လိုက်ပြီးတော့ အဲဒီအပေါ်ကနေ ဘယ်နေရာ တွေကတော့ ပိုးကျနေတယ် ဆိုတာ ကျနော်တို့က အကုန် အတိအကျ ပြန်ပြီးတော့ တွက်ထုတ်ယူလို့ ရတယ်ပေါ့နော်။

ကျနော်တို့ အခု satellite image က GIS နည်းပညာနဲ့ အခုဆို survey မြေတိုင်းတာတွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ဘာတို့ကနေ သုံးတဲ့ land use မြေအသုံးချမှုတွေ၊ နောက် သစ်တောတွေရဲ့ အနေအထားတွေ ပေါ့နော်။ deforestation သစ်တောပြုန်းတီးမှုတွေ ဘယ်လို ဖြစ်နေသလဲ ၊ သစ်တောတွေပြုန်းတီးမှုဘယ်လိုရှိတယ်၊ ဘယ်နေရာတွေမှာ ဘယ်လို cover ဖြစ်အောင် ပြန်လုပ်လို့ ရမလဲ ဆိုတာတွေ၊ မြေအသုံးချမှုနဲ့ ပတ်သက်တာတွေ၊ နောက် urban planning တွေ ပေါ့နော်။ ဒီဟာတွေ ကိုလည်း ရလာတဲ့ satellite image ကနေမှ GIS နည်းပညာနဲ့ ပေါင်းပြီး အသုံးချမယ် ဆိုရင် ရပါတယ်။ နောက်ဆုံး national planning ပေါ့နော်။ ဒီ national planning လုပ်တဲ့ အချိန် ထိအောင်ကိုပဲ ကျနော်တို့ satellite image က အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။”

မေး။. ။“အခု ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တု EOS စီမံကိန်းမှာ လွှတ်တင်မယ့် ဂြိုဟ်တုတွေ နဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ထားပါသလဲ။”

ဒေါက်တာကြည်သွင်။. ။“အခု စီမံကိန်းမှာတော့ ဂြိုဟ်တု ၂ လုံးလွှတ်တင်မှာပါ။ အခု ပထမတလုံးက လာမယ့် ၂၀၂၁ ဖေဖေါ်ဝါရီမှာ တင်မှာပါ။ တင်တာက ကမ္ဘာမြေ အထက် ကီလိုမီတာ ၄၀၀ နဲ့ ၆၀၀ ကြားထဲမှာ ရှိမှာပေါ့နော်။ နောက် ဒုတိယ အလုံးကတော့ ကီလိုမီတာ ၆၀၀ ဖြစ်ပါတယ်။ ဂြိုဟ်တုမှလည်း သူ့သက်တမ်းနဲ့သူ ရှိပါတယ် ခင်ဗျ။ ဒါဆို ၂ နှစ်ခွဲ သုံးနှစ် အဲဒီ ပတ်ဝန်းကျင် အဲလောက်မှာ သုံးလို့ရပါတယ်။

ဥပမာ ဆက်သွယ်ရေးဂြိုဟ်တု ဆိုရင် သူ့ရဲ့ သက်တမ်းက ၁၅ နှစ်။ တခါထည်း သတ်မှတ်ပြီးသား။ သတ်မှတ်ပြီးသား ဆိုတာက သူ့ထက် ပိုသွားလည်း နဲနဲပဲ။ အများကြီး မပိုဘူးပေါ့နော်။ ဘာလို့လည်း ဆိုတော့ သူ့မှာ ဂြိုဟ်တုကို ထိန်းကျောင်းဖို့ လိုတဲ့ feul လောင်စာတွေ ရှိတယ်။ အဲဒါက ဂြိုဟ်တုနဲ့အတူ တခါထဲ တွက်ချက် ပြီးတော့ ထည့်လိုက်ရတာ။ အဲဒီ လောင်စာတွေ ကုန်တဲ့ အချိန်မှာ ဂြိုဟ်တုကြီးကတော့ ပျက်တော့ မကျသေးဘူး။ ဒါပေမယ့် ကိုယ့် နိုင်ငံပေါ်မှာ ဖြတ်မသွားတော့ဘူး။ အဲဒါဆို သူက useless ဖြစ်တော့မှာ အသုံးမဝင်တော့ဘူးပေါ့နော်။

အဲဒါ အပေါ်မူတည်ပြီး ကျနော်တို့က ဒီဇိုင်းသက်တမ်း ဆိုပြီး စ ဒီဇိုင်းလုပ်ကတည်း က အဲဒါကို ကြိုတွက်ရပါတယ်။ ဆိုတော့ အခု လွှတ်မယ့် ၂ လုံး ဆိုတာမှာ ကျနော်တို့က ပထမတလုံး သက်တမ်း ကုန်ခါနီးမှာ နောက်တလုံး လွှတ်ဖို့ရာပေါ့။ အခု လက်ရှိပထမ တလုံးကတော့ ကျနော်တို့ ရှိပြီးသား ဒီဇိုင်းတွေ ထဲက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဂြိုဟ်တု အမျိုးအစားကို ပထမ ကျနော်တို့ လွှတ်မှာ ပေါ့နော်။

ဒါပေမယ့် အဲဒီအထဲမှာ ကျနော်တို့ရဲ့ လိုအပ်ချက် requirement နဲ့ အကုန်လုံး ကိုက်တဲ့ဟာ ဖြစ်ချင်မှ ဖြစ်အုံးမယ်။ ကျနော်တို့က ဒီကြားထဲမှာ သူ့ကို သုံးမယ်။ သုံးနေရင်းနဲ့မှ ကျနော်တို့ရဲ့ လိုချင်တာ demand တွေက ဘာတွေလဲ ဆိုတာ (စစ်တမ်းကောက်) survey တွေယူပြီး နောက် ဒုတိယ တလုံးကျတော့ ကိုယ်က အဲဒီအချိန်မှာ ဒီဇိုင်း လုပ်နိုင်ပြီပေါ့။ အဲဒီလို လုပ်နိုင်ချိန်မှာ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပိုပြီးကိုက်ညီတဲ့ ဒီဇိုင်းလုပ် လွှတ်မှာပေါ့။ သုံးမယ့် function တွေကတော့ ကမ္ဘာမြေ လေ့လာရေး ပါပဲခင်ဗျ။”

မေး။. ။“ဆရာတို့ တကယ်တမ်း လွှတ်တင်မှာက ဘယ်နေ့ပါလဲ ဆရာ”

ဒေါက်တာကြည်သွင်။. ။“၂၀၂၁ ဖေဖေါ်ဝါရီပါ။ ဒါက ကျနော်တို့ လွှတ်တာ ပေါ့လေ။ တင်တာကတော့ NASA ဘက်ကနေ တင်မှာပါ။ အမေရိကန် space agency လေ။ အခု လက်ရှိတော့ ဖေဖေါ်ဝါရီလို့ ပေးထားတာ ရှိတယ်။ ရက်အတိအကျ ကတော့၊ ကျနော်တို့ ပထမ MyanmarSat 2 ဆို လွှတ်ရမယ့်ဟာ တကယ်လွှတ်ရမယ့် target date နဲ့ဆို လ လိုက်ကို နောက် ရောက် သွား တာ ရှိတယ်ဗျ။ ဒါက လွှတ်မယ့် အချိန်မှာ ရှိမယ့် ရာသီဥတု၊ ဘာညာတွေ လည်း ရှိတာပေါ့။ ရက်ကတော့ အတိအကျကြီး သူတို့ မပြောသေးဘူး။ ဒါပေမယ့် ဖေဖေါ်ဝါရီထဲမှာ ကျနော်တို့ တင်မယ်။ တင်မယ် ဆိုတာ အဲဒီဖေဖေါ်ဝါရီလမှာ နာဆာက ဒုံးပျံက နိုင်ငံတကာ အာကာသစခန်းကို သွားဖို့ ရှိတာကို။ ကုမ္ပဏီ ဂြိုဟ်တုတွေ သယ်သွားပြီး အာကာသ စခန်းကိုပို့တယ်။ ဒီအာကာသ စခန်းထဲက နေမှ ဂြိုဟ်ပတ်လမ်းထဲကို မတ်လထဲမှာ ပြန်ပြီးထည့်ပေးမယ်။ ထည့်ပေးပြီးရင် ကျနော်တို့ နိုင်ငံပေါ်ကနေ ပတ်မယ်။”

မေဒ။. ။“ဒီလို အကောင်ထည် ဖေါ်နိုင်အောင် ဆရာတို့ ဘယ်နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ် ဆိုတာ ပြောပြပေးပါဆရာ။”

ဒေါက်တာကြည်သွင်။ ။“အခု လက်ရှိ စီမံကိန်းကတော့ ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုး တက္ကသိုလ်နဲ့ ပူးပေါင်း ဆောင်ရွက်မှာပါ။ ပြည်ထောင်စု အစိုးရ အဖွဲ့ကလည်း မနှစ်က စက်တင်ဘာ ၅ ရက်နေ့က ကက်ဘိနက် အစည်းအဝေးမှာ သဘောတူ ခွင့်ပြုခဲ့တာပါ။ တကယ်တော့ တက္ကသိုလ်ချင်း ပူးပေါင်း ဆောင်ရွက်တယ် ဆိုပေမယ့် ဒါကတော့ နိုင်ငံတော် ဘတ်ဂျက်က ကျခံတဲ့ စီမံကိန်းပါ။ ဒီစီမံကိန်းက။”

လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင် ပြောသွားတာပါ။

XS
SM
MD
LG