သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၇,၀၀၀ ကျော် သေဆုံးသူ ၁၃၀


ရန်ကုန်မြို့ရဲ့ လမ်းတခုအတွင်းမှာ ပိုးသတ်ဆေးဖျန်းနေကြတဲ့ စေတနာ့ဝန်ထမ်းများ။ (စက်တင်ဘာ ၁၃၊ ၂၀၂၀)
ရန်ကုန်မြို့ရဲ့ လမ်းတခုအတွင်းမှာ ပိုးသတ်ဆေးဖျန်းနေကြတဲ့ စေတနာ့ဝန်ထမ်းများ။ (စက်တင်ဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၃၃၄ ဦး ဒီကနေ့ထပ်တိုးတာကြောင့် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၇,၂၉၂ ဦး ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူကတော့ ၁ ဦး ထပ်တိုးပြီး စုစုပေါင်း အယောက် ၁၃၀ ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အသက် ၆၃ နှစ်အရွယ် လူနာအမှတ် ၆၇၇၇ အမျိုးသားဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၃ နာရီခွဲမှာ ကွယ်လွန်ခဲ့တာပါ။

သေဆုံးချိန်က ဓာတ်ခွဲနမူနာ စစ်ဆေးနေတုန်း ဖြစ်တာမို့ ကိုဗစ်ရောဂါပိုး ရှိတဲ့အကြောင်း ဓာတ်ခွဲအဖြေရပြီးနောက်မှာမှ အတည်ပြုထုတ်ပြန်တာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီကနေ ည ၈ နာရီအတွင်း စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၁၀၂ ခုထဲမှာ နောက်ထပ်ကူးစက်သူတွေ ထပ်တွေ့တာဖြစ်ပါတယ်။

ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်က ၁၃၄ ဦး ထပ်တိုးတာကြောင့် ဆေးရုံအသီးသီးက ဆင်းခွင့်ပြုပြီးသူ စုစုပေါင်း ၂,၀၈၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဒီကနေ့ညနေ ၄ နာရီခွဲအထိ COVID-19 ဆိုင်ရာ နောက်ဆုံးထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၂၀,၀၀၀ ကျော် လုပ်ထားပြီးဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးအနေနဲ့ဆိုရင် ကယားပြည်နယ်ကလွဲလို့ နေပြည်တော်အပါအဝင် ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ရောဂါပိုးကူးစက်သူတွေ ရှိထားပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG