သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တုိင္းမွာ စားနပ္ရိကၡာ ခဲြတမ္းနဲ႔ျဖန္႔ေ၀ေပးဖုိ႔ အစုိးရစီစဥ္ေန


မွတ္တမ္းဓါတ္ပံု ၂၀၂၀ ေမလတုန္းက ရန္ကုန္တြင္ က်န္းမာေရးစစ္ခံဖို႔အတြက္ ေစာင့္ေနသူမ်ား

(Zawgyi/Unicode)

Stay at Home အမိန္႔ ထုတ္ျပန္ထားတဲ့ ရန္ကုန္တိုင္းထဲက ျပည္သူ (၇)သန္းဝန္းက်င္ရဲ႕ ေန႔စဥ္ စားေသာက္ေရး ေျပလည္ေအာင္ စားနပ္ရိကၡာကို အခ်ဳိးက်ခဲြတမ္းစနစ္ Ration နဲ႔ ျဖန္႔ေဝႏိုင္ဖို႔ အစုိးရက ျပင္ဆင္ေနပါတယ္။

ျမန္မာႏို္င္ငံတြင္း ကိုဗစ္ကူးစက္မႈ ဒုတိိယလႈိင္းမွာ အမ်ားဆုံးႀကဳံေနရတဲ့ ရန္ကုန္တုိင္း(၄၅)ၿမဳိ႕ထဲက ကိုကိုကၽြန္းကလဲြၿပီး က်န္(၄၄)ၿမဳိ႕နယ္ကို Stay at Home အမိန္႔နဲ႔ ေနအိမ္မွာပဲ ေနၾကဖို႔ ၊ စက္တင္ဘာ(၂၀)ရက္ေန႔ကတည္းက က်န္းမာေရးနဲ႔အားကစား ဝန္ႀကီးဌာနက တားျမစ္ခဲ့တာပါ။ အနည္းဆုံး ၂ ပတ္ၾကာ ေနရမယ္လို႔လည္း ထပ္မံေၾကညာ ထားပါတယ္။

ဒီလိုကန္႔သတ္ တားျမစ္ခ်က္ေတြ ရွိေနခ်ိန္မွာ ေရာဂါပိုးကူးစက္မႈ ထိန္းခ်ဳပ္ဖို႔အတြက္ ရန္ကုန္တုိင္းအတြင္းက ျပည္သူေတြ ေနအိမ္မွာပဲ ဆက္ေနၾကဖို႔ အမိန္႔ကာလကို ဆက္တိုး သတ္မွတ္မယ္ဆိုရင္ စားေသာက္ေရး အခက္ႀကဳံလာႏိုင္တဲ့အတြက္ လိုအပ္မယ့္ စားနပ္ရိကၡာ ျဖန္႔ေဝေပးဖို႔ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ဳိးသား ဗဟုိေကာ္မတီကလည္း တိုက္တြန္းထားပါတယ္။

ဒါေၾကာင့္ လူစုလူေဝး မျဖစ္ေစပဲ ျပည္သူေတြလက္ထဲ အခ်ိန္နဲ႔တေျပးညီ ေရာက္ရွိေစဖို႔ အသင့္ထုတ္ပိုးထားၿပီးသား စားနပ္ရိကၡာကို ခဲြတမ္းစနစ္နဲ႔ ျဖန္႔ေဝႏိုင္ေအာင္ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနက စီစဥ္ေဆာင္ရြက္ေနတာပါ။ အေရးေပၚရိကၡာထဲမွာ ရိကၡာအေျခာက္ေတြေရာ အစိုေတြပါ ပါဝင္မွာျဖစ္တယ္လုိ႔ စက္တင္ဘာ ၂၃ ရက္ေန႔က ျပဳလုုပ္တဲ့ စီမံဘ႑ာ ဝန္ႀကီးဌာနအစည္းေဝးမွာ ေဆြးေႏြး သြားေပမဲ့ ဘယ္ေန႔မွာ စတင္ျဖန္႔ေဝမယ္ဆိုတဲ့ အခ်က္ကိုေတာ့ ေဖၚျပ မထားပါဘူး။

စက္တင္ဘာလ ၂၃ ရက္ေန႔ည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏို္င္ငံမွာ ကိုဗစ္ကူးစက္ခဲ့သူေပါင္း ၇၃၀၀ နီးပါး (၇၂၉၂)ရွိၿပီး ေသဆုံးသူေပါင္း (၁၃၀) ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရန်ကုန်တိုင်းမှာ စားနပ်ရိက္ခာ ခွဲတမ်းနဲ့ဖြန့်ဝေပေးဖို့ အစိုးရစီစဉ်နေ

(Unicode)

Stay at Home အမိန့် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းထဲက ပြည်သူ (၇)သန်းဝန်းကျင်ရဲ့ နေ့စဉ် စားသောက်ရေး ပြေလည်အောင် စားနပ်ရိက္ခာကို အချိုးကျခွဲတမ်းစနစ် Ration နဲ့ ဖြန့်ဝေနိုင်ဖို့ အစိုးရက ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းမှာ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်း(၄၅)မြို့ထဲက ကိုကိုကျွန်းကလွဲပြီး ကျန်(၄၄)မြို့နယ်ကို Stay at Home အမိန့်နဲ့ နေအိမ်မှာပဲ နေကြဖို့ ၊ စက်တင်ဘာ(၂၀)ရက်နေ့ကတည်းက ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက တားမြစ်ခဲ့တာပါ။ အနည်းဆုံး ၂ ပတ်ကြာ နေရမယ်လို့လည်း ထပ်မံကြေညာ ထားပါတယ်။

ဒီလိုကန့်သတ် တားမြစ်ချက်တွေ ရှိနေချိန်မှာ ရောဂါပိုးကူးစက်မှု ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ပြည်သူတွေ နေအိမ်မှာပဲ ဆက်နေကြဖို့ အမိန့်ကာလကို ဆက်တိုး သတ်မှတ်မယ်ဆိုရင် စားသောက်ရေး အခက်ကြုံလာနိုင်တဲ့အတွက် လိုအပ်မယ့် စားနပ်ရိက္ခာ ဖြန့်ဝေပေးဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသား ဗဟိုကော်မတီကလည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် လူစုလူဝေး မဖြစ်စေပဲ ပြည်သူတွေလက်ထဲ အချိန်နဲ့တပြေးညီ ရောက်ရှိစေဖို့ အသင့်ထုတ်ပိုးထားပြီးသား စားနပ်ရိက္ခာကို ခွဲတမ်းစနစ်နဲ့ ဖြန့်ဝေနိုင်အောင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေတာပါ။ အရေးပေါ်ရိက္ခာထဲမှာ ရိက္ခာအခြောက်တွေရော အစိုတွေပါ ပါဝင်မှာဖြစ်တယ်လို့ စက်တင်ဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ စီမံဘဏ္ဍာ ဝန်ကြီးဌာနအစည်းဝေးမှာ ဆွေးနွေး သွားပေမဲ့ ဘယ်နေ့မှာ စတင်ဖြန့်ဝေမယ်ဆိုတဲ့ အချက်ကိုတော့ ဖေါ်ပြ မထားပါဘူး။

စက်တင်ဘာလ ၂၃ ရက်နေ့ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၇၃၀၀ နီးပါး (၇၂၉၂)ရှိပြီး သေဆုံးသူပေါင်း (၁၃၀) ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG